← Chapters

ထိတွေ့ခြင်း

Vol. 24 Ch. 442

ထိတွေ့ခြင်း

Vol. 24 Ch. 442

အရင်က ကျောက်ရွှမ်ကျင်းက ရှဲ့ချောင်ကို ညီမကောင်းတစ်ယောက်ဖြစ်နေခြင်းအတွက် ချီးကျူးအမွှမ်းတင်ခဲ့ပေမယ့် အခု သူက ဒီသခင်မလေးကို မော့ချူးရှန်းကို လွမ်းကြောင်း ပြောလာတယ်?

ဟမ့်။

ရှဲ့ချောင်၏ မျက်နှာမှာ တင်းမာသွားလေကာ “ ဟုတ်ပါရဲ့၊ ရက်နည်းနည်းလောက် မတွေ့ရပြီးနောက်မှာ ဆရာတူမောင်လေးရဲ့ ကိုယ်နှုတ်အမူအရာက ပိုပိုပြီးတော့ တောက်ပလာတာပဲ။ ငါနဲ့ မတူပဲပေါ့၊ ငါက မြန်မြန်အသက်ကြီးလာပြီးတော့ ငါ့မျက်နှာကလည်း ပါးရေနားရေတွန့်တွေနဲ့ ပြည့်နေပြီ”

ကျောက်ရွှမ်ကျင်းမှာ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးဆီမှ စိတ်လှုပ်ရှားမှုအား အာရုံခံနိုင်ခဲ့ပေသည်။

မည်သို့ပင်ဖြစ်စေ သူ ထိုသည်အား မမြင်ချင်ယောင်ဆောင်ခဲ့ပါ၏။ သူ သူမ၏ နားနားသို့ တိုးကပ်လိုက်ကာ အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “ ဆရာတူအစ်မရဲ့အလှတရားက ပြိုင်ဖက်ကင်းတယ်လို့ ဆရာက အမြဲတမ်းပြောခဲ့တာ။ ကျွန်တော့်နှလုံးသားထဲမှာလည်း အဲ့တာက တကယ့်ကိုပါပဲ”

ရှဲ့ချောင် အံကြိတ်လိုက်၏။

မဟုတ်ဘူး၊ သူမရဲ့ကိုယ်ပိုင်မျက်နှာကို သူမ သိတယ်။ မော့ချူးရှန်းက သူမထက် ပိုပြီးရုပ်ဆိုးတယ်၊ သူက ဘယ်လိုလုပ်ပြီး သူမလောက် လှနိုင်မှာလဲ?

ရှဲ့ဖင်းကန်း အိမ်ရှေ့စံမင်းသား၏ ဆိုးရွားသည့်

အကြိုက်အား သဘောမကျဖြစ်သကဲ့သို့ အိမ်ရှေ့စံအား မသင်္ကာစွာကြည့်လိုက်သည်။

ဒီတာအိုဆရာကို ကြည့်လိုက်ပါဦး။ သူမရဲ့ ဆံပင်တွေက ချောမွေ့ပြီး နက်မှောင်ပေမယ့် သူမရဲ့ မျက်နှာက… ပုံမှန်ဖြစ်ပြီး ပျင်းဖို့ကောင်းတယ်။ အဲဒီမှာ ဘာများ ကြည့်စရာရှိလို့လဲ?

သူမရဲ့ အလှတရားက ပြိုင်ဘက်ကင်းတယ်? အဲ့လိုသာဆိုရင် သူ့ညီမက သေမျိုးလောကကို ဆင်းသက်လာခဲ့တဲ့ နတ်ဘုရားမတစ်ပါး ဖြစ်နေတော့မှာပေါ့။

၎င်းတို့သုံးယောက် ထိုင်လိုက်ကြကာ ဟင်းပွဲများအား တည်ခင်းပေးရန် ရှဲ့ဖင်းကန်း ခေါ်လိုက်၏။

သူ တိတ်တဆိတ်ပင် ပြောလိုက်သေး၏။ “ ကျွန်

တော့်ရဲ့ အကြီးဆုံးညီမရဲ့ ခြံဝင်းထဲမှာ သူဖွက်ထားတဲ့ ဝိုင်ကောင်းကောင်းတွေ အများကြီးရှိတယ်။ ကျွန်တော် အဲ့တာကို အတော်ခက်ခက်ခဲခဲနဲ့ ရှာတွေ့ခဲ့တာ၊ ဒါပေမယ့် သူမက အခု အိမ်မှာမရှိဘူး။ အိမ်ရှေ့စံမင်းသား မြည်းကြည့်လို့ရအောင် ကျွန်တော် နှစ်ပုလင်းခိုးထုတ်လာခဲ့မယ်”

ရှဲ့ချောင်၏ မျက်ဝန်းများတွင် ဒေါသများဖြင့် ပြည့်နှက်သွားလေ၏။

ရှဲ့ဖင်းကန်း၊ ဒီဝက်ကတော့ သူမရဲ့ဝိုင်တွေကိုသောက်ဖို့ တကယ်ကြီး ခိုးရဲတယ်ပေါ့လေ?!

