← Chapters

စိတ်မကျေနပ်သေးဘူးလား?

Vol. 24 Ch. 447

စိတ်မကျေနပ်သေးဘူးလား?

Vol. 24 Ch. 447

သူ ရှဲ့အိမ်တော်အား နှစ်ကြိမ်ရောက်ဖူး၏။ အိမ်တော်မှ အစေခံများနှင့် အစောင့်များမှာ အတူတူနီးပါးပင်ဖြစ်ကာ ၎င်းတို့၏ ပုံပန်းသွင်ပြင်များမှာ အလွန်ကြမ်းတမ်းကြ၏။

ဤနှစ်ယောက်မှာ ရှဲ့အိမ်တော်တွင်း၌ တမူထူးခြားသည်ဟု ယူဆနိုင်လေသည်။ ၎င်းတို့သည် ဤရှဲ့ဖင်းကန်း၊ ဤခပ်ကြမ်းကြမ်းလူမှ အကြိုက်တွေ့လောက်မည့် လူပုံစံလည်းမပေါ်ချေ။ 

“ ကျွန်-ကျွန်တော်မျိုးမတို့က မင်းသားနင်းပေ့ရဲ့ အိမ်တော်ကပါ။ ဒီနေ့မှ ရောက်လာတာပါ…” အမျိုးသမီးငယ်မှ ပြောလိုက်၏။

ကျောက်ရွှမ်ကျင်း သူ၏ မျက်ခုံးများကြား ပွတ်လိုက်ကာ “ ဘာလို့ မင်းသားနင်းပေ့အိမ်တော်က မင်းတို့နှစ်ယောက်ကို ရှဲ့ဖင်းကန်းဆီ ပို့လိုက်တာလဲ?”

မင်းသားနင်းပေ့သည် သစ္စာရှိသည့် ယောက်ျားတစ်ယောက်ဖြစ်၏။ သူသည် ကိုယ်လုပ်တော်များအား ပေးပစ်သည့် တစ်စုံတစ်ယောက်မဖြစ်သင့်ပေ။

“ ဒီအညတရ ကျွန်တော်မျိုးမက မူလပထမတုန်းက အရံကိုယ်လုပ်တော်ဖြစ်ခဲ့တာပါ။ အကြီးဆုံးသခင်လေးက ကျွန်တော်မျိုးမတို့ကို ခေါ်ဆောင်သွားခဲ့ပြီးတော့ ကျွန်-ကျွန်တော်မျိုးမတို့ ဒီကိုလာဖို့ စီစဥ်ခံခဲ့ရတာပါ” အမျိုးသမီးငယ်လေးသည် အလွန်သတိရှိလေ၏။ သူမ၏ အသံမှာ တုန်ယင်နေကာ သူမ၏ ခန္ဓာကိုယ်လေးသည်

အေးစက်နေလေသည်။

သခင်လေးရှဲ့ထံမှ အခေါ်ခံလိုက်ရချိန်၌ သူတို့သည် အလှပဆုံးသော အဝတ်အစားများအား အထူးတလည် လဲလှယ်ခဲ့ကြလေသည်။ သေချာပေါက်ပင် ၎င်းတို့သည် ကရော်ကမည်နိုင်ကာ အဆင်အပြေဆုံးများလည်း ဖြစ်ပေသည်။

ယခုအချိန်တွင် သူတို့သည် မြေပြင်ထက်၌ ဒူးထောက်နေခဲ့ကြပြီး အေးစက်စက်လေပြင်းတစ်ခုသည် ၎င်းတို့၏ အောက်ဖက်မှ ရောက်ရှိလာခဲ့ကာ မတတ်နိုင်ပဲ အအေးဓာတ်အား ခံစားလိုက်ရ၏။

ထို့အပြင် အိမ်ရှေ့စံမင်းသားသည် ဒေါသအမျက်ခြောင်းခြောင်းထွက်နေ‌ခဲ့‌လေ၏…

“ ကျောက်ရွှီကျီး?”

အိမ်ရှေ့စံမင်းသားမှ ခပ်ဖျော့ဖျော့ ရယ်မောလိုက်ကာ “ သူ မင်းတို့ကို တခြားဘာပြောလိုက်သေးလဲ?”

