← Chapters

ဆရာဒေါ်လေး

Vol. 23 Ch. 438

ဆရာဒေါ်လေး

Vol. 23 Ch. 438

ကျိုးခိုင်ယွင်ဟာ မြင့်မြတ်တဲ့သူတစ်ယောက် မဟုတ်တော့ဘဲ အပြစ်သားတစ်ယောက်သာ ဖြစ်တယ်ဆိုတာကို ရှဲ့ချောင် ဆရာချိုးအား ပြောပြနေခြင်း ဖြစ်သည်။

သူရဲ့ပြစ်မှုကို ဖယ်ဖျောက်နိုင်တဲ့ ဆောင်ရွက်မှုတစ်ခုကို မလုပ်သ၍၊ သာမန်ဘဝဖြင့်သာ နေထိုင်သွားရမှာပင်။

သာမန်လူတစ်‌ယောက် အနေနဲ့ဆိုလျှင် ထိုသို့သော အငြိုးတရား မျိုးကို စိတ်ထဲ မထားတာက အကောင်းဆုံး ဖြစ်၏။

“သူ သနားစရာကောင်းတာနဲ့ပဲ လုပ်ချင်တာ လုပ်ခွင့်ပေးရရောလား၊ သူ အမေ ဆုံးသွားတာကြောင့်နဲ့ပဲ တခြားသူတွေအပေါ်  ရန်ငြိုးထားလို့ရရော

လား၊ ဒါတော့ မဟုတ်သေးဘူးလေ၊ ဒုကျောင်းအုပ်ကြီးရဲ့” 

“သူက ကျိုးမိသားစုနဲ့ ဆက်နွယ်မိရုံလေးပဲ မလို့ သူ့ကို အပြစ်ကင်းတဲ့သူတစ်‌ယောက်လို့ ထင်နေတာလား၊ ကျွန်မ အတင့်ရဲစွာနဲ့ မေးပါရစေ၊ သူ ကျွန်မအစ်ကိုကြီးရှေ့မှတော့ ဘာမှ မလုပ်ရဲပေမဲ့၊  ကျောင်းတော်မှာ ဆိုရင် သူ ကျွန်မ နဲ့ ကျွန်မ မောင်ကို စိုက်ကြည့်ရဲနေတာက သူလည်း အမှုမှာ ပါဝင်နေတယ်လို့ ဆိုလိုချင်နေတာ မဟုတ်လား” 

ဆရာချိုး.. တုန်လှုပ်သွားခဲ့၏။

ရှဲ့ချောင် ပြောတာ … အမှန်ပင်။

ဒီကလေးက အမြဲတမ်း မတရားခံနေရသလို ဖြစ်ခဲ့ပေမဲ့၊ ရှဲ့ချောင်ဟာ ရှဲ့ဖင်းကန်းရဲ့ ညီမတစ်

ယောက်သက်သက်ပဲဆိုတာကို သူ  ဘယ်တုန်းကမှ ‌မတွေးမိခဲ့။  ပြစ်မှုကြီးကို စစ်ဆေး ဖော်ထုတ်ခဲ့သူမှာ ရှဲ့ချောင်ဟုတ်မနေခဲ့ပေ။ သူကျောင်းတော်မှာ လုပ်လိုက်တဲ့ လုပ်ရပ်က… မှားသွားခဲ့၏။

“သူ့ကို ကောင်းကောင်း မသင်ပြပေးမိတာ ငါ့အပြစ်ပါ” ‌ဆရာချိုး သက်ပြင်းချလိုက်လေသည်။

သူ့မြေးကို ကြည့်လိုက်မိတော့လည်း ရှဲ့မောင်နှမ မှန်လား မှားလားဆိုတာ သူ မဆုံးဖြတ်တတ်တော့။

