← Chapters

မမေ့နိုင်သော

Vol. 24 Ch. 448

မမေ့နိုင်သော

Vol. 24 Ch. 448

ရှဲ့ဖင်းကန်းမှာ နားမလည်ခဲ့သော်လည်း သူသည် သဘောထားကြီးသည့်လူတစ်ယောက် ဖြစ်ပေသည်။ အိမ်ရှေ့စံမင်းသားသည် ၎င်းတို့အား မကြိုက်သောကြောင့် မေ့ထားလိုက်တော့၏။ နောက်ဆုံးတွင်တော့ နောက်ကျသွားလေပြီ။ ယခုအချိန်မှ ဆောင်ကြာမြိုင်သို့သွားကာ ကြည့်ကောင်းသည့်လူအနည်းငယ်အား ရှာလာရန်မှာ သူ့အတွက် ဆိုးရွားလိမ့်ပေမည်။

မည်သို့ပင်ဖြစ်စေ ဤအမျိုးသမီးငယ်လေးနှစ်ယောက်သည် ထွက်ခွာသွားရန် ငြင်းဆန်ခဲ့ကြသည်လေ။

စာအား ပေးပို့ပြီးနောက် ၎င်းတို့သည် ရှဲ့ဖင်းကန်း၏ ခြံဝန်းအဝင်ပေါက်၌ နေကြကာ မည်သည့်ကိစ္စပင်ရှိပါစေ အထဲသို့ ဝင်သွားချင်နေခဲ့ကြလေသည်။

၎င်းတို့အား နားထောင်ရန် ရှဲ့ဖင်းကန်း ငြင်းဆန်လိုက်၏။ ရုတ်တရက်ပင် ၎င်းတို့အား သူ၏ ခြံဝန်းအပြင်သို့ လွှင့်ပစ်လိုက်သည်။ တံခါးသော့ခတ်ပြီးသည်နှင့် မည်သူမှဝင်၍ မရတော့ပေ။ သူ ၎င်းတို့အား ခြံဝန်းအပြင်၌ပင် ငိုခွင့်သာပြုထားလိုက်လေ၏။ ဝမ်းနည်းပူဆွေးနေသည့် အသံများမှာ တစ်ကောင်ပြီးတစ်ကောင် လာရောက်နေသည့် သရဲတစ္ဆေများ၏ မြည်ကြွေးသံများကဲ့သို့ပင်။ သို့သော်လည်း ရှဲ့ဖင်းကန်းသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်နိုင်ကာ လုံးဝဂရုစိုက်မနေခဲ့ချေ။ 

သူ ပူပန်နေသလား? လုံးဝပဲ။

ရှဲ့ချောင် ပြန်ရောက်ပြီးနောက်တွင် အိပ်ရာဝင်ခဲ့လေသည်။ ဤအကြောင်းအရာများနှင့် ပတ်သက်၍ သူမ မည်သည်ကိုမျှ မသိခဲ့ပါချေ။

နောက်တစ်နေ့တွင် သူမ ကျောင်းတော်သို့ နာနာခံခံသွားခဲ့ကာ မည်သည့်မေးခွန်းမှ ထပ်မမေးခဲ့ပေ။

မွန်းလွဲပိုင်းတွင် အိမ်ရှေ့စံမင်းသားသည် သူ၏နောက်ပါးမှ ရှဲ့ဖင်းကန်းနှင့် ယွဲ့ဖုန်းစားသောက်ဆိုင်အတွင်း၌ ထိုင်နေခဲ့လေ၏။

“ အရှင့်သား၊ ဒီမှာ တကယ့်ကို စိုးရိမ်ရတဲ့ရာဇဝတ်သားတစ်ယောက် ရှိတာလား?” ရှဲ့ဖင်းကန်း အနည်းငယ်သင်္ကာမကင်း ဖြစ်နေလေသည်။

ဒီလိုစားသောက်ဆိုင်အကြီးကြီးမှာ အစောင့်တွေ ဆယ်ယောက်ထက်မနည်းရှိတာကို။ ဝရမ်းပြေးတစ်ယောက်က ဘယ်လိုလုပ် ဒီနေရာကို လာရဲမှာလဲ?

“ ဒီဝရမ်းပြေးက ဒီအခန်းကို ကြိုပြီးငှားထားတယ်လို့ ငါ သတင်းရထားတယ်။ နောက်ကျရင် တစ်ယောက်ယောက်ဝင်လာသမျှ ဘယ်သူပဲဖြစ်နေပါစေ သူ့ကို မြေကြီးပေါ်လဲတဲ့အထိ အရင် ရိုက်ထားလိုက်။ သူ့ကို အသက်ရှုဖို့ အခွင့်အရေးတစ်ခုတောင် မပေးနဲ့၊ နားလည်လား?” ကျောက်ရွှမ်ကျင်း အပြုံးတစ်ခုဖြင့် ပြောလိုက်ကာ သူ၏မျက်ဝန်းများအတွင်း၌ အေးစက်စက်အလင်းဖျော့တစ်ခု ရှိနေလေသည်။

