← Chapters

ဘဝကို နာခံမှုရှိရှိ ရှင်သန်ပါ

Vol. 23 Ch. 437

ဘဝကို နာခံမှုရှိရှိ ရှင်သန်ပါ

Vol. 23 Ch. 437

ဆရာချိုးခမျာ တဆတ်ဆတ်တုန်ယင်လို့နေလေသည်။

“ဒီ ကလေးက ငယ်ငယ်လေးပဲ ရှိသေးတာ။ သူ နည်းနည်း ဆင်ခြင်တုံတရားမဲ့သွားခဲ့ရုံပဲ။ သူ မင်းတို့ရဲ့ အိမ်တံခါးကို လာမခေါက်ခဲ့သင့်ဘူး ဆိုပေမဲ့.. ဘာပဲဖြစ်ဖြစ်.. ကလေးပဲ ရှိပါသေးတယ်”

ရှဲ့ဖင်းကန်းလို လူကြီးတစ်ယောက်က ကလေးတစ်‌ယောက်နဲ့ ပြဿနာဖြစ်လိမ့်မယ်ဆိုတာ သူဖြင့် ယုံတောင် မယုံနိုင်။

ရှဲ့ဖင်းကန်းက ရယ်မောလျက် “သူ ကိုယ်တိုင် ကျုပ်တို့ အိမ်ပေါက်ဝကို ရောက်လာခဲ့တာ။

နောက်ပြီး ကျုပ် သူ့ကို အနိုင်လည်း မကျင့်ခဲ့ဘူး။ ကျုပ်ကို ဓားနဲ့တောင် မခုတ်ရဲဘူး။ ကျုပ်မသေဘူးဆိုမှတော့ သူ့ကို သင်ခန်းစာတော့ ပြန်ပေးရမယ်လေ” 

“ကျုပ်က မှုခင်းစီစစ်ရေးဌာနမှာ အလုပ်လုပ်တဲ့သူတစ်ယောက်။ အခု ကျုပ်သူ့တင်ပါးကို ရိုက်ရုံလေးပဲ ရှိသေးတယ်။ သူ ကြီးလာလို့မှ အသိတရားမရသေးဘူးဆိုရင်တော့ ကျုပ်တို့ သူ့ကို ကွပ်မျပ်ရလိမ့်မယ်” ရှဲ့ဖင်းကန်းဟာ စကားဆုံးသည်နှင့် ကျိုးခိုင်ယွင်ရဲ့ မျက်နှာကို စိုက်ကြည့်လိုက်ရာ  ကျိုးခိုင်ယွင်ခမျာ အကြည့်ကြောင့် လန့်ဖျပ်သွားရပြီး မျက်နှာပင် နီသွားခဲ့၏။

ဆရာချိုးကတော့ နှလုံးနာကျင်နေရလေပြီ။

ပညာသင်ကျောင်းသားတစ်ယောက်နဲ့ ရဲမက်တစ်

ယောက်တို့ ထိပ်တိုက်တွေ့ကြတာက ပြောစရာတောင်မလို ဆီလျော်မှုကို ရှိမနေပေ။

သူ ဘယ်လောက်ပဲ ဒေါသထွက်နေနေ၊ အမြဲတမ်း ချင့်ချိန်တတ်တဲ့သူတစ်ယောက် ဖြစ်ခဲ့ပြီး ခိုက်ရန်ဖြစ်ပွားတာမျိုးလည်း မရှိခဲ့။ ရှဲ့ဖင်းကန်းနဲ့ လုံးဝကို ဆန့်ကျင်ဘင်ပေ။

“မင်း-မင်း…”

အရိုင်းအစိုင်းကောင်!

ဆရာချိုးမှာ ပြောစရာစကားများပင် ပျောက်ဆုံးသွားရသည်။

ရှဲ့ချောင်သည်ကျိုးခိုင်ယွင်ကို ခပ်ဖွဖွ ပြုံးကာ

ကြည့်လျက် “ ကျိုးသခင်လေး၊ မင်းက လူတစ်ယောက်ကို သတ်ချင်နေခဲ့တဲ့သူ။ အခု ငါ မင်းအဖိုးရှေ့မှာပဲ မေးခွန်းနည်းနည်းလောက်မေးမယ်။ ငါ့အစ်ကိုကြီးကို မင်း လက်စားချေချင်နေတုန်းပဲလား” 

ကျိူးခိုင်ယွင်ဟု ထပ်မံ ငိုကြွေးလို့လာပြန်ကာ “မ-မလုပ်တော့ဘူး…”

“ကောင်းပြီ၊ ဒါဆို ငါရယ် ငါ့ညီမရယ်၊ ငါ့မောင်ရယ်ကိုရော စိုက်ကြည့်တာမျိုး လုပ်ဦးမှာလား” ရှဲ့ချောင် ထပ်မေးလိုက်၏။

“မကြည့်တော့ဘူး..” ကျိုးခိုင်ယွင်မှာ အလွန်ကိုမှ ပူးပေါင်းဆောင်ရွက်ပေးနေခဲ့သည်။

သူ ဘာစကားမှ ပြောချင်မနေပေမဲ့ ထိူလူကြီးက

သူ့ကို စိုက်ကြည့်နေခဲ့၏။

သူ ထပ်ပြီး ကလန်ကဆန် မလုပ်ရဲတော့ပေ။

“ကောင်းတယ်။ ဒီလိုဆိုမှတော့ မင်းမှားတာ ဝန်ခံပြီ၊ ဟုတ်တယ်မလား။ ‌‌ယောကျာ်းတစ်ယောက်က ကိုယ့်အမှားကိုယ် တာဝန်ယူရဲရတယ် ဆို‌တော့ မင်း ငါ့ကို တောင်းပန်သင့်တယ်” ရှဲ့ချောင်က လေးလေးနက်နက်ပြောနေခြင်းဖြစ်ကာ “ကျောင်းတော်မှာ မင်းငါ့ကို စိုက်ကြည့်တုန်းကဆို တော်တော်လေး လန့်သွားခဲ့တာ” 

“...” ဆရာချိုး လက်ဖျားခါနေလေပြီ။

ဒီ မိန်းကလေး ဘာလို့များ သူ့ကို လက်စားချေနေတာလို့ ထင်မိနေတာပါလိမ့်!

