← Chapters

အကောင်းနဲ့ အဆိုး

Vol. 23 Ch. 428

အကောင်းနဲ့ အဆိုး

Vol. 23 Ch. 428

အဲဒီ ဆရာချိုးသာ သိက္ခာရှိတဲ့သူတစ်ယောက်ပုံပေါ်နေတာ  မဟုတ်လျှင် ရှဲ့ချောင်သူ့နဖူးပေါ်ကို ရေနွေးကြမ်းလောင်းချပြီးနေလောက်ပြီပင်။

“ဒီကိစ္စက မင်းအတွက် မတရားဘူးဆိုတာ ငါသိတယ်။ ဒါ‌ပေမဲ့ တော်ဝင်ကျောင်းတော်က ကျောင်းသားတွေရဲ့ စိတ်ဓာတ်ကို မြှင့်တင်ပေးနိုင်ဖို့အတွက် အကြောင်းပြချက်တစ်ခု လိုကိုလိုတယ်။ ရှဲ့သခင်မလေးက ပထမဆုရှစ်ဆုကို ဆက်တိုက်ရထားတဲ့ တစ်ယောက်တည်းသောသူဆိုတော့ ဒီကိစ္စက မင်းခေါင်းပေါ်ကျရတာပေါ့၊ မင်းအတွက် စမ်းသပ်ချက်တစ်ခုဆိုလည်း မမှားဘူးပေါ့လေ”

“တော်ဝင်ကျောင်းတော်က ကျောင်းသားအားလုံးအပေါ်မှာ ရက်စက်တယ်။ ဒီနေရာက ကျား၊ ဝံပုလွေ၊ရက်စက်တဲ့ တောရိုင်းတိရစ္ဆာန်တွေကို ပျိုးထောင်ပေးတဲ့နေရာတစ်ခုလို့ ယူဆလို့ရတယ်”

သို့‌သော် အရင်တစ်ချိန်ကတော့ သူတို့ဟာ ယုန်ပေါက်လေးတွေလိုမျိုးသာ ပြုစုပျိုးထောင်ခြင်းခံခဲ့ရသည်။

ပျိုနီပန်း ခြံဝန်းက ကျောင်းသားများမှာ အလွန်ကို အထက်စီးဆန်ကြ၏။ သူတို့ဟာ အမြဲတမ်းလိုလို ဘဝင်မြင့်နေကြကာ သူတို့ထက်သာတဲ့သူတစ်စုံတစ်ယောက်တော့ ရှိစမြဲဆိုတာကို မသိခဲ့ကြ။

သစ်ခွခြံဝန်းက ကျောင်းသားတွေကတော့ အေး‌အေးလူလူပင်။ အမြင့်ကို တက်လှမ်းဖို့ကို

စိတ်ကူးထဲတောင် မရှိကြပေ။

ဤ ခြံဝန်းနှစ်ခုခြားမှာ အမုန်းတရားတချို့ရှိနေတဲ့အတွက် ထို မုန်းစကို ပိုပြီး ကြီးထွားလာအောင် ဖန်တီးပေးလိုက်ကာ 

သူတို့ အချင်းချင်း တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်လာအောင် တွန်းအားပေးမှသာ သူတို့ရဲ့ ချွန်ထက်နေတဲ့လက်သည်းတွေသန်မာလာနိုင်မှာဖြစ်သည်။

ရှဲ့ချောင်ကတော့…..

သစ်ခွခြံဝန်းက ကျောင်းသားတစ်ယောက်ဖြစ်တဲ့သူမမှာ ပျိုနီပန်းခြံဝန်းကျောင်းသားတွေရဲ့ အရည်အချင်းမျိုး ရှိသည်။ အခြားသူတွေရဲ့ တိုက်ခိုက်မှုဟာ သူမနဲ့ သက်ဆိုင်ခြင်းရှိမနေတာကြောင့် သူမရဲ့ စိတ်ကို လှုံဆော်ပေးနိုင်မှာတော့

မဟုတ်။

ဒါကြောင့် သူမဟာ ဒီ တိုက်ခိုက်မှု ဖြစ်ပေါ်လာစေဖို့ အကြောင်း အရင်းခံအဖြစ် ပစ်မှတ်ထားခံခဲ့ရခြင်းပင်။

