← Chapters

မင်းသားတစ်ပါးနှင့်အတူရှိနေခြင်းသည်ကျားတစ်ကောင်နှင့်အတူရှိသလိုပင်

Vol. 24 Ch. 451

မင်းသားတစ်ပါးနှင့်အတူရှိနေခြင်းသည်ကျားတစ်ကောင်နှင့်အတူရှိသလိုပင်

Vol. 24 Ch. 451

ထိုစဉ်က  ကျောက်ရွှီကျီးမှာ မင်းသားကြီးနင်းပေ့၏ တစ်ဦးတည်းသောသား ဖြစ်သည်။

မည်သူမျှ စော်ကားဝံခြင်းမရှိခဲ့။ အိမ်ရှေ့စံမင်းသားပင်လျှင် မင်းသားကြီးနင်းပေ့အား လေးစားသမှု အနေဖြင့် ညီအစ်ကို ရင်းချာပမာ

ဆက်ဆံရသည်ပင်။

နောက်ပိုင်း အခမ်းနားတစ်ခုတွင် ကျောက်ရွှီကျီးက သူ့ဆရာ့အား တပည့်အဖြစ် အသိမှတ်ပြုပေးပါရန်တောင်းဆိုခဲ့သော်လည်း 

ကျောက်ရွှီကျီးက ရှောင်းယွမ်ရုန်၏ လိပ်ကို သေသည်အထိ နင်းသတ်လိုက်ကြောင်းကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့သူတို့က တွေ့ခဲ့ရသဖြင့် တပည့်အဖြစ်မှ ငြင်းဆိုခဲ့သည်။

ထိုနောက်ပိုင်းတွင်းတော့ ကျောက်ရွှီကျီးမှာ တစ်ဦးတည်းသော သားရတနာလေးမဟုတ်တော့ပေ။

ထိုတစ်ညတည်းမှာပင် သူ့ရင်တွင်းရှိ မောက်မာမှုတို့ ပျောက်ချင်းမလှပျောက်သွားခဲ့ရသည်။

၎င်း၏ ပင်ကိုယ်စရိုက်နှင့် အကျင့်က သူနှင့်အလွန်ဆင်တူပါသည်။ ကျောက်ရွှီကျီးနှင့် သူ၏ ဆက်ဆံရေးကြောင့် မင်းသားနင်းပေ့မြို့တော်တွင်ရှိသည့်အခါတိုင်း သူ၏ ဖခင်က နန်းတွင်းသို့ဖိတ်

ခေါ်လေ့ရှိသည်။ သူ့ကြောင့် သူ၏ ဖခင်က ၎င်းကို အရေးတယူရှိလှသည်။ 

ထို့အပြင် သူ၏ညာလက်နှင့် မတော်တဆမှုဖြစ်ပြီးနောက် တစ်နှစ်အကြာတွင် သူ၏လက်ရေးဟန်ကြောင့် ကျောက်ရွှီကျီးနာမည်ကြီးလာခဲ့သည်။ နန်းတော်ထဲသို့အခစားဝင်သည့်အခါတိုင်း  ပြီးပြည့်စုံတဲ့ ညာလက်ကို ဝံ့ကြွားလေ့ရှိသည်။  စာပေလော၊ ပန်းချီလော၊ ဓားရေးကပြသည်လော သူသည်တစ်ဖက်ကမ်းခပ် တတ်မြောက်သည်။ 

သူ၏ ဖခင်က သူငယ်စဉ်ဘဝကို သတိရပြီး သနားစရာဟု ပြောစမှတ်ရှိပေသည်။သူ့ကြောင့် သူ၏ ဖခင်က ၎င်းကို အရေးတယူရှိလှသည်။

ထို့တွက် ကျောက်ရွှီကျီး၏မရှူမလှအခြေအနေ  မြင်လိုက်ရသောအခါ အတော်လေး ပျော်ရွှင်သွားသည်။

" လူကြီးမင်းရှဲ့၊ အခု သူ့ပုံစံကို ဘယ်လိုမြင်လဲ" အိမ်ရှေ့မင်းသားက ကျောကို ညွှန်ပြပြီး ရှဲ့ဖင်းကန်းကို မေးလိုက်သည်။

ရှဲ့ဖင်းကန်းက ကြည့်ကာ "ရိုးရိုးသားသား ပြောလို့ရနိုင်မလား"

“မင်း ငါ့ရှေ့မှာ ဖုံးကွယ်နေဖို့ မလိုဘူး” ကျောက်ရွှမ်ကျင်း ပြောလိုက်သည်။

“အရူးတစ်ယောက်လိုပါပဲ”

