နက်နဲသောခံစားချက်များ
Vol. 24 Ch. 452
မင်းသား နင်းပေ့မှာ အမျက်ထွက်နေသော်ငြား ကျောက်ရွှီကျီး ၏နှလုံးသားမှာ အေးစက်နေသည်။
သူသည် ယောက်ျားတစ်ယောက်၏ ရိုက်နှက်ထိုးချခြင်းကို ခံခဲ့ရသော်လည်း သူ့အဖေက ထိုအရေး
မပါသောကိစ္စများကိုသာ အရေးပေးနေခဲ့သည်။
သူ့ညီ နာမကျန်းဖြစ်စဉ်ကတော့ အဝတ်စား ပြန်မလဲနိုင်သည်အထိ ခြံထဲတွင် စောင့်ရှောက်ပေးခဲ့သည် ။ယခု သူ့ရှေ့ရှိ အဖေက ဘာကိုမှ အလေးနက်မထားပုံနှင့် ၎င်းကဲ့သို့ ပြုမူနေခြင်းက သူက အသုံးမကျ၍ ဟူသတဲ့လေ။
ကျောက်ရွှီကျီး၏ မျက်နှာသည် ငြိုးငယ်နေသည်။ သို့သော် ဒဏ်ရာများဖြင့် ပြည့်နှက် နေသည့် မျက်နှာက ၎င်းကို ဖုံးကွယ်ထားလျက်ရှိသည်။
“အဖေ၊ ကျွန်တော်က ရှဲ့ဖင်ကန်းနဲ့ ဆက်ဆံရေးကောင်းချင်ရုံလေးပါ။ အိမ်ရှေ့စံကို ဖားဖို့အတွက် ရှဲ့ ဖင်းကန်းကိုကပ်ခဲ့တာမျိုးမဟုတ်ပါဘူး ဘာရည်ရွယ်ချက်မှမရှိပါဘူး အဖေ။” ကျောက်ရွှီကျီးက သူ့၏ရပ်တည်ချက်ကို မပြောင်းမလဲပြောနေဆဲပင်။
“မင်းအိမ်ရှေ့စံကို ဖားဖို့လုပ်တာတော့မဟုတ်ဘူး
ဆိုတာ ငါသိတယ်…အေးပေါ့လေ” မင်းသား နင်ပေ့က သူ့ကို လေးလေးနက်နက် ကြည့်လိုက်ပြီး “မင်းက ငယ်ဘဝတည်းက မြောက်ကြွမြောက်ကြွဖြစ်နေတာပဲလေ… အိမ်ရှေ့စံရှေ့မှာ မင်းကိုမင်းတစ်ဆင့်နှိမ့်ပြီး ဖားဖို့ဆိုတာ ဝေးပေါ့…ဒါပေမယ့် အခုကိစ္စက ရှဲ့ မိသားစုက အိမ်ရှေ့စံနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိလို့ပြောနေရတာ… မင်းက ဘာအကြောင်းရင်းမှမရှိပဲ ဘာကိစ္စနဲ့ ရှဲ့ မိသားစုကို ရန်သွားစရတာလဲ"
ထိုစကားကိုကြားသောအခါ ကျောက်ရွှီကျီး၏ ရင်တစ်ခုလုံး တုန်လှုပ်သွားသည်။
“ရှဲ့ဖင်းကန်းက အရည်ချင်းရှိတဲ့သူမို့လို့ သူနဲ့ အချိန်ကြာကြီး ကောင်းမွန်တဲ့မိတ်ဆွေတွေဖြစ်ချင်တဲ့စိတ်ရှိလို့ မရဘူးလားအဖေ" ကျောက်ရွှကျီးက ခေါင်းမာမာဖြင့် ဆက်ပြောသည်။
မင်းသားနင်းပေ့၏ အိုမင်းရင့်ရော်နေသောမျက်နှာတွင် လှောင်ပြုံးတစ်ခုပေါ်လာခဲ့သည်။
“ မြို့ထဲမှာ ရှဲ့ အိမ်တော်နဲ့ အဆင်ပြေချင်တဲ့ အိမ်ဘယ်နှစ်ခုရှိလဲ မင်းလိုက်မေးကြည့်လိုက်ဦး အဲ့ ရှဲ့ဖင်းကန်းဆိုတာက ရဲရင့်ပြတ်သားပြီး ဘယ်သူ့ကိုမှ အကြောက်လန့်မရှိဘူး မင်းလို ငြိမ်ပြီး စည်းနဲ့နေတဲ့ကောင်က သူ့လိုလူကို ဘာကိစ္စချီးမွမ်းနေတာလဲ ပြောကြည့်" မင်းသား နင်ပေ့က မေးသည်။
ကျောက်ရွှီကျီးသည် ခေတ္တတိတ်ဆိတ်သွားသည်။
“ရှဲ့ဖင်ကန်းအပေါ် မင်းထားတဲ့စိတ်က အဖြူလား အမဲလားတော့ငါမသိဘူး…မိန်းမနှစ်ယောက်ကို ပို့တာမျိုးက ငါ…မင်းသားတစ်ယောက် လုပ်မယ့် လုပ်ရပ်မျိုးမဟုတ်ဘူး မင်းကမင်းကိုမင်းအရှက်ခွဲနေရုံတင်မက ငါတို့ကိုပါ ဆွဲထည့်နေတာလား ပိုဆိုးတာက ရှဲ့ဖင်းကန်းက အိမ်ရှေ့စံကို အဲ့မိန်းမတွေ သွားဆက်သလိုက်တာပဲ အိမ်ရှေ့စံက ဘယ်လိုပြောမယ် မင်းထင်လို့လဲ??”
