ကျွန်တော် အရမ်းလွမ်းနေခဲ့ဝာာ
Vol. 24 Ch. 441
ရှဲ့ဖင်းကန်းမှာ ထိုအရာအား စောင့်မျှော်နေခဲ့လေသည်။ သူ၏ မျက်လုံးများသည်သာ သေဆုံးပြီးလူများအား မြင်နိုင်မည်ဆိုပါက ရာဇဝတ်မှုဌာနကြီးမှ အမှုများစွာအား ဖြေရှင်းနိုင်မည်ပင်!
ရှဲ့ချောင် သူမ၏ အစ်ကိုကြီးအား ပြောစရာစကားမဲ့စွာဖြင့် ကြည့်လိုက်သည်။
မကောင်းဆိုးဝါးဝိညာဥ်တွေကို မြင်ရတာက ကောင်းတဲ့အရာတစ်ခုလို့ တကယ်ကြီး သူ ထင်နေတာပဲ!
မကောင်းဆိုးဝါးဝိညာဥ်များအား အချိန်နေရာမရွေးမြင်တွေ့နိုင်သည့် တတိယမျက်လုံးပွင့်ပြီးသည့် ထိုဆရာအရှင်များသည် သူမကဲ့သို့ မဟုတ်
ပေ။ ဆရာအရှင်အများစုသည် ၎င်းတို့ဘာသာ လွတ်လွတ်လပ်လပ် ထိန်းချုပ်နိုင်ကာ ၎င်းတို့၏ နေ့စဥ်ဘဝများမှာ မကောင်းဆိုးဝါးဝိညာဥ်များကြောင့် အကျိုးသက်ရောက်မှုမရှိချေ!
သူမအတွက်မူ သူမမျက်လုံးများအား ဖွင့်ထားသရွေ့ အမျိုးစုံသည့် မကောင်းဆိုးဝါးဝိညာဥ်များနှင့် မကောင်းဆိုးရွားသတ္တဝါကြီးများကို မြင်တွေ့ရလိမ့်မည်ဖြစ်သည်။
“ ရှဲ့သခင်လေး၊ ကိုယ့်အလုပ်ကိုသာ နာနာခံခံလုပ်ပါ။ ဒီသဘာဝမကျတဲ့အရာတွေအကြောင်း တွေးမနေနဲ့” ရှဲ့ချောင် ဘွင်းဘွင်းရှင်းရှင်း ပြောလိုက်၏။
ထိုသည်အား ရှဲ့ဖင်းကန်း ကြားလိုက်သောအခါ အတော်လေး အံ့ဩသွားခဲ့၏။
ဒီအမျိုးသမီးတာအိုဆရာက စကားကို အရမ်းတဲ့တိုးပြောတတ်တာပဲ?
“ ခင်ဗျားက ဒီအလုပ်လမ်းကြောင်းနဲ့ ငွေစတွေအများကြီးရတာပဲနော်” ရှဲ့ဖင်းကန်း မနာလိုအားကျစွာဖြင့် ထပ်ပြောလိုက်လေသည်။
ရှဲ့ချောင် သူ့အား နားမလည်စွာ စိုက်ကြည့်လိုက်သည်။
အဲ့တာက အရမ်းများလို့လား?!
မှန်ပေသည်၊ ငွေစ ၅,၀၀၀ မှာ အမှန်တကယ် များသည်ဆိုသော်လည်း ထိုကျောက်စိမ်းပိုင်းသည် ခန့်မှန်းချေ ငွေစ ၃,၀၀၀ ခန့် တန်သည်
လေ!
အဆောင်တွေ ရေးဆွဲဖို့နဲ့ ဂါထာမန္တာန်တွေ ရွတ်ဖို့အတွက် သူမ ငွေစနည်းနည်းတော့ ကောက်ခံသင့်တယ်လေ၊ ဟုတ်တယ်မလား?
မည်သို့ပင်ဖြစ်စေ အကယ်၍ သူမအစ်ကိုကြီးသာ သူမနှင့် မော့ချူးရှန်းမှာ တစ်ယောက်တည်းဖြစ်သည်အား သိရှိသွားပါက သူ့စိတ်အား ချက်ချင်းပင်ပြောင်းကာ သူမ ကောက်ခံသည့်ငွေမှာ အရမ်းနည်းလွန်းကြောင်း ပြောလိမ့်မည်ဟု ရှဲ့ချောင် ယုံကြည်ပေသည်!
