← Chapters

စာအုပ်တစ်အုပ်ကိုအဖုံးကြည့်ပြီးမဆုံးဖြတ်သင့်ပါ

Vol. 24 Ch. 454

စာအုပ်တစ်အုပ်ကိုအဖုံးကြည့်ပြီးမဆုံးဖြတ်သင့်ပါ

Vol. 24 Ch. 454

မင်းသား နင်းပေ့၏ တုံ့ပြန်မှုကို ကျောက်ရွှီကျီးက အထွေအထူး မဖြစ်ပေ။ သူက ခံနိုင်ရည်အတော်တန်ရှိနှင့်ပြီ ဖြစ်သော်လည်း အနည်းငယ်မျှ အရာမဝင်ကြောင်း ခံစားနေမိသည်။ ထို့

အတွက် သူ့အဖေက သူအထိုးခံလိုက်ရသည်ကို စိတ်မရှိနေခြင်းဖြစ်ပေမည်။

မိန်းမပျိုလေးနှစ်ယောက်ကိုမူ မင်းသား နင်းပေ့ပြန်လွှတ်လိုက်နှင့်ပြီးဖြစ်သည်။

ထိုနေ့မှာပင် မင်းသား နင်းပေ့က ကျောက်ရွှီကျီးအား ကျောင်းတော်သို့ စေလွှတ်နိုင်ရန် အဆက်အသွယ်များကို အသုံးပြုခဲ့သည်။

မင်းသား နင်းပေ့သည် ကျောက်ရွှီကျီး၏ မျက်နှာပေါ်မှ ဒဏ်ရာများကို လျစ်လျူရှုထားခြင်းမဟုတ်ပဲ တော်ဝင်ကျော်တော်ကြီးသည် ကျောင်းသားများသာမက ဆရာများပါ ဝင်ခွင့်ခက်ခဲသော နေရာတစ်ခုဖြစ်သည်။

သူ၏ သားဖြစ်သူမှာ အရွယ်ငယ်သေးသောကြောင့်  ဆရာအဖြစ် အလုပ်လုပ်ရန်မှာ မလွယ်ကူလှပေ။ နှစ်သစ်ကူးခါစဖြစ်၍ နေရာအလစ်လပ်ရှိနေမှာ သောချာပေါက်ဖြစ်သည်။

သားဖြစ်သူက ထိုမိန်းမပျိုလေးနှင့် ရင်းနှီးမှုရချင်နေသည်ဖြစ်၍ ဤမျှ ရှားပါးသော အခွင့်ရေးကို သူလက်လွှတ်ခံဖို့ မဖြစ်နိုင်ပေ။

သူ့မျက်နှာပေါ်ရှိ ဒဏ်ရာများအတွက်မှာမူ… အိမ်တွင် ဆေးဝါးကောင်းများ များစွာရှိသည်။ ရက်အနည်းငယ် အတွင်း မုချပြန်သက်သာလာပေလိမ့်မည်။

ထုံးတမ်းစဉ်လာများအပြီး နေ့လည်ပိုင်းခန့်တွင် ကျောက်ရွှီကျီးကျောင်းတော်အတွင်းသို့ သွားရောက်နိုင်ပြီဖြစ်သည်။

သူသည် ငွေရောင်မျက်နှာဖုံးကို ဝတ်ဆင်ထားပြီး ထူးဆန်းနေသည်။ တစ်မနက်လုံး အနားယူပြီးနောက် သူ့ကျောကို မတ်မတ်ထားနိုင်ပြီဖြစ်သည်။ သူ၏အသွင်အပြင်က ကျောင်းတော်တွင် လှုပ်ခတ်မှုဖြစ်သွားစေခဲ့သည်။

တက္ကသိုလ်တွင် ပညာတတ်များစွာရှိပါသည်။

သို့သော် ရုပ်ရည်အရ အိမ်ရှေ့စံမင်းသားက အသာလွန်ဆုံးဖြစ်ပေသည်။ အိမ်ရှေ့စံမင်းသားနှင့် မည်သူမျှမယှဉ်နိုင်ပေ။ မြို့တော်ရှိ လူကြီးလူကောင်းများထဲတွင် မင်းသားနင်းပေ့၏သားကြီးက အိမ်ရှေ့စံနှင့် အနီးစပ်ဆုံးတူပေသည်။

ဤ အမျိုးသားက မြို့တော်သို့ရောက်ရှိလာပြီ ဖြစ်ပြီး ပန်းချီနှင့် လက်ရေးအလှပညာရပ်၏ ဆရာဖြစ်လာခဲ့ပြီဖြစ်သည်၊။

