ချီးကျူးကြမည်
Vol. 23 Ch. 435
ကျိုးခိုင်ယွင်ဟာ ဆယ်ကျော်သက် အရွယ်ကလေးတစ်ယောက်သာ ရှိသေးသည်မို့ စိတ်ရှည် သည်းခံမှုလည်း ရှိမနေခဲ့။
သူဟာ ဒေါသထွက်လွန်းနေတာကြောင့် မျက်လုံး
များပင် နီရဲလို့နေလေသည်။
သူရဲ့ နှာခေါင်းတရှုံ့ရှုံ့ဖြစ်နေသံတွေကို ရှဲ့ချောင် ကြားနေရပေမဲ့လည်း ဂရုမစိုက်သလိုသာ နေနေကာ သူမ လုပ်စရာရှိတာတွေကိုပဲ အေးအေးလူလူ ဆက်လုပ်နေခဲ့ရာ အိမ်တော်ထိန်းတောင်မှ သခင်မလေးဟာ အကြင်နာတရားမရှိတဲ့ သူတစ်ယောက်လို့ ထင်သွားရတဲ့ အထိပင်
နောက်ဆုံးတော့၊ နှစ်နာရီ ဝန်းကျင်လောက် စောင့်ဆိုင်းပြီးသွားတဲ့ နောက်မှာ ရှဲ့ဖင်းကန်း ပြန်ရောက်လာခဲ့သည်။
သူဟာ သားမွေး အပေါ်ခြုံထည်ကို ဝတ်ဆင်ထားတာကြောင့် ပိုပြီး သန်မာတဲ့ပုံပေါ်နေစေခဲ့၏။ ခရီးပန်းလာတာကြောင့် သူ့မျက်နှာထက်မှာ ဘာအမူအရာလည်း ရှိမနေပေမဲ့ ဒါကပဲ သူ့ကို ဒေါသထွက်နေပုံပေါက်သွားစေကာ ကြောက်စရာ
ကောင်းနေခဲ့သည် ။
သူ ခြံဝန်းထဲကို ဝင်လာလိုက်ချိန် ကန့်လန့်ကာစတွေနဲ့ မျက်နှာစိမ်းနေတဲ့ ကလေးတစ်ယောက်ကို မြင်လိုက်ရ၍ မှင်တက်သွားခဲ့ရသည်။
“မင်းက… အစေခံ အသစ်လား” ရှဲ့ဖင်းကန်း မျက်မှောင်ကြုတ်လျက် “ဒီလို လူကောင်သေးသေးလေးနဲ့ ဘာများလုပ်နိုင်လို့လဲ။ ငါမင်းကို မပြောခဲ့ဘူးလား။ အရပ်ရှည်ရှည် တုတ်တုတ်ခိုင်ခိုင်နဲ့ သူကို ရွေးရမယ်လို့လေ။ သေးလိုက်တာများ ငါ လက်တစ်ချောင်းနဲ့ သတ်ပစ်ရင်တောင် ရတယ်။ ဘာလုပ်ဖို့ သူ့ကို ခေါ်ထားတာလဲ။ ငါ့ကို ကာကွယ်ဖို့လား”
အိမ်တော်ထိန်းကတော့ ကြိတ်ရယ်လိုက်၏။
ကျိုးခိုင်ယွင်ခမျာ ကြောက်လွန်းအားကြီးပြီး တောင့်တင်းသွား၏။
ဒီ-ဒီလူက ရှဲ့ဖင်းကန်းဆိုတဲ့သူ
သူ့ရဲ့-ရန်-ရန်သူကြီး
သူ တံတွေးမျိုချလိုက်၏။သူ့ရဲ့ ခြေထောက်မှာ ကြီးမားတဲ့ ကျောက်တုံးကြီး တစ်တုံးချည်နှောင် ထားသည့်နှယ် သူ့ခြေထောက်တွေကို လှုပ်လို့်မရသလို ထိုကျောက်တုံးကိုလည်း ဖယ်လို့မရ။ အရူးတစ်ယောက်လိုသာ ကြောင်တောင်တောင်နဲ့ ရပ်နေခဲ့သည်။