ရှဲ့ချောင် ကူကယ်ရာမဲ့စွာ ပြောလိုက်၏။ “ အဲ့တာက တကယ့်ကို အရမ်းအကျိုးရှိပါတယ်။ ဒါပေမယ့် မမျှော်လင့်ပဲ… ရှင့်ညီမရဲ့ ကျန်းမာရေးက ချို့တဲ့နေတော့ သူ့ကို ထောက်ပံ့ပေးမယ့် အဖေဖြစ်သူနဲ့ အစ်ကိုဖြစ်သူ၊ ရှင်တို့အပေါ် သူ ဆက်ပြီး
မှီခိုနေရသေးတယ်မလား”
“ ဒါပေါ့” ရှဲ့ဖင်းကန်းမှာ မနာလိုအားကျရုံမျှသာ။ ရှဲ့ချောင်အား ထောက်ပံ့အားပေးရန် တစ်စုံတစ်ယောက်မှ သူနှင့် တိုက်ခိုက်လာပါက သူ တိတ်တဆိတ် စိတ်မကောင်းဖြစ်မိလိမ့်မည်ပင်။
ထိုအခိုက်အတန့်တွင် ရှဲ့ဖင်းကန်းမှ သူမအား မှတ်မိသွားမည်စိုးသဖြင့် ရှဲ့ချောင် ဆက်လက်၍ ကြာကြာမနေရဲတော့ပေ။
သူမ မတ်တပ်ထရပ်ကာ ထွက်ခွာသွားချင်သော်လည်း ရှဲ့ဖင်းကန်းမှ သူမအား တားလိုက်၏။ “ မသွားခင် ရိုးရိုးရှင်းရှင်းထမင်းတစ်နပ်လောက် သုံးဆောင်သွားပါဦး၊ ဆရာမ။ ကျွန်တော့်ညီမက ခင်ဗျားကို ကောင်းကောင်းဆက်ဆံပေးဖို့ မှာလိုက်တယ်”
ရှဲ့ချောင်၏ ခြေလှမ်းများ တောင့်သွားခဲ့လေသည်။
“ အိုး ဟုတ်သားပဲ၊ ဒီနေ့ အိမ်ရှေ့စံမင်းသားကိုလည်း ထမင်းတစ်နပ်သုံးဆောင်ဖို့ ကျွန်တော် ဖိတ်ထားတယ်။ အစောပိုင်းက အိမ်ရှေ့စံဆီ ခင်ဗျားအကြောင်း ပြောပြခဲ့သေးတယ်။ အရှင့်သားပြောတာတော့ သူက ခင်ဗျားနဲ့ အရမ်းရင်းနှီးတယ်တဲ့။ အဲ့သလိုဆိုမှတော့ ခနနေကျ သူနဲ့အတူ စားရမှာကို စိတ်မရှိဘူးဟုတ်?” ရှဲ့ဖင်းကန်း ပြောလိုက်၏။
ရှဲ့ချောင် သူ့အား စိန်းစိန်းဝါးဝါးကြည့်လိုက်သည်။
“ ရှင် ဘာလို့ အိမ်ရှေ့စံမင်းသားကို ဖိတ်ထားခဲ့တာလဲ?” ရှဲ့ချောင် မျက်မှောင်ကြုတ်လိုက်၏။
“ အရှင့်သားက အခုတလော ကျွန်တော့်ကို စားသောက်ဆိုင်ဆီ ထပ်တလဲလဲ ဖိတ်ကြားလာခဲ့တယ်လေ။ ကျွန်တော် မျက်နှာသာပြန်ပေးရမှာပေါ့” ရှဲ့ဖင်းကန်းမှ အရှိကိုအရှိအတိုင်း စိတ်မပါသလိုဟန်ဖြင့် ပြောလိုက်သည်။
အိမ်ရှေ့စံမင်းသားမှာ အလွန်ချဥ်းကပ်ရလွယ်ကူပေသည်။ သူသည် ရာဇဝတ်မှုဌာနခွဲရှိ ရှဲ့ဖင်းကန်းကိုပင် အလွန်စိုးရိမ်ပူပန်တတ်လေသည်။ အလုပ်ကိစ္စဖြင့် သူ အပြင်ထွက်သည့်အချိန်တိုင်း၌ အရှင့်သားသည် မောပန်းမှုကြောင့် သေတော့မလိုဖြစ်နေသည့် ရှဲ့ဖင်းကန်းအား ရက်ရောစွာပင် ထမင်းတစ်နပ်စားရန် စားသောက်ဆိုင်သို့ ဖိတ်ခေါ်တတ်လေသည်။
အရှင့်သားသည် သူ့အား စိတ်ရင်းဖြင့်ဆက်ဆံကာ လွန်စွာယုံကြည်သည်ပင်!
