နောင်တ
Vol. 23 Ch. 432
ချိုးသခင်မဟာ ရှဲ့ချောင်ကို သိချင်စိတ်ပြင်းပြစွာနဲ့ ကြည့်နေခဲ့သည်။
သူမ ကျောင်းတော်ထဲမှာ နေနေစဉ်က သူမရဲ့ ခန္ဓာကိုယ်တစ်ခုလုံး နာကျင်မှုကို ခံစားရကာ နုံးချည့်နေခဲ့သည်။ သူမ ရှဲ့ချောင်ကို စေ့စေ့တောင် မကြည့်ခဲ့။အခု သူမကို အကြိမ် နည်းနည်းလောက်ထပ်ပြီး သေချာကြည့်ကြည့်တော့မှ ထိုမိန်းကလေးဟာ ကောလဟာလတွေထဲကအတိုင်း ချောမောလှပတဲ့တစ်ယောက် ဖြစ်နေတယ်ဆိုတာ သိလိုက်ရသည်။
သူမရဲ့ သွင်ပြင်သဏ္ဍာန်အားလုံးဟာ သိမ်မွေ့မှုတွေနဲ့ပြည့်နေသလို ဉာဏ်ရည်ထက်မြတ်တဲ့သူတစ်ယောက်ပုံစံလည်းပေါ်နေခဲ့သည်။ ထိုင်နေရုံနဲ့တင် သူမရဲ့ ကျက်သရေရှိမှုနဲ့ သဘောထားပြည့်မှုတွေကို မြင်ရသလို နှစ်လိုဖွယ်လည်း ကောင်းလှ၏။
ဒါ ဓားပြရှဲ့ရဲ့ သမီးမှ ဟုတ်ရဲ့လား။
ချိုးသခင်မမှာ အတော်လေး သိချင်စိတ်ဖြစ်သွားခဲ့ရသည်။
သို့သော် သူမ ထို အကြောင်းကို တွေးမိချိန်မှာ သက်ပြင်းချလိုက်မိသည်။ ကံဆိုးစွာဖြင့် သူမဟာ သေဆုံးသွားတဲ့သူတစ်ယောက် ဖြစ်နေလေပြီ။ မဟုတ်လျှင် သူမလည်း ထိုမိန်းကလေးလိုမျိုး နွေးနွေးထွေးထွေး ရှိလောက်၏။
“ရှင် ကျွန်မနဲ့ ဒီအတိုင်း ထွေရာလေးပါးပြောချင်လား ဒါမှမဟုတ် ပိုပြီး လက်တွေ့ကျတဲ့ ဟာ ပြောချင်လား” ရှဲ့ချောင်က ဖြည်းဖြည်းအေးအေးနှင့် မေးလိုက်၏။
လုသခင်မမှာ ရှင်းမပြနိုင်လောက်အောက်ကို ကြောက်သွားခဲ့သည်။
ဘာကြောင့်လဲဆိုတာ သူမလည်း မသိ။
သူမ အသက်ရှိစဉ်တုန်းကလျှင် သတ္တိရှိတဲ့သူတစ်ယောက် ဖြစ်ခဲ့ပေမဲ့ အခု ရှဲ့ချောင်ကို ကြည့်နေချိန်မှာတော့ သူမဟာ ရန်သွားစသင့်တဲ့သူတစ်ယောက်မဟုတ်တာကို သူမ ခံစားလိုက်ရ၏။ နောက်ပြီး.. သူမနဲ့ ဝေးဝေးမှာ နေချင်နေမိသည်။ သူမရဲ့ ခန္ဓာကိုယ်က…
သူမ ကိုယ်ပေါ်မှာ သွားထိလို့မသိတဲ့အရာတစ်ခုခု ရှိနေသလိုမျိူးပင်။
“နင်-နင် ငါ့ကို တကယ်ကူညီပေးနိုင်တာလား” ချိူးသခင်မမှာ ဝေခွဲ မရ ဖြစ်နေဆဲပင်။
ရှဲ့ချောင် ခေါင်းညိတ်ကာ “ ဒါပေမဲ့ ရှင့်ရဲ့ ဆန္ဒတွေက အကျိုးအကြောင်းသင့်ဖို့တော့ လိုတယ်။
