← Chapters

အလှလေးများ

Vol. 24 Ch. 445

အလှလေးများ

Vol. 24 Ch. 445

သူမ၏အစ်ကိုအကြီးဆုံးသည် အရမ်းစိတ်လှုပ်ရှားထိခိုက်လွယ်မှန်း ရှဲ့ချောင် မမျှော်လင့်ထားခဲ့ပေ။ သူမ မတတ်နိုင်ပဲ နှလုံးသားထဲတွင် အနည်းငယ်သော အနွေးဓာတ်လေးအား ခံစားလိုက်ရ၏။

ဒါပေမယ့်လည်း…သူ ဘယ်လောက်ပဲ သူမကို တုန်နေအောင်ချစ်ချစ်…

သူမရဲ့ ဝိုင်တွေကို သူ မခိုးသင့်ဘူးလေ!

“ ရှင့်ရဲ့ညီမက ဒီဝိုင်ကို ကြိုက်တယ်မဟုတ်ဘူးလား? ပထမသခင်လေးရှဲ့၊ ရှင်က သူမရဲ့ဝိုင်ကိုတောင် ခိုးလိုက်သေးတယ်လေ။ ရှင့်ညီမ အချိန်ဘယ်လောက်ကြာကြာ အသက်ရှင်နိုင်မယ်မှန်း ရှင် မသိဘူးဆို၊ သူမကို နည်းနည်းလောက် ပိုမပေးနိုင်ဘူးလား?” ရှဲ့ချောင် တတွတ်တွတ်ပြောလိုက်၏။

ဤဆရာမသည် အတော်လေး စေ့စပ်တိကျသည်ဟု ရှဲ့ဖင်းကန်း တွေးလိုက်၏။ ဒီလိုကိစ္စသေးသေးလေးအတွက်တောင်မှ သူမက ရှဲ့ချောင်ကို ခုခံကာကွယ်ပြောပေးနေလိုက်သေးတယ်။

“ ဝိုင်ကဝိုင်ပဲ၊ သူမက လူတစ်ယောက်။ ဒါနဲ့သူမနဲ့ ဘာမှမဆိုင်ဘူး! ကျွန်တော့်ညီမက နေရာတိုင်းမှာတော်ပေမယ့် သူမက အရမ်းကပ်စေးနှဲတယ်။ သူမက ဒီလိုမျိုးဝိုင်ကောင်းတွေကို ဖွက်ထားပြီး

ကျွန်တော့်ကို ပေးမသောက်ဘူး။ သူမက အဲ့တာကို မြေကြီးအောက်မှာ မြှုပ်ထားပြီး မွှေးရနံ့က မြွေတွေ၊ အင်းဆက်တွေ၊ ကြွက်တွေနဲ့ ပုရွက်ဆိတ်တွေဆီက အခိုးခံလိုက်ရတယ်လေ။ အဲ့တာက ဖြုန်းတီးမှုတစ်ခု မဟုတ်ဘူးလား? ပြီးတော့ သူမက မိန်းမငယ်လေးတစ်ယောက်။ သူမက ပန်းလက်ဖက်ရည်တစ်ချို့ကိုပဲ သောက်ဖို့လိုအပ်တာ။ ဝိုင်က ယောက်ျားတွေ သောက်သင့်တာလေ။ သူမက ကျွန်တော့်ကိုပေးဖို့ လက်ဦးမှုမယူခဲ့ဘူးဆိုရင် ကျွန်တော်က ကိုယ့်ဟာကိုယ်ပဲ တူးထုတ်နိုင်တော့တာပေါ့!” ရှဲ့ဖင်းကန်းအား ကြည့်ရသည်မှာ သူပြောခဲ့သည့်အရာမှာ အဓိပ္ပာယ်ရှိသကဲ့သို့ပင်။

ရှဲ့ချောင် သူမ၏ရင်ဘတ်အား ဖိလိုက်၏။

အနှေးနှင့်အမြန်ပင် သူမ၏ မိသားစုကြောင့် သေသည်အထိ ဒေါသထွက်ရလောက်သည်။

အမျိုးသမီးတစ်ယောက် ဝိုင်သောက်တာက ဖြုန်းတီးမှုတစ်ခုလား? သူက ဇနီးတစ်ယောက် မရှာနိုင်တာနဲ့ပဲ ထိုက်တန်တယ်!

