← Chapters

မကျေမနပ်မှု

Vol. 23 Ch. 430

မကျေမနပ်မှု

Vol. 23 Ch. 430

 နေ့တစ်ဝက်တောင် မကြာလိုက်တဲ့ အချိန်မှာတင်

 ကျောင်းတော်ရဲ့ ဆုံးဖြတ်ချက်ကို ကျောင်းသားအားလုံး သိသွားကြတော့သည်။

ပျိုနီပန်းခြံဝန်းက လူတွေကတော့ လှောင်ရယ်နေခဲ့ကြ၏။

အခုချိန်ကစပြီး သစ်ခွခြံဝန်းကသူတွေက သူတို့ကို တွေ့တိုင်း ခေါင်းငုံ့ကာ ရိုကျိုးကြရမည်ဆို‌တာ သေချာသလောက်ပင်။

ဒါပေမဲ့ သစ်ခွခြံဝန်းကသူတွေက‌တော့ ကမောက်ကမတွေ ဖြစ်‌ကုန်ကြသည်။

သူတို့ ရှက်လည်းရှက်၊ ဒေါသထွက်ကာ၊ မကျေမနပ်လည်းဖြစ်၊ အပြစ်လည်း တင်ချင်နေကြသည်။

ရှဲ့ချောင်ရဲ့ အတန်းထဲကသူတွေကတော့ သူမကို အရင်အတိုင်း ဆက်ဆံကြဆဲဖြစ်ကာ သူမ အပေါ် ဘာအငြိုးတရားမှလည်း မရှိကြပေမဲ့ အခြား အတန်းကသူတွေကတော့ ထိုသို့ မဟုတ်ကြပေ။

သူတို့ ရှဲ့ချောင်နဲ့ ဘာမှ မဆိုင်ပဲ ပတ်သက်မိပေမဲ့ အခုတော့ သူတို့ သူမကို သေလောက်အောင် မုန်းနေကြနေလေပြီ။

ပထမနေရာ ရှစ်ခါ ရရုံလေးနဲ့ ပျိုနီပန်း ခြံဝန်းကို ရွှေ့ပြောင်းခံရတာ၊ ပျိုနီပန်း ခြံဝန်းက ဒီလောက် ကောင်းနေတာပဲကို ဘာလို့ အဲ့ကို မသွားရတာလဲ။

ဆရာတွေနဲ့တောင် အတိုက်အခံဖြစ်‌ပြီးတော့လေ!

အခုတော့ ကောင်းရော! သူမကတော့ ပျိုနီပန်းခြံဝန်းကို သွားစရာ မလိုတော့ပေမဲ့ သစ်ခွခြံဝန်းက သူတွေကိုတော့ အဲဒီ ခြံဝန်းက လူတွေနဲ့ ယှဉ်ပြိုင်ရအောင် လုပ်လိုက်တယ်လေ!

“ရှဲ့ချောင်နင် ဘာလို့ ပျိုနီပန်း ခြံဝန်းကို မသွားရတာလဲ၊ ဘာလဲ ပျိုနီပန်းခြံဝန်းက နင့်ကို ဘာအမှားလုပ်ထားလို့လဲ”  အချို့လူတွေကတော့ ရှဲ့ချောင်ရှေ့ကို ရောက်ချလာကာ သူမကို ဆူပူကြိမ်းမောင်းကြတော့သည်။

“နင်တို့ ရိအတန်းက သူတွေက မနိမ့်ကျတာ နင်တို့ ကိစ္စလေ၊ ဘာလို့ ငါတို့ကိုပါ  ဆွဲချရတာလဲ” တစ်စုံတစ်ယောက်က ပြောလာခဲ့၏။

ရှဲ့ချောင်ကို ပြောလာကြတဲ့သူတွေဟာ သစ်ခွခြံဝန်းရဲ့ ခွင်အတန်းနှင့် ယွဲ့အတန်းက လူတွေဖြစ်ကြ၏။