ရှဲ့ချောင်သူမရဲ့ ပြိုင်ဘက် ဆရာချိုးကို စိုက်ကြည့်လိုက်၏။

“ကျွန်မ ကျောင်းတော်ကနေ တန်းပြီး ထွက်သွားလိုက်မှာ ဆရာ စိတ်မပူဘူးလား” 

“ရှဲ့သခင်မလေးက အခက်အခဲနဲ့ ရင်ဆိုင်ရလို့ ထွက်ပြေးမယ့်လူစားမျိူး မဟုတ်ပါဘူး။” 

ဆရာချိုးကို စကားကို တဲ့တိုးဆန်စွာဖြင့်

“ဒီတစ်ခါတော့ ရှဲ့သခင်မလေး နာကြည်းချက်တချို့ကို ခံစားရမှာပဲ၊ ဒါကို ကျောင်းတော်က လျော်ကြေး ပြန်ပေးမှာပါ”

“ဘယ်လို လျော်ကြေးမျိုးလဲ၊ ဖြတ်ချ…”

ရှဲ့ချောင် စကားမပြောခင် သူမရဲ့ ပါးစပ်ကို အုပ်ကာ ချောင်းနှစ်ကြိမ်ဆိုးလိုက်ကာ “ကျွန်မရဲ့ငွေ‌ပဲစေ့တွေကို ဖြတ်ချတာက လျော်ကြေးလား”

“ဘယ်ဟုတ်မလဲ။ ငွေပဲစေ့ဖြတ်ချရတာက … မင်းကို စာအုပ်တွေ များများ ကူးရေးဖြစ်စေချင်ရုံသက်သက်ပဲ။မင်းမှာက ငွေတွေ အများကြီးရှိနေတော့ ကျောင်းတော်က ဒါတွေကို သုံးပစ်နိုင်ဖို့အတွက် နည်းလမ်းတစ်ခု ရှာပေးတာ၊ ဒါမှ မင်း ဆက်ပြီး ရှာလို့ရမှာလေ” 

ဆရာချိုးက သူမကို ဖုံးကွယ်မနေဘဲ 

“ဒါပေမဲ့ ကျောင်းတော်က ငွေဖြတ်ချရတာက အကြောင်းပြချက်ရှိတယ်။ ငါတို့ သဘောအတိုင်း ဘာမှ မလုပ်ပါဘူး။ မင်းက ခွင့်တွေ ထပ်ခါထပ်ခါ အများကြီးယူခဲ့တာကိုး”

“တကယ့် လျော်ကြေး အစစ်ကတော့…”

ဆရာချိူး ရှဲ့ချောင်ကို ပြုံးလျက် ကြည့်လိုက်ကာ 

“တစ်ခါတစ်လေ မင်းရဲ့ မျက်စိနဲ့ တွေ့မြင်နေတဲ့အရာက အကူအညီကြောင့် မင်းမမြင်ရတဲ့ အရာနဲ့ နှိုင်းယှဉ်လို့မရဘူး”

“အခုချိန်ကစပြီး ကျောင်းတော်က ကျွန်မကို အကြွေးတင်သွားပြီလို့ ပြောချင်တာလား။”

ရှဲ့ချောင် မျက်မှောင်ခပ်ဖွဖွ ကြုတ်လိုက်ကာ 

“ ဒီ လောကကြီးမှာ ကျွန်မကို အကြွေးတင်နေတဲ့သူတွေမှ အများကြီး။တော်ဝင်ကျောင်းတော်က အရေးပါမနေဘူး”

ဆရာချိုး သူမကို မျက်လုံးသာ လှိမ့်ပြလိုက်တော့သည်။

“မင်းရဲ့ ရှဲ့မိသားစု အတွက် ဒါက အသက်ကယ်တင်ပေးနိုင်မယ့်အဆောင်ပဲ”

