← Chapters

အခြားသူတွေနဲ့ ကွဲပြားသင့်

Vol. 23 Ch. 427

အခြားသူတွေနဲ့ ကွဲပြားသင့်

Vol. 23 Ch. 427

ထိုအခိုက်အတန့်မှာ ရှဲ့ချောင် ဆရာချိုးကို လေးစားမိသွားသည်။

သူရဲ့ ကိုယ်ရေးကိုယ်တာ ရန်ငြိုးကို လက်စားချေလိုက်နိုင်ရုံသာမက တော်ဝင်ကျောင်းတော်က ကျောင်းသားတွေ အဆင့်တန်းမြင့်အောင်လည်း လုပ်လိုက်နိုင်သည်။ ဒီလို အရည်အချင်းမျိုး ဘယ်သူ့မှာမှ မရှိနိုင်ပေ။

“ဆရာချိုး၊ ကျွန်မ ပျိုနီပန်း ခြံဝန်းကို မသွားနိုင်ဘူး” ရှဲ့ချောင်ရောက်ရောက်ချင်း တန်းငြင်းလိုက်သည်။

ဆရာချိုးဟာ အံ့ဩသွားတာမျိုး မရှိဘဲ “မင်း ဆရာလုကို အစောကတည်းက ကတိပေး‌ပြီးသား

ဆိုတော့ အခု မင်းက ပျိုနီပန်းခြံဝန်းက ကျောင်းသား တစ်‌ယောက်ဖြစ်သွားပြီ။ ငါ ခုနက ပြောလိုက်သလိုပဲ မင်း ဒီမှာ ဆက်နေချင်တယ်ဆိုရင် သစ်ခွ ခြံဝန်းက ပျိုနီပန်းခြံဝန်းထက် သာနေမှ ရမယ်” 

ဆရာချိုးက သစ်ခွခြံဝန်းကလူတွေကို ကြည့်လိုက်ကာ

“ငါ မင်းတိုကို အထင်သေးနေတာ မဟုတ်ဘူး။ဒါပေမဲ့ မင်းတို့တွေ အပျင်းထူပြီး အချောင်ခိုနေတာ တော်တော်ကြာနေပြီ။ ဒီလို လူမျိုးတွေနဲ့ဆိုရင် ရှဲ့ချောင်ဘယ်လောက်ပဲ  အရည်အချင်း ရှိ‌နေပါစေ အနှေးနဲ့ အမြန် သူလည်း မင်းတို့လို မထင်မရှား သာမည ကျောင်းသားဖြစ်လာတော့မှာ”

“သစ်ခွခြံဝန်းက ဘယ်လောက်ပဲ ပထမဆုတွေ ရရ၊ အမြဲတမ်း အသုံးမကျတဲ့ လူတစ်စု ရှိနေတဲ့ နေရာ ဖြစ်လာမှာ” 

ထိုစကားတွေကြောင့် သစ်ခွခြံဝန်းမှာ ကျောင်းသားများမှ ဒေါသူပုန်ကုန်ကြတော့သည်။

“ဆရာချိုး၊ ကျွန်မတို့ရဲ့ အရည်အချင်းက မဆိုသလောက်လေး နောက်ကောက်ကျနေရုံနဲ့ အသုံးမကျတဲ့သူတစ်ယောက် ဖြစ်သွားတယ်လို့ မဆိုလိုဘူး”

“အမှန်ပဲ၊ သူတို့က ပျိုနီပန်း ခြံဝန်းက ဖြစ်နေတော့ရော ဘာဖြစ်လဲ။ အစကတည်းက မျှတမှုမရှိလို့ သူတို့ ထူးချွန်နေကြတာလေ။ ရှိရှိသမျှ အရည်အချင်းရှိ အမျိုးသမီးအကုန် အဲဒီကို ရောက်ကုန်ကြမှတော့ ကျွန်မတို့ ဘာလုပ်လို့ရတော့မှာလဲ”

ထိုစကားကို ကြားတော့ ရှဲ့ချောင်သက်ပြင်းသာ ချလိုက်မိသည်။

ကျောင်းသားတွေ အားလုံး အစကတည်းက ရှုံးနေပြီးသားပဲ။

“မမျှတဘူးတဲ့လား?” ဆရာချိုးက ငေါ့တော့တော့နဲ့ ရယ်လိုက်ကာ “ မင်းတို့အားလုံး အသက်ဆယ်နှစ် ဝန်းကျင်မှာ ကျောင်းတော်ကို ဝင်လာကြတယ်။ ကျောင်းတော်က သင်ပေးတာတွေကလည်း အားလုံး အတူတူပဲ။ သူတို့ အရည်အချင်းရှိလာတယ်ဆိုတာက ပျိုနီပန်းခြံဝန်းက ဆရာတွေကိုမှီခိုပြီး ဖြစ်လာတာ မဟုတ်ဘူး၊ သူတို့ကိုယ်တိုင် ကြိုးစားခဲ့ကြတာ။ ဒါကို မင်းတို့ ဘာလို့ လက်မခံနိုင်ရတာလဲ” 

“ငါက ပုဂ္ဂိုလ်ရေး လက်စားချေဖို့ အတွက် လုပ်နေတယ်လို့ပဲ မင်းတို့ ထင်ကြတယ်။ကောင်းပြီ ငါ့

စကားတွေက ကျောင်းတော်မှာ သက်ရောက်မှုရှိနေတုန်းပဲ။ နောက်လာမယ့် စာမေးပွဲမှာ သစ်ခွ ခြံဝန်းက ကျောင်းသားတစ်ဝက်ရဲ့ စာမေးပွဲရလဒ်က ပျိုနီပန်းခြံဝန်းက အနိမ့်ဆုံးရတဲ့ ကျောင်းသားရဲ့ အမှတ်ထက် သာခဲ့မယ်ဆိုရင် ရှဲ့ချောင် ကိုယ်တိုင် ထွက်သွားလို့ရတယ်။ နောက်ပြီး ငါလည်း မင်းတို့ သစ်ခွခြံဝန်းက ကျောင်းသားတွေကို တောင်းပန်မယ်။ဒါပေမဲ့ ပျိုနီပန်းခြံဝန်းက သာနေသေးတယ်ဆိုရင်တော့၊ သစ်ခွခြံဝန်းက….."

