← Chapters

အံ့ဩစရာကောင်းသည့် ပုဂ္ဂိုလ်

Vol. 24 Ch. 444

အံ့ဩစရာကောင်းသည့် ပုဂ္ဂိုလ်

Vol. 24 Ch. 444

ရှဲ့ဖင်းကန်းမှ ဝိုင်ပုလင်းအားဖွင့်လိုက်ကာ တစ်ချက်နမ်းကြည့်လိုက်ချိန်တွင် ရှဲ့ချောင်မှာ ပင်အပ်နှင့် ချုပ်အပ်များပေါ်၌ ထိုင်နေရသကဲ့သို့ ခံစားနေရလေသည်။ သူသည် အိမ်ရှေ့စံမင်းသားထံ ရတနာတစ်ခုအား ဆက်သနေသကဲ့သို့ လက်လွှဲပေးလိုက်လေသည်။

ထိုသည်မှာ အသီးဝိုင်ဖြစ်၏။ ဝိုင်၏ အနံ့မှာ ချိုမြိန်ကာ အနံ့အရသာကောင်းလေကာ လူများအား တစ်ငုံ၊ နှစ်ငုံခန့် မြည်းစမ်းအရသာခံချင်လာအောင် ပြုလုပ်နေလေသည်။ 

ရှဲ့ချောင်က ဒီလိုမျိုးထိပ်တန်းဝိုင်ကို လုပ်ခဲ့တာလား?

ကျောက်ရွှမ်ကျင်း မည်သည်ကိုမျှ မပြောခဲ့ပဲ မြည်းစမ်းကြည့်လိုက်၏။

ဝိုင်မှာလည်း သူမလိုပင်။ ထိုသည်မှာ စစ်မှန်၍ တပ်မက်ဖွယ်ကောင်းကာ မွှေးရနံ့ဖျော့ဖျော့တစ်ခု ရှိလေသည်။ ချိုမြိန်သည့် နှင်းစက်ကလေးကဲ့သို့ပင်ဖြစ်ပြီး ထိုသည်အား သူ မေ့မရပေ။

မမျှော်လင့်စွာပင်…

ကျောက်ရွှမ်ကျင်း ရှဲ့ဖင်းကန်းအား ခပ်ဖျော့ဖျော့တစ်ချက်ကြည့်လိုက်၏။ ရုတ်တရက်ပင် သူ့လက်အား ဆန့်ထုတ်လိုက်ကာ ရှဲ့ဖင်းကန်းရှေ့မှ ဝိုင်ခွက်အား ယူလိုက်ပြီး တစ်ကျိုက်တည်း မော့ချလိုက်သည်။ “ အစ်ကိုကြီးတစ်ယောက်အနေနဲ့ မင်း ဘယ်လိုတောင် အရမ်းဆိုးရွားနိုင်ရတာလဲ? ငါ မြင်ရသလောက်တော့ ဝန်ကြီးရှဲ့  ဒီဝိုင်ကို မသောက်သင့်ဘူး။ တစ်နည်းအားဖြင့်ပြောရရင် မိန်းကလေးရှဲ့ အဲ့တာကို မြင်သွားတဲ့အချိန်ကျ သူမရဲ့ နှလုံးသား ဘယ်လောက်တောင် နာကျင်

လိုက်မလဲဆိုတာကို ငါ မသိတော့ဘူး”

ရှဲ့ဖင်းကန်း၏ မျက်လုံးများမှာ ကြေးနီခေါင်းလောင်းများကဲ့သို့ပင်။

သူ၏ ဝိုင်ခွက် ထိုကဲ့သို့ ဗလာကျင်းခံလိုက်ရသည်ကို သူ မယုံကြည်နိုင်ပေ?!

“ ကျွန်တော်က သူမရဲ့ အစ်ကိုကြီးပါ! နှလုံးကြေကွဲတယ်လို့ ခံစားရစရာ ဘာများရှိလို့လဲဗျာ?!” ရှဲ့ဖင်းကန်းတစ်ယောက် သုန်မှုန်သွားလေသည်။ ထိုသည်သာမကပဲ အိမ်ရှေ့စံမင်းသားသည် ဝိုင်ပြန်မထည့်ပေးခဲ့ပေ။ ဘယ်သူသောက်တယ်ဆိုတဲ့အပေါ်မူတည်ပြီး ဘာတွေများကွဲပြားသွားမှာမလို့လဲ? ဖြစ်နိုင်တာက ဝိုင်ကို အိမ်ရှေ့စံမင်းသားသောက်ခဲ့မယ်ဆိုရင် သူ့ညီမက နှလုံသားမနာကျင်ရတော့မှာမို့လား?!

