ကိုက်ခြင်း
Vol. 24 Ch. 443
ရှဲ့ချောင်၏ မျက်နှာမှာ ရှက်သွေးဖြန်းနေပေသည်။ ကျောက်ရွှမ်ကျင်း၏မျက်နှာအား သူမ ကြင်နာစွာပွတ်သပ်နေခဲ့လေသည်။
သူ၏ အသားအရေမှာ တကယ့်ကို ကောင်းမွန်လှသည်ပင်။
သူ၏ မျက်နှာအင်္ဂါရပ်များမှာ ထုဆစ်ခံထားရသည့်အတိုင်း မိုးနှင့်လေထဲမှာပင် မကျိုးပြတ်နိုင်သည့် ထင်းရှူးပင်နှင့် ကျောက်ပန်းပင်ကဲ့သို့ သန်မာကြံ့ခိုင်ပြီး ကမ္ဘာလောကထဲတွင် ကျော့ရှင်းရည်မွန်ကာ ငြိမ်းချမ်းသည့် အမျိုးကောင်းသားတစ်ယောက်ပင် ဖြစ်သည်။
ရှဲ့ချောင်၏အကြည့်မှာ အနည်းငယ် အာရုံပြောင်းခံလိုက်ရလေသည်။
သူမ၏ရှေ့မှောက်မှ ယောက်ျားသည် သူမ၏ မျက်နှာပြောင်တိုက်မှုကြောင့် ထိတ်လန့်အံ့ဩသွားပုံပင်။ သူ၏ နှုတ်ခမ်းထောင့်စွန်းများ ရွေ့သွားကာ တစ်စက္ကန့်မျှ ခဲတောင့်သွားလေသည်။ တစ်ခဏမျှကြာပြီးနောက် အသံနိမ့်တစ်ခုမှာ ရှဲ့ချောင်၏ နားအတွင်းသို့ တီးတိုးပြောလာခဲ့လေ၏။ “ ဆရာတူအစ်မ ကျွန်တော့်ကို အရသာခံကြည့်လို့ ရပါတယ်”
ရှဲ့ချောင်၏ စိတ်အတွင်း၌ မီးရှူးမီးပန်းများ ပေါက်ကွဲသွားလေသည်။
ထိုသည်မှာ ပူလောင်လေ၏။
အမြန်ပင် သူမ၏ လက်သည်းများအား ရုပ်သိမ်းလိုက်ကာ သူ၏ အခြားလက်တစ်ဖက်အား နှစ်ကြိမ်ရိုက်လိုက်သည်။
“ မင်းက အသီးတစ်လုံးမှ မဟုတ်တာ၊ ငါက ဘာလို့ မင်းကို အရသာခံကြည့်ရမှာလဲ?” ရှဲ့ချောင် မျက်နှာသေဖြင့် ပြောလိုက်သည်။ “ ဆရာတူမောင်လေး၊ ငါက ကျင့်ကြံသူတစ်ယောက်ပဲ။ ငါတို့ကြားမှာ ကောင်းမွန်တဲ့အဆုံးသတ်တစ်ခု ရှိလာမှာမဟုတ်ဘူး။ ခုနက မင်းပြောခဲ့တဲ့ဟာကို မေ့လိုက်တော့”
တစ်စုံတစ်ယောက်သည် အင်ပါယာမိသားစုအား ငမ်းငမ်းတက်လိုချင်မနေသင့်ပေ။ အကယ်၍ တစ်စုံတစ်ယောက်သည် ဂရုမစိုက်ခဲ့ပါက လူ့လောက၏ ဆင်းရဲဒုက္ခများအား ဖော်ထုတ်ပြသခံရလိမ့်မည်ပင်။
ရှဲ့ချောင် အနည်းငယ် အနေရခက်မှုအား ခံစားလိုက်ရကာ အနည်းငယ် ရှက်သွား၏။
“ ဆရာတူအစ်မက အမြဲတမ်း ကိုယ့်စကားလုံးတွေကိုယ် ပြန်သိမ်းသွားတတ်တာပဲ။ တကယ်လို့ ကျွန်တော်မေ့လိုက်သင့်တဲ့ တစ်စုံတစ်ခုသာ ရှိမယ်ဆိုရင် အဲ့တာက ကျင့်ကြံသူတစ်ယောက်ဆိုတဲ့ ဆရာတူအစ်မရဲ့ အထောက်အထားပဲဖြစ်လိမ့်မယ်” ကျောက်ရွှမ်ကျင်း သူ့ကိုယ်သူ ပြောလိုက်၏။ “ အခုကစပြီးတော့ ဆရာတူအစ်မ တစ်ယောက်တည်းဖြစ်နေလိမ့်မယ်”
ရှဲ့ချောင် သူမ၏နှုတ်ခမ်းများအား စုဝိုင်းလိုက်၏။ “ မင်းရဲ့ အလှတရားနဲ့ ငါ့ကို သွေးဆောင်ဖြားယောင်းခဲ့တယ်ဆိုတာ ဆရာ့ကို ငါပြောလိုက်ပါ့မယ်”
သူသည် သူမအား အဓိပ္ပာယ်မရှိသည့် တစ်စုံတစ်ရာအား ပြောအောင်လုပ်သည်ပင်!