“အနာဂတ်မှာ သစ်ခွ ခြံဝန်းကကျောင်းသားတွေက ‌ခေါင်းငုံ့ပြီးတော့ ပျိုနီပန်းခြံဝန်းက ကျောင်းသားတွေနဲ့ ဝေးဝေးမှာနေရမယ်”

ထိုစကားကြောင့် အမြဲတမ်းလိုလို တည်တည်ငြိမ်ငြိမ်နေခဲ့တဲ့ ‌ရှဲ့ချောင်တောင်မှ ဒေါသထွက်သွားခဲ့ရသည်။

ဆရာချိုးက သူမကို …. ပြဿနာရှာတဲ့သူ ဖြစ်အောင်လုပ်နေတာ!

ဒီ ခြံဝန်းနှစ်ခုထဲက နောက်ဆုံးမှာ ဘယ်သူပဲ နိုင်နိုင် ဘယ်သူပဲ ရှံးရှုံး ဒီ ရန်ပွဲ ကို ဖြစ်‌စေ ခဲ့တဲ့သူမကို လူတစ်စုက ပစ်မှတ်ထားကြတော့မှာပဲ!

ထိုအချိန်၊ သစ်ခွခြံဝန်းကလူများမှာ နည်းနည်းတော့ အားလျော့သွားကြသည်။

ဆရာချိုး ဒီလိုဆုံးဖြတ်ချက်မျိုး ချလိမ့်မယ်လို့ သူတို့ မထင်ထားခဲ့ကြ။

ဒါပေမဲ့လည်း သူတို့ ပြန်မချေပနိုင်။

ခြံဝန်းထဲမှ လက်ပါးစေကောင်လေးဟာ သူတို့

အားလုံးကို မောင်းထုတ်ခဲ့ပြီး ရှဲ့ချောင်ကိုတော့ မမောင်းထုတ်ခဲ့။

အားလုံး ထွက်သွားကြပြီးတဲ့နောက် ရှဲ့ချောင် ဆရာချိုးကို ကြည့်ကာ ပြုံးလျက် “ဆရာချိုးက ကြံစည်တဲ့နေရာမှာ သိပ်တော်တာပဲ”

ဆရာချိုး ထိုင်လိုက်ကာ သူမ အတွက် လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးလိုက်သည်။

“မင်းက ထက်မြက်တဲ့သူတစ်ယောက်ဆိုတာ ငါ သိပါတယ်၊ လောက မှာ ထက်မြက်တဲ့သူတွေက

သာမန်လူတွေထက်ပိုပြီး တချို့အရာတွေကိုပိုပြီး ခံနိုင်ရည်ရှိသင့်တယ် မဟုတ်လား”

ရှဲ့ချောင်ကလည်း ထိုင်လိုက်ကာ 

“ဒါပေမဲ့ အခု ဆရာက ဆုံးဖြတ်ချက်ချပြီးသွားပြီ၊ ဒီတော့ သစ်ခွခြံဝန်းက ကျောင်းသားတွေ ရှုံးသွားတာနဲ့ အနာဂတ်မှာ သူတို့ အချိန်တိုင်း ပျိုနီပန်းခြံဝန်းကို ခေါင်းငုံ့ ဦးညွှတ်ရမယ်ဆိုရင် သူတို့ ကျွန်မကို မုန်းတီးလာကြမှာပဲ”

“နယ်စပ်မှာ ပဋိပက္ခတွေ ဖြစ်တုန်းက မင်းအဖေ သူ့ရဲ့စစ်တပ်ကို ဓားပြတွေ အ‌ဖြစ်နဲ့ ဦးဆောင်တိုက်ခိုက်ခဲ့တုန်းက၊ ဧကရာဇ်မင်း သူ့ကို အပြစ်တင် မှာကို ကြောက်ခဲ့ဖူးလား။ အဲ့အချိန် မင်းရဲ့ အစ်ကိုက အဆင့်ရှစ်ပဲ ရှိတဲ့ အဆင့်နိမ့်အရာရှိတစ်ယောက်ပဲ ဖြစ်ပေမဲ့ဘုရင့်သားမက်တော်ရဲ့ ပြစ်မှုကို ဖော်ထုတ်ရဲခဲ့တယ်။ သူ့ကို တခြားသူတွေ မုန်းတီးမှာကို စိုးရိမ်ခဲ့ဖူးလား။” 

ဆရာချိုးဟာ ရှဲ့ချောင်နဲ့ အကြည့်ချင်း ဖလှယ်လိုက်ပြီးနောက် ပြုံးကာ

 “မင်းမှာ ဒီလို အဖေနဲ့ အစ်ကိုမျိုး ရှိနေမှတော့ မင်းက တခြားသူတွေနဲ့ ကွဲပြားသင့်တာပေါ့”

••••

All Chapters