မလောက်လေးမလောက်စား မလုပ်ရမည့် တစ်စုံတစ်ယောက်
Vol. 24 Ch. 450
အိမ်ရှေ့စံမင်းသား၏မျက်နှာမှာ သက်ဆိုင်သည့်လူအားလုံးအတွက် စိတ်မကောင်းဖြစ်နေသကဲ့သို့ နောင်တတရားများနှင့် ပြည့်နှက်နေလေသည်။ သူ၏ ထိုအကြည့်မှာ လူများအား ကူညီရန်ကျရှုံးသော်လည်း အနည်းငယ် အပြစ်ရှိစိတ်အား ခံစားရစေလေသည်။
“ အရှင့်သား၊ စောစောတုန်းက ရှင်းရှင်းလင်းလင်း မမြင်လိုက်မိတာ ကျွန်တော်ပါ၊ ကျွန်တော် သူ့ကို မသိခဲ့တာကြောင့်…အမှား
တစ်ခု လုပ်ခဲ့မိတာပါ။ အရှင့်သား၊ ကိုယ့်ကိုကိုယ် အပြစ်မတင်ပါနဲ့။ အနာဂတ်မှာ သူ့ကို ဖမ်းနိုင်အောင် ကျွန်တော်သေချာပေါက်ကို အကောင်းဆုံးလုပ်ဆောင်သွားပါ့မယ်!” ရှဲ့ဖင်းကန်း လေးနက်မှုအလုံးစုံဖြင့် ပြောလိုက်၏။
သူသည် တရားဝင်ကိစ္စများနှင့် ပတ်သက်လာလျှင် အမြဲတစေ အလွန်တာဝန်သိကျေပွန်ကာ စိတ်ချယုံကြည်ရလေသည်။
ကျောက်ရွှီကျီး စိတ်ထိခိုက်သွားခဲ့၏။
သူက အကြောင်းအရင်းမရှိပဲ အရိုက်ခံလိုက်ရပေမယ့် အဆုံးကျတော့? သူက ခွင့်လွှတ်မှုကိုတောင် တောင်းခံနေရသေးတယ်!
အိမ်ရှေ့စံမင်းသားက သူ့ကို သိသိသာသာကို
စိုးရိမ်ပူပန်နေပေမယ့် သူ ဒီပူပန်မှုကို လက်ခံနိုင်ခဲ့ရဲ့လား? လုံးဝပဲ!
“ ကျေးဇူးပြုပြီး ကျွန်တော်မျိုးကို အပြစ်ပေးတော်မူပါ အရှင့်သား” ကျောက်ရွှီကျီး ဒူးထောက်လိုက်ကာ ရိုးသားဖြောင့်မတ်စွာ ပြောလိုက်၏။
သူ အရှုံးအား ဝန်မခံခဲ့လျှင် ထိုအကြောင်းအား သူ၏အဖေ သိသွားသည့်အချိန်တွင် အပြင်ထွက်ရုံလေးဖြင့်ပင် လှုပ်ရှားမှုကြီးတစ်ခုအား ဖျက်ဆီးပစ်ခဲ့သည့် သုံးစားမရသည့်သူဟု မြင်သွားအောင် လုပ်နိုင်ပေသည်!
သို့သော်လည်း ဤနေရာတွင် ရှိနေသင့်သည့်လူမှာ ရှဲ့သခင်မလေး ဖြစ်၏။ ဘာလို့များ အိမ်ရှေ့စံမင်းသားနဲ့ ရှဲ့ဖင်းကန်းက ဒီနေရာကို အစားရောက်နေရတာလဲ?!