တန်းခွဲ တစ်၊နှစ်၊ သုံး၊ လေးက လူတွေကတော့ အာဏာရှိ မိသားစုကနေ ဆင်းသက်လာတာ မဟုတ်တဲ့ အတွက်  ရုတ်ရုတ်သဲသဲ ဖြစ်အောင် မလုပ်ရဲကြ။

အမျိုးသမီးတွေက နည်းနည်းပဲ ရှိပေမဲ့၊  သစ်ခွခြံဝန်းက ရောက်လာကြတဲ့ အမျိုးသားတွေများစွာရှိ၏။

‌အမျိုးသားတွေ ဖြစ်လို့ ရှဲ့ချောင်ကို တိုက်ရိုက်ကြီး စော်ကားမော်ကားပြောဆိုရမှာကို ရှက်ပေမဲ့၊ သူတို့လည်း ဘဝင်ကျနေတာတော့ မဟုတ်ကြ။  ထိုအချိန်မှာ၊ ပွဲကြည့်ဖို့လာကြတဲ့သူပေါင်းများစွာ

ရှိကြသည်။

‌”ငါက ဘာလို့ ပျိုနီပန်းခြံဝန်းကို သွားရမှာလဲ” ရှဲ့ချောင်က ဖြည်းဖြည်းချင်း ပြောလိုက်၏။

“ ပျိုနီပန်း ခြံဝန်းက ဆရာတွေလည်း ငါတို့ဆရာတွေလို အရည်အချင်း ရှိတဲ့သူတွေပဲ။ သင်ပေးတဲ့ သင်ခန်းစာတွေကလည်း  ဘာမှ မကွာဘူး။ ငါ ဘယ်မှာပဲ ရှိရှိ ဘာကွာသွားလို့လဲ”

“ဒါပေမဲ့ ပျိုနီပန်းခြံဝန်းကလူတွေ အကုန်လုံးက အရည်အချင်းရှိပြီးသားလေ။ အဲဒါ နင့်အတွက် ပိုမသင့်တော်ဘူးလား” သူ့ သဘောက ရှဲ့ချောင်သူ့ဟာသူ ထွက်သွားဖို့ကို ပြောချင်နေတာပင်။

ဒါဆိုရင် ဒီပြိုင်ပွဲ ကိုလည်း ရှောင်လွှဲလို့ရသွားမယ် မဟုတ်လား။

“သစ်ခွခြံဝန်းကသူတွေလည်း အဲ့လောက်ကြီး ဆိုးရွားနေကြတာတော့ မဟုတ်ပါဘူး”  ရှဲ့ချောင် မျက်လုံးတွေကို  မှေးကျဉ်းကာ “ ဘာလဲ နင်တို့တွေ အကုန်လုံးက မတော်ကြဘူးလို့ ခံစားနေရလို့လား”

ထိုစကားကြောင့်တစ်ဖက်လူတွေမှာ အံကြိတ်ကုန်ကြသည်။

သူတို့ မတော်ကြဘူးဆိုတာတော့ မှန်ပေမဲ့… အဲဒါကို တိုက်ရိုက်ကြီး ဝန်ခံဖို့ဆိုတာကတော့ မဖြစ်နိုင်။

“ဒါက ပြိုင်ပွဲတစ်ခုလေးပဲကို။ ငါတို့ ပြင်ဆင်ဖို့ လနည်းနည်းလောက် အချိန်ရှိပါသေးတယ်။ စာမေးပွဲမှာ မေးမယ့် အကြောင်းအရာကလည်း ဆရာတွေ သင်ပေးထားတဲ့ဟာပဲ။ သစ်ခွခြံဝန်းက

သူတွေက ရူးမိုက်နေကြတာလဲ မဟုတ်ဘူး၊ ထုံထိုင်းနေကြတာလဲ မဟုတ်ဘူး။ ပျိုနီပန်း ခြံဝန်းကို မနိုင်စရာ ဘာအကြောင်း ရှိလို့လဲ။ နင်တို့ရဲ့  ကျန်တဲ့ ဘဝတစ်လျှောက်လုံး တခြားသူတွေရဲ့နောက်ကောက်ကျနေတယ်ဆိုတာ ဝန်ခံချင်တာလား”ရှဲ့ချောင်မေးလိုက်၏။ 