ကလေးဟာ သူ့အမေ ဆုံးသွားပြီးကတည်းက အခုလိုမျိုး ငိုကြွေးခြင်းမရှိခဲ့ဖူး။ လူတွေကို ကျောချမ်းဖွယ်ရာ အကြည့်မျိုးနဲ့ စိုက်ကြည့်နေတတ်ခဲ့ရာမှ သူ ဒီနေ့ ကြောက်အားလန့်အားနှင့် အော်ဟစ် ငိုယိုခဲ့၏။

လူတစ်‌ယောက်အား စိတ်ဓာတ်ကျနေသည့်အချိန်တွင် ပိုပြီး ဖျားနားလွယ်သည်ဟု သမားတော် ပြောခဲ့သည်။ စိတ်ခံစားချက်တွေကို မျိုသိကပ်နေရတာထက်စာလျှင် ပေါက်ကွဲထွက်ပစ်လိုက်တာက ပိုကောင်းပေသည်။

ထိုအချက်နဲ့တင် ရှဲ့မောင်နှမဟာ ကလေးရဲ့ ရင်ထဲက ကြိုးထုံးကို ဖြည်ပေးလိုက်သည်ဟု မှတ်ယူလို့ရနိုင်သွား၏။

“ဒီနေ့ ဒီလို ဖြစ်သွားရတာ ကလေးရဲ့ ကမူးရှူးတိူးတန်တဲ့ အပြုအမူကြောင့်ပါ။ ငါနောက်နေ့မှ ထပ်ပြီး တောင်းပန်ဖို့ လာခဲ့မယ်”  ဆရာချိုးဟာ ပိုပြီး အိုသွားသလိုတောင် ထင်ရကာ သူ ပင်ပန်းစွာနဲ့ပဲ မတ်တပ်ထရပ်လိုက်ပြီး ပြန်မလို့ ပြင်လိုက်၏။

“ ဆရာ ဒီကို ရောက်နေမှတော့.. ကျွန်မရဲ့ ဆရာဒေါ်လေးက ဆရာနဲ့ တွေ့ချင်နေတယ်” ရှဲ့ချောင် ခေါင်းငုံ့ကာ နူးနူးညံ့ညံ့ပြောလိုက်၏။

ဆရာချိုးနှင့် ရှဲ့ဖင်းကန်းတို့နှစ်ဦးသားဟာ သူမကို ပဟေဠိဆန်တဲ့အမူအရာတွေ ကြည့်လိုက်၏။

“မင်းရဲ့ ဆရာ ဒေါ်လေးလား?” ရှဲ့ဖင်းကန်း ခဏတာ မှင်တက်လို့သွားရာမှ ..” အဲ-အဲဒီ တာအို ဆရာလား” 

ရှဲ့ချောင်သည် မကောင်းဆိုးဝါးဝိဉာဉ်တွေကို မြင်နိုင်ရုံသာမက မကြာခဏဆိုသလို ထိုတာအိုဆရာနဲ့ လျှောက်လည်လေ့ရှိတယ်ဆိုတာ ရှဲ့ဖင်းကန်းသိထား၏။

ဒါပေမဲ့လည်း ဘာလို့ တာအိုဆရာက ဆရာချိုး

ကို တွေ့ချင်ရတာလဲ?

“ဆရာချိုး၊ ကျွန်မရဲ့ ဆရာဒေါ်လေးက လောကနှစ်ခုလုံးနဲ့ ဆက်သွယ်နိုင်တယ်။” ရှဲ့ချောင်က ရိုးရိုးရှင်းရှင်းပဲ ပြောလိုက်၏။

ဆရာချိုးဟာ သူ့သမီး အကြောင်းဖြစ်လိမ့်မယ်လို့ မတွေးမိပေမဲ့ သူလည်း ဒီကို ရောက်လက်စဖြစ်နေတဲ့အပြင် ရှဲ့သခင်မလေးက ပြောလာတဲ့အတွက် သူမနဲ့မတွေ့ဘူးဆိုလျှင် မသင့်တော်ရာ ကျပေလိမ့်မည်။