“ ရွှီကျီး၊ မင်းက ငါ့ရဲ့ဝမ်းကွဲပါ။ မင်းက အမှားတစ်ခု လုပ်ခဲ့တယ်ဆိုပေမယ့် ငါက ဘယ်လိုလုပ် မင်းကို အပြစ်တင်နိုင်မှာလဲ? မြန်မြန်ထတော့။ အစောပိုင်းက ဝန်ကြီးရှဲ့က မင်းကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်ခဲ့ပေမယ့်လည်း သူ တမင်တကာလုပ်ခဲ့တာ မဟုတ်ပါဘူး။ လွတ်သွားတဲ့ ရာဇဝတ်သားကို တစ်ချက်လောက်ပေါ်လာတာနဲ့ ဖမ်းဆီးဖို့ ငါသူ့ကို အထူးတလည် ညွှန်ကြားထားခဲ့တာ…ကံကောင်းထောက်မစွာနဲ့ပဲ ဝန်ကြီးရှဲ့က သူ့ဓားရှည်ကို ချထားခဲ့တာပဲ။ မဟုတ်ရင် မင်းသားနင်းပေ့မိသားစုက နောက်ထပ်လူတစ်ယောက် ဆုံးရှုံးရတော့မလို့”
ကျောက်ရွှမ်ကျင်း နူးညံ့စွာပြောလိုက်၏။ ကျောက်ရွှီကျီး၏ အကြည့်များ ဓားရှည်ပေါ်သို့ သက်ဆင်းသွားချိန်တွင် သူ၏ လည်ပင်း၌ အေးစက်မှုတစ်ခုအား ခံစားလိုက်ရလေသည်။
ဤရှဲ့ဖင်းကန်းသည် ခပ်ကြမ်းကြမ်းလူတစ်
ယောက်ဖြစ်ကာ အလွန်အမင်း ကြောက်စရာကောင်းလေ၏။
သူကြားထားခဲ့သည်မှာ ရှဲ့ဖင်းကန်းသည် သားရိုင်းကောင်ကြီးတစ်ကောင်ကဲ့သို့ ကြမ်းကြုတ်ခက်ထန်သည်ဟုပင်။ အမှုတစ်ခုအား စုံစမ်းထောက်လှမ်းချိန်တွင် မည်သူ့အား ရှာတွေ့သည်ဖြစ်စေ၊ တော်ဝင်မိသားစုဝင်တစ်ယောက် ဖြစ်နေခဲ့လျှင်ပင် သူသည် မည်သည့်သက်ညှာမှုကိုမှ မပြသချေ!
ရှဲ့ဖင်းကန်းသာ ယနေ့ သူ၏ ဓားရှည်အား အသုံးပြုခဲ့ပါက…
သူ ခေါင်းဖြတ်ကွပ်မျက်ခံရပြီး ဖြစ်နိုင်လေသည်!
ကျောက်ရွှီကျီးအား ကြည့်ရသည်မှာ အရမ်း
ကောင်းမွန်မနေချေ။
အိမ်ရှေ့စံမှ ပြုံးလိုက်ကာ “ ကိစ္စတွေက ဒီအထိဖြစ်လာမှတော့ အဲ့ဒီအတွက် အစားထိုးနေလို့လည်း အသုံးမဝင်တော့ဘူး။ မင်းရဲ့ ဒဏ်ရာတွေက အတော်လေးဆိုးရွားနေတာကို ငါ မြင်ရတယ်။ ဆေးဆိုင်ကို အမြန်သွားပြီး မင်းကို ကြည့်ပေးဖို့ သမားတော်တစ်ယောက် အမြန်ရှာလိုက်။ မင်း ပြန်သွားတဲ့အခါကျရင် မင်းသားနင်းပေ့ကို ဒီအကြောင်း မပြောပြနဲ့၊ ဒါမှ သူ မင်းကို အပြစ်မတင်မှာ”
အိမ်ရှေ့စံမင်းသားသည် အလွန်ညှာတာထောက်ထားတတ်သည်ပင်။
ကျောက်ရွှီကျီးတစ်ယောက် ဘာများပြောနိုင်ဦးမည်လဲ?
သူ မည်သည်ကိုမျှ မပြောနိုင်ခဲ့ပါချေ။
“ ကျွန်တော်မျိုး အခု သွားပါတော့မယ်” သူသည် ရိုးသားဖြောင့်မတ်ကာ ရိုသေလေးစားတတ်သည်ဖြစ်၏။ သူ၏ ကျော့ရှင်းကာ သိမ်မွေ့သည့် ပြုမူပြောဆိုပုံမှာ သူ၏ ခန္ဓာကိုယ်ထက်မှ ဒဏ်ရာများကြောင့် ဟာသတစ်ခုနှင့် တူနေလေသည်။
သူသည် အံကြိတ်ထားကာ ဒေါသထွက်နေပုံပေါ်လေ၏။ သူ၏ ကျောအား နာကျင်နေသကဲ့သို့ ကွေးထားလေသည်။
