အခုဘဝနှင့် နောက်ဘဝ
Vol. 23 Ch. 439
ရှဲ့ဖင်းကန်းသည် မော့ချူးရှန်းအား တစ်ချိန်လုံး စိုက်ကြည့်လို့နေခဲ့၏။
ဒီ ရှဲ့ချောင်ရဲ့ ဆရာဒေါ်လေးဆိုတဲ့သူက မငယ်တော့ပေမဲ့ သူ့လက်နဲ့ ဆံပင်တွေကတော့ နုပျိူနေတုန်းပဲ။ နောက်ပြီး သူမ အသံကလည်း…. ရင်းနှီးနေသလိုပဲ။
ဆရာချိုးမှာ ရှဲ့ချောင်ရဲ့ စကားတွေကို ကြားတဲ့အခါ ချက်ချင်း မတ်တပ်ထရပ်လိုက်ကာ “ဆရာမ ပိုပြီး ရှင်းရှင်းလင်းလင်းလေး ဖြစ်အောင် ပြောပြလို့ရမလား”
“ဖြစ်ပုံက ဒီလိုပါ။ သခင်မချိုး သူ့ကိုယ်သူ ကြိုးဆွဲချ သေပြီးသွားတော့ သူမရဲ့သေဆုံးမှုကို လက်မခံနိုင်ဖြစ်ပြီးတော့ ပြန်ဝင်စားဖို့ ငြင်းဆိုခဲ့တယ်။ ဝိဉာဉ်တစ်ကောင်က သားဖြစ်သူနားမှာပဲ တဝဲလည်လည် လုပ်နေမယ်ဆိုရင် သူ့သားအတွက် မကောင်းဘူး၊ ဒါကြောင့် သူ ကျွန်မကို ဝောာင်းဆိုခဲ့တာ….”
ရှဲ့ချောင် ဖြစ်ကြောင်းကုန်စဉ် အသေးစိတ်ကို ရှင်းပြလိုက်သည်။
ဆယ်နှစ်တာ တောင်းဆိုမှု ကိုပါ ရှင်းပြလိုက်သေးသည်။
ညှိုးနွမ်းနေပြီဖြစ်တဲ့ သစ်ခက်ပမာ အိုမင်းရင့်ရော်နေတဲ့ ဆရာချိုးရဲ့ လက်တို့မှာ ရေနွေးခွက်ကိုတောင် မ နိုင်ခြင်း မရှိတော့၊ အဆက်မပြတ်ကို
တုန်ယင်လို့နေကာ သူ့ရဲ့မျက်ဝန်းတွေဟာလည်း အနီရောင်သမ်းနေခဲ့သည်။
ဒီကိစွမှာ စိတ်ကူးနှင့်တောင် တွေးကြည့်လို့မရခဲ့ပေ။
သို့သော်၊ ဒီကမ္ဘာပေါ်မှာ ပညာရှင် မြောက်မြားစွာ ရှိတယ်ဆိုတာကို သူ သိသည်။
ဒါတင်မက သူ့သမီးရဲ့ ကိစ္စဖြစ်နေသည်မို့ အလိမ်အညာဆိုရင်တောင် သူလှည့်စားခံလိုက်မှာပင်။
“ ကျွန်မ ဓမ္မတူရိယာ ပစ္စည်းတစ်ခုခု ရှာပြီးတော့ သူ့ကို အထဲမှာ ထည့်ထားလို့ရတယ်။ အဲဒီ ဓမ္မတူရိယာက ဆယ်နှစ် ခံနိုင်တယ်။ ဆယ်နှစ်ကြာသွားရင်တော့ သူမ လူပြန်ဝင်စားနိုင်ဖို့ တာအို
ဘုရားကျောင်းကိုပဲဖြစ်ဖြစ်၊ ဗုဒ္ဓဘုရားကျောင်းကို ပဲဖြစ်ဖြစ် ပို့လိုက်လို့ရတယ်။ သူ့မှာ စွဲလမ်းမှုတွေ မရှိရင်တော့ သူ့အလိုလို ထွက်သွားမှာပါ”