ထိုအခိုက်အတန့်တွင် အမျိုးသမီးငယ်နှစ်ယောက်မှာ သေဆုံးခြင်းဟူသည့် ခံစားချက်အား ရလိုက်လေသည်။ အရှင့်သား၏ အနီးတစ်ဝိုက်မှ သေရည်အနံ့သည် ၎င်းတို့၏ စိတ်အာရုံများအား မှုန်ဝါးသွားစေခဲ့လေသည်။ ဤကြောက်လန့်စရာ အသံအနေအထားအား ကြားလိုက်ရချိန်၌ သူတို့၏ ခန္ဓာကိုယ်များထဲမှ ဝိညာဥ်များထွက်သွားတော့မည့်အတိုင်း ခံစားလိုက်ကြရ၏။ 

“ အရှင့်သား၊ အကြီးဆုံးသခင်လေးက ကျွန်တော်မျိုးမတို့ကို ရှဲ့သခင်မလေးအကြောင်း စုံစမ်းခဲ့ဖို့ပဲ ပြောထားတာပါ။ သူ တကယ့်ကို တခြားအရာတွေလုပ်ဖို့ မပြောခဲ့ပါဘူး၊ အရှင့်သားကို အများ

ကြီး အထိအခိုက်နည်းစေမှာပါ!”

ထိုအချိန်၌ သူတို့ မတတ်နိုင်ပဲ အတွေးလွန်မိကြလေသည်။

ဘာလို့ အရှင့်သားက အရမ်းဒေါသထွက်နေရတာလဲ?

ရှဲ့ဖင်းကန်းက အရှင့်သားရဲ့ လူယုံတော်ဖြစ်နေလို့ ဖြစ်ရမယ်။ ရှဲ့မိသားစုကို ကျောက်ရွှီကျီး အရမ်းမျက်နှာလိုမျက်နှာရလုပ်နေတာက အရှင့်သားရဲ့ တည်နေရာတွေကို စုံစမ်းထောက်လှမ်းဖို့များ ဖြစ်နိုင်မလား?!

အရှင့်သားလည်း အဲ့လို တွေးမိမှာပဲ!

ဒါ-ဒါပေမယ့် အဲ့တာက တကယ့်ကိစ္စမဟုတ်ဘူးလေ…

ထိုအချိန်၌ နှစ်ယောက်သားမှာ ချောက်ချားသွားကြလေသည်။

“ အရှင့်သား၊ အကြီးဆုံးသခင်လေးက ကျွန်တော်မျိုးမတို့ကို ရှဲ့သခင်မလေးရဲ့ အကြိုက်ဆုံးအရာတွေကို ရှာခဲ့ဖို့ ပြောလိုက်ပါတယ်။ ရှဲ့သခင်မလေး အပြင်သွားတဲ့အခါ ကျွန်တော်မျိုးမတို့က သူ့ကို သတင်းပို့ပေးရမှာပါ။ အဲ့တာကြောင့်မလို့…အကြီးဆုံးသခင်လေးက ရှဲ့မိသားစုရဲ့ သခင်မလေးကို အကြိုက်တွေ့နေရုံတင် ဖြစ်ပါလိမ့်မယ်၊ ဒါကြောင့်ပဲ သူ အင်အားတွေအများကြီး စိုက်ထုတ်နေတာပါ။ သူ-သူက ရှဲ့သခင်လေးကို မျက်နှာလုပ်ဖို့ တွေးနေတာ မဟုတ်ရပါဘူး…”

“ သခင်မလေးကို အကြိုက်တွေ့နေရုံတင်? ဟား”

ကျောက်ရွှမ်ကျင်း နှုတ်ခမ်းသပ်ကာ ပြောလိုက်၏။

အမျိုးသမီးငယ်လေးနှစ်ယောက်မှာ တုန်လှုပ်သွားကြကာ အရှင့်သား ဆိုလိုသည်အား နားမလည်ခဲ့ကြပေ။

“ မနက်ဖြန်နေ့လည်ကျရင် သခင်မလေးရှဲ့ ယွဲ့ဖုန်းစားသောက်ဆိုင်ကို သွားလိမ့်မယ်လို့ သတင်းပို့လိုက်”

ကျောက်ရွှမ်ကျင်း သူ၏ လက်ချောင်းများအား ပွတ်လိုက်သည်။ သူသည် ပျော်ရွှင်နေပုံလည်း မပေါ်သလို ဒေါသထွက်နေပုံလည်း မပေါ်ချေ။ သို့သော်လည်း ထိုသည်ကပင် လူများအား မလွယ်ကူဟု ခံစားရအောင် လုပ်နေလေသည်။

