← Chapters

ညှဉ်းပန်းနှိပ်စက်ခြင်း

Vol. 23 Ch. 436

ညှဉ်းပန်းနှိပ်စက်ခြင်း

Vol. 23 Ch. 436

ရှဲ့ဖင်းကန်းမှာ စိတ်မရှည်တဲ့ပုံပေါက်နေ၏။ အိမ်တော်ထိန်းကများ ဘယ်လိုလုပ် သူ့ကို တားရဲမှာလဲ။ သူ ချက်ချင်းပဲ ဓားကို ယူလိုက်လေသည်။

ကျိုးခိုင်ယွင်ခမျာ တစ်ကိုယ်လုံး တုန်ယင်နေကာ အတော်လေး သနားစရာကောင်းလှ၏။

သိပ်တောင် မကြားလိုက် ဓားဟာ ရောက်ရှိလို့လာခဲ့သည်။

ဓားသည် ကျိုးခိုင်ယွင်ထက်တောင် ရှည်လို့နေကာ ရှဲ့ဖင်းကန်းက ဓားရိုးကို ကျိုးခိုင်ယွင်ဆီ ကမ်းပေးလျက် “ဟေ့ကောင်လေး၊ ယူလိုက်စမ်း”

 ကျိုးခိုင်ယွင်မှာ မြေကြီးပေါ်တွင် ထိုင်နေခြင်းဖြစ်ပြီး ဓားရိုးက သူ့ပေါ်ကို တိုက်ရိုက်ဖိချလို့ထားသည်။ သူ ဓားရိုးကို ကိုင်ထားတဲ့ပုံက သနားစရာ ကောင်းနေကာ မတ်တပ်ထရပ်လိုက်ဖို့လည်း သတ္တိမရှိခဲ့ပေ။

“ဘာတွေ ကြောက်နေတာလဲ။ဓားကို မပြီး မြဲမြဲကိုင်ထား၊ လာ၊ ငါ့ လည်ပင်းကို လာခုတ်လိုက်” ရှဲ့ဖင်းကန်းဟာ ပြောရင်းဆိုရင်းနဲပဲ သူရဲ့ ခြုံထည်

ကို ချွတ်ကာ  အဝတ်အစားတွေကို ဆွဲဖယ်လျက် သူရဲ့ လည်ပင်းကို ထုတ်ပြနေခဲ့သည် 

ကျိုးခိုင်ယွင် နှုတ်ခမ်းဆူလိုက်၏။ 

ရှဲ့ဖင်းကန်း ထိုကလေးရဲ့ အမူအရာ ကို ကြည့်ပြီး တခစ်ခစ်ရယ်‌နေကာ “ဘာလဲ ငါ့ကို မမှီလို့လား။ ကောင်းပြီလေ၊ ငါ လှဲပေးမယ်။ဒါဆိုရင်ရော ရလား”

ရှဲ့ဖင်းကန်းဟာ မြေကြီးပေါ်မှာ လူးလှိမ့်လျက် သူ့ခေါင်းကို ဆန့်ပေးထားကာ ကျိုးခိုင်ယွင် ,ဓားနဲ့ ခုတ်လာမှာကို စောင့်နေခဲ့သည်။

“ငါ တစ်ဆယ် အထိ ‌ရေပြီးလို့မှ ဘာမှ မလုပ်သေးရင်တော့ ငါ စိတ်ရှည်နေမှာ မဟုတ်ဘူး။ မင်း ငါ့ကို မသတ်နိုင်ရင်တော့  ငါမင်းကို သင်ခန်းစာ ပေး

ရမယ့် အလှည့်ပဲ” ရှဲ့ဖင်းကန်းရဲ့ အသံဟာ ခပ်ဖျော့ဖျော့လေး ပြောလိုက်ပေမဲ့  ဝိဉာဥ်တစ်ကောင် ကို ဖမ်းစား‌နေတဲ့ငရဲဘုရင်ရဲ့ အသံပမာ ။ “တစ်…”