“ ဟုတ်ကဲ့” ရှဲ့ဖင်းကန်း ခေါင်းညိမ့်လိုက်၏။

အရှင့်သားက သူ့ကို အရမ်းယုံကြည်တာပဲ။ ဒီနေ့ သူအပြင်ထွက်လာတဲ့အချိန်မှာ အဲဒီလက်ပါးစေ ကျို့ဝေ့ကျုံးကိုတောင် ခေါ်မလာခဲ့ဘူး။ သူက တစ်ချိန်လုံး သူ့ကို ကာကွယ်ဖို့ ရှဲ့ဖင်းကန်းကိုပဲ တောင်းဆိုခဲ့တာ။

ထို့ကြောင့် မည်သည့်ကိစ္စမျိုးပင်ဖြစ်လာပါစေ အိမ်ရှေ့စံမင်းသားအား ထိုဝရမ်းပြေးမှ ထိခိုက်နာကျင်စေမည်ကို သူ လုံးဝခွင့်ပြုမည်မဟုတ်ပေ။

ရှဲ့ဖင်းကန်း တစ်ခဏမျှတွေးလိုက်ကာ တံခါး၌ ရပ်နေလိုက်၏။

စားပွဲထိုးအား အနားလို့မလာရန် ကြိုပြောထားပြီးဖြစ်သောကြောင့် သူ မတော်တဆ စားပွဲထိုးအား ထိခိုက်မိမည်ကို စိတ်ပူရန် မလိုအပ်တော့ချေ။

ကျောက်ရွှမ်ကျင်း သူ၏လက်ဖက်ရည်အား နည်းနည်းချင်း သောက်လိုက်ကာ သူ၏မျက်နှာထက်၌ အပြုံးတစ်ခု ဖြစ်ပေါ်နေခဲ့လေသည်။

ရှဲ့ဖင်းကန်းအား ကြည့်ရသည်မှာ ကြမ်းကြုတ်ရက်စက်နေလေသည်။ သူ အိမ်ရှေ့စံ

မင်းသား၏လက်ထဲမှ လက်ဖက်ရည်အား တစ်ချက်ကြည့်လိုက်ကာ စိတ်ထဲ၌သာ ရယ်မောလိုက်၏။ ဒီလက်ဖက်ရည်က…ဘာများအရမ်းကောင်းနေတာပါလိမ့်? အရှင့်သားက ခုနတုန်းကတော့ နည်းနည်းဒေါသထွက်နေတဲ့ပုံပေါ်ပေမယ့် အခုကျ သူက လက်ဖက်ရည်သောက်ရင်း ပြုံးနေတယ်?

သူ့အတွက်မူ လက်ဖက်ရည်သည် ဒီအတိုင်း အရွက်များသာဖြစ်လေသည်။ ထိုအရာအား သူစားလိုက်ပါက ခါးသက်မှုမှာ မျိုချရန် ခက်ခဲပေလိမ့်မည်။ ဒုဗ္ဘိက္ခန္တရကပ် (ငတ်မွတ်ခြင်းဘေးကြီး)ထဲတွင် မည်သည့်စားစရာမှ မရှိသည့်အဖြစ်သို့ မရောက်မချင်း သူသည် မြက်စားသည့် နွားတစ်ကောင်ဖြစ်ရန် ဆန္ဒမရှိပေ။

မည်သို့ပင်ဖြစ်စေ ဤအရာမှာ အရှင့်သားနှင့် သူ့ကြားမှ ကွာခြားချက်ဟု တွေးလိုက်၏။

အိမ်ရှေ့စံမင်းသားထံတွင် တော်ဝင်ဂုဏ်ပုဒ်ရှိကာ အကြောင်းအရာများစွာအား သိလေ၏။ သူ(အရှင့်သား)သည် သူ့လောက် မသန်မာသော်လည်း သူ(အရှင့်သား)၏ အသံအား မြှင့်မည်မဟုတ်ပဲ လူများသည် သူ့အနားသို့ မချဥ်းကပ်ရဲကြပေ။

သူသည် ဘုရင်တစ်ပါး၏ ဩဇာတိက္ကမဖြင့် မွေးဖွားလာခဲ့သည်ပင်။

“ အရှင့်သား၊ သူက ဘယ်လိုရာဇဝတ်သားမျိုးလဲ? သူက ဘယ်အမှုမှာပါတာလဲ?”

စောင့်ဆိုင်းနေဆဲတွင် ရှဲ့ဖင်းကန်း မတတ်နိုင်တော့ပဲ မေးလိုက်၏။

“ သူက ပြစ်မှုဆယ်ခုကို ကျူးလွန်ခဲ့တာ” ကျောက်ရွှမ်ကျင်းမှ သာမန်ကာလျှံကာ ပြောလိုက်၏။

“ ပြစ်မှုဆယ်ခု?” ရှဲ့ဖင်းကန်း၏ နှလုံး ခုန်သံတစ်ချက် လွဲသွားလေသည်။

ဒီဝရမ်းပြေးက တကယ့်ကို အရှက်မရှိတာပဲ။ သူက ထွက်ပြေးသွားခဲ့ပေမယ့် ပြန်လာရဲတယ်?

