အပြစ်ကင်းမှု
Vol. 24 Ch. 446
သခင်မလု ထွက်သွားပြီးနောက်တွင် မိသားစုတွင်းမှ အစေခံများမှာ အစားထိုးခံလိုက်ရ၏။
ရှဲ့ဖင်းကန်း ကြိုက်နှစ်သက်သည့်လူများမှာ သန်မာကြသလို ရိုးသားကြလေသည်။ ကြည့်ကောင်းသည့်လူများမှာ အလွန်နည်းပါးစွာသာ ရှိလေ၏။ ထို့အပြင် ရှဲ့ဖင်းကန်းအား အချိန်အတော်ကြာ ကြောက်ရွံ့ခဲ့ကြပြီးနောက်ပိုင်းတွင် မူလအစ
က သူ့အား မျက်နှာလုပ်ချင်ခဲ့ကြသော်လည်း ရည်ရွယ်ချက်မှာ ပျောက်ကွယ်သွားခဲ့လေ၏။
သူ့ရဲ့ကိုယ်လုပ်တော် လုပ်ရဲတဲ့ လူတစ်ယောက်ကို သူတို့က ဘယ်လိုလုပ်ရှာနိုင်မှာတဲ့လဲ?
အိမ်တော်ထိန်းသည် ချက်ချင်းပင် လူများအား ခေါ်ရန်သွားခဲ့ကာ မကြာမီတွင် အမျိုးသမီးနှစ်ယောက် ရောက်ရှိလာခဲ့၏။
၎င်းတို့ထဲမှတစ်ယောက်သည် အားနည်း၍ အထိအခိုက်မခံကာ တစ်ခြားတစ်ယောက်သည် နှစ်လိုဖွယ်ကောင်း၍ စွဲမက်စရာကောင်းလေသည်။ ၎င်းတို့သည် မြေပြင်ပေါ်၌ ဒူးထောက်ချလိုက်ကာ သိမ်မွေ့နူးညံ့သည့်အသံဖြင့် ရှဲ့ဖင်းကန်းအား ပြောလိုက်၏။
“ ပထမသခင်လေးကို သခင့်ရဲ့အစေခံများက
နှုတ်ခွန်းဆက်သပါတယ်”
ရှဲ့ဖင်းကန်း အနည်းငယ် ခေါင်းညိမ့်ပြလိုက်ကာ “ မဆိုးဘူး၊ မင်းတို့ရဲ့ပုံစံက မဆိုးဘူးပဲ။ မင်းသားနင်းပေ့ရဲ့ မိသားစုက သခင်လေးက ဘာလို့များ မင်းတို့နှစ်ယောက်ကို ဒီနေရာပို့လိုက်တာပါလိမ့်? ငါ့ရဲ့ ကိုယ်လုပ်တော်တွေ ဖြစ်ဖို့အတွက်လား?”
“ ကျွန်တော်မျိုးမတို့ အလိုရှိပါတယ်”
ထိုနှစ်ယောက် ထပ်မံပြောလိုက်၏။
“ အင်း၊ ငါကတော့ အလိုမရှိဘူး”
ရှဲ့ဖင်းကန်း နှာမှုတ်လိုက်ကာ ထပ်မေးလိုက်၏။
“ မင်းတို့ ငါနဲ့ပတ်သက်တဲ့ဘာကို ကြိုက်ကြတာ
လဲ?”
အမျိုးသမီးနှစ်ယောက်သည် အကြောက်တရားဖြင့် တုန်လှုပ်သွားကြသော်လည်း မည်သို့ပင်ဖြစ်စေ ဖြေခဲ့လေ၏။
“ ပထမသခင်လေးက ရဲစွမ်းသတ္တိရှိပြီး အလွန်ရဲရင့်…”
“ မင်းတို့ရဲ့ စကားလုံးတွေကနေ မင်းတို့က ရိုးသားစစ်မှန်မှုမရှိဘူးဆိုတာ သိသာထင်ရှားနေတယ်။ ဒီလိုဆိုရင်ကော၊ ငါ မင်းတို့ကို ရွေးချယ်စရာသုံးခု ပေးလိုက်မယ်။ ပထမတစ်ခုက ငါ မင်းတို့ကို အဝေးပို့လိုက်မယ်။ မင်းတို့သွားလိုတဲ့ ဘယ်နေရာကိုမဆို သွားနိုင်တယ်။ ဒုတိယတစ်ခုက မင်းတို့ ဒီနေရာမှာနေနိုင်ပြီး အစေခံတစ်ယောက်ဖြစ်နိုင်တယ်။ မင်းတို့လုပ်ဖို့လိုအပ်တဲ့ အရာအားလုံးက အလုပ်ကြိုးစားဖို့ပဲ။ မင်းတို့ ကောင်းကောင်းမ