“ ကျွန်မမှာ တောက်တိုမယ်ရလုပ်စရာလေးတွေ ရှိနေသေးလို့ ကြာကြာမနေတော့ပါဘူး” ရှဲ့ချောင် အချိန်မဆိုင်းပင် ထရပ်လိုက်၏။
“ ဆရာမ၊ မသွားပါနဲ့ဦး။ ကျွန်တော် ခင်ဗျားနဲ့ ဆက်ဆွေးနွေးချင်တဲ့အရာလေးတွေ အခုလေးတင် ရှိလာလို့” ရှဲ့ဖင်းကန်းသည် အလွန်ဇွတ်တရွတ်နိုင်လေ၏။ “ ကျွန်တော့်ညီမလေးရဲ့ ကျန်းမာရေးက ချို့ယွင်းနေတယ်။ အခု သူက တစ်နေ့လုံး ခင်ဗျားနောက်ကိုပဲလိုက်နေတာ။ ကျွန်တော် အေးဆေးသက်သာ မခံစားရဘူး။ ကျွန်တော်သိချင်တဲ့အရာတွေ အများကြီးရှိတယ်”
ရှဲ့ချောင် ခြောက်ကပ်ကပ် ရယ်လိုက်၏။
မျှော်လင့်ထားသည့်အတိုင်းပင် များမကြာမီ၌
ကောင်းကင်ကြီး မှောင်သွားတော့မည့်အချိန်တွင် အိမ်ရှေ့စံမင်းသား အမှန်တကယ် ရောက်ရှိလာခဲ့လေသည်။
ရှဲ့ချောင် နားမလည်နိုင်ပေ။ အိမ်ရှေ့စံမင်းသားတစ်ယောက်အနေနဲ့ သူ့လက်အောက်ငယ်သားတွေရဲ့အိမ်ကို ဘာလို့ အမြဲတမ်းလာနေရတာလဲ?
သို့သော်လည်း ရှဲ့ချောင် မည်သည်ကိုမျှ မပြောရဲပါချေ။
အိမ်ရှေ့စံအား သူမ မြင်လိုက်ရချိန်တွင် ရှဲ့ချောင် နက်နဲသိမ်မွေ့သည့်အပြုံးတစ်ခု ပေးလိုက်ကာ
“ဆရာတူမောင်လေး၊ မင်းရောက်လာတယ်ပေါ့?”
“ ဆရာတူမောင်လေး?” ရှဲ့ဖင်းကန်း အံ့ဩသွားခဲ့၏။ “ ဆရာမနဲ့ အရှင့်သား၊ အိမ်ရှေ့စံတို့က
တကယ်ကြီး ဂိုဏ်းတစ်ခုတည်းကလား? အရှင့်သားရဲ့ ဆရာသခင်က…တော်ဝင်ဆရာအိုကြီးလီ ဟုတ်တယ်မလား? တခြားစကားလုံးနဲ့ပြောရရင် ခင်ဗျားကလည်း…ဆရာအိုကြီးလီဆီကနေ သင်ယူခဲ့တာလား?”
ရှဲ့ဖင်းကန်းမှာ အနည်းငယ်ယုံရခက်နေခဲ့လေသည်။
ထိုသည်မှာ တာအိုဆရာတစ်ယောက်ဖြစ်၏။
မည်သို့ပင်ဖြစ်စေ ဆရာအိုကြီးလီသည် အမှန်တကယ်ပင်…လူထူးလူဆန်းတစ်ယောက်ဖြစ်လေ၏။
ကျောက်ရွှမ်ကျင်း ရှဲ့ချောင်အား မြင်လိုက်သည့် အခိုက်အတန့်တွင် သူ၏ နှုတ်ခမ်းထောင့်စွန်း
များ၌ နွေဦးလေပြည်လေးကဲ့သို့ ပဟေဠိဆန်သည့် အပြုံးတစ်ခု ပေါ်ထွက်လာလေသည်။
“ဆရာတူအစ်မကို မတွေ့ရတာတောင် အတော်ကြာပြီ။ ကျွန်တော် ဆရာတူအစ်မကို အရမ်းလွမ်းနေခဲ့တာ”
ရှဲ့ချောင် တိတ်တဆိတ် မျက်ဆံလှန်လိုက်သည်။
အဟက်၊ ဒါက အလိမ်အညာတစ်ခုပဲ။ လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်ကမှ သူ ရှဲ့ဖင်းကန်းကို ရှဲ့ချောင်က ညီမကောင်းတစ်ယောက်ဖြစ်ကြောင်း ပြောသွားခဲ့တာကို!
•••••