← Chapters

ကံတရားက ဆုံစည်းစေခဲ့

Vol. 23 Ch. 431

ကံတရားက ဆုံစည်းစေခဲ့

Vol. 23 Ch. 431

ရှဲ့ချောင်နဲ့ သူမရဲ့ အတန်းဖော်တွေ ယုံကြည်ချက်အပြည့်ရှိနေကြသည်မှာ တစ်ဖက်က ပြဿနာရှာတဲ့သူတွေကို  အစွယ်မရှိတဲ့ ကျားတွေလိုဖြစ်အောင်တောင် လုပ်နိုင်သလိုပင်။

ကိုယ်က အားနည်းတဲ့သူတစ်ယောက်ဆိုတာကို ဝန်ခံချင်တဲ့သူဆိုတာမျိုး ဘယ်သူမှ မရှိဘဲ။

ဒါကြောင့် သူတို့ရဲ့ အပြစ်တင်ဝေဖန်ချင်နေတဲ့ စကားတွေကို မျိုသိပ်ထားလိုက်ရုံသာ တတ်နိုင်သည်။

ရှဲ့ချောင် သူရဲ့ ချစ်စရာကောင်းလှတဲ့ အတန်းဖော်‌တွေကာ ကြည့်ကာ အခုဆိုလျှင် ပိုပြီးတောင် သဘောကျသွားလေပြီ။

ပြဿနာ ရှာဖို့ရာ ရောက်လာကြတဲ့ လူတစ်အုပ်ကို မောင်းထုတ်လိုက်ပြီးတဲ့နောက် ဖန်းမုရွှယ်ဟာ ကြောက်ကြောက်လန့်လန့်နှင့် “ငါ ခုနက ဘာတွေ ပြောလိုက်မိတာလဲ။  ပျိုနီပန်း ခြံဝန်းနဲ့ ပြိုင်မယ်လို့ ပြောလိုက်မိတာ.. ယုံတောင် မယုံနိုင်ဘူး…..”

“ဒါပေမဲ့လည်း… နင်ပြောတာ အမှန်ပဲလေ၊ ငါ သူ

တို့ကို ဘဝင်မကျတာ တော်တော်ကြာပြီ။ ငါတို့က သူတို့ထက် နောက်ကောက်ကျတယ်လို့ ဘယ်သူပြောလဲ..”

ဖန်းမုရွှယ် အသက်ပြင်းပြင်း ရှုသွင်းလိုက်လေသည်။

သူမ နည်းနည်းတော့ ပျာယာခတ်နေဆဲပင်။

ရှဲ့ချောင် အားလျော့စွာနဲ့ပဲ “ငါတို့ အတူတူ လေ့လာလို့ရပါတယ်…”

“တကယ်လား” ဖန်းမုရွှယ် ရှဲ့ချောင်ပြောတာကို ကြားပြီးနောက် “ဒါဆို ငါနေ့ခင်းပိုင်း စာသင်ချိန်တွေ မရှိတဲ့ နေ့တွေမှာ နင့်အိမ်ကို စာလုပ်ဖို့ လိုက်ခဲ့မယ်”

ရှဲ့ချောင် နှုတ်ခမ်းဆူလိုက်၏။

သူမ ဆိုလိုချင်တာက ကျောင်းတော်က သင်ပေးလိုက်တဲ့ထဲက သူတို့ နားမလည်တဲ့ အကြောင်းအရာတွေကို ဆွေးနွေးဖို့ ပြောချင်တာလေ။

“ရှဲ့ချောင် ငါလည်း လာမယ်။ငါ နင့်အိမ်ကို ဟိုးအရင်ကတည်းက လာလည်ချင်နေတာ ၊ဒါပေမဲ့ နင် မကြိုက်မှာစိုးလို့ ငါ မပြောခဲ့တာ” ချင်လျို့ကလည်း ပြောလိုက်၏။

ရှဲ့ချောင်ဟာ သူမ ဘယ်သူ့ကိုမှ မသိသလိုပဲ အမြဲတမ်းနေခဲ့တာကြောင့် သူမနဲ့ ရင်းရင်းနှီးနှီးနေဖို့ ကြိုးစားလိုက်တိုင်း သူတို့ ရှက်သလို ခံစားခဲ့ရတာ ဖြစ်သည်။

အခုတော့ သူမက အရင်စပြီး အကြံပြုချက် ပေးတာ လုပ်ခဲ့ပြီ ဖြစ်လို့ ရှဲ့အိမ်တော် အကြောင်းကို သိချင်နေကြတဲ့သူတွေဟာ  ခြေလှမ်းစကြတော့သည်။

ကြည့်ပါဦး… ရှဲ့အိမ်တော်ကို သွားရဖို့ အချိန်ပေးနေကြတဲ့သူတွေ ၁၇ယောက် ၁၈ ‌ယောက်လောက်တောင် ရှိတယ်!