ကျိုးခိုင်ယွင်ရဲ့ နှလုံးသားမှာ တဒိန်းဒိန်းနှင့် တုန်လို့နေသည်။ ကြီးမားလှတဲ့ ဓားကို ဖမ်းဆုပ်ထားတဲ့ သူရဲ့ လက်တွေဟာ စဉ်ဆက်မပြတ်ကို တုန်ယင်နေသည်။

နောက်ဆုံးတော့ သူ ဓားကို မတောင် မ မနိုင်ဘူးဆိုတာ ကို သိသွားတော့သည်။

လေးလွန်းတယ်၊ သူ အဲ့ဒါကို ဖမ်းဆုပ်နိုင်ဖို့ အကောင်းဆုံး ကြိုးစားခဲ့ပေမဲ့ သူရဲ့ တုန်ယင်နေတဲ့ လက်တွေက ဓားကို မြေကြီးပေါ်ကနေ နည်းနည်းလေးပဲ ကွာသွားအောင် မ လိုက်နိုင်တယ်။ 

“မင်း ဓားကို မသုံးနိုင်ဘူးဆိုရင်လည်း ငါ့ကို လာဆိတ်”  ရှဲ့ဖင်းကန်းသူရဲ့ သနားစရာ ကောင်းနေတဲ့ အမူအရာကို ကြည့်ကာ အထင်သေးဟန်ဖြင့် “ငါး၊ ခြောက်..”

ဘုတ်ခနဲ မြည်သံနဲ့ အတူ ဓားဟာ မြေကြီးပေါ် ပြုတ်ကျသွားခဲ့လေသည်။

ကျိုးခိုင်ယွင် သူ့အရှေ့မှာ ရှိနေတဲ့သူကို ကြည့်လိုက်၏။ ဒီအတိုင်း လှဲရုံလေး လှဲပြီးနေနေတာတောင် သူ သွားဖို့ မဝံ့မရဲ ဖြစ်နေသည်။

အဲဒီလူကြီးက…

အရမ်း-ကြောက်-ကြောက်ဖို့ကောင်းတယ်!

တရှုံ့ရှုံ့နဲ့‌ငိုနေကာ  မျက်ရည်နဲ့ နှာရည်တွေဟာလည်း မျက်နှာပေါ် စီးကျနေလေသည်။

“တစ်ဆယ်”

ရှဲ့ဖင်းကန်း မတ်တပ်ထရပ်လိုက်သည်။

“ငါ မင်းကို အခွင့်ရေး ပေးပြီးသွားပြီ” ရှဲ့ဖင်းကန်းက လှောင်ရယ်လိုက်၏။ အဲ့ဒီနောက် သူ ထလျှောက်သွားကာ ကျိုးခိုင်ယွင်ရဲ့ အင်္ကျီစကို စောင့်ဆွဲလျက် “မင်းရဲ့ ဒီလို သူရဲဘောကြောင်ပုံမျိုးနဲ့ လူတစ်ယောက်ကို သတ်ချင်သေးတယ်ပေါ့။ လူမပြောနဲ့၊ ငါက ကြက်တစ်ကောင် ဖြစ်နေရင်တောင် မင်းမှာ သတ်နိုင်တဲ့ အရည်အချင်း မရှိမှာစိုးတယ်”

ကျိုးခိုင်ယွင်မှာ ပိုပြီး  တုန်ယင်လို့လာခဲ့သည်။

သူ အသိစိတ်ပျောက်ရလောက်တဲ့ အထိ ကြောက်လန့်နေပုံပင်။

ရှဲ့ချောင် သူ့ကို မတားခဲ့။

ဒီကလေးက သင်ခန်းစာတစ်ခု ကောင်းကောင်းပေးဖို့တော့လိုတယ်။သူဟာ နည်းနည်းလောက် မခံစားရမချင်း ရင့်ကျက်လာမည်မဟုတ်ပေ။