သူမက ကြောက်တတ်တယ်တဲ့လား!

ဆရာချိုးက ပြောမလို့ ဟန်ပြင်လိုက်ပေမဲ့ သူ့မြေးက အရင်ဦးသွားကာ “ ကျွန်တော် မှားပါပြီ၊ ကျွန်တော် မှားမှန်း သိပါပြီ၊.. ကျွန်တော့်ကို မရိုက်ပါနဲ့ ကျွန်တော့်ကို မရိုက်ပါနဲ့” 

ဆရာချိုးမှာ‌တော့ သူ့နှလုံးသား ကွဲထွက်လုနီးပါးပင် ခံစားနေရလေပြီ။

အဲဒီ အရိုင်းအစိုင်းကောင် သူ့မြေးကို ဘယ်လောက်တောင် ဖြဲခြောက်ထားသလဲ ကြည့်ပါဦး!

“လိမ္မာတယ်” ရှဲ့ချောင် ရဲ့ အကြည့်တွေဟာ ကြင်နာလို့နေကာ “ လိမ္မာလိုက်တဲ့ကောင်လေး၊

လာ မုန့်လာစားဦး” 

သူမ မုန့်တစ်ခုကို ယူလိုက်ကာ လှမ်းပေးလိုက်၏။

သူမရဲ့ မျက်နှာဟာ ကြင်နာဖော်ရွေလို့နေပြီး ကျိုးခိုင်ယွင်ရဲ့ခေါင်းကိုတောင် လှမ်းပြီး ပွတ်ပေးလိုက်သေးသည်။

“အား… အဖိုး၊ သားကြောက်တယ်…” ကျိုးခိုင်ယွင်ဟာ ရုတ်တရက် ဆရာချိုးရဲ့ လက်မောင်းထဲ တိုးဝင်သွားခဲ့သည်။

ရှဲ့ချောင်သည်  တခစ်ခစ်နဲ့ ရယ်လျက် “သိပ်ကြောက်တတ်တာပဲ။ စိတ်မပူပါနဲ့၊ ငါတို့ မောင်နှမ နှစ်‌‌ယောက်က လူမစားတတ်ပါဘူး” 

“အဲဒီလိုတော့ ဘယ်ဟုတ်မလဲ” ရှဲ့ဖင်းကန်းက ဝင်ပြောလာ၏။

ဆရာချိုးမှာ မောင်နှမနှစ်‌ယောက်ရဲ့ စကား အသွားအလာတွေကို နားထောင်ပြီး အသက်ရှူကြပ်သလိုပင် ခံစားရကာ မျက်နှာတင်းမာသွားခဲ့သည်။

သူရဲ့ အိုမင်းနေပြီဖြစ်တဲ့အရိုးတွေနဲ့ပဲ သူ့မြေးကို ကောက်ချီလိုကိသည်။

“ရှဲ့သခင်မလေး၊ ကျိုးမိသားစုက အပြစ်ရှိတယ်ဆိုတာသိပေမဲ့ ဒီကလေးက အပြစ်ကင်းရှာပါတယ်…” ဆရာချိုးဟာ ကူကယ်ရာမဲ့နေပုံပင်။

ကျောင်းတော်မှာ သူ ရှဲ့ချောင်ကို ရွှေ့ပြောင်းချင်သလို ရွှေ့ပြောင်းလို့ရတယ်ဆိုတာ သူဟာ

ကျောင်းအုပ်တစ်ယောက်ဖြစ်နေလို့ပင်။ သို့သော် ၊သူ့ရဲ့  ဒုကျောင်းအုပ်ရာထူးဟာ ဒီနေရာမှာတော့ အသုံးမဝင်တော့ချေ။

“ဒုကျောင်းအုပ်က ကျွန်မတို့မောင်နှမ နှစ်ယောက် သူ့ကို အနိုင်ကျင့်နေတယ်လို့ ထင်နေတာလား” ရှဲ့ချောင်မှာ စိတ်ဆိုးသွားတာမျိူး မရှိဘဲ “ဒါဆို ဆရာ့အထင် သူ့ကို အာဃာတတရားတွေ လက်ဝယ်ထားပြီး နေနေတာက ကောင်းတယ်လို့ထင်လား၊ နိုးထခွင့်ပေးလိုက်တာက ကောင်းတယ်လို့ထင်လား၊ ကြည့်ပါလား၊ အခု သူဘယ်လောက်တောင် အပိုးကျိုးသွားလဲဆိုတာ။ အနာဂတ်မှာ သူ ပြဿနာရှာတော့မှာ မဟုတ်သလို ရုတ်ရုတ်သဲသဲဖြစ်အောင်လည်း လုပ်နိုင်တော့မှာ မဟုတ်ဘူး။ရိုရိုကျိုးကျိုး လေးနဲ့ပဲ ဖြတ်သန်းသွားတော့မှာ။ အဲဒါ ဘာများမှားလို့လဲ”

••••••

All Chapters