“ တကယ်လို့ ဆရာတူအစ်မပြောတာကို ထည့်မတွက်ရင်ကော၊ ဆရာလာခဲ့မယ်ဆိုရင်တောင် အဲ့တာက အသုံးမဝင်ဘူး” ကျောက်ရွှမ်ကျင်း နှာမှုတ်လိုက်၏။ “ အခုကစပြီးတော့ ကျွန်တော် လတိုင်း ကြမ္မာဥယျာဥ်ကို ဆရာတူအစ်မကို ရှာဖို့သွားမှာ။ တကယ်လို့ ဆရာတူအစ်မ အဲဒီမှာ မရှိဘူးဆိုရင်တော့ ကျွန်တော် ရှဲ့အိမ်တော်ကိုပဲ လာနိုင်တော့တယ်”
တစ်စုံတစ်ခုမှာ ထူးဆန်းနေသည်ဟု ရှဲ့ချောင် ခံစားလိုက်ရ၏။
သူမ တကယ့်ကို ဤဆရာတူမောင်လေးအား များများစားစား မမြင်ခဲ့ဖူးပါချေ။
သို့သော်လည်း ဤပုဂ္ဂိုလ်သည် သူမအား အလွန်ရင်းနှီးပုံပေါ်လေသည်။ သူတို့မှာ တကယ်ပဲ တစ်ယောက်အတွက်တစ်ယောက် နက်နဲတဲ့ခံစားချက်တွေ ရှိခဲ့ကြတာလား?
သူမ စဥ်းစားနေဆဲမှာပင် ရှဲ့ဖင်းကန်းသည် ခြေလှမ်းကျဲကြီးများဖြင့် ပြန်လျှောက်လာခဲ့ကာ “ ကျွန်တော် ရှာတွေ့လာခဲ့ပြီ! အရှင့်သား အနံ့ခံကြည့်လိုက်။ ကျွန်တော့်အကြီးဆုံးညီမရဲ့ ဝိုင်က တကယ့်ကို မွှေးတာ!”
ကျောက်ရွှမ်ကျင်း ပြုံးလိုက်ကာ “ ဟုတ်လား? ငါက ငါ့ဆရာတူအစ်မကိုပဲ မြတ်နိုးတာ။ အချိန်တွေအကြာကြီး သူမကို အနံ့ခံခဲ့ပြီးတဲ့နောက်မှာ တခြားမွှေးရနံ့တွေက ဘာမှမဟုတ်တော့ဘူး”
ရှဲ့ဖင်းကန်း ကြက်သေသေသွားခဲ့သည်။
“ အရှင့်သားနဲ့ ဆရာမမော့…”
“ ဘာမှမဟုတ်ဘူး!” ရှဲ့ချောင် အလျင်အမြန် ပြောလိုက်၏။
“ ဝန်ကြီးရှဲ့၊ ဆရာက ငါတို့တွေ ငယ်ငယ်ကတည်းက ဆရာတူအစ်မမော့နဲ့ ငါ့ရဲ့ ထိမ်းမြားလက်ထပ်မှုကို စီစဥ်ထားခဲ့တာ။ အစောပိုင်းတုန်းက ဆရာတူအစ်မက မရှိခဲ့တော့ ဒီကိစ္စက ဘယ်တုန်းကမှ ထုတ်ဖော်ပြောမခံခဲ့ရဘူး။ နောက်ဆုံးတော့ အခု သူမကို ငါရှာတွေ့ခဲ့ပြီဆိုတော့ ငါ့ရဲ့ ဒီလက်ထပ်ထိမ်းမြားမှုက နောက်ဆုံးတော့ ငြိမ်းအေးသွားပြီ” ကျောက်ရွှမ်ကျင်း အပြုံးတစ်ခုနှင့် ပြောလိုက်လေသည်။
“ တကယ်?” ထိုအခြင်းအရာအားကြားသော် ရှဲ့ဖင်းကန်း ပြောလိုက်၏။ “ ဂုဏ်ပြုပါတယ် အရှင့်သား! အခုတော့ အရှင့်သား အဲ့တာကို
ထုတ်ဖော်လိုက်ပြီပေါ့။ အခုတလော အရှင့်သားက ကျွန်တော့်ညီမကို ပြောနေခဲ့တာ။ ဖြစ်နိုင်တာက သခင်မမော့အကြောင်း မေးမြန်းစုံစမ်းဖို့ ကျွန်တော့်ညီမကိုလည်း အသုံးချချင်လို့များလား? ကျွန်တော့်ရဲ့ မသိနားမလည်မှုကို ကျွန်တော် အပြစ်တင်ပါတယ်။ အဲဒီအချိန်တုန်းက ဒီအကြောင်းကို ကျွန်တော် မသိခဲ့ပဲ သဘောမပေါက်ခဲ့ဘူး!”