ရှဲ့ချောင် တိတ်တဆိတ် သူ့အား မျက်ဆံလှန်ပြလိုက်၏။

ထိုဝိုင်အား ချက်လုပ်ရန်မှာ သူမအတွက် မလွယ်ကူကာ အရေအတွက်မှာလည်း အထူးသဖြင့် မများပေ။ သူမ၏ အစ်ကိုကြီးကိုသာ သောက်ခွင့်ပြုလိုက်မည်ဆိုပါက လတစ်ဝက်ဖြင့်ပင် ကုန်သွားနိုင်လေသည်။ သူမက ဘယ်လိုလုပ် ကပ်စေးနှဲရမှာလဲ?

မည်သို့ပင်ဖြစ်စေ ယခုအချိန်၌ သူမ သေချာရှင်းမပြနိုင်ချေ။

သနားစရာ ရှဲ့ချောင်ပင်။ သူမ၏ ပုံရိပ်မှာ မူလက ပြည့်စုံသော်လည်း ယခု အိမ်ရှေ့စံမင်းသား၏ ရှေ့မှောက်တွင် များစွာလျှော့ချခံလိုက်ရလေသည်။

ရှဲ့ချောင် သူမ၏နှလုံးသားထဲတွင် ဝမ်းနည်းသွားလေ၏။

ထိုအချိန်၌ အိမ်ရှေ့စံမင်းသားသည် ဝိုင်အားနှစ်သက်သဘောကျသော လူတစ်ယောက်ဖြစ်လာလေသည်။

ပါးစပ်အပြည့်တစ်ငုံပြီးတစ်ငုံသောက်ကာ တကယ့်ကို များပြားလှသည်ပင်။ သူသည် ဝိုင်များအားလုံးကို တစ်စက်ပင် မကျန်အောင် သောက်ခဲ့လေသည်။

ပို၍ ကြောက်လန့်စရာကောင်းသည်က သူ၏ မျက်နှာအမူအရာမှာ လုံးဝပြောင်းလဲသွားခြင်း မရှိခဲ့ချေ။ သူသည် နှုတ်ခမ်းထောင့်စွန်းတွင် အေးစက်စက်အပြုံးတစ်ခုအား ချိတ်ဆွဲကာ တည့်တည့်မတ်မတ်ထိုင်နေခဲ့လေသည်။ သူ၏ ဘုရင်တစ်ပါးကဲ့သို့ ဟန်အမူအရာမှာလည်း လုံးဝယိုယွင်းသွားခြင်း မရှိပေ။ သူ့အား ကြည့်ရသည်မှာ ယခင်ကထက်ပင် ပို၍ အာဏာပြင်းနေလေသည်။

“ ငါ ဒီညသောက်တာ နည်းနည်းများသွားတယ်။ ငါအိမ်တော်မှာ နေလို့ရလား?” ကျောက်ရွှမ်ကျင်း၏ အသံမှာ အနည်းငယ်ကွဲအက်နေခဲ့ကာ နက်ရှိုင်း၍ ညှို့ဓာတ်ပါနေလေသည်။ သူ၏ မျက်လုံးများမှာလည်း မီးတောက်နေသည့်အတိုင်းပင်ဖြစ်သည်။ သူ စကားပြောလိုက်ချိန်တွင် ရှဲ့ချောင်အား တကယ်ကြီး ကြည့်နေခဲ့လေသည်။

