နူးညံ့သည့် ဝမ်းနည်းမှု
Vol. 24 Ch. 449
ရှဲ့ဖင်းကန်း တိုက်ခိုက်လိုက်သည်။ သူ၏ တူနှင့်တူသော လက်သီးမှာ ကျောက်ရွှီကျီး၏ ခန္ဓာကိုယ်အား ထိုးချလိုက်လေ၏။
“ ဘန်း ဘန်း ဘန်း ဘန်း!”
လက်သီးဆုပ်သည် ကျောက်ရွှီကျီး၏ ခန္ဓာကိုယ်နှင့် အပြင်းအထန်တိုက်မိသွားတော့သည်။
ကျောက်ရွှီကျီး မတတ်နိုင်ပဲ မြည်ကျွေးမိသွားသည်။
ရှဲ့ဖင်းကန်းသည် လူတစ်ယောက်အား ၎င်းတို့၏ အရိုးများအား မချိုးပဲ မည်ကဲ့သို့ နာကျင်အောင်လုပ်ရမည်မှန်းသိ၏။
သူ၏ ခန္ဓာကိုယ်ထဲမှ အင်အားများအားလုံးကို ကျောက်ရွှီကျီး၏ ခါးနောက်ဘက်သို့ ဖိထည့်လိုက်ကာ ပြန်လည်တိုက်ခိုက်ရန် မဖြစ်နိုင်အောင် လုပ်လိုက်၏။
“ ငါ-ငါက မင်းသားနင်းပေ့ရဲ့ သားပဲ!”
ရှဲ့ဖင်းကန်း၏ လက်သီးမှာ မိုးသီးများကဲ့သို့ပင်။ ကျောက်ရွှီကျီးမှ ဤစကားလုံးအနည်းငယ်အား
မပြောမီ၌ မုန်တိုင်းမှာ ပြီးလုနီးပါးဖြစ်နေပြီပင်။
“ မင်း ဘယ်သူ့သားဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူးကွ...” ကျောက်ရွှီကျီး၏ မျက်နှာအား ရှဲ့ဖင်းကန်း ထပ်ထိုးလိုက်ပြန်၏။ ထို့နောက်မှ သူ ရုတ်တရက် ရပ်တန့်လိုက်ကာ “ ဘယ်သူ? မင်းက ဘယ်သူ့သား?”
“ မင်း-မင်းသားနင်းပေ့...သူက ငါ့အဖေပဲ...” ကျောက်ရွှီကျီး၏ နှုတ်ခမ်းထောင့်မှ သွေးထွက်နေကာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ သေတော့မည့်အတိုင်း ပျော့ခွေယိုင်နေလေသည်။
ရှဲ့ဖင်းကန်း ရပ်တန့်လိုက်ကာ မျက်မှောင်ကြုတ်လိုက်၏။
“ အရှင့်သား၊ ဒီဝရမ်းပြေးက အရှင့်သားရဲ့
တော်ဝင်မိသားစုဝင်မှန်း ကျွန်တော့်ကို မပြောပြခဲ့သလိုပဲ?”
ကျောက်ရွှမ်ကျင်း အံ့ဩစွာဖြင့် မတ်တပ်ရပ်လိုက်ကာ မြေပြင်ပေါ်မှလူအား အကြံအိုက်စွာ ကြည့်လိုက်၏။
“ ရွှီကျီး၊ မင်းက ဘာလို့ ဒီကိုရောက်နေတာလဲ?”
ထိုအချိန်၌ ကျောက်ရွှီကျီးတစ်ယောက် တကယ့်ကို စိတ်ရှုပ်ထွေးသွားလေသည်။ သူ၏အရိုးများမှာ ပြုတ်ကျသွားတော့မည့်အတိုင်း ခံစားလိုက်ရပြီး သူ၏ ခန္ဓာကိုယ်ထက်၌ အကောင်းအတိုင်း အဆင်ပြေနေသည့်နေရာ တစ်နေရာပင် မရှိချေ!
သူသည် မြေကြီးပေါ်၌သာ ရှိဆဲဖြစ်ကာ အိမ်ရှေ့စံမင်းသားသည် သူ့အား ငုံ့ကြည့်နေလေသည်။ ထို
အခိုက်အတန့်၌ သူ အလွန်အမင်း ကိုးရို့ကားယားနိုင်ကာ ဒေါသထွက်ခြင်းနှင့် ရှက်ရွံ့မှုတို့အား ခံစားလိုက်ရလေ၏။
“ ကျွန်တော် လူမှားပြီး ရိုက်မိခဲ့တာလား?”