“သခင်လေး သူက အစေခံ မဟုတ်ပါဘူး။ သခင်မလေး ခေါ်လာတဲ့သူပါ.. သူက သခင်လေးကို ခေါင်းဖြတ်သတ်ပစ်မယ်တဲ့” အိမ်တော်ထိန်း
က တီးတိုး ပြောလိုက်၏။
“ငါ့ကို ခုတ်သတ်မယ်..”ထိုစကားကြောင့် ရှဲ့ဖင်းကန်း သဘောကျသွားရသည်။ သူ ခြေလှမ်းကျယ်ကြီးတွေနဲ့ ကျိုးခိုင်ယွင်ဆီ လျှောက်သွားလိုက်၍ သူရဲ့ ခန္ဓာကိုယ်ကို ကိုးဆယ်ဒီဂရီ နီးပါး ကွေးကာ လက်တစ်ဖက်က ကျိုးခိုင်ယွင်ရဲ့ ခေါင်းကို ဖိပြီး ကျန်တစ်ဖက်ဖြင့် သူ့ရဲ့မေးစေ့ကို ဖျစ်ညစ်လျက် “မင်းက ငါ့ကို ခုတ်သတ်ပစ်ချင်တယ်ပေါ့။ ကောင်းပြီလေ၊ မင်းမှာ သတ္တိတော့ ရှိသားပဲ။ ပြောပါဦး၊ ငါ မင်းကို ဘာအကြွေးတွေများ တင်ထားလဲဆိုတာ။ ငါ မဖြေရှင်းရသေးတဲ့အမှု ဒါမှမဟုတ် ကွပ်မျက်တဲ့နေရာကို မပို့ရသေးတဲ့ ရာဇဝတ်သား ရှိလို့လား”
ကျိုးခိုင်ယွင်မှာ ပြောစရာ စကား ပျောက်ဆုံးနေ၏။ သူ စကားလည်း မပြော၊ သူ့တစ်ကိုယ်လုံး တုန်ယင်နေလေသည်။
ရှဲ့ချောင် စုတ်တံကို ချလိုက်ကာ
“ သူ့အမေက ကျိုးမိသားစုရဲ့ ချွေးမလေ၊ တိုက်ရိုက်မျိုးဆက်တော့ မဟုတ်ဘူးပေါ့။ ဒါပေမဲ့ သူလည်း ကျိုးမိသားစုရဲ့ ပြစ်မှုကြီးမှာ ငြိစွန်းသွားခဲ့ရတယ်။ သူ့အဖေက နှယ်နှင်ဒဏ် ပေးခံရပြီး သူ့အမေကတော့ သူ့ကိုယ်သူ ကြိုးဆွဲချ သတ်သေသွားတယ်။” ကျိုးခိုင်ယွင် စကာမပြောတဲ့ အတွက် သူမ သူ့ကိုယ်စား ဝင်ပြောပေးလိုက်၏။
ရှဲ့ချောင်ရဲ့ စကားကို ကြားပြီးတဲ့နောက် ရှဲ့ဖင်းကန်း နှာခေါင်းရှုံ့ကာ သူ့ကို လွှတ်လိုက်ပြီးနောက် “အို၊ ဆိုတော့ မင်းက ကျိုးမိသားစုက လူပေါ့”
“ညီမလေးတို့ရဲ့ ဓားနဲ့ အစ်ကိုကြီးကို အကြိမ်နည်းနည်းလောက် တိုက်ခိုက်ခွင့်ပေးမယ့် ဆိုပြီး သူ့ကို ကတိပေးထားတယ်။ သူ အစ်ကိုကြီးကို သတ်နိုင်
မယ်ဆိုရင် အဲ့ကိစ္စကို ဒီတိုင်းထားလိုက်မလို့”
ရှဲ့ချောင် သူ့ရဲ့ သေခြင်း ရှင်ခြင်း နဲ့ ပတ်သတ်ပြီး လွယ်လွယ်ကူကူ ဆုံးဖြတ်နေခြင်းကို ရှဲ့ဖင်းကန်း ဂရုမစိုက်။
