← Chapters

နားလည်မှုလွဲခြင်း

Vol. 24 Ch. 453

နားလည်မှုလွဲခြင်း

Vol. 24 Ch. 453

စင်စစ် ဒါကသာ သူ၏ဆိုလိုရင်းဖြစ်သည်။ 

ရှဲ့ဖင်းကန်းက ခန့်မှန်းမရသောသူတစ်ယောက်ဖြစ်သည်။ သူက ကာမနှင့် မိန်းကလေးများကို စိတ်ဝင်စားလိမ့်မည်ဟု အထင်နှင့် မိန်းမပျိုလေးများကိုပို့ဆောင်ခဲ့ကာ ရှဲမိန်းကလေး၏ အကြောင်းကို မေးမည်ဟု  တွေးထားခဲ့ခြင်းဖြစ်သည်။ ထိုမိန်းမပျိုလေးက မဆိုးလျှင် သူ့အဖေကို လက်ထပ်ထိမ်မြှားပေးပါရန် တောင်းဆိုဖို့အလိုဌာ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

သို့သော် ရှဲ့ဖင်းကန်းက မိန်းမပျိုများကို အိမ်ရှေ့မင်းသားထံသို့ စေလွှတ်လိမ့်မည်ဟု အမှန်စင်စစ် သူ မျှော်လင့်မထားခဲ့ပေ။

ထိုငမိုက်သား ။ ထိုအလှတရားများကိုတောင် အမှန်တကယ် မကြိုက်သဖြင့် အိမ်ရှေ့မင်းသားထံ အပ်နှင်းခဲ့သည်။ အိမ်ရှေ့စံမင်းသားက မိန်းမတွေကို ကြိုက်တတ်သည်လား။ သူပို့သမျှကို ဂရုစိုက်သည်လား။ 

"မင်းက ရှဲ့မိသားစုရဲ့ အကြီးဆုံးသမီးကို သဘောကျနေတာလား?" မင်းသား နင်းပေ့မယုံနိုင်စွာပင်..

သူ့သားလိုလူက အဆင့်အတန်းမြင့်မားသည့် မြို့စားမိသားစုရဲ့သမီးကို မျက်စိကျလိမ့်မည်ဟုသူထင်ခဲ့သည်။  ရှဲနျိုရှန်းမိသားစုကိုမှ မျက်စိကျလိမ့်မည်ဟု သူမတွေးခဲ့မိပေ။ 

ရှဲနျိုရှန်းမှာ မညံ့သော်လည်း ထိုလူက အဆင့်နိမ့်လေသည်။ မြို့တော်ရှိ မင်းမျိုးမင်းနွယ်များက သူ့ကို နှိမ်လေ့ရှိသည်။

မင်းသား နင်းပေ့လည်း ခဏလောက် စဉ်းစားပြီး ပြောလိုက်သည် " မကြာသေးခင်က ရှဲမိသားစုရဲ့ သမီးက အရမ်း ဉာဏ်ကောင်းတယ်လို့ ကြားခဲ့ရပေမယ့်ကျန်းမာရေး မကောင်းဘူးလို့လည်း ကြားတယ်။ ရှဲ့ဖင်ကန်းက ကြမ်းတမ်းပေမယ့်  သူ့ညီမကိုအရမ်းချစ်တာတဲ့  မင်း အဲ့ကောင်မလေးကို တကယ်ချစ်ရင် လက်ထပ်ပြီး မင်းမိန်းမအဖြစ်ယူ

လို့ရတယ်။"

"နားလည်ပါပြီ" ကျောက်ရွှီကျီးက ချက်ချင်းခေါင်းညိတ်လိုက်ပြီး "ဒါပေမယ့် သူ့ကို အဝေးကနေပဲ မြင်ဖူးတော့ သူက ကျွန်တော့်အကြောင်း ဘာမှမသိဘူး၊ အဲဒါကြောင့်... ဆရာလုပ်ဖို့ ကျောင်းတော်ကိုသွားမလို့..."

“တော်ဝင်ကျောင်းတော် မှာ အမျိုးသားနဲ့ အမျိုးသမီးတွေကို ဆက်ဆံခွင့်မပြုထားဘူး လက်ထပ်တာကိုလည်းတားမြစ်ထားတယ်…တကယ်သွားချင်ရင် ယဥ်ကျေးစွာပြုမူဖို့ လိုတယ်။ အဲဒါအပြင်…”

မင်းသား နင်းပေ့က သားဖြစ်သူကို ကြည့်ကာ “ဧကရာဇ်မင်းက  မင်းကိုခဏခဏချီးကျူးခဲ့ပေမဲ့ မင်းက ငယ်သေးတယ်။ ဆရာဖြစ်ရင်တောင် လက်ရေးလှနှင့် ပန်းချီကားအချို့ဆွဲနည်းကိုပဲ သင်ပေးနိုင်မှာကို အဖေစိုးရိမ်တယ်ကျန်တာက တော့ မေ့ထားလိုက်တော့။"

သူ့သားအရည်အချင်း သူသိသည်။ ငယ်စဉ်ကတော့  ထက်မြက်ပြီး လုံ့လဝီရိယရှိခဲ့သည်။

သို့သော် ငယ်ငယ်ကတည်းက ထက်မြက်သော အိမ်ရှေ့စံမင်းသားနှင့် နှိုင်းယှဉ်လျှင် သူက အလွန်တရာ အားနည်းနေသေးသည်။ 