ရှဲ့ချောင် နှလုံးခုန်သံတစ်ချက် လွဲသွားခဲ့၏။ သူမ

ဖော်ထုတ်ခံလိုက်ရပြီဟု တွေးမိလုနီးပါးပင်ဖြစ်၏။

“ ဒီခြူးတစ်ပြားမှမရှိတဲ့ ဆရာမ အခု သွားပါတော့မယ်။ ငါ့ရဲ့ ဆရာတူမောင်လေးကို ဂရုစိုက်ပေးဖို့ ရှဲ့သခင်လေးကိုပဲ ဒုက္ခပေးရတော့မှာပဲ!” ရှဲ့ချောင် ချက်ချင်းပင် ထွက်ပြေးတော့၏။

ရှဲ့ဖင်းကန်း အိမ်ရှေ့စံမင်းသားအား ကြည့်လိုက်ကာ တုံ့ဆိုင်းနေခဲ့လေသည်။

သူ…

အရှင့်သားကို ခစားပြီး…ညတာကို ကုန်ဆုံးဖို့ဆန္ဒရှိတဲ့ အစေခံမလေးတစ်ယောက်လောက်ကို သူ ရှာလိုက်သင့်လား?

ရှဲ့ဖင်းကန်းသည် အိမ်ရှေ့စံမင်းသားအား အနားယူရန် ခြံဝင်းဆီသို့ တွဲခေါ်လာရင်း တွေးတောနေခဲ့၏။ သူ၏ နှလုံးသားထဲတွင် အိမ်ရှေ့စံမင်းသားအား ပို၍ပင် လေးစားလာခဲ့လေသည်။

ဤအိမ်ရှေ့စံမင်းသားသည် သူ့ကဲ့သို့ တောင့်ခိုင်သန်မာသည့်ပုံ မပေါ်သော်လည်း သူ၏ အရက်ခံနိုင်ရည်မှာမူ အမှန်ပင် ရှဲ့ဖင်းကန်းထက် မနိမ့်ချေ။ ထို့အပြင်…အရှင့်သား၏ ဝိုင်အရသာခံနိုင်စွမ်းမှာ…သူ့ထက် အများကြီး ကောင်းလေသည်။ ထိုသည်အား အရှင့်သား မည်ကဲ့သို့တိုးတက်အောင်လုပ်လိုက်မှန်း သူ မသိပေ။

ကျောက်ရွှမ်ကျင်းသည် ခြေလှမ်းတိုင်းအား ဖြေးဖြေးမှန်မှန်လှမ်းလေသည်။ သူ၏ ရှည်လျားကာ ဖြောင့်တန်းသည့်နောက်ကျောသည် ဝိုင်မှ သူ့အပေါ်သို့ သက်ရောက်မှုမရှိသည့်အတိုင်း ကမ္ဘာ

လောကထဲတွင် ဂုဏ်ယူဝင့်ကြွားစွာ ရပ်တည်နေလေ၏။

သူ့အား အခန်းဆီသို့ ပြန်ပို့ပြီးနောက်တွင် ရှဲ့ဖင်းကန်း တံခါး၌ တစ်ခဏမျှရပ်ကာ အိမ်တော်ထိန်းအား ခေါ်လိုက်၏။ “ ငါတို့အိမ်တော်မှာ အထက်တက်ဖို့ ဆန္ဒရှိတဲ့လူ တစ်ယောက်ယောက်လောက်များ ရှိလား? ကြည့်ကောင်းပြီး စဥ်းစားချင့်ချိန်တတ်၊ ဖော်ရွေတတ်တဲ့တစ်ယောက်ကို ရွေးပြီး သူမကို အရှင့်သားရဲ့ အခန်းထဲကို ပို့လိုက်”

