← Chapters

ရောင့်ရဲခြင်းဟာ ပျော်ရွှင်ခြင်း

Vol. 23 Ch. 440

ရောင့်ရဲခြင်းဟာ ပျော်ရွှင်ခြင်း

Vol. 23 Ch. 440

ဆရာချိုးသည် များသောအားဖြင့် စာသင်ရတာကြောင့် ကိုယ်တိုင်ကိုယ်ကျ ကောင်းမှုကုသိုလ် လုပ်ဖို့ အချိန်မရှိခဲ့ချေ။

တာအိုဘုရားကျောင်းသည် လတိုင်းလိုလို အလှူအတမ်းများ လုပ်လေ့ရှိကာ လူတွေကို ကူညီရန်အတွက် တောင်အောက်လည်း ဆင်းလေ့ရှိ၏။ တာအိုဘုရားကျောင်းကို သွားကာ အမွှေးတိုင်အတွက် အလှူငွေလှူလိုက်တာက သူ့အတွက် ပိုပြီး အဆင်ပြေ၏။

ဒါတင်မက၊ နတ်ဘုရားများထံမှ ကောင်းချီးရဖို့ပါ ဆုတောင်းနိုင်သေးသည်။

“လုပ်လို့ရပါတယ်။ ရှင် ပစ္စည်းတွေ ဘယ်လောက်ပေးလဲဆိုတာက အဓိကမကျဘူး၊ ရှင့်စိတ်ရင်း အမှန်ဖြစ်ဖို့ပဲလိုတာ” ရှဲ့ချောင်ထပ်ပြောလိုက်၏။

ထိုသို့ပြောပြီးသည်နှင့် ရှဲ့ချောင်က ဓမ္မတူရိယာကို ဝါးခြင်း‌တောင်းလေးထဲမှ ထုတ်ယူလိုက်သည်။ ၎င်းဟာ ကျောက်စိမ်းဆွဲသီးလေးတစ်ခုပဲ ဖြစ်ကာ ကျိုးခိုင်ယွင် ဆွဲထားဖို့လည်း အဆင်ပြေသည်။

ကျောက်စိမ်း၏ အရည်အသွေးမှာ အတော်လေး ကောင်းမွန်လှသည်။

ကျောက်စိမ်းတွင် ဝိဉာဉ်စွမ်းအင်ရှိရုံသာမက ကျောက်စိမ်းကောင်းတစ်ခုသည် ဝိဉာဉ်များအတွက် ကောင်းမွန်သည်။

“ဒါပါပဲ၊ ရှင် အဆင်ပြေတယ်လို့ထင်လား။ ကျွန်မမှာတခြား ပုံစံတွေလည်း ရှိသေးတယ်။အဆင်ပုံစံအကုန်လုံးက ကွဲပြားကြတယ်။ ရှင် ဒါကို သဘောမကျသေးဘူးဆိုရင်လည်း ကျွန်မမှာ နောက်ထပ်

အများကြီး ရှိသေးတယ်။” ရှဲ့ချောင် ထိုပစ္စည်းအား ဆရာချိုးရဲ့ ရှေ့ထုတ်ပြလိုက်သည်။

ထိုသို့သော ပစ္စည်းတစ်ခုကို ရွေးချယ်ခွင့်ရလိမ့်မယ်လို့ ဆရာချိူး ထင်မှတ်မထားခဲ့။

သူ ကျောက်စိမ်းကို ကြည့်ကြည့်လိုက်ချိန် အနည်းငယ် အံ့အားသင့်သွားခဲ့ရသည်။

ကျောက်စိမ်းကို ပန်းဂေါ်ဖီထုပ်တစ်ပွင့်သဖွယ် ပုံဖော်ထွင်းထုထားပြီး ၎င်းရဲ့ အပေါ်မှာ  ပင့်ကူငယ် တစ်ကောင်တောင် ရှိနေသေးကာ အင်မတန်ကိုမှ အသက်ဝင်လှသည်။

“ကျွန်မမှာ ကံကောင်းခြင်း ဘူးသီးခြောက်ပုံလည်း ရှိသေးတယ်၊ ဒါပေမဲ့ ကလေးတစ်‌‌ယောက်က အဲ့လိုဟာမျိုးကို မဝတ်ဆင်သင့်ဘူး၊ ပိုပြီး