အိမ်ရှေ့စံမင်းသား ငယ်စဉ်က ဓာတ်ပုံရိုက်မှတ်ဉာဏ်ကဲ့သို့ တစ်ခါမျှသာ သင်ကြားရန်လွယ်ကူသည့် ဉာဏ်ရည်မျိုးရှိခဲ့သည။  ၎င်း ကိုတောင် တစ်ခါမျှ မောက်မာထောင်လွှားခြင်းမရှိခဲ့။ အိမ်ရှေ့မင်းသားက မိုးမလင်းခင် အိပ်ယာထလေ့ရှိသည် ဟု ဆရာကြီးထံမှ ကြားဖူးသည်။ သူသည် စာဖတ်လေ့လာနေတတ်ပြီး  လက်ရေးလှနှင့် ကိုယ်ခံပညာကို လေ့ကျင့်ကာ မည့်သည့်အခါမျှ လျော့ယွင်းနေခဲ့သည်မရှိပေ။ သူ့လို ဉာဏ်ရည်ဉာဏ်သွေးကို ကမ္ဘာပေါ်တွင် သိပါမတွေ့ရတတ်ပေ။ 

သူ့သားကမူ သာမန်လူထက် အနည်းငယ်သာ သာ

သည်။

သူ့အရွယ်နှင့် လူတွေကို စာတတ်အောင် သင်ပေးသည့် ဆရာလုပ်ရန်အတွက်တော့ အနည်းငယ် လိုအပ်နေသေးသည်။ 

ကျောက်ရွှီကျီးက ခေါင်းငုံ့ခံနေရခြင်းကိုမနှစ်သက်ပါ။ သို့သော် သူခေါင်းညိတ်သဘောတူလိုက်ရသည် “အဖေ၊ စိတ်မပူပါနဲ့။ သားဘာလုပ်ရမလဲ သားသိပါတယ်။"

"မိန်းကလေး ရှဲ့ကို သဘောကျတယ်ဆိုရင်တောင် ဒီနည်းလမ်းကို မသုံးသင့်ဘူး။ ရှဲ့ဖင်ကန်းက မင်းပို့လိုက်တဲ့ မိန်းကလေးတွေကြောင့် သူ့ညီမနဲ့ပေးစားရင် မင်းပျော်မှာလား" မင်းသား နင်းပေ့ကတော့ အတော်လေး စိတ်မကောင်းဖြစ်နေသေးသည်။

သူ့သားက သူလက်ထပ်ချင်လိုသည့် မိန်းမပျိုလေး ရှိသည်မှာ အလွန်ကောင်းသော်လည်း သူ့

သားလုပ်ရပ်ကို စိတ်ပူနေသေးသည်။

"ကျွန်တော့် အမှားကို ကျွန်တော်သိပါတယ်" ကျောက်ရွှီကျီးက ဒူးထောက်နေဆဲပင်။ 

"မင်းကို ဘယ်သူထိုးလိုက်တာလဲ" မင်းသား နင်းပေ့က မေးသည်။

ကျောက်ရွှီကျီးသည် ခဏမျှ နှုတ်ဆိတ်နေပြီး "အိမ်ရှေ့စံမင်းသားပါ..အိမ်ရှေ့စံမင်းသားက နားလည်မှုလွဲတာထင်ပါတယ်  ရှဲ့ဖင်းကန်းကို လာဘ်ထိုးပြီး သူ့အကြောင်းကိုစုံစမ်းနေတယ်လို့ ထင်သွားတာနေမယ်…”

“အိမ်ရှေ့စံမင်းသားက မင်းထင်သလို မတုံးပါဘူးကွာ မင်းလုပ်တာကမသင့်တော်လို့ မင်းကိုသင်ခန်းစာပေးချင်ရုံသက်သက် လုပ်လိုက်တာဖြစ်မယ် " မင်းသား နင်းပေ့က အိမ်ရှေ့စံ၏ လုပ်ရပ်ကို မှားနေသည်ဟု မတွေးမိပေ။ 

အမျိုးသမီးများကို အရာရှိအိမ်တော်တွေထံ ပို့ကြ

သည့် ရာဇဝင်များစွာ ရှိခဲ့သော်လည်း တော်ဝင်မိသားစုက ၎င်းကဲ့သို့လုပ်ရပ်များကို မနှစ်သက်ပေ။

အမျိုးသမီးတွေဟာ အားနည်းသော်လည်း ကိစ္စအတော်များများကို လုပ်လိုက်နိုင်သည်။ 

ဒါ့ပြင် ရွှီကျီးက ဤကဲ့သို့ တစ်ခါမျှ မလုပ်ဖူးပေ။ ထိုသို့ရုတ်တရက်ထလုပ်လိုက်ခြင်းက စိတ်လွတ်သွားသည်ဟု ထင်သွားနိုင်သည်။ ထို့အတွက် အိမ်ရှေ့စံက တီးလွှတ်လိုက်ခြင်းက မဆန်းပါ။

•••••

All Chapters