ဘာမှ မစွန့်စားဘဲနဲ့တော့ ဘာမှ မရနိုင်။
Vol. 23 Ch. 429
ရှဲ့ချောင် ခဏတာ နှုတ်ဆိတ်သွားခဲ့၏။
ဆရာချိုးရဲ့ ကမ်းလှမ်းချက်က အတော်လေး စိတ်ဝင်စားစာရာ ကောင်းလှသည်။
သူမ အစ်ကိုကြီးနဲ့ ပတ်သက်လို့ စိုးရိမ်စရာ မရှိပေမဲ့ သူမ အဖေဖြစ်သူကတော့ ရူးမိုက်တဲ့သူတစ်ယောက်ဖြစ်နေသည်။ သူ တစ်ယောက်ယောက်ကို ဆန့်ကျင်ခဲ့မိတယ်ဆိုရင်တောင် သိလိမ့်မည် မဟုတ်။ ရာထူးတိုးဖို့နဲ့ ကြီးပွားချမ်းသာ လာဖို့ အရေးကိစ္စတွေ မှာတောင် သူမရဲ့ လမ်းညွှန်ပေးမှုကို လိုနေသူ ဖြစ်၏။
တစ်နေ့ သူမ အဖေဟာ တော်ဝင် မျိုးနွယ် တစ်ယောက်ကို အာခံခဲ့မိကာ၊ ဆရာချိုးက သူမ အဖေ အတွက် အသနားခဲ့ပေမယ်ဆိုရင်တော့ သူမ အဖေ စိတ်လက်မာန်ပါ ပြုလုပ်ခဲ့တဲ့ ပြစ်မှုကြီးဟာ ပြဿနာ လုံးဝ ရှိလိမ့်မည်မဟုတ်တော့။
ရှဲ့မိသားစုဟာ အဆက်အသွယ်အလွန်နည်းလွန်းကာ ဆွေမျိုးရင်းချာ ဆိုတာမျိုး လည်းမရှိလှ။
ဆရာချိုးဟာ ဒုကျောင်းအုပ်တစ်ယောက်သာ ဖြစ်ပေမဲ့ သူ့မှာ ကိုယ်ပိုင်တပည့်တွေ ရှိသည်။ ဒါတင်မက၊ ထို လူကြီးဟာ ငယ်စဉ်က ဟန်လင်းကျောင်းတော်မှာ အရာရှိတစ်ဦးလည်း ဖြစ်ခဲ့သေးသည်။
“ရှဲ့သခင်မလေး၊ သစ်ခွခြံဝန်းက ကျောင်းသား
တွေမှာ အလားအလာ ဘယ်လောက်ရှိလဲဆိုတာ မသိချင်ဘူးလား” ဆရာချိုးက မေးလိုက်၏။
“ကျွန်မ သိတယ်” ရှဲ့ချောင် ခေါင်းညိတ်လိုက်သည်။
အခြားသူတွေ တစ်ယောက်နဲ့တစ်ယောက် အသေအကြေ တိုက်ခိုက်ကြတာကို ကြည့်ရသည်မှာ စိတ်ဝင်စားစရာတော့ကောင်း၏။
ကံဆိုးစွာဖြင့် သစ်ခွခြံဝန်းသာ ရှုံးခဲ့ပါက သူမရဲ့ အဆက်အသွယ်ကောင်းတွေပါ အချိန်ခဏလေး အတွင်းမှာ ပျောက်ကွယ်သွားမှာမည် ဖြစ်၏။
သူတို့ကို ဦးညွှတ်ရအောင် လုပ်ခဲ့တဲ့သူတစ်ယောက်ကို ဘယ်သူကများ သဘောကျမှာလဲ။
“ ငါ ရှဲ့သခင်မလေးရဲ့ စာမေးပွဲ အဖြေလွှာတွေကို အစောကတည်းက မြင်ပြီးပြီ ၊မင်း တကယ်ကို ကောင်းကောင်းလုပ်ခဲ့တယ်။ မင်းသာ လမ်းညွှန်ချက် တချို့ကို ပေးနိုင်မယ်ဆိုရင် မင်းရဲ့ သစ်ခွခြံဝန်းက နိုင်ဖို့ အခွင့်အရေးတချို့တော့ ရှိလာမှာပါ” ဆရာချိုးမှာ အင်မတန်ကို ပါးနပ်သူတစ်ယောက် ဖြစ်သည်။