"အိမ်ရှေ့စံမင်းသားကို ?!" ကျောက်ရွှီကျီးထိတ်လန့်သွားသည်။
သူစေလွှတ်လိုက်သည့် မိန်းမပျိုနှစ်ယောက်က အိမ်ရှေ့စံမင်းသားဆီ ရောက်သွားကြသည်တဲ့လား။
သို့ဆိုလျှင် ယနေ့တရားခံပြေးကို ဖမ်းမိသည်မှာ အမှန်ပဲလား သို့မဟုတ်...
ကျောက်ရွှီကျီးသည် လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။
သူ့အပေါ် အိမ်ရှေ့စံမင်းသား၏ ဆက်ဆံပုံကို ပြန်တွေးမိလိုက်သောအခါ လှည့်စားခံလိုက်ရပြီဖြစ်ကြောင်း သူသိလိုက်သည်။
အိမ်ရှေ့စံက အေးစက်ပြီး ခပ်ကင်ကင်း နေတတ်သည်လေ။ သူက ဘယ်တုန်းကများ ဖော်ရွေခဲ့ဖူးသနည်း။ အမြဲတစေ စာနာမှုကင်းသူဖြစ်သည် မဟုတ်လား။ သူသာအမှန်တကယ် တရားခံပြေး ဖမ်းခြင်းကို နှောင့်နှေးစေခဲ့လျှင်
အိမ်ရှေ့စံက အဘယ်ကြောင့် အမြင့်သိုဆွဲတင်ပြီးမှ ဖြည်းဖြည်းကလေး ရိုက်ချမည်နည်း။
ထိုအကြောင်းကို တွေးလိုက်တိုင်း ကျောက်ရွှီကျီးသည် သူ့ကိုယ်သူ ပြန်တွေးရင်း ရယ်မိနေသည်။
ထိုမိန်းမငယ်လေး နှစ်ယောက်သာသာကို အဘယ်ကြောင့် ဤမျှအရှက်ရသွားသနည်း။
အကယ်၍ သူ့လုပ်ရပ်ကို ကောင်းသော အမြင်ဖြင့်ကြည့်ပါက ဧည့်ဝတ်တောင်ပြုရပေဦးမည်။ သို့သော် အိမ်ရှေ့စံမင်းသားက ရှဲ့ဖင်ကန်းကို ရိုက်နှက်ခွင့်ပြုခဲ့သည်။
ရှဲ့ဖင်းကန်းက အရူးတစ်ယောက်ပမာ ကြောင်နေသည်။ သူဘာမှကို မသိသကဲ့သို့ပင် ဖြစ်နေသည်။
အိမ်ရှေ့စံမင်းသားက ထိုသို့ပြုမူသောအခါ ရှဲ့ဖင်းကန်း ကြောက်လန့်နေခဲ့သည်။ ထုံးစံအတိုင်း သူ ရှဲ့ဖင်းကန်းနှင့် မိတ်မဖွဲ့နိုင်လောက်အောင် ဖြစ်
သွားပြီဖြစ်သည်။
အိမ်ရှေ့စံမင်းသားက သူ့ကို သူ၏ လူတွေနှင့် ခပ်ကင်းကင်းနေအောင် ကြိုးစားနေသည်များလား။
ကျောက်ရွှီကျီးက သူ့ရင်ထဲတွေ အဖြေများစွာကို ထုတ်နေခဲ့သည်။
ထိုအချိန်တွင် မင်းသား နင်းပေ့က ကျောက်ရွှီကျီးကို ပို၍ပင် စိတ်ပျက်လက်ပျက် ကြည့်နေခဲ့သည်။
"ရွှီကျီး၊ မင်းက ဧက္ကရာဇ်ကြီးမျက်နှာသာပေးတာခံရဖို့ အမြဲတမ်း အိမ်ရှေ့စံကိုပဲ အတုလိုက်ခိုးနေခဲ့တာ… မင်းအခုလိုမျိုးဆက်ပြီးဒုက္ခပေးနေမယ်ဆိုရင် ငါ့အိမ်တော်ကို မထိခိုက်အောင် မင်းနေရာကို ပြန်ပို့ရလိမ့်မယ်" မင်းသား နင်းပေ့က ဆက်ပြောသည်။
ကျောက်ရွှီကျီးက ဒေါသကို ထိန်းလိုက်သည်။
သူ့အဖေက သူ့အိမ်တော်ကို စိုးရိမ်နေသည်လား
ဒါမှမဟုတ် သူ့ညီလေး ထိခိုက်မှာကို စိုးရိမ်နေသည်လား။
“အဖေ ကျွန်တော်အိမ်ရှေ့စံကို တမင်တကာ စိန်ခေါ်ခဲ့တာမျိုးမဟုတ်ပါဘူး တကယ်ပါ…”
ကျောက်ရွှီကျီးကမြေပြင်ပေါ်တွင် ဒူးထောက်လိုက်ပြီး မြေပြင်ပေါ်ရှိ အခင်းကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်သည်။ အံကြိတ်ရင်း အဆုံးမှာတော့ “ ရှဲ့ အိမ်တော်ရဲ့ အကြီးဆုံးသမီးနဲ့ ကျွန်တော်မတော်တဆ ဆုံခဲ့ဖူးပါတယ်..သူမကသိပ်လှပြီး ကျက်သရေရှိပါတယ် အဖေ…ရှဲ့ အိမ်တော်မှာ ရှဲ့ ဖင်းကန်း က အာဏာအရှိဆုံးဆိုတဲ့ အတွက် ကျွန်တော် သူ့ဆီ မိန်းမပျိုနှစ်ယောက် ပို့လိုက်တာပါအဖေ"
•••••