ဥပမာဆိုရင် ရှင့်ရဲ့ သားကို ပျိုးထောင်ပေးဖို့ ဒါမှမဟုတ် ရှင့်သားအတွက် အနာဂတ်ကောင်းကို ပေးဖို့ တောင်းဆိုတာမျိုး လုပ်လို့မရဘူး။ အတိုချုံးပြောရရင် ရှင့်ရဲ့ ဆန္ဒက သိပ်မကြာခင် အချိန်မှာ ပြည့်မြောက်နိုင်တာမျိုး ဖြစ်ရမယ်။ အချိန် အကြာကြီး ယူရတာမျိုး ဖြစ်လို့မရဘူး။ နောက်ပြီး.. ကျွန်မရဲ့ ကျန်းမာရေးကလည်း ကောင်းတာမဟုတ်ဘူး။အချိန်အကြာကြီးယူရတဲ့ ဟာမျိုး ဖြစ်ပြီးတော့ မတော်လို့ ကျွန်မ သေသွားခဲ့ရင် ရှင့်ဆန္ဒက မပြည့်ဘဲ နေလိမ့်မယ်”
“နင်က ငါ ထင်ထားတာနဲ့တော်တော်လေး ကွာတာပဲ” ချိုးသခင်မဟာ ရှဲ့ချောင်ရဲ့စကားကို ကြားကြားချင်း မှင်တက်သွားခဲ့ရသည်။
ရှဲ့မိသားစုကသခင်မလေးဟာ ဓားပြတစ်ယောက်လို ရိုင်းစိုင်းတဲ့သူ ဒါမှမဟုတ် ကောလဟာလတွေထဲကလို ပျော့ညံ့အားနည်းတဲ့သူတစ်ယောက်လို့
သူမ ထင်ခဲ့တာဖြစ်၏။
သို့သော်၊ သူမရဲ့ အသံနဲ့ မျက်နှာထားဟာ အေးစက် လို့နေကာ စကားကို လည်း ဖြည်းဖြည်းအေးအေးသာ ပြောခဲ့၏။။
စကားကို ဖြည်းဖြည်းချင်းပြောတယ်ဆိုပေမဲ့လည်း သူမရဲ့ သဘောထားက သိမ်မွေ့နေတာတော့ မဟုတ်။
ရှဲ့ချောင် ကြွေပုလင်းလေးကို ထုတ်လိုက်ကာ
“ရှင့်မှာ တခြားဆန္ဒတွေ မရှိဘူးဆိုရင်တော့ ကျွန်မ ပြန်ခေါ်သွားမယ်”
ချိုးသခင်မမှာ ရင်တုန်သွားရကာ အလျင်စလိုနဲ့ လက်ခါပြလျက် “ငါ ကိုယ့်ကိုကိုယ် ကြိုးဆွဲချ
သေခဲ့တယ်။ ငါ မသေခင်. .. ငါလည်း ဝောာ်တော်များများကို စဉ်းစားမိပြီး ငါ့သားနဲ့ ငါ့မိဘတွေအတွက် စာတစ်စောင်စီချန်ခဲ့တယ်”
“ဒါပေမဲ့ ရှင် နောက်ဆံတင်းနေတုန်းပဲလေ” ရှဲ့ချောင်ပြောလိုက်၏။
“ဟုတ်တယ်၊ ငါ ငယ်ငယ်ကတည်းက ငါရဲ့ ဂုဏ်သတင်းနဲ့ ပတ်သက်ပြီး ဂရုစိုက်ခဲ့တယ်။ ငါရဲ့ သားကို သင်ပေးတဲ့အခါလည်းသူ့ကို ဖြောင့်မတ်တဲ့သူတစ်ယောက်ဖြစ်လာအောင် သင်ပေးခဲ့ပေမဲ့ တစ်နေ့မှာ ရာဇဝတ်သား တစ်ယောက် အနေနဲ့ သေရလိမ့်မယ်ဆိုတာ ဘယ်တုန်းကမှ မထင်ထားခဲ့ဘူး”
“ဒီ ကိစ္စကတော့ ကျွန်မလည်း ရှင့်ကို မကူညီနိုင်ဘူး။ ရှင့်ရဲ့ ပြစ်ဒဏ်က ဘုရင်နဲ့ ဥပဒေက ချမှတ်ခဲ့တာ ။ ကျွန်မရဲ့ အဆက်အသွယ်တွေကို သုံးပြီး
ရှင့်ရဲ့ဖြူစင်မှုကို ပြန် အဖက်ဆယ်ပေးနိုင်တယ် ဆိုရင်တောင် အများအမြင်မှာ ရှင်က ကျိုးမိသားစုဝင်တစ်ယောက်ပဲမလို့ အပြစ်ရှိစိတ် ခံစားရမှာပဲ”