ရှဲ့ဖင်ကန်းက “သူ့ဗိုက်ကို ထိုးလိုက်တဲ့ ကျွန်တော်မျိုး လက်သီးကပြင်းလွန်းတာကြောင့် မတ်တပ်တောင် ရပ်မရတဲ့ပုံပါပဲ အရှင့်သား…”

“ဒါဆိုဝန်ကြီးရှဲ့၊ အရူးတစ်ယောက်နဲ့ အဆက်ဆံသိပ်မလုပ်မိပါစေနဲ့”

ကျောက်ရွှမ်ကျင်းက “မင်း ဒီနေ့ အလုပ်ပြီးပြီ။

စောစောပြန်သွား၊ စစ်စာအုပ်ကို အလွတ်ကျက်ထား..ပြီးရင် အဲဒီမိန်းမနှစ်ယောက်ကို မင်းသားနင်းပေ့ဆီ ပြန်ပို့လိုက်…ငါမကြိုက်ဘူးတို့ဘာညာနဲ့ ပိုပိုသာသာလေးပြောလိုက်ကွာ"

ရှဲ့ဖင်းကန်းက နုံအလွန်းသူမဟုတ်ပေ။ဟုတ်ခဲ့လျှင် မှုခင်းဌာနမှ အမှုများကို မည်သို့ဖြေရှင်းနိုင်မည်လဲ။ 

အိမ်ရှေ့မင်းသား၏ မျက်လုံးများကို ကြည့်လိုက်သည့်အခါ သူ့ကိုယ်ရေးကိုယ်တာ အာဃာတကြောင့် လက်စားချေသယောင်မြင်လိုက်ရ၍ မှန်းဆလုမတတ် ဖြစ်နေသည် ။

သို့သော်လည်း အိမ်ရှေ့မင်းသားက ဒေါသတကြီး နှင့် အာဃာတထားတတ်လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ ကျောက်ရွှီကျီးပို့လိုက်သည့် မိန်းမပျိုလေးနှစ်ယောက်ကြောင့် ဒေါသထွက်နေခြင်းဖြစ်ပေလိမ့်မည်။ 

ထို့အပြင်…

ကျောက်ရွှီကျီးက  ရှဲ့ဖင်ကန်းကို မိန်းမပျိုနှစ်ယောက်ကို ပေးခဲ့ခြင်းဖြစ်ပြီး သူက အိမ်ရှေ့မင်းသားထံသို့ ဆက်သလိုက်ခြင်းဖြစ်သည်။၎င်းကို  အိမ်ရှေ့မင်းသားက ငြိုငြင်သည်လား။

စင်စစ် မင်းသားတစ်ပါးနောက်လိုက်ခြင်းက ကျားနောက်လိုက်နေရသည်နှင့်တူသည်။ 

ရှဲ့ဖင်းကန်းက ခက်ခဲလိုက်တာဟု တွေးနေခဲ့သည်။ အနာဂတ်တွင် သူသည် စစ်စာအုပ်များကို ဖတ်ရရုံသာမက အိမ်ရှေ့မင်းသား၏ နှစ်သက်မှုကိုလည်း အလိုက်တသိ မှတ်သားထားရဦးမည်။ နောက်ထပ် အရိုက်ခံရသူက ကိုယ်မဖြစ်အောင် ကြိုးစားရပေမည်။

သူပြန်လာပြီးနောက် ရှဲ့ဖင်ကန်းက မိန်းမပျိုနှစ်ယောက်ကို ချက်ချင်းထုပ်ပိုးပြီး ပြန်လွှတ်လိုက်လေသည်။

ထို့နောက် အိမ်ရှေ့မင်းသား က ရှဲ့ချောင်၏ ဝိုင်ကို ဘာအတွက်ကြိုက်ခဲ့ကြောင်းကို တွေးတောခဲ့သည်။ ရှဲ့ချောင်က တော်ဝင်ကျောင်းတော်သို့ရောက်နေစဉ် အိမ်မှာမရှိတာကို အခွင့်ကောင်းယူပြီး အိမ်ရှေ့မင်းသားဆီ တောင်းပန်ဖို့ ဝိုင်ဆယ်အိုးယူပြီး ခြံဝင်းထဲကို ထွက်လာခဲ့ခြင်းဖြစ်သည်။