“သူတို့သာ အခြေအနေကို ပြောင်းပြန်လှန်ပစ်လိုက်နိုင်တယ်ဆိုရင် မင်းရဲ့ ရှဲ့မိသားစုက အကျိုးအမြတ်ကြီးတစ်ခုကို ရမှာ”
ဘာမှ မစွန့်စားဘဲနဲ့တော့ ဘာမှ မရလာနိုင်။
“ ကျွန်မရဲ့ ကျန်းမရေးက ချို့တဲ့တယ်ဆိုတာ ဒုကျောင်းအုပ်၊ သိလား” ရှဲ့ချောင်သက်ပြင်းချလိုက်ကာ “ကျွန်မသာ ဒေါသအထွက်လွန်ပြီး သေ
သွားလို့ရှိရင် ကျွန်မ မိသားစုကတော့ ဈာပနလုပ်နေရတော့မှာပဲ”
ဆရာချိုးတစ်ယောက် သူရဲ့ မုတ်ဆိတ်မွေးကို သပ်လိုက်၏။
“ ထားလိုက်ပါတော့၊ ဆရာချိုးရှင်းပြတဲ့ အတွက် ကျွန်မ လုပ်လိုက်ပါမယ်” ရှဲ့ချောင်ခေါင်းညိတ်လိုက်သည်။
သူမ သဘောတူတူ မတူ သစ်ခွ ခြံဝန်းနဲ့ ပျိုနီပန်း ခြံဝန်းကတော့ သေချာပေါက် ‘’ရန်ပွဲ’' တစ်ခု ရှိလာမှာပင်။
ဒီလိုဆိုမှတော့ ကျောင်းတော်ရဲ့ အနာဂတ် ဒါမှမဟုတ် ဆရာချိုးဆီက အကာ အကွယ်ကို ရဖို့ ပြဿနာရှာတဲ့သူဆိုတဲ့ နာမည်ကို ယူလိုက်ရတာ
လည်း ဆိုးတော့ မဆိုးလှ။ အပေးအယူက အတော်လေး ကောင်းနေလေသည်။
ရှဲ့ချောင်ကျန်းမာရေး မကောင်းဘူးဆိုတာကို ဆရာချိုး တကယ် မေ့နေခဲ့တာဖြစ်သည်။
ထိုစဉ် ရှဲ့ချောင်က ယိုင်တိယိုင်တိုင်နဲ့ ထရပ်လိုက်ရာ၊ လေတစ်ချက် ဝှေ့လိုက်သည်နှင့် မကြာခင်မှာ လဲကျသွားတော့မည် သူတစ်ယောက် အတိုင်းပင်။
ဆရာချိုးရဲ့ မျက်နှာမှာ တည်ကြည်သွားကာ ပိုပြီး စိတ်လှုပ်ရှားနေပုံရ၏။
ရှဲ့ချောင် သူမရဲ့ ရင်ဘတ်ကို ဖိလျက် ဖြူဖျော့နေသော မျက်နှာဖြင့် အပြင်ကို ပြန်ထွက်သွားခဲ့သည်။
အခြားသူတွေ သူမကို မြင်တဲ့အခါ သူမ အနိုင်ကျင့်ခံလာရတယ်လို့ ထင်လိုက်မိကြကာ ပိုပြီး ဒေါသထွက်သွားကြတော့သည်။
“ဆရာချိုးက တကယ်ကို လူယုတ်မာပဲ၊ သူ ဒီလောက် နှစ်တွေ အများကြီး အသက်ရှင်လာပြီးတာတောင် နင့်လို အငယ်တစ်ယောက်ကို အနိုင်ကျင့်ချင်သေးတယ်” ချင်လျို့မှာ စိတ်ဆိုးမာန်ဆိုးနဲ့ ပြောလိုက်ပြီးနောက် အသံခပ်တိုးတိုးဖြင့်
“အရှက်ကို မရှိဘူး!”