အမျိုးသမီးငယ်နှစ်ယောက်မှ ပြန်ပြောလိုက်၏။ “ နားလည်ပါပြီ”

“ သတင်းပို့ပြီးသွားရင် မင်းတို့နှစ်ယောက် ရှဲ့ဖင်းကန်းဆီကို သွားရလိမ့်မယ်။ မင်းတို့တွေ ဘာကိုပဲလုပ်လုပ် ငါ ဝန်ကြီးရှဲ့ကို ဆိုးရွားတဲ့အခြေအနေမှာ မြင်ချင်တယ်” ကျောက်ရွှမ်ကျင်း ထပ်ဖြည့်လိုက်၏။

၎င်းတို့နှစ်ယောက် အလွန်အမင်း နောင်တရသွားခဲ့လေ၏။

အရှင့်သားသည် အလွန်ဇီဇာကြောင်သည်ကို သူမတို့ မသိခဲ့ကြပေ။ စောစောကသာ သူမတို့သိခဲ့ပါလျှင် အစပထမကတည်းက ရှဲ့သခင်လေးအား ပို၍ အားထုတ်ကြိုးပမ်းခဲ့မည်ပင်!

ကောင်းရော။ သခင်လေးရှဲ့က သူတို့တွေက သူ့ကို မျက်နှာလုပ်နေတယ်လို့ပဲ ခိုင်ခိုင်မာမာ ယုံကြည်ထားပြီဆိုတော့ အခု သူက ဘယ်လိုလုပ် သူမတို့ကို ဂရုစိုက်တော့မှာတဲ့လဲ?

ပြီးတော့ သူမတို့ သူ့ကို ဝေဒနာခံစားရအောင် လုပ်ရမှာ…

သခင်လေးရှဲ့၏ ပြင်းထန်သည့်အကြည့်အား တွေးလိုက်ကြရင်း သူတို့ ကြာကြာမနေရတော့ဟု ခံစားလိုက်ရသည်။

“ ဒီနေရာက ထွက်သွားတော့။ အိမ်တော်ထိန်းကို အမူးပြေစွပ်ပြုတ် နည်းနည်းလောက်လုပ်ဖို့ ပြောလိုက်” ကျောက်ရွှမ်ကျင်း ပြောလိုက်၏။

ထိုသည်အား ကြားလိုက်ရချိန်၌ ၎င်းတို့နှစ်

ယောက်သားသည် ချက်ချင်းပင် မြေပြင်ပေါ်မှ ထလိုက်ကာ အမောတကော ထွက်ပြေးသွားခဲ့ကြလေသည်။

၎င်းတို့နှစ်ယောက်သည် စဥ်းစားချင့်ချိန်တတ်လေသည်။ ၎င်းတို့သည် ပထမဆုံးအနေနှင့် အိမ်တော်ထိန်းအား အကြောင်းကြားလိုက်ပြီးနောက် အိမ်ရှေ့စံမင်းသား၏ တောင်းဆိုချက်အတိုင်း မဆိုင်းမတွပင် သတင်းပို့ရန် နံရံအပြင်ဘက်မှ ခွေးတိုးပေါက်ဆီသို့ သွားလိုက်ကြလေသည်။ ၎င်းတို့သည် စာတစ်စောင်အား ချန်ခဲ့ကြလေ၏။ နောက်တစ်နေ့မနက် နေမထွက်မီတွင် စာအား ကျောက်ရွှီကျီးဘက်မှ တစ်စုံတစ်ယောက်က လာယူသွားပေလိမ့်မည်။

ထိုအချိန်တွင် ရှဲ့ဖင်းကန်းမှာ စိတ်ရှုပ်ထွေးနေလေသည်။

“ သူက ဘာလို့ မင်းတို့နှစ်ယောက်ကို ကန်ထုတ်လိုက်တာလဲ?” ရှဲ့ဖင်းကန်းတစ်ယောက် အကြံအိုက်နေလေသည်။

သူတို့က တော်တော်လေးလှကြပါတယ်။ ဘာလို့ သူက စိတ်မကျေနပ်ရတာလဲ?

•••••

All Chapters