ပြတင်းပေါက်မှတစ်ဆင့် ကျောက်ရွှီကျီးအား အိမ်ရှေ့စံမင်းသား ကြည့်လိုက်၏။ သူ၏မျက်နှာမှာ အေးစက်နေလေသည်။
“ အရှင့်သား၊ ဒီလူ အဆင်ပြေရဲ့လား?” ရှဲ့ဖင်းကန်း မေးလိုက်၏။
ကျောက်ရွှီကျီးသည် မင်းသားဂုဏ်ပုဒ်အား အပ်နှင်းခြင်းမခံရသေးသလို အရာရှိရာထူးလည်း မရှိချေ။ ထို့ကြောင့် ရှဲ့ဖင်းကန်းမှ သူ့အား အနည်းငယ်စော်ကားမိခဲ့လျှင်ပင် ပြဿနာတစ်ခု မဖြစ်နိုင်ပေ။
“ ဝန်ကြီးရှဲ့က မလောက်လေးမလောက်စားမလုပ်သင့်တဲ့ လူတစ်ယောက်ကို စော်ကားမိခဲ့တာပဲ” ကျောက်ရွှမ်ကျင်းသည် ခပ်ဖွဖွ ပြုံးနေခဲ့လေ၏။
“ မလောက်လေးမလောက်စားမလုပ်ရမယ့် သူလား? သူက အရမ်းအကျင့်ဆိုးမနေဘူးလို့ ကျွန်တော်ထင်တယ်။ သူက ဖော်ရွေပြီးတော့ ဇာမချဲ့လောက်ပါဘူး” ရှဲ့ဖင်းကန်း အနည်းငယ် ပဟေဠိဖြစ်နေလေသည်။
အိမ်ရှေ့စံမင်းသားသည် ပြုံးနေကာ မည်သည်ကိုမှ ပြောမလာခဲ့ပေ။
ရှဲ့ချောင်အား စိတ်ဝင်စားသည်မှာ အခြားတစ်ယောက်သာဖြစ်ပါက သူ ထိုကဲ့သို့ ပြုမူမည်မဟုတ်ချေ။ ထိုသည်မှာ ကျောက်ရွှီကျီးသည် ကွဲပြားသောကြောင့်သာ ဖြစ်ပေသည်။
သူ ငယ်ရွယ်စဥ်အခါက တော်ဝင်မိသားစုထဲ၌ သူနှင့်တူသော တစ်စုံတစ်ယောက်ရှိကြောင်း ကြားခဲ့ရသည်ကို သူ မှတ်မိ၏။ ထို့အပြင် ထိုသူသည် အထုံပါရမီရှိကာ သိမ်မွေ့ကျိုးနွံသည့် ပင်ကိုစရိုက်ရှိလေ၏။ သူသည် ထိုအခြင်းအရာနှင့် ပတ်သက်၍ အတော်လေး ပျော်ရွှင်ခဲ့လေသည်။ ထိုသူအား သီးသန့်စောင့်ကြည့်နေစဥ်၌ ထိုသူ၏ဖခင်အား ဂုဏ်ပြုညစာစားပွဲအတွက် နန်းတော်သို့ ဖိတ်ခိုင်းခဲ့လေ၏။
ထိုအချိန်က ကျောက်ရွှီကျီး၏ လူများမှာ အမှန်ပင် စဥ်းစားချင့်ချိန်တတ်ပေသည်။
မည်သို့ပင်ဖြစ်စေ ၎င်းအရာတို့၏နောက်ကွယ်တွင် သူတို့သည် သူတို့နှင့်အတူ နန်းတော်ထဲသို့ ဝင်ရောက်လာသည့် တော်ဝင်မိသားစုမှ သားတစ်ယောက်အား ရေထဲသို့ တွန်းချခဲ့ကြလေသည်။
ထိုသည်မှာ ထိုသူ၏ဖခင်သည် အခြားတစ်ယောက်အား အကြိမ်အနည်းငယ်ခန့် ချီးကျူးခဲ့ခြင်းကြောင့်သာဖြစ်ကာ ထိုအခြင်းအရာကြောင့် သူသည် အလွန်ဗိုလ်ကျခြယ်လှယ်ခဲ့ပေသည်။
ရေထဲသို့ တွန်းချခံခဲ့ရသည့်လူသည်လည်း တော်ဝင်မိသားစုဝင်တစ်ယောက်ပင်ဖြစ်ကာ သွေးသားတော်စပ်မှုအရ သူသည် သဘာဝကျစွာပင် မင်းသားနင်းပေ့၏ လက်အောက်ငယ်သား
တစ်ယောက် ဖြစ်လေသည်။ ထို့ကြောင့် သူသည် ရေထဲသို့ကျပြီးနောက်တွင် စောဒကမတက်ပဲ အိမ်သို့ နာခံကျိုးနွံစွာ ပြန်ခဲ့ရခြင်းဖြစ်၏။
အခြားလူများမှာ ထိုအရာအား သတိမပြုမိလိုက်ကြသော်လည်း ကျောက်ရွှမ်ကျင်းသည် ထိုသည်အား ရှင်းလင်းစွာ မြင်ခဲ့ရလေသည်။
•••••