“ အဲ့တာက နည်းနည်းလောက်ကြောက်ဖို့မကောင်းဘူးလား?” ကျောက်ရွှမ်ကျင်း ခပ်ဖျော့ဖျော့အပြုံးတစ်ခုဖြင့် ပြောလိုက်၏။

“ အဆင်ပြေပါတယ်။ အဲ့ကောင်မလေးက ကြောင်တောင်တောင်ရယ်။ သူ ဝိုင်တွေဘယ်လောက်များများ ချက်ခဲ့လဲတောင် သူ မသိဘူး။ ပုလင်းလေးနည်းနည်းလောက် ပျောက်သွားရင်တောင် ကိစ္စမရှိပါဘူး။ ပြီးတော့ အရှင့်သားကလည်း ဒီမှာမဟုတ်ဘူးလား? သေချာတာပေါ့၊ ကျွန်တော် အရှင့်သားကို အကောင်းဆုံးအရာတွေနဲ့ ဧည့်ခံရလိမ့်မယ်” ရှဲ့ဖင်းကန်းမှာ ယခု လက်ပါးစေတစ်ယောက်ပင်။

အကယ်၍ ရှဲ့ချောင် သူ့အား မိသွားပါက အိမ်ရှေ့စံမင်းသားအပေါ်သို့ အပြစ်လွှဲချနိုင်ပေသည်။

အိမ်ရှေ့စံမင်းသားက သောက်ချင်ခဲ့တာဆိုရင် သူက ဘာလုပ်နိုင်မှာတဲ့လဲ?!

ရှဲ့ဖင်းကန်းတစ်ယောက် ရွှင်လန်းတက်ကြွစွာပင် ဝိုင်အရှာထွက်သွားလေတော့၏။

ရှဲ့ချောင်၏ နှလုံး အောင့်သွားခဲ့သည်။

သူမရဲ့ ဝိုင်တွေ!

‌ရွှေယွဲ့ဘုရားကျောင်းမှ မြို့တော်သို့ သူမ လာခဲ့စဥ်က ပစ္စည်းအများအပြား ယူဆောင်မလာခဲ့ပေ။ မြို့တော်သို့ လာရောက်ခဲ့ပြီးမှ ဝိုင်အများစုအား ချက်လုပ်ထားခဲ့သည်ဖြစ်သောကြောင့် တကယ့်ကို များများစားစားမရှိပါချေ…

ရှဲ့ချောင်၏ နှုတ်ခမ်းထောင့်စွန်းများ အနည်းငယ် တွန့်ကွေးကျသွားကာ သူမ၏ မျက်နှာမှာ တင်းမာလာခဲ့လေသည်။ သူမအား ကြည့်ရသည်မှာ ကြိုးတစ်ချောင်းဖြင့် ချည်နှောင်ခံထားရသော နှံကောင်တစ်ကောင်နှင့် တူလေသည်။ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး ဒေါသဖြင့်

ပြည့်နှက်နေသော်လည်း မလွတ်မြောက်နိုင်ပေ။

သူမ ရှဲ့ဖင်းကန်း၏ခေါင်းအား ဆွဲယူကာ ရိုက်ချင်နေခဲ့၏။

“ ဆရာတူအစ်မကို ကြည့်ရတာ အဆင်မပြေသလိုပဲ။ ဘာများဖြစ်လို့လဲ?” ကျောက်ရွှမ်ကျင်းသည် အဖြေအား သိနေပြီးဖြစ်သော်လည်း မေးလိုက်၏။

ရှဲ့ချောင် အပြုံးတစ်ခုအား ဖိအားပေးလုပ်ယူလိုက်ကာ “ ဆရာ့ဆီကနေ အချိန်အကြာကြီး သတင်းမကြားခဲ့ရလို့ပါ။ ငါ စိတ်ပူတယ်!”

“ ဖြစ်နိုင်တာက သူ အဝေးကြီးကို ခရီးထွက်နေခဲ့လို့နေမှာ” ကျောက်ရွှမ်ကျင်း၏ နှုတ်ခမ်းပါးများမှာ ပြုံးနေလေကာ သူ၏ မျက်ဝန်းများမှာ နူးညံ့

နေလေသည်။ သူ၏ အသံမှာ နှစ်လိုဖွယ်ဖြစ်နေခဲ့လေ၏။ “ ဆရာပြန်လာတဲ့အချိန်ကျရင် သူ့ကို ကျွန်တော်တို့နှစ်ယောက်လက်ဆက်ဖို့အတွက် တာဝန်ယူပေးဖို့ မေးလိုက်ပါ့လား။ ဆရာတူအစ်မ ဘယ်လိုထင်လဲ?”