ဆရာချိုးက ခနဲ့လိုက်ကာ

“မင်း အဖေနဲ့ အစ်ကိုကြီးရဲ့ စိတ်မျိုးနဲ့ဆိုရင် သူတို့လူတွေကို ဆန့်ကျင်မိဖို့ဆိုတာ အလွယ်လေး။ တစ်နေ့ သူတို့ တော်ဝင်မျိုးနွယ်တစ်‌ယောက်ကို အာခံမိသွားခဲ့ရင် ဘယ်သူမှ သူတို့ကို မကယ်နိုင်ဘူး။ ဒါပေမဲ့ တော်ဝင်ကျောင်းတော်က ကာကွယ်ပေးမှာ။ဒါကို မင်းဘယ်လိုထင်လဲ”

ကျောင်းတော်သာ  ခြံဝန်းနှစ်ခု ကြား တိုက်ခိုက်လာအောင် ရန်စပေးခြင်းလျှင် နည်းလမ်းပေါင်းများစွာ ရှိသည်။

သူမကို စစ်တုရင် အစိတ်အပိုင်းတစ်ခုဖြစ်လာအောင် လုပ်ဖို့ လိုတောင် မလို။

“ငါက မင်းတို့ မိသားစု ပြိုလဲသွားမှာကို ကြည့်ဖို့ အားတက်သရော ဖြစ်နေတယ်လို့ မင်းထင်နေတာလား”

ရှဲ့ချောင် ထိုသို့ မတွေးမိတာကြောင့်

“ဆရာ၊ အဲလိုဖြစ်လိမ့်မယ်လို့လည်း မထင်ပါဘူး”

“ကျိုးမိသားစုရဲ့ ကိစွ ပေါ်သွားကတည်းက ငါက

မင်းတို့ မိသားစုနဲ့ သေသေရှင်ရှင် မတိုက်ခိုက်ဘူးလို့ ဘယ်သူကများ တွေးလို့လဲ။ ငါသာ ဘာမှ မလုပ်ဘူးဆိုရင် ငါရဲ့ မိန်းမ၊ ကလေးနဲ့ မြေးတွေကို ဘယ်လို ရှင်းပြရမလဲ။ ဒါပေမဲ့ ငါသာ မရိုးမဖြောင့်နဲ့ အန္တရယ်များတဲ့ အလုပ်ကို လုပ်ပြန်ရင်လည်း ငါရဲ့ ချိုးမိသားစုက အပြစ်ရှိသလို ခံစားနေရမှာ”

“ဒီနည်းလမ်းကသာ အကောင်းဆုံးပဲ။ ငါမင်းကို ဒီတစ်ခါ ဒုက္ခပေးခဲ့မိပေမဲ့ ငါမင်းအပေါ် တင်နေတာ အကြွေးမဟုတ်ဘဲ နောင်တတရားတွေပါ”

ဆရာချိုး သက်ပြင်းချလိုက်၏။

သူ ချစ်ရတဲ့ သမီးဖြစ်သူ ဆုံးပါးသွားတဲ့ အတွက် သူ ဝမ်းနည်းရသည်။

သို့သော် ကျိုးမိသားစုရဲ့ လုပ်ရပ်ဟာ မှားယွင်းပြီး

တော့ ရှဲ့မိသားစု လုပ်ခဲ့တာ မှန်ကန်တယ်ဆိုတာကိုတော့ သူ နားလည်သည်။

သူ ကျိုးမိသားစု အကြောင်း သိနေတယ်ဆိုရင်တောင် လူတစ်ရာကျော်သေခဲ့ရတဲ့ ကိစ္စရဲ့ အမှန်တရားကို ဖော်ထုတ်ဖို့ ဝန်လေးနေမှာ မဟုတ်။

သို့သော် လောကမှာ အကောင်း အဆိုးထက် ပိုတဲ့ ကိစ္စတွေ ရှိနေသေးပြန်သည်။

သူ ဒီလို လုပ်လိုက်မှသာ သူ့ဇနီးနဲ့ သားသမီးတွေ ရှဲ့မိသားစုအပေါ်ထားတဲ့ ရန်ငြိုးနဲ့ ဒေါသတွေကို မျိုသိပ်လိုက်နိုင်မှာပင်။

•••••

All Chapters