နာကျင်နေတဲ့နှလုံးသားတစ်စုံက သူမကို သတ်ပစ်နိုင်တာမှ မဟုတ်တာ။ သူ့ညီမက ဘယ်လိုပဲဖြစ်ဖြစ် အသက်ရှည်ရှည်နေရမှာ မဟုတ်ဘူးလေ။ အခု သူမက ဝိုင်ချက်လုပ်နိုင်သေးချိန် သူ နောက်ထပ် နှစ်ငုံ၊ သုံးငုံလောက် မြည်းစမ်းကြည့်သင့်တယ်!

ရှဲ့ဖင်းကန်းသည် အလွန်စိတ်ဆိုးနေခဲ့ကာ တစ်စုံတစ်ယောက်အား ရိုက်ပစ်ချင်နေခဲ့လေသည်။

သူ၏ အထက်လူကြီးများအား စော်ကားနိုင်သော်လည်း အိမ်ရှေ့စံမင်းသားကိုမူ သူ မစော်ကားနိုင်ပေ။

သူ၏ အကြည့်သည် ဝိုင်ပုလင်းထက်တွင် မြဲမြံနေလေသည်။

အိမ်ရှေ့စံသည် ဝိုင်ပုလင်းအား သူ၏ဘေးတွင် ချထားသော်လည်း သူ လှမ်းမယူရဲချေ။

ဘယ်လောက်တောင် ဆိုးရွားလိုက်သလဲ။

ရှဲ့ဖင်းကန်း ကူကယ်ရာမဲ့စွာ တံတွေးမျိုချလိုက်၏။ ထို့နောက် ခပ်ဖျော့ဖျော့ သက်ပြင်းချလိုက်လေသည်။ ထိုသည်မှာ အိမ်ရှေ့စံမင်းသား၊ ဧကရာဇ်ဖြစ်သည်ပင်။ သူသည် လက်အောက်ငယ်သားတစ်ယောက်…သူ့အား အနည်းငယ်သောက်ခွင့်ပြုရန်မှာ ကိစ္စမရှိပေ။

သူ့အကြီးဆုံးညီမ၏ ဝိုင်အတွက် စိတ်မကောင်းစရာဖြစ်ရုံသာဖြစ်၏။ အိမ်ရှေ့စံမင်းသား သောက်သုံးနေသည့်ပုံအား ကြည့်ရသည်မှာ နွားထီးတစ်ကောင် ရေသောက်နေသကဲ့သို့ပင်။ ဝိုင်အား အရသာခံမခံပင် မသေချာချေ။

ကျောက်ရွှမ်ကျင်းသည်တော့ ရှဲ့ဖင်းကန်း၏ အကြည့်အား သတိပြုမိပုံမပေါ်ပေ။ သူ သောက်ပြီးသည်နှင့် ပြောလိုက်၏။ “ မဆိုးဘူး၊ မဆိုးဘူး။ ဒါက တကယ့်ကို ဝိုင်ကောင်းပဲ။ မင်းရဲ့ညီမက ဝိုင်ချက်လုပ်တဲ့နေရာမှာရော ကမ္ဘာနှစ်ခုလုံးနဲ့ ဆက်သွယ်တဲ့နေရာမှာရော တော်တယ်။ သူမက တကယ့်ကို အံ့ဩစရာကောင်းတဲ့ ပုဂ္ဂိုလ်ပဲ”

ရှဲ့ချောင် ပြောစရာစကားမဲ့သွားခဲ့၏။

ရှဲ့ဖင်းကန်းလည်း ပြောစရာမရှိဖြစ်သွားခဲ့၏။

မွေးချင်းမောင်နှမများ တစ်ဦးကိုယ်တစ်ဦး စိုက်ကြည့်လိုက်ကြသည်။ ရှဲ့ချောင်မှာ သူကဲ့သို့သော သနားစရာအရာရှိများအား သနားကရုဏာသက်

သွားခဲ့သော်လည်း ထိုအချိန်တွင် ရှဲ့ဖင်းကန်းသည် အိမ်ရှေ့စံမင်းသားမှ သူမလက်ထဲရှိ ဝိုင်အား မယူသွားခဲ့သဖြင့် ဆရာမမော့အား မနာလိုဖြစ်နေလေသည်။

“ ဆရာမ၊ ကျွန်တော့်ညီမက ဆရာမနဲ့အတူ အပြင်ထွက်တဲ့အချိန်တွေမှာ ဘာများလုပ်လဲဟင်?” ရှဲ့ဖင်းကန်း မေးလိုက်၏။