ရှဲ့ချောင်ထိုမိန်းကလေးငယ်တွေကို ဂရုဏာသက်စွာနဲ့ ကြည့်လိုက်၏။

‌သူမလည်း ကျောင်းတော်က ကြံစည်တာကို ခံရတဲ့ အတွက်  ဘာမှ လုပ်နိုင်တာမရှိ။

“ရှဲ့သခင်မလေး ပြောတာ အမှန်ပဲ။  ငါတို့ကြိုးစားသင့်တယ်လို့တော့.. ထင်တယ်။ ပျိုနီပန်း ခြံဝန်းက ငါတို့ကို အရင်ကတည်းက အထင်သေးနေတာ။ ငါတို့ ကိုယ်တိုင်တောင် အထင်သေးနေမယ်ဆိုရင်  ခေါင်းတောင် ငုံ့စရာ မလိုဘူး၊ ကိုယ့်ကို

ကိုယ် ဖုန်‌တောထဲ နှစ်ပြီးသား ဖြစ်နေလောက်တယ်” ဖန်းမုရွှယ်က ပြောလာ၏။

“သစ်ခွခြံဝန်းကို ဝင်နိုင်တယ်ဆိုတာ ငါတို့ အကုန် အင်မတန် ထူးချွန်ပြီးသားဆိုတာကို သက်သေပြပြီးသား။ ပျိုနီပန်းခြံဝန်းလောက်ကို ဘာလို့  ကြောက်နေရမှာလဲ။ သူတို့ကိုယ်သူတို့  အထင်ကြီးနေကြတဲ့သူတွေ။အဲ့လို မြင်ရတာကို ပျော်နေတာလား။ ကောင်းပြီလေ၊ နင်တို့ သူတို့ရဲ့ သဘောထား အမြင်တွေကို သဘောကျတယ်ဆိုရင်လည်း ငါ  ဘာမှ မပြောခဲ့သလိုပဲ ထားလိုက်တော့။ သူတို့ရဲ့ သဘောထားတွေနဲ့ ပတ်သက်ပြီး ဘာပြဿနာမှ မရှိမှ‌တော့ နင်တို့ ခေါင်းငုံ့ဦးညွှတ် ရလဲ ဘာမှ မသက်မသာဖြစ်စရာ အကြောင်းမရှိဘူးဆိုတာ ငါ ယုံပါတယ်။” ချင်လျို့ကလည်း ပြောလိုက်သည်။

“ရှဲ့ချောင်ကလည်း သစ်ခွခြံဝန်းက သူပဲကို ၊သူတောင် ပျိုနီပန်း ခြံဝန်းကို နိုင်နိုင်မှတော့ ငါတို့လဲ

ဘာမနိုင်စရာ အကြောင်းရှိလဲ”

ထို အခိုက်အတန့်မှာ ရှဲ့ချောင်ရဲ့ အတန်းထဲက လူတွေဟာ အားတက်သရော ဖြစ်နေကြသည်။

ရှဲ့ချောင်တစ်ခါ  အနိုင်ရဖူးထားသည်မို့ သူတို့လည်း ယုံကြည်ချက် တချို့ တော့ ရှိကြ၏။

ထိုစကားတွေက သစ်ခွခြံဝန်းက သူတွေ ကြားတော့ သူတို့ အားနည်းတယ်ဆိုတာကို ဝန်မခံချင်ပေမဲ့လည်း ထိုသဘော သက်ရောက်သွားခဲ့ရသည်။

သူတို့ အားလုံး အံ့ကိုကြိတ်လျက် စိတ်မချမ်းမသာ ဖြစ်ကာ သွေးပူနေကြလေသည် 

ပျိုနီပန်းခြံဝန်းက သူတို့ကို အထင်သေးတယ်ဆိုတာ ဘယ်သူကများ မသိလို့လဲ။ ဒါပေမဲ့ သူတို့ မပြိုင်ချင်ဘူးဆိုတာနဲ့ပဲ သူတို့က ငကြောက်တွေ ဖြစ်သွားရရောလား။

•••••

All Chapters