“ ကျွန်တော်တို့အိမ်တော်မှာ တကယ့်ကို တစ်ယောက်မှ မရှိပါဘူး…” ထိုသည်အား ကြားလိုက်ရချိန်၌ အိမ်တော်ထိန်းမှာ အံ့ဩထိတ်လန့်သွားလေသည်။ သူ တစ်ခဏမျှ တွေးတောနေပြီးနောက် ရုတ်တရက် ပြောလိုက်၏။ ဒါပေမယ့်…ကျွန်တော် သခင်လေးကို ဒါတော့ ပြောပြမယ်။ ဒီနေ့မနက်စောစောတုန်းက မင်းသားနင်ပေ့စံအိမ်ရဲ့ အကြီးဆုံးသခင်လေးက အလှလေးနှစ်ယောက် ပို့

လိုက်ပါတယ်။ သူတို့ လုပ်နိုင်လိမ့်မယ်လို့ သခင်လေးထင်လား?”

“ အလှလေးတွေ?” ရှဲ့ဖင်းကန်း မျက်မှောင်ကြုတ်လိုက်၏။ “ လက်ဆောင်တွေပို့လိုက်တဲ့ အကြီးဆုံးသခင်လေးက ဘယ်သူလဲ? ငါ သူ့ကို သိလား?”

“ ကျွန်တော်တို့တွေ အရင်တုန်းက တစ်ဦးနဲ့တစ်ဦး အပြန်အလှန် အကျိုးမပြုခဲ့ကြဖူးပါဘူး။ အကြီးဆုံးသခင်လေးရဲ့လူတွေ ပြောတာကတော့ သူတို့က သခင်လေးရဲ့ ဆွဲဆောင်နိုင်တဲ့ အရည်အချင်းကို လေးစားတာမလို့ သူတို့က သခင်လေးနဲ့ သင့်သင့်မြတ်မြတ် ဖြစ်ချင်တာပါ။ ဒါနဲ့ ဒီအစေခံအိုကြီးက အနီးတစ်ဝိုက်မှာ မေးမြန်းကြည့်ပြီးတော့ အကြီးဆုံးသခင်လေးက မကြာခင်မှာ အလုပ်တစ်ခုကို ယူလိမ့်မယ်ဆိုတာ ရှာတွေ့လာခဲ့ပါတယ်။ ဒီအလုပ်က သခင်လေး ဒါမှမဟုတ် သခင်ကြီးနဲ့များ သက်ဆိုင်နေမလားလို့ ဒီအစေခံအိုကြီး ထင်မြင်မိပါတယ်…” အိမ်တော်

ထိန်းမှ စဥ်းစားကာ ပြောလိုက်၏။

ထိုသည်မှာ တစ်ခုတည်းသော ရှင်းပြချက်ဖြစ်၏။

မင်းသားနင်ပေ့သည် လွန်ခဲ့သည့်လအနည်းငယ်ခန့်ကမှ မြို့တော်သို့ ဝင်ရောက်လာသည်ဖြစ်ကြောင်း ရှဲ့ဖင်းကန်း သိထားသောကြောင့် ထိုသူ့အား သူ တကယ့်ကို မသိပါချေ။

“ အမျိုးသမီးတွေက တော်တော်လှလား? သူတို့မှာ ဘယ်လိုစရိုက်လက္ခဏာမျိုးရှိလဲ? လူတွေကို ကိုယ်လုပ်တော်ဖြစ်ဖို့အတွက် ဖိအားပေးတဲ့အရာမျိုးတွေ ငါတို့မိသားစုက မလုပ်ဘူးနော်။ သူတို့ ထွက်သွားချင်တယ်ဆိုလည်း အဆင်ပြေတယ်။ တကယ်လို့ သူတို့ ထွက်မသွားချင်ဘူးဆိုရင် ခေါ်လာခဲ့လိုက်၊ ငါ တစ်ချက်လောက် အရင် ကြည့်ကြည့်မယ်” ရှဲ့ဖင်းကန်း ပြောလိုက်၏။

•••••

All Chapters