ရှဲ့ဖင်းကန်းသည် ပို၍လေးနက်လာခဲ့ကာ သူ၏ လက်ထဲမှ အဖျားမော့ဓားရှည်အား ပို၍ပင် တင်းကြပ်စွာ ဆုပ်ကိုင်လိုက်လေသည်။

“ အရှင့်သား၊ ကျွန်တော်မျိုး သူ့ကို နေရာမှာတင် ကွပ်မျက်လိုက်စေချင်ပါသလား?” 

“ သူ့ကို နေရာမှာတင် ကွပ်မျက်မယ်?”

ကျောက်ရွှမ်ကျင်း အဖျားမော့ဓားရှည်အား ကိုင်ထားသည့် သူ့လက်အား ကြည့်လိုက်ကာ “ ဝန်ကြီးရှဲ့၊ ဓားရှည်ကို ချထားပါဦး။ ငါ သူ့ကို အရှင်ဖမ်းချင်တာ။ ငါ့မှာ သူ့ကို မေးစရာတွေအများကြီးရှိတယ်၊ အဲ့တာကြောင့်မလို့ မင်းက သူ့ကို သင်ခန်းစာတစ်ခု အရင်ပေးဖို့ပဲလိုတာ”

အနည်းငယ်ဖြုန်းတီးသလို ရှဲ့ဖင်းကန်း ခံစားလိုက်ရသည်။ ဓားရှည်က ဒီနေ့ သွေးမြင်ရတော့မယ်လို့ သူ ထင်ခဲ့တာကို။

အကူအညီမဲ့စွာပင် သူ ဓားရှည်အား ထိုင်ခုံပေါ်သို့ တင်ထားလိုက်ရ၏။

သူ ဆက်လက်စောင့်ဆိုင်းနေခဲ့သည်။

၁၅ မိနစ်ကြာပြီးနောက် ခြေလှမ်းသံများ တံခါးဆီမှ ထွက်ပေါ်လာလေ၏။

“ အစ်ကိုလီ၊ ခင်ဗျား ဒီမှာလို့ ကျွန်တော်သိသားပဲ…” ကျောက်ရွှီကျီး တံခါးအားဖွင့်ကာ ပြောလိုက်လေသည်။

ကျောက်ရွှမ်ကျင်း နှာမှုတ်လိုက်၏။ ကျောက်ရွှီကျီးသည် ဆင်ခြေဆင်လက်များနှင့်ပတ်သက်လျှင် အတော်လေးကျွမ်းကျင်ပေသည်။ အကယ်၍ ဤနေရာ၌ ရှဲ့ချောင်ထိုင်နေခဲ့လျှင် ကျောက်ရွှီကျီးမှ ရှဲ့ချောင်အား မတော်တဆ တံခါးမှားဖွင့်မိကာ လူချင်းလွဲသွားသည်ဟု ပြောမည်လား? ထို့နောက် သူသည် သူမအား ထိုသည်မှာ မြင်မြင်ချင်းအချစ်ဖြစ်ကာ သူ့ဘဝထဲမှ မမေ့နိုင်သော တစ်စုံတစ်ယောက်ဟု ပြောပေလိမ့်မည်လား?!

ကျောက်ရွှမ်ကျင်းသည် သူ၏ဘယ်လက်ထဲ၌ လက်ဖက်ရည်ခွက်အား ကိုင်ထားခဲ့၏။ ထိုအကြောင်းအား တွေးတောရင်းပင် ဒေါသထွက်လာတော့သည်။ ကွဲအက်သံတစ်ခုဖြင့် လက်ဖက်ရည်ခွက်လေးမှာ အစိတ်စိတ်အမြွှာမြွှာ ကွဲကြေ သွားရှာလေတော့သည်။

သူ၏ ခန္ဓာကိုယ်ပေါ်၌ အစွန်းအထင်းတစ်ချို့ ရှိနေခဲ့လေ၏။

ထိုအချိန်တွင် ကျောက်ရွှီကျီးမှာ တစ်ဖက်ယောက်ျား၏ ပုံပန်းသွင်ပြင်အား မြင်လိုက်ရကာ သူ မတုန့်ပြန်နိုင်မီ အချိန်တစ်ခဏမျှ ကြက်သေသေသွားခဲ့တော့သည်…

ထို့နောက်တွင်မူ ဒုတ်ခနဲမြည်သံနှင့်အတူ သူ၏ခန္ဓာကိုယ်ပေါ်မှ နာကျင်မှုအား ခံစားလိုက်

ရကာ မြေပြင်ပေါ်သို့ ပစ်ပေါက်ခံလိုက်ရလေသည်။

•••••

All Chapters