လုပ်ခဲ့ဖူးဆိုရင် ထွက်သွားရလိမ့်မယ်။ တတိယရွေးချယ်စရာက…အိမ်ရှေ့စံမင်းသားက အိမ်တော်ထဲမှာ ရှိနေပြီးတော့ သူ့ကို ခစားဖို့ တစ်ယောက်ယောက်ကို လိုအပ်နေတယ်” ရှဲ့ဖင်းကန်း ထပ်မံပြောလိုက်၏။
သူလုပ်ခဲ့သည်မှာ မှားသည်ဟု သူ မခံစားရချေ။
အိမ်ရှေ့စံမင်းသားက သူ့ရဲ့အိမ်တော်ထဲမှာ တည်းနေတယ်။ အရာရှိတွေရဲ့ စည်းမျဥ်းတွေအရ သူတို့တွေ သူ့ရဲ့ တည်းခိုမှုကို သက်သောင့်သက်သာဖြစ်အောင် လုပ်ပေးရလိမ့်မယ်။
“ အိမ်-အိမ်ရှေ့စံမင်းသား?” အမျိုးသမီးငယ်လေးနှစ်ယောက် ထိတ်လန့်သွားကြ၏။
“ ဟုတ်တယ်” ရှဲ့ဖင်းကန်း ခေါင်းညိတ်လိုက်၏။
“ ဒါတွေက ရွေးချယ်စရာသုံးခုပဲ။ မြန်မြန်ရွေးကြ”
ရွေးချယ်စရာ လိုသေးလို့လား?
အမျိုးသမီးငယ်လေးနှစ်ယောက်မှာ ရှက်ရွံ့သည့်မျက်နှာထားများအား ဖော်ထုတ်ပြသလိုက်လေ၏။
“ ကျွန်-ကျွန်တော်မျိုးမတို့ အိမ်ရှေ့စံမင်းသား၊ အရှင့်သားကို ခစားဖို့ ဆန္ဒရှိပါတယ်…”
“ ဟား၊ အစောပိုင်းတုန်းက မင်းတို့ပြောတာတွေက အလိမ်အညာတစ်ခုမှန်း ငါသိသားပဲ” ရှဲ့ဖင်းကန်း နှာမှုတ်လိုက်ကာ ၎င်းတို့အား အထင်သေးစွာ ကြည့်လိုက်လေသည်။
“ ဟုတ်ပြီ၊ ဝင်သွားပြီး အိမ်ရှေ့စံမင်းသားကို ကောင်းကောင်းခစားလိုက်ကြ။ တကယ်လို့ အရှင့်သား မပျော်ရွှင်ဘူးဆိုရင် ငါ မင်းတို့ကို နုပ်နုပ်စင်းပစ်မယ်”
၎င်းတို့နှစ်ယောက်မှာ ပျော်ရွှင်သလို ကြောက်ရွံ့သွားကြ၏။
ရှဲ့ဖင်းကန်းသည် အလွန်တည့်တိုးဆန်လေသည်။ ၎င်းတို့အား အိမ်ထဲသို့ ပို့ပြီးသောအခါ အချိန်မဆိုင်းပင် အိမ်တော်ထိန်းနှင့် ထွက်ခွာသွားခဲ့လေသည်။
ထိုအချိန်တွင် အိမ်ရှေ့စံမင်းသားသည် အိပ်ရာထက်၌ လဲလျောင်းနေကာ သူ၏မျက်ခုံးများအား အနည်းငယ်တွန့်ချိုးထားရင်း အနားယူနေလေသည်။
ဒီရှဲ့ဖင်းကန်းက တကယ့်ကို ဓားပြတစ်ယောက်ပဲ။ သူက အရက်နာကျသက်သာမယ့် စွပ်ပြုတ်လေးနည်းနည်းကိုတောင် တစ်ယောက်ယောက်ကို မပို့ခိုင်းဘူး။
ထိုအခိုက်အတန့်တွင် အခန်းထဲသို့ တစ်စုံတစ်ယောက် လျှောက်ဝင်လာလေသည်။
မွှေးရနံ့ပေါင်ဒါ၏ အနံ့မှာ သူ့အား ရုတ်ခြည်းပင် နိုးသွားစေခဲ့၏။ အမျိုးသမီးငယ်လေးနှစ်ယောက်မှ ဖရိုဖရဲဖြင့် သူ့အိပ်ရာထက်သို့ တွယ်တက်ချင်နေကြောင်းကိုသာ တွေ့လိုက်ရလေသည်!