“ရှူး” ရှဲ့ချောင် လက်ကို ဆန့်ကာ တားလိုက်ပြီး “ဆရာကို လေးစားရမယ်လေ”
ချင်လျို့ လျှာထုတ်ပြပြီး ပြောင်လိုက်၏။
ရှဲ့ချောင်လည်း သူမကို မဖုံးကွယ်ထားချင်တာကြောင့် ဖြစ်ကြောင်းကုန်စဉ် အကုန် ပြောပြလိုက်သည်။
နားထောင်ပြီးသွားတဲ့ အခါ၊ ချင်လျို့မှာ မှင်တက်သွားခဲ့ရသည်။
“ဆရာချိုးက တကယ်ကို မြေခွေး တစ်ကောင်ပဲ၊ နင် သိပ်သနားဖို့ကောင်းတာပဲ။ နင့်ရဲ့ ကြည့်ကောင်းတဲ့ ရုပ်လေး အတွက်ကြောင့်နဲ့ ပြဿနာ ရှာတဲ့သူ ဖြစ်လာရတယ်” ချင်လျို့ ရှဲ့ချောင်ကို ဂရုဏာ သက်စွာနဲ့ ကြည့်လိုက်သည်။
“ကိစ္စမရှိပါဘူး၊ သစ်ခွ ခြံဝန်းက လူတွေ နိုင်နေသ၍ အကုန် အဆင်ပြေတယ်။ ပျိုနီပန်းခြံဝန်းကသူတွေရဲ့ အမြင်ကိုတော့ တကယ်လည်း ဂရုစိုက်
မနေပါဘူး”
“နိုင်ရမယ်၊ ဒါကြီးကတော့ ခက်လွန်းတယ်” ချင်လျို့ဟာ သိပ်ပြီး ယုံကြည့်ချက် ရှိနေပုံမရ။
ရှဲ့ချောင် ရုတ်တရက်ကျောင်းတော်မှာ ဒီကိစ္စကို တားဆီးနိုင်မယ့် ဆရာတစ်ယောက်မှ မရှိရသလဲဆိုတာကို သဘောပေါက်သွားခဲ့သည်။
ကြည့်ပါလား၊ သစ်ခွ ခြံဝန်းက သူတွေရဲ့ လက်ရှိဖြစ်နေတဲ့ အခြေအနေကို!
ယုံကြည့်ချက် လုံးဝ ရှိမနေတာများ ပျိုနီပန်းခြံဝန်းက လူတွေထက်ပိုပြီး ထုံထုံအအနဲ့ မွေးလာသမျိူး ။
“နင် လာမယ့် အနာဂတ်မှာ ပျိုနီပန်းခြံဝန်းက သူတွေကို တွေ့တိုင်း ခေါင်းငုံ့ ဦးညွှတ်ချင်လို့လား”
ရှဲ့ချောင်မေးလိုက်၏။
ချင်လျို့က ခေါင်းခါပြသည်။
“ဒါဆိုလည်း ကြိုးစားလေ”
ချင်လျို့ဟာ သိပ်ပြီး ယှဉ်ပြိုင်လိုစိတ် မရှိပေမဲ့လည်း သစ်ခွခြံဝန်းသာ အနိုင်ရခဲ့လျှင် ရှဲ့ချောင်ပျိုနီပန်း ခြံဝန်းကို သွားစရာ မလိုတော့တာကို တွေးမိပြီး ဘာပဲဖြစ်နေနေ သူမ ကြိုးစားရလိမ့်မည်။
••••