သို့သော်လည်း ကျောက်ရွှီကျီးက သူ၏ ချောမောလှသည့်ရုပ်ရည်ကို  အဘယ်ကြောင့် ဖုံးကွယ်ထားရသည်ကို လူထုက နားမလည်ခဲ့ပေ။

“ဟိုးအရင်တုန်းက လူတွေက သူ့ကို့ အရှင့်သားငယ်လေးလို့ခေါ်ကြတယ် အခုတော့ အဲ့လိုမဟုတ်တော့ပေမယ့် အနှေးနဲ့အမြန်တော့ တာဝန်ရှိ

မင်းသားလေးဖြစ်လာဦးမှာပဲ သူ့မှာ မြင့်မြတ်တဲ့ အဆင့်အတန်းရှိပြီး ရုပ်ရည်လည်းချောတယ်။ အကျင့်က ပိုတောင်ကောင်းသေးတယ်…စရိုက်လည်းကောင်းပြီး နူးညံ့သိမ်မွေ့တယ်။ သူက ဘယ်တုန်းကမှ သူများတွေကို ဒုက္ခမပေးဖူးဘူး၊၊ နန်းတော်မှာ အလုပ်သွားလုပ်မယ့်အစား ငါတို့ကျောင်းကို လာလိမ့်မယ်လို့ တစ်ခါမှ မမျှော်လင့်ထားခဲ့ဖူးဘူး" ချင်လျို့က အလွန်စိတ်လှုပ်ရှားနေပြီး မျက်လုံးများလက်နေခဲ့သည်။

ရှဲ့ချောင်သည် ယခင်က ကျောက်ရွှီကျီးနှင့် စကားပြောခဲ့ဖူးသည်။ ချင်လျို့ ပုံစံကို မြင်၍

"စာအုပ်တစ်အုပ်ကို အဖုံးနဲ့တင် ဘယ်တော့မှ မဆုံးဖြတ်မိစေနဲ့…ချောရုံလေးနဲ့ စိတ်ထားကောင်းပါတယ်လို့ ပြောလို့မရဘူးလေ”

"ဘယ်လိုလို့ဖြစ်နိုင်မှာလဲ ? သူက ရုပ်ချောပြီး စိတ်ကောင်းတကယ်ရှိတာ…မနှစ်က ဖြစ်သွားတဲ့ကိစ္စကိုပဲကြည့်လေ  မင်းသား နင်းပေ့ က သူ့လူတွေကို မြို့တော်ထဲခေါ်လာတဲ့အခါတုန်းက လမ်း

မှာ မိန်းမတစ်ယောက်ကို အနိုင်ကျင့်နေတဲ့ လူတစ်ယောက်နဲ့တိုးတယ် မင်းသား နင်းပေ့က လှည့်တောင်မကြည့်ဘူး..  ကျောက်ရွှီကျီးကပဲ ပြေးဆင်းလာပြီး အဲ့လူကို သင်ခန်းစာပေးသွားတာ !” ချင်လျို့ က ချီးကျူးနေသည်။

ရှဲ့ချောင် ပြုံးလိုက်၏။

သူသည် လူကောင်းတစ်ယောက်နှင့်တော့ တူပေသား။

သို့သော်…

ရှဲ့ချောင်ရုတ်တရက် အံ့အားသင့်သွားလေသည်။

သူမ ကျောင်းလွယ်အိတ်ထဲရှိ ကြမ္မာဥယျာဥ်ဆိုင်မှ မှတ်တမ်းများကို ထုတ်ယူလိုက်၍ စာမျက်နှာအနည်းငယ် လှန်လှောရှာဖွေလိုက်ရာ မကြာသေးမီက သူမရေးမှတ်ခဲ့သော မကောင်းဆိုးဝါး ဝိညာဥ်ထံမှ ဆုတောင်းအားတွေ့လိုက်ရ၏။

ရှဲ့ချောင် နှစ်သစ်ကူးနေ့တုန်းက စာရင်းသွင်းခဲ့သည့် တစ်ကောင်တည်းသော ထိုမကောင်းဆိုးဝါးဝိညာဥ်အား မှတ်မိပေသည်။

ထိုမကောင်းဆိုးဝါးဝိညာဥ်သည် ဖြောင့်မတ်ဟန်ရကာ ကောင်းသောမျက်နှာသွင်ပြင်ရှိ၏။ သူ၏ ကံကသာ အနည်းငယ်ဆိုးနေခြင်းပင်။