ရှဲ့အိမ်တော်ကို သွားချင်နေကြတဲ့သူတွေထဲမှာ လူနည်းစုလောက်ကသာ အမှန်တကယ် စာလေ့လာဖို့ သွားချင်ကြတယ် ဆိုတာ သူမ သိသည်။ 

ကျန်တဲ့သူတွေက ဓားပြတစ်ယောက်ရဲ့ နေရာက … ဘယ်လိုပုံမျိုးလဲဆိုတာ သိချင်လို့ သွားမယ့်သူတွေ ချည်းပဲ!

ဘာမှ မတတ်နိုင်တဲ့ ရှဲ့ချောင် လည်း သဘောတူလိုက်ရကာ သူတို့နဲ့ အချိန်တစ်ခု သတ်မှတ်လိုက်၏။

သူမမှာ အခြားလုပ်စရာတွေ ရှိနေတဲ့ အတွက် ဒီနေ့တော့ သွားလို့ရလိမ့်မည် မဟုတ်။

နေ့လည်ခင်း၌၊ခြံဝန်းနှစ်ခုမှာ လူတွေ ပိုလို့တောင် များပြားလို့လာခဲ့၏။

အမျိုးသားတွေရှိကြတဲ့ ခြံဝန်းဘက်မှာဆိုရင် သစ်ခွခြံဝန်းက အမျိူးသားဟာ ပျိုနီပန်းခြံဝန်းက အမျိုးသားတွေရဲ့ လှောင်ရယ်ခြင်းကိုခံရကာဒေါသကြောင့် သွေးတောင် အန်သွားရသည်။

ရှဲ့ချောင် ထိုသတင်းကို ကြားတဲ့အခါ မသင်္ကာ

စရာကောင်းတယ်လို့ တွေးမိလိုက်၏။

ထို သွေးအန်တယ်ဆိုတဲ့သူဟာ ကျောင်းတော်က ပြဿနာ ရှာဖို့လာတဲ့သူတစ်ယောက်ဟု သူမ သံသဝင်မိ၏။

ပြောစရာတောင်မလို။ သစ်ခွခြံဝန်းကသူတွေဟာ အတိုင်းအတာ တစ်ခုလောက်ထိကို အနိုင်ကျင့်ခြင်းခံခဲ့ရတာကြောင့် သူတို့ရဲ့ ယှဉ်ပြိုင်တိုက်ခိုက်ချင်လိုစိတ်တွေဟာ မကြုံစဖူး တဟုန်ထိုး မြင့်တက်သွားခဲ့ကြ၏။ ထိုအချိန်မှာ  ကျောင်းသား အများဆုံးဟာ သူတို့ကိုယ်သူတို့ သက်သေပြချင်နေကြကာ ကျောင်းတော်တစ်ခုလုံးရဲ့အခြေအနေမှာ တမဟုတ်ချင်း ပြောင်းလဲသွားခဲ့ရသည်။ ကျောင်းတွင်း ထမင်းစားဆောင်မှာတောင်မှ သစ်ခွခြံဝန်းကလူတွေဟာ သူတို့ရဲ့ စာအုပ်နဲ့ မျက်နှာနဲ့အပ်နေကြလေသည်။

နှစ်ပေါင်းများစွာ တိုင်အောင် အခုလိုကြီးကြယ်လှတဲ့ ဝီရိယ ရှိရှိ ကြိုးစားနေကြတဲ့ မြင်ကွင်းမျိုးကို မမြင်ခဲ့ရပေ။

ရှဲ့ချောင်ကတော့ ကောက်ကျစ်တဲ့ မြေခွေးအိုကြီးပမာ ပြုံးရယ်လို့ နေကြတဲ့ ဆရာတချို့ကိုလည်း တွေ့ခဲ့ရ၏။

