ထွက်သွားပြီ
Vol. 23 Ch. 434
ရှဲ့ချောင် ကတော့ သူမ ပြောချင်တာကို ပြောလိုက်ပြီဖြစ်သော်လည်း ချိုးသခင်မက တွင်တွင် ငြင်းနေဆဲပဲမလို့ သူမ ပေါ်တွင်သာ မူတည်တော့သည်။
ရှဲ့ချောင် အိမ်ကို ခြေတစ်လှမ်းချင်းစီလှမ်းကာ ပြန်သွားခဲ့၏။ ရှဲ့ဖင်းဟွိုက်ကတော့ ကျိုးခိုင်ယွင်နဲ့အတူ ပြန်လာခဲ့သည်။
သူတို့နှစ်ယောက်စလုံးဟာ တည်တင်းနေသော မျက်နှာထားတွေဖြင့် ထပြီး ထိုးကြလုနီးပါးပင်။
“အစ်မ၊ ကျွန်တော် ဒီကို လာပို့တာ၊ ကျွန်တော် လင်းအိမ်တော်ကို ပြန်လို့ရပြီလား” ရှဲ့ဖင်းဟွိုက် ရှဲ့ချောင်ကို မေးလိုက်၏။
သူရဲ့ ဒဏ်ရာရနေတဲ့လက်မှာ ရင်ဘတ်ပေါ်၌ ချိတ်ထားဆဲပင်။
“မင်း ဒီကို တော်ရုံဆို မလာဖြစ်ဘူးလေ၊ တစ်ညလောက် မအိပ်သွားတော့ဘူးလား”
ရှဲ့ဖင်းဟွိုက်မှာ ထိုစကားကြောင့် မသက်မသာ ဖြစ်သွားရကာ “မအိပ်တော့ပါဘူး… ဒေါ်လေးက ပြောတယ်…သူက အသက်လည်း ကြီးပြီး၊သားလည်း တစ်ယောက်မှ မရှိလို့ ကျွန်တော်သူ့ကို အဖော်ပြုပေးနိုင်တယ်တဲ့။ သူ ချက်ကျွေးသမျှ ကျွန်တော့်ကိုစားခိုင်နေတာ စိတ်ညစ်စရာ ကောင်းတာပဲ”
ရှဲ့ချောင် သူမရဲ့ နှုတ်ခမ်းတွေကို ခပ်ရေးရေး ကွေးလိုက်ကာ “အဒေါ်ရဲ့ ဟင်းချက်လက်ရာက
ကောင်းလား”
“အရသာက ဆိုးချက်ပဲ။ အရိုးစွပ်ပြုတ်လေးပဲဟာကိုတောင်မှ ကျွန်တော် စားတိုင်း သွန်ပစ်ချင်စိတ်ပေါက်တယ်”
ထိုစကားတွေက အမှန်ပဲ။
ရှဲ့ချောင်မှာ ရယ်ချင်သွားရသည်။
လင်းယာ့ရှန်းက အတော်လေး စွမ်းဆောင်ရည်ရှိပုံပဲ။ ဘယ်လောက်တောင် ကြာနေပြီလဲ။ ဒီကောင်လေး ရဲ့ ဒေါသကို ဖိနှိပ်ထားနိုင်တုန်း။
ရှဲ့ဖင်းဟွိုက်ဟာ ပြောရဆိုရလွယ်သူတစ်ယောက်ဖြစ်ကာ၊ အခုချိန်မှာ သူရဲ့လက် ဒဏ်ရာကြောင့်
ဂရုစိုက်တာခံရမယ့် အချိန်လည်း ဖြစ်နေရာ လင်းမိသားစုက ဒေါ်လေးက ဒီအခြေနေကို အခွင့်ကောင်းယူပြီး လုသခင်မနေရာကို အစားထိုးနိုင်သည်။
ရှဲ့ဖင်းဟွိုက်ခမျာ ရှဲ့ချောင်ရဲ့ စိုက်ကြည့်နေမှုကြောင့် ကသိကအောက်ခံစားနေရသည်။ သူမကိုလည်း ပြန်မကြည့်ရဲ။ သူ ကျိုးခိုင်ယွင်ကိုသာ တစ်ချက်ကြည့်လိုက်ပြီး ပြေးထွက်သွားတော့သည်။
ဘယ်လောက်တောင် ကလေးဆန်လိုက်တဲ့သူလဲ။
ကျိုးခိုင်ယွင်ဟာ နှုတ်ခေါင်း ရှုံ့လိုက်ကာ ခြံဝန်းထဲမှာ ထိုင်လိုက်ရင်း “ကျွန်တော် ခင်ဗျားကို မကြောက်ဘူး။ ရှဲ့ဖင်းကန်း လာတဲ့အထိ စောင့်နေမှာ!”