ရှဲ့ချောင်ပြုံးလိုက်ကာ “ လူပဲဖြစ်ဖြစ်၊ ဝိဉာဉ်ပဲ ၊ဖြစ်ဖြစ်၊ အကုန်လုံးက လောဘကြီးတဲ့သူတွေ ချည်းပဲ။ အခု၊ သူက ဆယ်နှစ် အတွက်တောင်းဆိုပေမဲ့ ဆယ်နှစ်ကြာပြီးသွားရင်လည်း နောက်ထပ် ဆယ်နှစ် လိုချင်ဦးမှာပဲ”
“စွဲလမ်းမှုတွေ ရှိနေသေးရင်တော့ လှည့်ပတ်သွားနေတဲ့ ဝိဉာဉ်ပဲဖြစ်လာမှာ။ ကျိုးခိုင်ယွင်ရဲ့ အတွေးတွေက မကောင်းစိတ်ဝင်လာပြီး နှလုံးသားမှာ ရက်စက်မှုတွေရှိလာပြီဆိုရင် ဓမ္မတူရိယာကို တစ်နည်းနည်းနဲ့ သက်ရောက်မှုရှိသွားမှာ။တကယ်လို့ ရှင့်သမီးမှာ နောက်ဘဝရှိခဲ့မယ်ဆိုရင်တောင် သူ့ကံကြမ္မာက သိပ်ကောင်းတော့မှာ မဟုတ်ဘူး”
“လူသား ဘဝမှာတောင် အမည်းစက် စွန်းထင်ခဲ့
ရင် ကျောက်စိမ်းထဲက ဝိဉာဉ်ကလည်း အဲဒီ ဝဋ်ကြွေးကို ခံရမှာ၊ အဲဒါဆိုရင် ပိုဆိုးသွားလိမ့်မယ်”
ရှဲ့ချောင် ဟာ ရိုးရိုးသားသားနဲ့ပဲ ထိုကိစ္စနဲ့ပတ်သက်ပြီး ဆရာချိုးကို အသေးစိတ်ကျကျ ပြောပြပေးခဲ့သည်
ဆရာချိုးမှာ ရွေးချယ်စရာ မရှိတော့တဲ့အတွက် ယုံကြည်လက်ခံလိုက်ရတော့သည်။
သူ့နှလုံးသား နာကျင်နေရလေပြီ။
ဒါဟာ သူ့သမီးဖြစ်နေတာကြောင့် တစ်ကိုယ်ကောင်းဆန်ဆန်ပြောရမယ်ဆိုလျှင် အခခုချက်ချင်းတောင် လူပြန်ဝင်စားကာ နောက်ဘဝမှာ ကောင်းကောင်းမွန်မွန်နေထိုင်ရဖို့
ကို သူ မျှော်လင့်မိသည်။
သို့သော်.. သူ့သမီးရဲ့ စိတ်ကိုလည်း သူသိ၏။
ဆရာချိုးဟာ အချိန်တော်တော်ကြာအောင် နှုတ်ဆိတ်နေခဲ့သည်။
“ကျုပ်နဲ့ သူ့အမေကို နောက်ဘဝကျရင် ပြန်ပေးဆပ်ပါမယ်ဆိုပြီး ပြောခဲ့တာလား” ဆရာချိုး သက်ပြင်းချကာ မေးလိုက်၏။
ရှဲ့ချောင်ခေါင်းညိတ်လျက်
“ဟုတ်တယ်”
“သူ ဒီဘဝတောင် ပရမ်းပတာနိုင်လှတဲ့ ဘဝကြီး
မှာ နေခဲ့ရတာ နောက်ဘဝနဲ့ ပတ်သက်လို့ ဘာများတွေးနိုင်မှာလဲ” ဆရာချိုးသည် အပြုံးတစ်ခုကို ဖျစ်ညှစ် ပြုံးလိုက်ရင်း “သူ့သားအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာကို ကျုပ်တားချင်ရင်တောင် တားလို့မရပါဘူး၊ ဒီလိုဆိုမှတော့ သူလုပ်ချင်တာ လုပ်ပါစေ”