သူ သဘောတူညီမှုကို ပြတဲ့ အနေနဲ့ ခေါင်းညိတ်လိုက်၏။

ကျိုးခိုင်ယွင်မှာ အိပ်မောကျသွားတဲ့အထိကို အငိုမရပ်ခဲ့။ ဆရာချိုးက သူ့ကို လှည်းထဲ ပြန်သယ်

သွားရန် စေခိုင်းလိုက်၏။

သူကတော့ ပင်မ ခန်းမဆောင်ထဲမှာ စောင့်နေခဲ့သည်။

ရှဲ့ဖင်းကန်းသည် မျက်မှောင်ကြုံ့လျက် 

“မင်းရဲ့ ဆရာဒေါ်လေးက ငါတို့ အိမ်မှာနေနေတာလား။ ငါ ဘာလို့ မသိရတာလဲ”

“သူ ဒီကို လမ်းကြုံလို့ရောက်လာရုံပါ၊ ခဏနေ ရောက်လာလိမ့်မယ်. ညီမလေး.. သူ့ကို လက်တိုလက်တောင်း လုပ်ပေးဖို့ သွားကူရလိမ့်မယ်၊ အစ်ကိုကြီး ဆရာဒေါ်လေးကို ဧည့်ခံထားပေးဦးနော်”  ရှဲ့ချောင် သူ့ကိုယ်သူ သတ္တိမွေးကာ ပြောလိုက်၏။

သူမ ပြောပြီးသည်နှင့် ခြံဝန်းထဲကို ပြန်ကာ မော့ချူးရှန်းရဲ့ အဝတ်အစားတွေကို လဲလှယ်ဝတ်ဆင်လိုက်ပြီး မျက်နှာကို ရိုးရိုးးရှင်းရှင်း ပြင်ဆင်ခြယ်သလိုက်သည်။

တစ်နာရီ ကြာပြီးသွားတဲ့နောက်၊ သူမ ပြန်ထွက်လာခဲ့၏။

ရှဲ့ဖင်းကန်းက လက်ဖက်ရည်နဲ့ ဧည့်ခံရန် တစ်ယေက်ကို ပြင်ဆင်ခိုင်းလိုက်သည်။

သူ မော့ချူးရှန်ကို သိသည်။ မကြာသေးခင်ကမှ၊ သူလည်း ကြမ္မာဥယျာဉ်ကို ရောက်ဖြစ်ခဲ့ပြီး ကြမ္မာဥယျာဉ်၏ ပိုင်ရှင် မော့ချူရှန်း ဖြစ်တယ်ဆိုတာကို သိခဲ့ရသည်။

ဆရာချိုး မော့ချူရှန်းကို တွေ့တဲ့အခါ အလွန်ကို

ယဉ်‌ကျေးလို့နေ၏။

“ဘာလို့ ဆရာမ ကျုပ်ကို ရှာသလဲဆိုတာ သိလို့ရမလား” ထိုအချိန်မှာ ဆရာချိုးရဲ့ စိတ်အခြေအနေဟာ လုံးဝကို တည်ငြိမ်သွားခဲ့ပြီဖြစ်၏။

“ကျွန်မ ရှင့်ကို ရှာတာ ရှင့်သမီး ကိစ္စကြောင့်ပါ”

“ကျုပ်သမီးကြောင့်” ဆရာချိုးမှာ ရင်တုန်သွားရကာ “ကျုပ်သမီးက ကွယ်လွန်သွားခဲ့ပါပြီ၊ဆရာ ဘာကို ပြောချင်လဲဆိုတာ ကျုပ်သိပ်ပြီး နားမလည်ဘူး”

“ရှင့်သမီးက သေဆုံးသွားခဲ့ပြီဆိုပေမဲ့၊ သူ့မှာ နောက်ဆုံးဆန္ဒတချို့ ရှိနေတုန်းပဲ။ ကျွန်မက သူနဲ့ ဆုံတွေ့ဖို့ အကြောင်းဖန်ခဲ့တဲ့ အတွက် သူ့ဆန္ဒတွေ ဖြည့်ဆည်းပေးဖို့ ဒီကိုလာခဲ့တာပါ”

••••

All Chapters