“ဘယ်ဆိုးလို့လဲ။ မင်းက အဟန့်လေးတော့ ကောင်းသားပဲ။ ဆက်ထိန်းထားနိုင်ဖို့ ငါမျှော်လင့်တယ်” ရှဲ့ချောင်ချီးမွမ်းတဲ့အနေနဲ့ ခေါင်းတညိတ်ညိတ်လုပ်နေသည်။ အဲဒီနောက် အိမ်တော်ထိန်းအား စားပွဲတစ်လုံးနှင့် ထိုင်ခုံတစ်လုံး ယူလာခိုင်းလိုက်၏။
သူမလည်း ခြံဝန်းထဲမှာ ထိုင်ကာ လက်ထဲတွင် စုတ်တံတစ်ချောင်းကိုင်ထားလျက် စာဖတ်လိုက် မှတ်စုတချို့ကို ချရေးလိုက်လုပ်နေရာ သက်တောင့်သက်သာနှင့် အေးအေးလူလူရှိနေပုံပင်။
ခဏလောက်ထိုင်ပြီးသွားတဲ့အချိန်မှာ၊ တချို့သော အစေခံတွေဟာ သူမ အေးခဲသွားမှာကိုစိုးရိမ်ပြီး လေကာနိုင်မယ့် ကန့်လန့်ကာစ တချို့ကို ယူပေးလိုက်ကြသည်။
ကျိုးခိုင်ယွင် သူ့ကိုယ်သူ ပြန်ကြည့်လိုက်ရင်း….
လမ်းမပေါ်မှာ ရန်ဖြစ်ထားတဲ့ ကြွက်စုတ်တစ်ကောင်ပမာ မြေကြီးပေါ်၌ဆောင့်ကြောင့်ထိုင်နေတဲ့သူရဲ့ပုံစံမှာ ရှက်စရာ ကောင်းလှ၏။
ကျိုးခိုင်ယွင်တစ်ယောက် ရှက်သွေးဖြန်းနေသော မျက်နှာဖြင့် မတ်တပ်ထရပ်လိုက်၏။
သူဟာ လူငယ်တစ်ယောက် ဖြစ်သည်မလို့ ကျကျနနနနှင့်ရပ်နေခဲ့၏။
တိုက်ခတ်နေတဲ့ လေဟာ အေးစက်လှတာကြောင့် သူ တုန်ယင်နေခဲ့သည်။
“မင်း ကောင်းကောင်း မရပ်နိုင်ဘူးဆိုရင်လည်း ငါ့ဘေးလာပြီး ထိုင်လေ၊ ဒီမှာ မီးဖို ရှိတယ်”
ကျိုးခိုင်ယွင် နှာခေါင်းရှုံ့လျက်
“မလိုဘူး!”
သူ ဒီကို သတ်မလို့လာတာ!