ချွင်းအာ ပင်လျှင် အလွန်ဒေါသထွက်ပြီး ငိုနေသေးသည်။

သို့သော် ရှဲ့ချောင်တော့ သတိမထားမိလောက်သေး။ သူမ သိလျှင်လည်း ငိုလိမ့်ဦးမည်။

…

မိန်းမပျိုလေး နှစ်ယောက်ကို မင်းသားနင်းပေ့၏ နေအိမ်သို့ ပြန်ပို့လိုက်သည် ။ အဝတ်အစားများက ဖရိုဖရဲဖြစ်နေပြီး ငိုထားသဖြင့်  မျက်လုံးများအစ်မို့ ရောင်ရမ်းနေကြသည်။ မြင်သူတိုင်း သက်ပြင်းမချဘဲ မနေနိုင်ဖြစ်လျက်ရှိသည်။ 

ရှဲ့ မိသားစုက ပြန်ပို့ဆောင်သူများကို ချန်ထားခဲ့ရာတွင် သတင်းပင်ပါးခဲ့ကြသေးသည်။  ထို့အတွက် မင်းသားနှင့် မင်းသမီးအား မလွဲမသွေ ပြန်လျောက်တင်ကြရတော့သည်။

မင်းသားနင်းပေ့က ဘဏ္ဍာစိုး၏ အစီရင်ခံစာကို ကြားရပြီးနောက် အံ့အားသင့်သွားကာ “ဒီနှစ်ယောက်ကို ရှဲ့ဖင်းကန်းဆီးပို့လိုက်တာကို ရှဲ့ဖင်းကန်းက အိမ်ရှေ့စံမင်းသားဆီ ပြန်ဆပ်သတာ အိမ်ရှေ့စံမင်းသားက သူတို့ကို မကြိုက်လို့ ပြန်ပို့လိုက်တာလား”

ဘဏ္ဍာစိုးက ခေါင်းညိတ်လိုက်ပြီး “အိမ်ရှေ့စံမင်းသားက ဒါမျိုးတွေမကြိုက်လို့ ကျွန်​တော်တို့က်ိုပဲ ပြန်သိမ်းထားလိုက်ဆိုပြီး ပို့တာလို့ ရှဲ့အိမ်တော်ကပြောတာပါပဲ”

မင်းသားနင်းပေ့ ဒေါသထွက်သွားသည်။

“ငါလည်းသူတို့ကို ကြိုက်မနေဘူး”

“သခင်ကြီး ” မင်းသမီးက သူ့အား ဖြောင်းဖြခဲ့သည်။

“ သခင်လေး ဘယ်မှာလဲ!” မင်းသားနင်းပေ့က မေးလိုက်သည်။

"သခင်လေး ဒဏ်ရာရလာပါတယ်…ဘာကြောင့်မှန်းတော့ မသိပါဘူး…မကြာသေးခင်ကပဲပြန်ရောက်ပါတယ် သခင်ကြီး"

စကားဆုံးသည်နှင့် မင်းသားနင်ပေ့က ကိုယ်တိုင်ကိိုယ်ကျ လိုက်ရှာခဲ့သည်။ သူ၏ သားအငယ်ဆုံးလေးမှာ ထထိုင်နိုင်သည်ထိ ကျန်းမာနေပြီဖြစ်၍ တခြားခြံသို့ ရွေ့ထားခဲ့ခြင်းဖြစ်သည်၊၊

ဟုတ်ပါသည်။ သူနေထိုင်သည့် ရပ်ဝန်းက လေဒဏ်မိုးဒဏ်ခံနိုင်သည့်အတွက် မတော်တဆထိခိုက်မှုတော့ မရှိနိုင်ပါ။ 

မင်းသားနင်ပေ့က မိန်းမပျိုနှစ်ယောက်ကို သူ့သားကြီး၏ ခြံဝင်းထဲသို့ ခေါ်သွားလိုက်သည်။ တံခါး

ကိုဖွင့် လိုက် သည် နှင့် ရောင်ရမ်းနေသော မျက်နှာဖြင့် ရင်ဆိုင်လိုက်ရသဖြင့် အံ့အား သင့်သွားခဲ့သည် ။

“ရှဲ့ဖင်ကန်းကို ဘာအတွက် ဒီမိန်းမတွေကိုပို့ခဲ့တာလဲ… ငါတို့အိမ်က ငြိမ်းငြိမ်းချမ်းချမ်းနေတာ ဒါမျိုးတွေ ဘယ်တုန်းကမှ မလုပ်ဖူးဘူး… မင်းနားမလည်ဘူးလား ဒါတွေကို ဘယ်ကနေ တတ်လာတာလဲ”

•••••

All Chapters