ရှဲ့ချောင် တခစ်ခစ်ရယ်လိုက်သည်။
သူက ဒီအတိုင်း ပရောပရည်လုပ်တတ်တဲ့ မျက်နှာများသူတစ်ယောက်တင်ပဲ။ သူက ဘယ်လိုလုပ် ဘယ်အကြောင်းကိုမဆို စုံစမ်းမေးမြန်းနိုင်မှာတဲ့လဲ?
ရှဲ့ချောင် နှာမှုတ်လိုက်သည်။ “ ဆရာက ငါ့အတွက် တစ်ခုထက်ပိုတဲ့ ထိမ်းမြားမှုတွေကို စီစဥ်
ပေးထားခဲ့တာ”
ကျောက်ရွှမ်ကျင်း၏မျက်နှာ အေးစက်သွားလေသည်။ “ တခြားဘယ်သူတွေလဲ?”
“ ပြောရရင်…” ရှဲ့ချောင် တုံ့ဆိုင်းနေလေ၏။ သူမ ရုတ်တရက်ပင် ငကြောင်ရှောင်းယွီရုန်အား စဥ်းစားလိုက်မိသည်။ “ ပထမဆုံးဆရာတူမောင်လေးက ရွေးချယ်မှုတစ်ခုပဲ၊ ဒါပေမယ့် ငါစောင့်နေတုန်းပါပဲ”
ဤအထောက်အထားမှာ သိမ်းထား၍ မရနိုင်ပေ။
အကယ်၍ သူမ ဆရာတူမောင်လေးနှစ်ယောက်အား တစ်ခါတည်း စိတ်အနှောင့်အယှက်ပြုခဲ့မိပါက ရှင်သန်ရန် လမ်းမရှိတော့ချေ။
ရှဲ့ချောင် ခေါင်းကိုက်သွားခဲ့၏။
“ ရှောင်းယွီရုန်?” ကျောက်ရွှမ်ကျင်း သူ့အား ဆရာတူအစ်ကိုဟု ခေါ်ခြင်းအား ရပ်လိုက်ကာ သူ့နာမည်အတိုင်း ခေါ်ခဲ့လေသည်။ သူ ခပ်ဖျော့ဖျော့ ပြုံးလိုက်ကာ “ ပထမဆရာတူအစ်ကိုက တစ်ကိုယ်တည်းသမားဖြစ်နေခဲ့တာ အချိန်အတော်ကြာပြီ။ သူ့ကို လက်ထပ်ဖို့ ဆရာတူအစ်မအတွက် ဘာလို့ ကျွန်တော့်အဖေဆီသွားပြီး အင်ပါယာအမိန့်တော်ကို တောင်းဆိုမပေးရမှာလဲ?”
ရှဲ့ချောင် ထိတ်လန့်သွားကာ ရုတ်ခြည်းပင် ကြောက်၍ နောက်ဆုတ်သွားလေသည်။ “ ငါက ဒီအတိုင်း ပေါက်ကရပြောနေရုံပါ”
အကယ်၍ သူသည်သာ ထိုသူ့အား လက်ထပ်ရန် အင်ပါယာအမိန့်တော်အား တောင်းဆိုခဲ့ပါက
နှစ်ဦးနှစ်ဖက်လူများ မကိုက်ညီခဲ့လျှင် ထိုသည်မှာ မိန်းမငယ်လေးအား ထိခိုက်စေရန် ဘေးဒုက္ခပင် ဖြစ်ပေလိမ့်မည်။
“ ကျွန်တော်က ဒီအတိုင်းပြောတာပါ။ ဆရာတူအစ်ကိုရှောင်းမှာ ကျွန်တော်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးတစ်ခုရှိတယ်။ ကျွန်တော်က ဘယ်လိုလုပ် သူ့ရဲ့ဆန္ဒတွေကို လျစ်လျူရှုပြီး စဥ်းစားတွေးတောမှုမရှိပဲ ဆုံးဖြတ်ချက်တစ်ခုကို ဘယ်လိုချနိုင်မှာလဲ?” ကျောက်ရွှမ်ကျင်း ပြုံးလိုက်၏။ “ ဆရာတူအစ်မ မပူပါနဲ့”
ရှဲ့ချောင် သူမ၏ ကျောရိုးတစ်လျှောက်ပြေးဆင်းသွားသည့် အေးစက်မှုတစ်ခုအား ခံစားလိုက်ရ၏။
မော့ချူးရှန်းသည် လူကောင်းတစ်ယောက်ဖြစ်သည်ဟု သူထင်ခဲ့ဖူးလေသည်။ နောက်ဆုံး
တွင်တော့ သူမသည် သိက္ခာဂုဏ်ဒြပ်ရှိသည့် ဆရာတူအစ်မတစ်ယောက်ပင်။
မည်သို့ပင်ဖြစ်စေ ယခု…ဤခွေးပေါက်လေးသည် ကိုက်မည့်ပုံပေါ်နေသည်လေ။
•••••