နှိမ့်ချမှုရှိတဲ့ ဟာမျိူးပဲ ဝတ်သင့်တယ်ထင်လို့  ဒီဂေါ်ဖီထုပ်ပုံကို အကြံပြုရတာ..အပေါ််မှာ ရှိတဲ့ ပင့်ကူက.. ရောင့်ရဲခြင်းက ပျော်ရွှင်မှုဆိုတဲ့ သဘော သက်ရောက်တာမလို့ သူ့အတွက် အသင့်တော်ဆုံးပဲ”

ကလေးများ၏ မျက်နှာသွင်ပြင်ဟာ ပြောင်းလဲတတ်တာကြောင့် ကျိုးခိုင်ယွင်ရဲ့ ကံကြမ္မာဖတ်တာမျိုးကို ရှဲ့ချောင် မလုပ်ဖြစ်ခဲ့။

“ကျေးဇူးပါ ဆရာမ” ဆရာချိုးသည် ထိုကျောက်စိမ်းနဲ့ ပတ်သက်လို့ အလွန်ကို ကျေနပ်နေခဲ့သည်။

အခုချိန်မှစလို့ ရောင့်ရဲတင်းတိမ်မှုသည် ပျော်ရွှင်ခြင်းဆိုတာကိုလည်း သူ့မြေးဖြစ်သူ သိသွားဖို့ မျှော်လင့်မိသည်။

“ရှင် ကျေနပ်တယ်ဆိုမှတော့ ကျွန်မ ထုံးထမ်းအစဉ်အလာအတိုင်း ဆက်လုပ်လိုက်တော့မယ်” 

နောက်ဆုံးတော့ ရှဲ့ချောင် ကြွေပုလင်းထဲက ဝိဉာဉ်ကို လွှတ်ပေးလိုက်၏။

“အဖေ!” ဝိဉာဉ်ဟာ အပြင်ကို ထွက်လာသည်နှင့် ဆရာချိုးကို အော်ခေါ်လိုက်၏။

ကံဆိုးစွာဖြင့် ဆရာချိုးမှာ သူမရဲ့ ခေါ်သံကို မကြားနိုင်ခဲ့။ သူ အနည်းငယ် မသက်မသာ ဖြစ်သွားရကာ အကြောင်းအရင်းမရှိဘဲ ဝမ်းနည်းသလို ခံစားလိုက်ရသည်။

သူမကို ဆရာချိုး မြင်နိုင်ခြင်းမရှိတာကို တွေ့ရတဲ့

အခါ ဝိဉာဉ်သည် သူမ သေဆုံးသွားပြီဖြစ်ကြောင်း ပြန်အမှတ်ရသွားကာ မျက်ရည်များပိုပြီး ကျဆင်းလို့လာလေသည်။ထိုအချိန်၌ ရှဲ့ချောင်က အဆောင်စာရွက်တစ်ခုကို ကျောက်စိမ်းပေါ်တွင်ကပ်လျက် ချိုးသခင်မထံ မန္တန်တချို့ ရွတ်လိုက်၏။

ချိုးသခင်မမှာ သူမရဲ့ ကမ္ဘာကြီး ချာချာလည်နေသလို ခံစားလိုက်ရလေသည်။

သူမ ထို ဓမ္မတူရိယာထဲမှာ ချိတ်ပိတ်ခံရတော့မယ်ဆိုတာကို သိ၏။ 

သူမအဖေကို အပြစ်ရှိစိတ်တွေနဲ့ စိုက်ကြည့်နေရင်းပင် ခြေရာတောင် မထင်ပဲ ပျောက်ကွက်သွားတော့သည်။

ဆရာချိုးမှာ ကျောက်စိမ်းဟာ ခုနကနဲ့မတူ‌တော့ဘဲ အနည်းငယ် ပြည့်လာသလိုခံစားလိုက်ရ၏။

သူ ကျောက်စိမ်းကို ကြည့်ခဲ့စဉ်က ၎င်းဟာ ကောင်းမွန်စွာ ထွင်းထုထားပြီး အံ့ဩစရာကောင်းသည်ဟုသာ တွေးမိခဲ့တာ ဖြစ်ပေမဲ့ အခုတော့ ထိုပစ္စည်းကို တစ်နေရာရာမှာတွေ့ဖူးသလို ခံစားလာရကာ အိမ်ယူသွားချင်စိတ်ဖြစ်ပေါ်လာရသည်။