သူ့ဇနီးသည်သည် သူမ၏ မိသားစုအပေါ် အတော်လေးသံယောဇဥ်ကြီးသည်။ သူမသည် သူမ၏သား ကျောင်းတက်ရန်ဟုဆိုကာ သူမ၏လောင်းကစားသမားအကိုထံသို့ ပို့ကာ ငွေစများပင်ပေးခဲ့သည်။

ထိုသူ အဆင်မပြေမှန်း သိသာသော်လည်း သူ့မိန်းမကဂရုမစိုက်ခဲ့ပေ။

စိုးရိမ်စိတ်ဖြင့်ပင်  ယောကျ်ားဖြစ်သူက သူ့အမျိုးသမီးနှင့် စာရင်းရှင်းရန် သွားခဲ့တော့သည်။

နှစ်ဦးသား လမ်းမအလယ်တွင် ခိုက်ရန်ဖြစ်ပွားခဲ့

တော့သည်။ သူ၏ အမျိုးသမီး မှာ အားနည်းသူဖြစ်သဖြင့် လူအများက ကိုယ်ချင်းစာပေးခဲ့ကြကာ သူ့အမျိုးသမီးအစား ရပ်တည်ပေးနေသည့် မျိုးရိုးမြင့်လူကြီးလူကောင်း တစ်ယောက်ပင် ပါလာခဲ့သေးသည်။

ထိုမျိုးရိုးမြင့်သူက အစောင့်အကြပ်များကိုပင်ခေါ်ကာ သူ့ကို အကျဉ်းထောင်ထဲတွင် တစ်လခန့် ချုပ်နှောင်ထားခဲ့ပေသည်။

သူပြန်လွတ်လာသည့် အခါတွင်လည်း အိမ်နီးနားချင်း ရပ်ဆွေရပ်မျိုးများက သူ့အား ဝေဖန်ခဲ့ကြသည်။ အမှားတစ််ခုမှ မလုပ်ခဲ့လျှင်တောင် အပြစ်ရှိသူမှာ သူပဲဖြစ်လာခဲ့ပေသည်။

အရေးကြီးဆုံးမှာ သားဖြစ်သူသေဆုံးသွားခြင်းပင်။

ကလေးမှာ အသက်ခုနှစ်အရွယ်သာရှိသေးသည်။ ကျောင်းတက်ရန် ရည်ရွယ်ခဲ့သော်လည်း အချည်းနှီးသာဖြစ်ခဲ့ရသည်။ မိခင်ဖြစ်သူ၏

ဥပေက္ခာပြုခြင်း ခံထားရကာ ဖခင်ဖြစ်သူကလည်း ထောင်နန်းစံနေရသည်။ သို့ဖြစ်၍ သူငယ်ချင်းများ၏ မကြာခဏ အနိုင်ကျင့်ခြင်းကို ခံခဲ့ရ၏။ စိတ်ပင်ပန်းမှုဒဏ်ကို မခံနိုင်တော့သဖြင့် ရေတွင်းထဲသို့ ခုန်ချကာ အဆုံးစီရင်ခဲ့ရှာသည်။

ထိုကဲ့သို့သော မိခင်နှင့်နေရသည့် ကလေး၏ ပတ်ဝန်းကျင်မှာ တိုးတက်ရာ အသိုင်းအဝိုင်းကောင်း မည်သို့မှ မရှိနိုင်ပေ။

မြိုသိပ်ထားသည့် ခံစားချက်များ ပွင့်ဟထွက်လာခြင်းက ရေတွင်းထဲသို့ ခုန်ချသေခဲ့သည်အထိ ပြင်းထန်သွားစေခဲ့ခြင်းဖြစ်သည်။

သားလည်းသေပြီ။ ဇနီးဖြစ်သူကလည်း အိမ်သို့ ပြန်ပြောင်းလာရန်ငြင်းဆန်နေသည်။ ဒေါသဖွင့်ဖောက်ထုတ်ရမည့်နေရာမရှိသဖြင့် ကိုယ့်လည်ပင်းကိုယ် ဓားနဲ့လှီးကာ သတ်သေခဲ့သည်။ ဤသို့ဖြင့် မကျွတ်မလွတ်သေးသော နာနာဘာဝအဖြစ် ပြောင်းလဲသွားခဲ့သူဖြစ်ပေသည်။

••••

All Chapters