ရှဲ့ချောင်၏ အသံမှာ အလွန်နူးညံ့နေလေသည်။ “ သူမက ဝိညာဥ်တွေကို ဖမ်းတယ်၊ လွှတ်တယ်၊ ပြီးတော့ ကောင်းတဲ့ကံတွေကို စုဆောင်းတယ်။ ဒါပေမယ့် သူမက အရမ်းလုပ်နိုင်စွမ်းမရှိဘူး။ သူမက…တောက်တိုမယ်ရတွေကိုပဲ လုပ်ရတာ”

ရှဲ့ဖင်းကန်း ခေါင်းညိတ်လိုက်၏။ “ ကျွန်တော့်ညီမရဲ့ ကျန်းမာရေး…ဆရာမမှာ အဲ့တာအတွက် ဖြေရှင်းနည်းတစ်ခုခုများ ရှိလား? တကယ်လို့

ဆရာမ ငွေစလိုတယ်ဆိုရင် ကျွန်တော့်အဖေနဲ့ ကျွန်တော် နည်းလမ်းတစ်ခု စဥ်းစားလိုက်ပါ့မယ်…”

အစောပိုင်းတွင် ချိုးမိသားစုအတွင်း၌ ဖြစ်ပျက်ခဲ့သည်များအရ အကဲဖြတ်ရပါက ဤသခင်မမော့သည် ငွေလောဘကြီးနိုင်လေသည်။

ကျောက်ရွှမ်ကျင်း၏လက်များ အနည်းငယ်ရပ်သွားကာ အာရုံစိုက်စွာ နားထောင်ခဲ့လေ၏။

“ သူမကိုကယ်ဖို့ နည်းလမ်းမရှိဘူး” မသဲမကွဲအသံဖြင့် ရှဲ့ချောင် ပြန်ပြောလိုက်၏။

သူမက ကောင်းတဲ့ကံတွေကိုပဲ စုဆောင်းနိုင်တာ။

မည်သို့သိနိုင်သလဲဆိုသည်အား ပြောရပါလျှင် သူမထံ၌ ကောင်းသောကံများ အလုံအလောက်စုဆောင်းမိခဲ့ပါက…သူမ မည်မျှကြာကြာ အသက်ရှင်နိုင်မည်အားကြည့်ရန် သူမ၏ ဂမ္ဘီရဉာဏ်အား အမှီပြုနိုင်ပေသည်။ ဤကဲ့သို့သောအရာအား ကြိုမြင်ရန်မှာ သူမအတွက် အနည်းနှင့်အများ ခက်ခဲနိုင်ကာ ရှေ့ဖြစ်ဟောခြင်းအနည်းငယ်နှင့်လည်း ပင်ပန်းနွမ်းနယ်နိုင်လေသည်။

ထို့အပြင် သူမ၏ ကိုယ်ပိုင်ခန္ဓာကိုယ်အား သူမ ခံစားနိုင်ပေသည်။

သာဓကအားဖြင့် လတ်တလောတွင် မင်းသား၏ ခြံဝင်းအတွင်း၌ စွမ်းအင်အများစုအား သုံးစွဲခဲ့ကာ အနည်းငယ်အားအင်ကုန်ခန်းခဲ့သည့် အချိန်ထက်စာလျှင် အခြားအချိန်များတွင် သူမ အဆင်ပြေပေသည်။

သူမ၏ ချောင်းဆိုးမှုသည်ပင် အနည်းငယ်လျော့ပါးလာပြီး အချိန်အတော်ကြာသည်အထိ သူမ သတိမလစ်တော့ပေ။

ထိုသည်မှာ ကျိုးမိသားစု၏ ကြီးမားသည့်ပြစ်မှုဖွင့်ချချက်ကြောင့် ဖြစ်ကောင်းဖြစ်နိုင်ကာ ကျေးဇူးတင်ရပေမည်။

“ ကျွန်တော်လည်း ကျွန်တော့်ညီမအကြောင်း အများကြီးမသိဘူး။ ဆရာမက သူမလိုပဲ တူညီတဲ့တာအိုဘုရားကျောင်းက လာခဲ့တာဆိုတော့ သူမအကြောင်း အများကြီးသိမယ်ဆိုတာ သေချာတယ်။ တကယ်လို့ သူမ တစ်ခုခုကိုကြိုက်တယ်ဆိုရင် ဆရာမကိုပဲ အဲ့ဒီအပေါ် ပိုပြီးအာရုံစိုက်ပေးဖို့ ဒုက္ခပေးရတော့မှာပဲ။ ကျေးဇူးအများကြီးတင်ပါတယ်!” ပြောပြီးသည်နှင့် ရှဲ့ဖင်းကန်း ရိုးရိုးဝိုင်အား တစ်ငုံသောက်လိုက်ပြီးနောက် ပန်းကန်လုံးအား မနှစ်မြို့စွာဖြင့် ဘေးသို့ရွှေ့လိုက်တော့သည်။

•••••

All Chapters