သူမ လစ်ထွက်လာကာ အဝတ်အစား အိတ်ကို သယ်လျက် မြင်းလှည်းတစ်စင်းပေါ် တက်သွားခဲ့သည်။

သူမ လှည်းထဲရောက်သွားသည်နှင့် သူမကို စောင့်နေခဲ့တဲ့ မကောင်းဆိုးဝါးဝိဉာဉ်ဟာ ချက်ချင်းကို ရွှင်ရွှင်ပျပျ ဖြစ်သွားတော့သည်။

“နင်က… ရှဲ့မိသားစု က သခင်မလေး မဟုတ်

လား။ ဘာလို့ ငါ့ကို မြင်နေရတာလဲ”  ချိုးသခင်မ မှာ အံ့လည်း အံ့ဩသွားသလို ကြောက်လည်း ကြောက်နေတာကြောင့် မျက်မှောင် ကြုတ်ထား၏။

ရှဲ့ချောင် အသက်ခပ်ဖွဖွ ရှုထုတ်လိုက်ပြီးနောက် ချိုးသခင်မကို ခေါင်းအစ ခြေ အဆုံးကြည့်လိုက်ကာ “ ကျွန်မတို့နှစ်ယောက် ဆုံစည်းဖို့ အတွက် ကံကြမ္မာ ဖန်လာတာပဲ။ ရှင့်ကို ကြည့်ရတာ လူပြန် မဝင်စားချင်တဲ့ပုံပဲ။ ဒါဖြင့်လည်း ကျွန်မ ဖြေရှင်းပေးရတာပေါ့”

ဘယ်လောက်ပဲ သေးငယ်တဲ့ ခြင်တစ်ကောင် ဖြစ်နေနေ၊ အသား ဖြစ်နေဆဲပင်။ သူမဟာ ဖောက်သည်တွေနဲ့ ပတ်သက်လာလျှင် ဇီဇာကြောင်နေလိမ့်မည် မဟုတ်ပေ။

ချိုးသခင်မက သူမကို သံသယဖြစ်စွာနဲ့ကြည့်

လိုက်ကာ “နင်-နင်က ရှဲ့အိမ်က သခင်မလေး မဟုတ်ဘူးလား၊ နင် ဘယ်သူလဲ၊ မကောင်းဆိုးဝါးလား”

ရှဲ့ချောင်နှုတ်ခမ်းဆူလိုက်၏။

ဒါကြောင့်မလို့ သူမ မရင်းနှီးတဲ့ အလုပ်ရှင်တွေနဲ့ ဖြေရှင်းညှိနှိုင်းရတာ ပိုလွယ်တာပေါ့။

သူမ မရင်းနှီးတဲ့ ဝိဉာဉ်တွေကို ဖြေရှင်းရာမှာ ပြဿနာတချို့ရှိတတ်ပေမဲ့လည်း အဆက်အသွယ်တချို့ကတော့ ရှိနေဆဲပင်။ ဒါတင်မက ထိုမကောင်းဆိုးဝါးဝိဉာဉ်တွေမှာ မေးစရာ အကြောင်းအရာတွေကလည်း အမြဲလိုလို ရှိနေတတ်သေးသည်။

“ကျွန်မက လောက နှစ်ခုလုံးနဲ့ ဆက်သွယ်နိုင်

တယ်။ ရှင် သဘောပေါက်ပြီလား” ရှဲ့ချောင်က ရိုးရိုးရှင်းရှင်းပဲ ပြန်ပြောလိုက်၏။

သူမရဲ့ မျက်နှာထားမှာ နားမလည်နိုင်စွာနှင့် အလွန် ပဟေဠိဖြစ်နေရကာ “ရှဲ့သခင်မလေးက ဓားပြရှဲ့နဲ့ လုံးဝ မတူဘဲ ကျောက်စိမ်းတစ်တုံးလိုမျိုး သိမ်မွေ့တဲ့သူတစ်ယောက်လို့တော့ ကြားဖူးပေမဲ့၊ ဒီလို အရည်အချင်း မျိုးပါ ရှိနေလိမ့်မယ်လို့တော့ မကြားဖူးခဲ့ဘူး…”

•••••

All Chapters