“ခင်ဗျား ကိုယ့်စကားကိုယ် တည်နော်! သူ ပြန်ရောက်လာတဲ့ဘအချိန်ကျရင် တံခါးပိတ်ပစ်ပြီးတော့ ဘယ်သူ့ကိုမှ ကူညီခွင့် မပေးရဘူး။ သူ င့ါကို သုံးခါ အရင်တိုက်ခွင့်ပေးရမယ်” ကျိုးခိုင်ယွင် ထပ်ပြောလိုက်၏။
“ဒါပေါ့!” ရှဲ့ချောင်ရဲ့ အသံဟာ ညင်သာနေကာ “မင်း သူ့ကို သုံးကြိမ်တိုက်တာတောင် မသတ်နိုင်
ဘူးထင်ရင် ငါ မင်းကို နောက်ထပ် အကြိမ် ပိုပေးမယ်”
“ကျုပ်ကို အထင်မသေးနဲ့” ကျိူးခိုင်ယွင် အံကြိတ်ကာပြောလိုက်၏။
သူ ရှဲ့ဖင်းကန်းရဲ့ ခေါင်းကို တစ်ချက်တည်းနဲ့ ခုတ်ပစ်မှာ!
ရှဲ့ချောင် ပြုံးရုံသာ ပြုံးလိုက်ပြီး စိတ်ထဲမထားခဲ့ပေ။ သူမ လက်ထဲက စာအုပ်ကိုသာ ကြည့်နေရင်း ရံဖန်ရံခါ စာကြောင်း အနည်းငယ်ကို ရေရွတ်လိုက်သည်။ သူမရဲ့ စာဖတ်နေတဲ့ လေယူလေသိမ်းဟာ ဖြေးဖြေးမှန်မှန်နှင့် စည်းချက်ကျကာ အင်မတန်ကိုမှ သာယာနာပျော်ဖွယ်ကောင်းလှသည်။
ကျိုးခိုင်ယွင်ဟာ တစ်ချိန်လုံး တွေဝေ မိန်းမောလို့နေခဲ့သည်။
သူ့ အမေအသက်ရှိစဉ်တုန်းကဆိုရင် သူမလည်း စာဖတ်ရတာကို ခုံမင်သူတစ်ယောက်ဖြစ်စ်ခဲ့၏။
ဒါပေမဲ့ အခု သူ့အမေက သေသွားခဲ့ပြီ! မရှိတော့ဘူး! ဘယ်တော့မှ ပြန်ရောက်လာမှာ မဟုတ်တော့ဘူး!
ထိုစဉ် ချိုးသခင်မရဲ့ ဝိဉာဉ်ဟာ ထိုနေရာမရှိသလို ရှဲ့ချောင်ကလည်း သူ့မကို ထွက်သွားခွင့်မပြုခဲ့။
အကြောင်းမှာ ထိုဝိဉာဉ်ဟာ ကျောင်းတော်ထဲမှာ ရှိစဉ်က ထိခိုက်ခဲ့တဲ့အတွက် ပြန်လည် အားဖြည့်နိုင်ရန် ဝေးဝေးမှာ ထားထားရခြင်းပင်။
ရှဲ့ချောင် စိတ်ရှည်ရှည်နှင့် စောင့်နေခဲ့၏။တစ်ခဏ ကြာတော့ အဆာပြေမုန့်တွေ ယူလာခိုင်းလိုက်သည်။ ထို မုန့်များမှာ အလွန်ကို အရသာ ရှိလှကာ အငွေ့တထောင်ထောင်းနဲ့ မွေးကြိုင်လှတဲ့ရနံ့ဟာလည်း သင်းပျံ့နေသည်။ အရသာ ရှိလွန်းလှတာကြောင့် ထိုကောင်လေးမှာ တံတွေးမျိုချနေရလေသည်။
“နည်းနည်းလောက်လိုချင်လား။ အရမ်းချိုတယ်” ရှဲ့ချောင် မေးလိုက်၏။
ကျိုးခိုင်ယွင်မှာ ငိုမိလုနီးပါးပင်။
သူ့အမေဆုံးသွားကတည်းက ဘယ်လိုသရေစာမုန့်မျိုး သူစားချင်လဲဆိုတာ ဘယ်သူမှ ဂရုမစိုက်ခဲ့ကြဘူး!!
ဒါပေမဲ့ အဲဒီ ရှဲ့ချောင်က သူ့ကို အနိုင်ကျင့်နေတာ!
သူ အဲဒီ မဖြစ်စလောက် မုန့်လေးတွေကို ဂရုစိုက်မနေပါဘူး။ သူ မစားဖူးတာလည်း မဟုတ်ဘူး!!
••••