သူမဟာ မပြည့်နိုင်တဲ့ ဆန္ဒမျိုးကို သဘောတူလိမ့်မည် မဟုတ်။
“ငါ နားလည်ပါတယ်။ ငါ လိုချင်တဲ့ ဖြူစင်မှုကို အဲ့ဒီ ကျိုးမိသားစုက မကောင်းတဲ့သူတွေက ဖျက်ဆီးပစ်လိုက်ပြီးပြီ။ ကျိုးမိသားစုနဲ့လက်ထပ်တာက ငါရဲ့ ကိုယ်ပိုင် ရွေးချယ်မှုပါ၊ ဒါကို ငါ ဝန်ခံပါတယ်…”ချိုးသခင်မဟာ ခေါင်းညိတ်လျက် သူမရဲ့ နှုတ်ခမ်းထောင့်တွေဟာ စိတ်ပျက်မှုကို ဖော်ပြလို့နေသည်။
ရှဲ့ချောင် ပြတင်းပေါက် အပြင်ကို လှမ်းကြည့်
လိုက်၏။ သူမ အလျင်လိုခြင်းမျိုးမရှိဘဲ၊ အေးအေးဆေးဆေးသာ စောင့် နေခဲ့သည်။
လမ်းမကြီးဟာ အလွန်ကို သက်ဝင်လှုပ်ရှားနေ၏။ နေရာတိုင်းလိုလိုမှာ စကားပြောနေကြတဲ့သူတွေ ရှိလို့နေကာ… လွင့်မျောနေကြတဲ့ ဝိဉာဉ်တွေလည်း ရှိနေကြသည်။
ဝိဉာဉ်အများစုဟာ သူတို့ကိုယ်သူတို့ သေဆုံးပြီးသားဆိုတာကို မသိဘဲ သက်ရှိလူသားတစ်ယောက်ပမာ နေနေကြသည်။
“ရှင် ရှင့်ရဲ့သားဘေးမှာ အမြဲတမ်းနေချင်လည်း နေလို့ရတယ်။ ဒါပေမဲ့ လူတွေမှာ သူတို့ရဲ့ စည်းမျဉ်းတွေ ရှိသလို ဝိဉာဉ်တွေမှလည်း သူတို့ရဲ့ စည်းမျဉ်းတွေဆိုတာ ရှိတယ်။ ထွက်သွားဖို့ ငြင်းဆိုနေကြတဲ့ ဝိဉာဉ်တွေကို ကြည့်ကြည့်လိုက်။ သူတို့ရဲ့ မျိုးဆက်တွေရဲ့ ဘဝက ကောင်း
မှာ မဟုတ်ဘူး” ရှဲ့ချောင်ရဲ့ အသံဟာ သာယာနာပျော်ဖွယ်ကောင်းနေကာ “ ရှင် လူ့လောက မှ နေချင်တယ်ဆိုရင်လည်း ခပ်ဝေးဝေးမှာနေတာ အကောင်းဆုံးပဲ။ ဟုတ်သားပဲ ပြီးတော့ ရှင့်ရဲ့ စိတ်ခံစားချက်ကိုလည်း ကောင်းကောင်း ထိန်းချုပ်ဖို့လိုတယ်။ အငြိုးကြီး ဝိဉာဉ်ဖြစ်မလာစေနဲ့။ အငြိုးကြီး ဝိဉာဉ် ဖြစ်လာပြီး၊ ဘာ ပြစ်မှုမှ မကျုးလွန်ရင်တော့ ကိစ္စ မရှိပေမဲ့၊ ကျူးလွန်ခဲ့မိရင်တော့ ဝဋ်လည် လိမ့်မယ်”
ရှဲ့ချောင် ဟာ သာမန် စကားစမြည်ပြောနေသလိုမျိုး သာမန်ကာလျှံကာသာ ပြောလိုက်၏။
သို့သော် ထိုစကားတွေကို ကြားပြီးသွားတဲ့နောက် ချိုးသခင်မရဲ့ မျက်နှာထားဟာ ပြောင်းလဲသွားခဲ့သည်။
သူမ တကယ်ကို ထွက်သွားချင်စိတ်မရှိဘဲ သူမရဲ့
သားကိုသာ မြင်တွေ့ချင်နေ၏။
သူမ သေပြီးမှ နောင်တရနေတော့သည်။
••••