“အဲဒီ ကျိုးမိသားစုက သူတွေ အကုန် ငါ့ကို သေစေချင်နေကြတာ။ မင်းက သူတို့ ဆန္ဒကို ဖြည့်ဆည်းပေးနိုင်လို့ကတော့ နောင်တစ်ချိန် ကျိုးမိသားစု မြို့တော်ကို ပြန်လာနိုင်တဲ့ အချိန်ကျရင် သူတို့ မင်းကို တော်ဝောာ်ကြီး အမွှမ်းတင်ကြတော့မှာပဲ” ရှဲ့ဖင်းကန်း ထေ့ငေါ့ကာ ရယ်လိုက်၏။
“ဒါပေမဲ့၊ ကောင်လေး၊ ငါရဲ့ ခေါင်းက မင်းလိုချင်တယ်ဆိုတိုင်း ယူလို့ရတဲ့အရာ မဟုတ်ဘူး။ ငါတော့ မင်း ဒါကို မမနိုင်မှာစိုးတယ်”
ထို အခိုက်အတန့်မှာ ကျိုးခိုင်ယွင် တောင့်ခဲ့သွား
ရသည်။
သူ အတုန်တုန်အယင်ယင်ဖြစ်နေဆဲဖြစ်ကာ သူ လုပ်နိုင်တာ ဘာမှမရှိခဲ့ချေ။
သူ အရင်က တစ်ခါမှ ဒီလောက်ထိ မကြောက်ဖူးခဲ့
ဓားပြ ရှဲ့ရဲ့သား၊ အဲဒီ လူဆိုးကောင်က ဒီလိုပုံမျိူးဆိုတာ တွေ့လိုက်ရလို့..
သူ-သူက ငရဲလောကဘုရင်ရဲ့ အမှောင် နတ်ဆိုး ဝိဉာဉ်ရုပ်သေးတစ်ကောင်လိုပင်။သူ့ကို စိုက်ကြည့်နေတဲ့ပုံမှာ ကြမ်းကြုတ်ရက်စက်လွန်းတာကြောင့် သတ်ပစ်တော့မလိုတောင် ထင်ရသည်။
'မေမေ၊ သားကြောက်တယ်…’
“မင်း ဘာလို့ ဘာမှ မပြောရတာလဲ” ရှဲ့ဖင်းကန်းဟာ အတော်လေး စိတ်ရှည်နေသည်။ “ငါပြောပြမယ်၊ မင်း အသက်ရှင်ကျန်ခဲ့တာပဲကို ဘာလို့ဘဝကို ကောင်းကောင်းမွန်မွန်နဲ့ မနေသွားချင်ရတာလဲ။ ဘာလို့ ဒီနေရာထိလာပြီး သေလမ်းရှာရတာလဲ။ မင်း ခဏနေ ငါ့ကို မသတ်နိုင်ခဲ့ရင် ဘာဖြစ်မလဲဆိုတာ မင်းသိလား”
“ကျ-ကျွန်တော်” ကျိုးခိုင်ယွင်မှာ အကြောက်လွန်ပြီး အသက်ရှုရပ်လုနီးပါးပင်
ရှဲ့ဖင်းကန်းက အိမ်တော်ထိန်းအား ပြောလိုက်၏။
“ ကောင်းပြီလေ၊ ငါ့ဓားကို သွားယူလိုက်၊ မင်း ကံကောင်းတာပဲ အဲ့တာကို သွေးထားတုန်းပဲ ရှိ
သေးတယ်။ မြဲမြဲကိုင်ထား၊ ချီတုံချတုံဖြစ်မနေနဲ့။ မင်း ငါ့ကို ခုတ်တာ မအောင်မြင်ခဲ့ရင် အသားတုံးကြီး ကပ်ကျန်နေဦးမယ်။ ငါ့မှာ အသားတုံးကြီး တွဲလောင်းတွဲလောင်းနဲ့ ဖြစ်ပြီးတော့ ကြည့်ရဆိုးနေလိမ့်မယ်”
•••••