ရှဲ့ဖင်းကန်း ကျိုးခိုင်ယွင်ရဲ့ တင်ပါးကို တစ်ချက် ကန်ချလိုက်၏။

“ဝါးး…” ကျိုးခိုင်ယွင် ငိုကြွေးတော့သည်။

“အို၊ ဆိုတော့ မင်းက စကားပြောတတ်တယ်ပေါ့၊ မင်းက အရမ်းကြီး တိတ်ဆိတ်နေတော့ ငါက စကား မပြောတတ်ဘူးလို့ထင်လိုက်တာ” ရှဲ့ဖင်းကန်းဟာ စကားပြောနေရင်းနဲ့ပဲ ဖိနပ်ချွတ်လိုက်ကာ ကျိုးခိုင်ယွင်ရဲ့ တင်ပါးကို တစ်ချက် ထပ်ရိုက်လိုက်သည်။

တစ်ကြိမ်ပြီး တစ်ကြိမ်ရိုက်နေသည်မှာ အချက် နှစ်ဆယ် ကျော်အောင်ပင်။

ကျိုးခိုင်ယွင်ခမျာ ပင့်သက်ရှိုက်ကာ ဆွဲဆွဲငင်ငင်ကို ငိုကြွေး‌နေလေသည်။

ရှဲ့အိမ်တော်ရဲ့ တံခါးကို ကန်ဖွင့်လျက် ဆရာချိုးဟာ သူ့လူတွေနဲ့ အတူ အိမ်ထဲကို အပြေးဝင်ဆရာက်လာခဲ့၏။ သူ ခြံဝင်းထဲကို ရောက်သည်နှင့် မြေကြီးပေါ်မှာ လဲလျောင်းကာ ငိုကြွေးနေတဲ့ သူ့

မြေးကို တွေ့လိုက်ရသဖြင့် သူ့ခြေထောက်တွေ ပျော့ခွေ သွားခဲ့ရသည်။

ရှဲ့ဖင်းကန်း စကားပြောမလို့ ဟန်ပြင်လိုက်ပေမဲ့ ရှဲ့ချောင်က သူ့ကို တားလိုက်ကာ  အပြုံးတစ်ပွင့် ဆင်မြန်းလျက် လျှောက်သွားလိုက်ပြီး “ဆရာက အချိန်ကိုက် ရောက်ချလာတာပဲ။ဒီကလေးကို ပြန်ခေါ်သွားလို့ရပါပြီ”

ဆရာချိုးဟာ ဒယီးဒယိုင်နဲ့ သူ့မြေးဆီ လျှောက်သွားလိုက်၏။ ထိုကလေးသေတော့မယ်လို့ သူထင်မိလုနီးပါးပင်။

သူ ကျိုးခိုင်ယွင်ရဲ့ ခန္ဓာကိုယ်ကို တုန်ယင်နေသော လက်ဖြင့် စစ်ဆေးကြည့်လိုက်ပြီးနောက် ဘာ အနာတရမှ ရှိမနေတာကို တွေ့တဲ့ အခါမှသာ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်တော့သည်။

“မင်း-မင်း ဘာလို့ သူ့ကို နှိပ်စက်ရတာလဲ”

သူ့နောက်မှာတော့ ချိုးမိသားစုရဲ့ အစောင့် ရှိနေခဲ့သည်။

ရှဲ့ချောင် ပြုံးလျက် “ကျွန်မ အစ်ကိုကြီးသူ သူ့ကို နှိပ်စက် ချင်တယ်ဆိုရင် သူ အခု ဒေါသထွက်နေမှာတောင် မဟုတ်ဘူး”

ကျိုးခိုင်ယွင်ကတော့ ဆရာချိုးကို တင်းတင်းကြပ်ကြပ် ဖက်လို့ထားကာ သူ နောက်တစ်ကြိမ် ထပ်ပြီး အရိုက်ခံရမှာကို ကြောက်လန့်နေသည်။

ရှဲ့ဖင်းကန်းက ခနဲ့တဲ့တဲ့နှင့် “ကျုပ်ခင်ဗျားတို့ကို ကြောက်မနေဘူး။ သတ္တိရှိရင် လာလေ”

••••••

All Chapters