“ကျုပ်သမီး.. ဒီထဲရောက်သွားပြီလား” ဆရာချိူး မေးလိုက်၏

“အမှန်ပဲ၊ သူ အခု ဓမ္မတူရိယာထဲရောက်သွားပြီးတော့ နားဝေတိမ်တောင် ဖြစ်နေတဲ့ အခြေအနေဆိုတော့ ရှင်တို့ ဘာတွေ ပြောနေကြသလဲဆိုတာ ကြားရမှာ မဟုတ်ဘူး။ ဒါကြောင့်မလို့ ဒီပစ္စည်းကို သာမန်ကျောက်မျက်ရတနာတစ်ခုလိုပဲ

သဘောထားလို့ရတယ်” ရှဲ့ချောင်သည် ကျောက်စိမ်းကို ဆရာချိုးရဲ့ လက်ထဲ ပြန်ထည့်ပေးလိုက်ကာ “ဆွေမျိုးတွေရဲ့ ရောင်ဝါလက္ခဏာတွေက ဆက်စပ်နေတာမလို့ ကျိူးခိုင်ယွင် ဝတ်ထားလဲရသလို ရှင်တို့ လင်မယားနှစ်ယောက်လည်း ဝတ်ထားလို့ရတယ်။

ဆရာချိုး အပြုံးတစ်ခု ဖျစ်ညှစ် ပြုံးလိုက်၏။

သူ ဒီပစ္စည်းနဲ့ ပတ်သက်လို့ သူ့မြေးနဲ့ ရန်ဖြစ်ပြီးလုနေမှာ‌တော့ မဟုတ်ပေ။

ဆရာချိုးဟာ မတ်တပ်ထရပ်လိုက်ကာ “ ဆရာမကို ကျေးဇူးတင်ပါတယ်”

“ရပါတယ်၊ ဒီဟာ အတွက်ကတော့ ငွေစ ၅၀၀၀ ကျတယ်” ရှဲ့ချောင်၏ စံအပြုံးတစ်ခု ပေါ်ထွက်

လာခဲ့လေသည်။

ဆရာချိုးမှာ ခဏတော့ မှင်တက်သွားခဲ့ရကာ နောက်မှ သူ အသိပြန်ဝင်လာခဲ့၏။

ကျောက်စိမ်းရဲ့ အရည်အသွေးက မဆိုးတဲ့အပြင် ပုံမှန်ရောင်းရင်တောင် ငွေစ နှစ်ထောင် သုံးထောင်လောက်တန်နေတာ၊ ဒီ တာအိုဆရာက အဆောင်တွေဘာတွေတောင် သုံးခဲ့သေးတော့ သူမ ပိုတောင်းတာ ဖြစ်သင့်ပါတယ်လေ။

“ကျုပ် လာတုန်းက လောလောလောလောနဲ့ လာလိုက်ရတော့.. ငွေတစ်ပြားမှ ယူမလာမိလိုက်ဘူး။ ကျုပ် မနက်ဖြန်မှ ပေးလို့ရမလား” ဆရာချိုး နည်းနည်းတော့ ရှက်သွားသည်။

ရှဲ့ချောင်ပြုံးလျက် “  ရပါတယ်၊ အရှေ့ဘက်လမ်း

မှာရှိတဲ့ ကြမ္မာဥယျာဉ်ဆိုင်က ဆိုင်ရှင် ချန်ကိုသာ ပေးထားလိုက်ပါ။

ဆရာချိုး စိတ်သက်သာရစွာနဲ့ သက်ပြင်းချလိုက်လျက် စိတ်မကောင်းဖြစ်စွာနဲ့ပဲ ပြန်သွားတော့သည်။

 ဆရာချိုး ပြန်သွားသည်နှင့် ရှဲ့ဖင်းကန်းက သူမ မျက်နှာကို စိုက်ကြည့်ကာ  “ဆရာမလည်း လောကနှစ်ခုလုံးနဲ့ ဆက်သွယ်နိုင်တာလား၊ မကောင်းဆိုးဝါးဝိဉာဉ်တွေကို မြင်ရတယ်ပေါ့၊ လူတစ်ယောက်က အဲ့လို အရည်အချင်းမျိုးကို ပိုက်ဆံပေးဝယ်လို့ရလား” 

•••••

All Chapters