သူ ပြဿနာဖြစ်စေခဲ့ပြီမှန်း ရှဲ့ဖင်းကန်း သိလိုက်၏။
ဤသည်မှာ မင်းသားနင်းပေ့၏ သားဖြစ်ပေသည်။ မင်းသားနင်းပေ့သည် ကလေးနှစ်ယောက်ကိုသာ မွေးဖွားခဲ့ကာ သားစဥ်မြေးဆက်များများစားစား မရှိချေ။ ထိုသူမှ သူ ကျောက်ရွှီကျီးအား ရိုက်ခဲ့သည်ကို သိရှိသွားခဲ့ပါက သူနှင့် သေသည်အထိ တိုက်ခိုက်လေတော့မည် မဟုတ်ပေလား?
ရှဲ့ဖင်းကန်း၏ ဦးနှောက်မှာ လျင်မြန်စွာ အလုပ်
လုပ်လေသည်။ သူ အမှားတစ်ခုလုပ်လိုက်မိကြောင်း သိရှိသွားချိန်၌ ချက်ချင်းပင် တန်ပြန်စွပ်စွဲမှုတစ်ခုအား ပြုလုပ်လိုက်လေ၏။
“တကယ်လို့ မင်းက မင်းသားနင်းပေ့ရဲ့သားဆိုရင် ဘာလို့ ဒီနေရာကို လာတာလဲ? မင်းက ဝရမ်းပြေးနဲ့အတူ လိမ်လည်လှည့်ဖျားဖို့ ပေါင်းကြံတာ မဖြစ်နိုင်ဘူးလား? ဒါမှမဟုတ် မင်း ဝရမ်းပြေးကို စာပို့ဖို့ လာခဲ့တာလား?”
ကျောက်ရွှီကျီး ပါးစပ်အပြည့်သွေးတစ်လုတ်အား ထွေးထုတ်လိုက်လေ၏။
“ သိက္ခာရှိတဲ့မင်းသားတစ်ယောက်ရဲ့ မျိုးဆက်ဖြစ်တဲ့ငါက ဘယ်လိုလုပ် အဲ့လိုဟာမျိုးကို လုပ်မှာလဲ?!”
ကျောက်ရွှီကျီးသည် မတ်တပ်ရပ်ရန် အခက်အခဲဖြစ်နေပြီး ဒေါသထွက်ကာ ခေါင်းမာနေပုံ ပေါ်လေသည်။
“ အရှင့်သား၊ ကျွန်တော်မျိုးက အမိန့်ပေးခံရတဲ့အတိုင်းပဲ လုပ်မှာပါ။ ဒီကိစ္စကို အရှင့်သားပဲ အဆုံးသတ်လိုက်တာ ပိုကောင်းလိမ့်မယ်” ရှဲ့ဖင်းကန်း ရုတ်တရက် ဒူးတစ်ဖက်ထောက်လိုက်ကာ လက်သီးဆုပ်နှစ်ဖက်အား ထပ်လိုက်၏။
ကျောက်ရွှမ်ကျင်း အနည်းငယ် ခေါင်းညိတ်လိုက်လေသည်။
အကယ်၍ ထိုအရာများသည်သာ ဤလူ၏ ယမန်နေ့ညက မလိုအပ်သည့် အပြုအမူများကြောင့်သာ မဟုတ်လျှင် ယနေ့ ဤကဲ့သို့ ထိတ်ပျာနေရမည်မဟုတ်ချေ။
သို့သော်လည်း သူ၏ သနားစဖွယ်ပုံပန်းသွင်ပြင်အား ကြည့်လိုက်ရင်း သူ(ရှဲ့ဖင်းကန်း) သင်ခန်းစာတစ်ခုအား သင်ကြားပေးခံလိုက်ရပြီဟု ယူဆ၍ရနိုင်လေသည်။
သူက ရှဲ့ချောင်နဲ့ အမေအတူတူပဲလေ။ သူက ဘယ်လိုတောင် သူမကို ကာကွယ်မပေးနိုင်ရတာလဲ?