ရှဲ့ချောင်လက်ထဲရှိ လက်ဖက်ရည်ခွက် လှုပ်ခါသွားလေသည်။ “ ဆရာတူမောင်လေး၊ မင်းက ငါ့နှလုံးသားထဲမှာ ကလေးတစ်ယောက် ဖြစ်နေတုန်းပါ!”

“ ဆရာတူအစ်မမော့ကလည်း ကျွန်တော့်နှလုံးသားထဲမှာ ကလေးတစ်ယောက်လိုပါပဲ။ ဒီနည်းအရ ကျွန်တော်တို့ နှစ်ယောက်လုံးက အတူတူငယ်ရွယ်ကြတာပဲနော်” ကျောက်ရွှမ်ကျင်းမှာ အရေထူလေသည်။

ရှဲ့ချောင် သူမ၏ခေါင်းအား အဝေးသို့ လှည့်လိုက်

သည်။

‘ အမလေး၊ အမလေး၊ ရှင်က တကယ့်ကို ပရောပရည်လုပ်တတ်တာပဲ’

ရုတ်တရက်ပင် ကျောက်ရွှမ်ကျင်းသည် သူမ၏လက်အား ဆွဲယူလိုက်ကာ သူ၏နောက်ကျောအောက်ဘက်သို့ တင်လိုက်လေသည်။ “ ဒါကကော ဘယ်လိုလဲ? ဆရာတူအစ်မက ဦးခေါင်းပြင်အနေအထားကြည့်ပြီး ဉာဏ်စွမ်းရည်သိတဲ့နေရာမှာ ကျွမ်းတယ်လေ၊ ဟုတ်တယ်မလား? ဘာလို့ ကျွန်တော့်ဟာကိုကျ တစ်ချက်လောက် ကြည့်မပေးတာလဲ?” 

ရှဲ့ချောင် သူမ၏လက်အား ဖယ်ထုတ်ပစ်ရမည်ဟု ခံစားလိုက်ရသည်။

သူမ တစ်ချက်လောက်ကြည့်ပေးချင်ရင် ကြည့်ပေးမှာပေါ့။ သူက ဘာကိစ္စ သူမကို ထိနေတာလဲ?

သူမ၏မျက်နှာမှာ နီရဲသွားသော်လည်း အပြင်ပိုင်း၌ ထူထဲသည့် အရေပြားတုရှိနေသည်မှာ နှမြောဖွယ်ရာပင်။ ထို့ကြောင့် မမြင်နိုင်ပေ။

ယခု သူမအား ကြည့်ရသည်မှာ တည်ငြိမ်ကာ အတွေ့အကြုံရှိသည့် အမျိုးသမီးတစ်ယောက်နှင့်ပင် တူလေသည်။

“ မလိုပါဘူး။ မင်းက အိမ်ရှေ့စံပဲလေ။ မင်းမှာ ချမ်းသာကြွယ်ဝမှုနဲ့ ကံကောင်းခြင်းတွေအကုန်ရှိတယ်” ရှဲ့ချောင် သူမ၏လက်အား တိတ်တဆိတ်ရုပ်သိမ်းလိုက်သော်လည်း တင်းကျပ်စွာ ဆုပ်ကိုင်ခံထားရလေသည်။ ရှဲ့ချောင် သူမ၏မျက်ဝန်းများအား ပင့်မြှောက်လိုက်ကာ သူ့အား စိန်းစိန်းဝါးဝါး

ကြည့်လိုက်၏။ သို့သော်လည်း သူ၏အကြည့်မှာ ပြင်းပြကာ တောက်လောင်နေကြောင်းကို သိရှိလိုက်ရပြီး ထိုသည်မှာ တစ်စုံတစ်ယောက်၏ နှလုံးသားအား အခုန်မြန်အောင် လုပ်နိုင်ခဲ့လေသည်။

“ ဆရာတူမောင်လေး၊ မင်းက ငါ့ကို တကယ်လက်ထပ်မှာလား?” ရှဲ့ချောင် သူမ၏သတ္တိများအား စုစည်းလိုက်ကာ ပြန်မေးလိုက်၏။ တစ်ပါးသူထက်သာအောင် သူမ မလုပ်ချင်သောကြောင့် သူ၏ မေးအား သူမ၏ သေးငယ်သည့်လက်ကလေးဖြင့် ပင့်မလိုက်ကာ “ ဆရာတူမောင်လေးရဲ့ အရိုးတွေက ကမ္ဘာပေါ်မှာ ပြိုင်ဘက်ကင်းပဲ။ တကယ်တော့ ငါ မင်းကို အချိန်တွေအကြာကြီး အငမ်းမရလိုချင်နေခဲ့တာ…”

••••

All Chapters