ဘုတ်ခနဲမြည်သံနှင့်အတူ ကျောက်ရွှမ်ကျင်း ၎င်းတို့အား အိပ်ရာပေါ်မှ ကန်ချလိုက်၏။
အမျိုးသမီးနှစ်ဦးသည် ချက်ချင်းပင် အိပ်ရာအောက်၌ ဒူးထောက်လိုက်ကြလေသည်။
“ အရှင့်သား၊ ကျွန်-ကျွန်တော်မျိုးမတို့က အရှင့်သားကို ခစားဖို့ ရောက်လာခဲ့တာပါ…”
“ ရှဲ့ဖင်းကန်း၊ အဲ့ဒီခွေးကောင်ကတော့၊ မင်းတို့နှစ်ယောက်ကိုလာဖို့ တောင်းဆိုလိုက်တာလား?” ကျောက်ရွှမ်ကျင်း၏ အသံမှာ အေးစက်နေလေသည်။
“ ဟုတ်ပါတယ်” ထိုနှစ်ယောက်မှ လျင်မြန်စွာ ပြန်ဖြေလိုက်၏။
၎င်းတို့၏ ပါးလျသော အဝတ်ပါးလေးများသည် သူမတို့၏ ပခုံးများထက်မှပင် လျှောကျနေကာ
သူမတို့၏ ဖြူဖွေးသော အသားအရေအား လှစ်ဟပြသနေလေ၏။ ကျောက်ရွှမ်ကျင်း သရော်ပြုံးပြုံးလိုက်ကာ “ မင်း တခြားတစ်ယောက်ကို ဖျော်ဖြေဖို့ မသင်ယူနိုင်သေးမချင်း မင်းက ကိုယ့်ကိုကိုယ်အတွက်တောင် ဇနီးတစ်ယောက်ရအောင် လုပ်နိုင်မှာ မဟုတ်ဘူး။ ထွက်သွားကြစမ်း!”
အဲ့ဒီအကောင်က သူ့ဦးနှောက်ကို မသုံးနိုင်ဘူးလား?
“ အရှင့်သား…ကျွန်တော်မျိုးမက အပြစ်မဲ့ပါတယ်။ ကျွန်တော်မျိုးမ အရှင့်ကို ဂုဏ်သရေပျက်အောင် မလုပ်ပါဘူး…” ၎င်းတို့ထဲမှ တစ်ယောက်သည် လျင်မြန်စွာ တက်လာကာ သူမ၏လက်အား အိမ်ရှေ့စံမင်းသား၏ ခြေထောက်ပေါ်သို့ တင်လိုက်၏။
“ မင်းရဲ့လက်တွေက အရမ်းလှပတယ်။ အဲ့တာတွေကို နုပ်နုပ်စင်းပြီး ဝန်ကြီးရှဲ့ကို ပေးလိုက်ရင် မဆိုးဘူးပဲ” အိမ်ရှေ့စံမင်းသား၏ အသံမှာ အေးစက်နေလေသည်။
“ မင်း အရှေ့နန်းတော်ကို ဝင်ချင်တာလား? မင်း အသက်ရှင်လျက်နဲ့ ဝင်သွားပြီး ပြန်ထွက်တဲ့အချိန်ကျ သေဆုံးနေရလိမ့်မယ်။ တကယ်လို့ မင်းဆန္ဒရှိတယ်ဆိုရင်တော့ ပထမဆုံးအနေနဲ့ ငါ မင်းရဲ့မိသားစုဆီ ငွေစပမာဏတစ်ခုကို လျော်ကြေးအနေနဲ့ ပေးနိုင်ပါတယ်”
ထိုလက်မှာ နေရာတွင်ပင် ခဲတောင့်သွားလေ၏။
သူမ၏ မျက်နှာထက်ရှိ အရောင်မှာ ရုတ်ခြည်းပင် ပျောက်ဆုံးသွားကာ ဖြူဖျော့လာလေသည်။
“ အရှင့်သား၊ ကျေးဇူးပြုပြီး ကျွန်တော်မျိုးမရဲ့အသက်ကို ချမ်းသာပေးပါ!”
အိမ်ရှေ့စံမှ ထိုလူနှစ်ဦးအား တစ်ချက်အကဲခတ်ကြည့်လိုက်ကာ ရုတ်တရက်ပင် တစ်စုံတစ်ခု မှားယွင်းနေကြောင်း ခံစားလိုက်ရ၏။
“ မင်းတို့နှစ်ယောက်က ရှဲ့မိသားစုရဲ့ အစေခံတွေဟုတ်လို့လား?”
ကျောက်ရွှမ်ကျင်းထံမှ သေရည်အနံ့ထွက်နေလေသည်။ သူ၏ ခန္ဓာကိုယ်မှာ အနည်းငယ် လေးလံနေကာ သူ၏ မသပ်မရပ်ဖြစ်မှုထဲတွင် မကျေမနပ်ဖြစ်မှု အရိပ်အယောင်တစ်ခု ရှိနေခဲ့လေသည်။ သူ့အား ကြည့်ရသည်မှာ ခြိမ်းခြောက်နေသကဲ့သို့ပင်။
•••••