“ မစိုးရိမ်ပါနဲ့၊ ဝန်ကြီးရှဲ့။ သံသယရှိသူကို ဖမ်းဆီးတဲ့နေရာမှာ အမှားတွေက သေချာပေါက်ကို ရှိမှာပဲလေ။ ရွှီကျီးကအရင် ဇွတ်ဝင်ခဲ့တာပါ။ ငါထင်တာတော့ ဝရမ်းပြေးက ချိန်းဆိုမှုကို တက်ရောက်ဖို့ လာခဲ့လောက်တယ်။ ဒီဖြစ်ရပ်ကို သူမြင်လိုက်တဲ့အချိန်မှာ လန့်ပြီး ထွက်ပြေးသွားတာပဲ။ သူက ရန်သူကို အရင်သတိပေးပြီးပြီဆိုမှတော့ ဒီနေ့အစီအစဥ်တွေကို မေ့လိုက်ကြရအောင်…” ကျောက်ရွှမ်
ကျင်း ပြောလိုက်သည်။
အိမ်ရှေ့စံမင်းသား၏ စကားများအား ရှဲ့ဖင်းကန်း ကြားလိုက်ချိန်၌ သူ မတတ်နိုင်ပဲ အိမ်ရှေ့စံမင်းသား၏ ဦးနှောက်မှာ အလုပ်လုပ်မြန်သည်ဟု တွေးလိုက်မိ၏။
ကနဦး၌ သူသည် မင်းသားနင်းပေ့၏သားအား ရိုက်နှက်ခြင်းအတွက် ရုန်းကန်ခံစားရတော့မည်ဖြစ်လေသည်။
မည်သို့ပင်ဖြစ်စေ သူ ထိုအရာအား ပြောလိုက်ချိန်၌ အခြေအနေအား ပြောင်းပြန်လှန်လိုက်လေ၏။ ယခုတွင်မူ မင်းသားနင်းပေ့၏သားသည်သာ အမှုကို ကိုင်တွယ်ခြင်းအား နှောင့်နှေးကြန့်ကြာစေခဲ့သူ ဖြစ်သွားလေသည်။
အမှုတစ်ခုအား ကိုင်တွယ်ခြင်းမှာ ကိစ္စကြီးတစ်ခုဖြစ်၏။ ထွက်ပြေးသွားသည့် ဝရမ်းပြေးသည် လူများစွာအား သေစေနိုင်ပေသည်!
ထိုအကြောင်းအား သူတွေးလိုက်သောအခါ ရှဲ့ဖင်းကန်းတစ်ယောက် လပေါ်သို့ရောက်သွားလေတော့သည်(မြောက်ကြွမြောက်ကြွဖြစ်)။ သူ ထရပ်လိုက်ကာ ကျောက်ရွှီကျီးအား စိန်းစိန်းဝါးဝါးကြည့်လိုက်၏။
ကျောက်ရွှီကျီး သူ၏မျက်နှာမှ သွေးများအား သုတ်လိုက်ကာ ခန္ဓာကိုယ်တစ်ခုလုံးမှ နာကျင်မှုအား ခံစားနေရလေသည်။
“ အရှင့်သား၊ ကျွန်-ကျွန်တော်မျိုး ဝင်နှောင့်ယှက်ဖို့ မရည်ရွယ်ပါဘူး။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ၊ အရှင့်သား”
“ ဟင်း” အိမ်ရှေ့စံမင်းသားမှ သက်ပြင်းချလိုက်၏။ “ ရွှီကျီး၊ မင်း ဘယ်လိုလုပ်ပြီး အရမ်းအဆင်အခြင်မဲ့ရတာလဲ? ငါတို့က ဒီနေ့ ရာဇဝတ်သားတစ်ယောက်ကို ဖမ်းဖို့ ရည်ရွယ်ထားခဲ့ကြတာကို သိရဲ့လား? အခုတော့…အနာဂတ်မှာ အဲဒီရာဇဝတ်သားကို မဖမ်းနိုင်တော့မှာ ငါ စိုးရိမ်မိတယ်ကွာ”
ထိုအခိုက်အတန့်၌ အိမ်ရှေ့စံမင်းသား၏ မျက်နှာအမူအရာမှာ အလွန်နူးညံ့နေခဲ့ကာ အနည်းငယ်ပင် ဝမ်းနည်းပူဆွေးနေသေး၏။
ရှဲ့ဖင်းကန်းမှာ အိမ်ရှေ့စံမင်းသားအား ဤကဲ့သို့ ဘယ်တုန်းကမှ မမြင်ဖူးခဲ့ပါချေ။
အတိတ်တွင် အိမ်ရှေ့စံမင်းသားသည် အမြဲတမ်းအေးစက်ကာ တိတ်ဆိတ်သော်လည်း ကျောက်
မိသားစုမှ ဆွေမျိုးများအား ပို၍နူးညံ့ညင်သာစွာ ဆက်ဆံတတ်ပေသည်!
•••••