“တစ်ခုရှိတာက…” ဆရာချိုး ရှဲ့ချောင်ကို ခေါင်းမော့ကာ ကြည့်လိုက်ရင်း သူရဲ့အသံဟာ ပြောင်းလဲလို့သွား၏။
သူ့ရဲ့အကြည့်တွေက အနည်းငယ် စိုးရိမ်တုန်လှုပ်မှုတွေ ရှိနေတယ်ဆိုပေမဲ့ စိတ်ရင်းအမှန်ဖြစ်ကြောင်း ပြသလို့နေကာ “ ကျုပ်သမီး သူ့သားဘေးမှာ နေနိုင်ဖို့ အတွက်နဲ့ သူ ဘယ်လောက်တောင် ပေးဆပ်ရမလဲဆိုတာ ကျုပ်မသိဘူး၊ ဒါပေမဲ့ အဖေတစ်ယောက်အနေနဲ့တော့ သူခံရမယ့် ဝန်ထုပ်ဝန်ပိုးတစ်စိတ်တစ်ပိုင်းလောက် ခံပေးနိုင်ဖို့တော့ မျှော်လင့်မိတယ်။ အရင်က၊ ..
ကျိုးမိသားစုနဲ့ လက်ထပ်ဖို့ ကိစ္စကို .. ကျုပ်ဆုံးဖြတ်ခဲ့တာ..သူ့ကို အခုလိုဖြစ်သွားစေတာ ကျုပ်ကြောင့်လည်း ပါတယ်။ ကျုပ် သမီးကိုယ်စား ခံပေးနိုင်တယ်လို့ ဆရာမ ထင်လား”
သူမရဲ့ ကောင်းမွန်နေတဲ့ ကံကြမ္မာကို ထိခိုက်စေသွားမလား၊ ကံဇာတာတွေ လျော့သွားစေမလား၊ ဒါဖြစ်နိုင်ပါ့မလား။
“ဒါက သူ့ပြဿနာပဲကို ရှင်က ဘယ်လိုလုပ်ပြီး ကိုယ်စားခံပေးလို့ရမှာလဲ။” ရှဲ့ချောင်ဟာ အလွန်တည်ငြိမ်လို့နေ၏။ သူမ မနေနိုင်တော့ဘဲ ပါးစပ်အုပ်ကာ ချောင်းနှစ်ကြိမ်ဆိုးလိုက်ချင်နေသည်။ သို့သော်၊ သူမ ရုပ်ဖျက်ထားတာကို ရှဲ့ဖင်းကန်းသတိထားမိပြီး ဖော်ထုတ်ခံလိုက်ရမှာကို စိုးရိမ်တာကြောင့် သူမ အောင့်အီးသည်းခံလိုက်ရသည်။ ခဏကြာပြီးသွားတဲ့နောက်မှာ အနည်းငယ် သက်တောင့်သက်သာပြန်ဖြစ်သွားကာ “ရှင်ကောင်းမှုတချို့တော့ လုပ်ပေးလို့ရ
တယ်။ ဒါဆိုရင် ဆုံးရှုံးသွားတဲ့ ကောင်းတဲ့ကံတွေအတွက် ပြန်ကာမိလိမ့်မယ်”
ဆရာချိုးမှာ ပြောဆိုဆွေးနွေးလို့ကောင်းသည့် လူတစ်ယောက် ဖြစ်၏။
ထိုစကားကြောင့် သူ ချက်ချင်းခေါင်းညိတ်လျက် “ကောင်းပြီ၊ အခုကစပြီး လတစ်လရဲ့ ပထမနေ့နဲ့ ဆယ့်ငါးရက်မြောက်နေ့တိုင်းမှာ ငါ့မိန်းမနဲ့အတူ တာအိုဘုရားကျောင်းသွားပြီး အမွေးနံ့သာ ပူဇော်မယ်..”
•••••