← Chapters

အမှန်တရား

Vol. 24 Ch. 455

အမှန်တရား

Vol. 24 Ch. 455

အမှားလုပ်မိသော မကောင်းဆိုးဝါးဝိဉာဉ် သည် ထိုမျိုးရိုးမြင့်သူက မည်သူမည်ဝါမှန်း မသိပေ။ သူ၏နောက်ဆုံးဆန္ဒမှာ  ထိုမျိုးရိုးမြင့်သူ ကိုရှာဖွေပြီး ဖြစ်ကြောင်းကုန်စဉ်ကို  ရှင်းပြရန်သာဖြစ်သည်။

သူကဲ့သို့ နိမ့်ပါးသူက ကလဲ့စားချေဖို့ဌာ မဝံ့ရဲပါ။ 

ထိုသူဆုံးဖြတ်ချက်မှားခဲ့ကြောင်း အသိပေးလို၍သာဖြစ်သည်။ 

ထိုအချိန်က ရှဲ့ချောင်က ပြဿနာကို ကိုင်တွယ်ရန် မလွယ်ကူလှဟု ထင်ခဲ့သည်။ မျိုးရိုးမြင့်လူကြီးလူကောင်းများစွာရှိသော ဤမြို့တော်ထဲတွင်  တစ်ယောက်သောသူကို ရှာဖွေရန်မှာ အလွန်တရာ ခက်ခဲပေလိမ့်မည် မဟုတ်ပါလား။

ထိုကိစ္စအပေါ် သူမ မမျှော်လင့်ထားခဲ့ပေ။ 

ယခုအခါ ကျောက်ရွှီကျီးဖြစ်လိမ့်မည်ဟု  ရှဲ့ချောင် အနည်းငယ်မှန်းဆထားသည်။ ဖြစ်ရပ်မှ အချိန်ကို တွက်ကြည့်လျှင် ဖြစ်နိုင်ခြေများပေသည်။ 

"ဒါလေးကဘာလဲ?" ချင်လျို့က ပဟေဌိဆန်စွာ ကြည့်နေသည် ။

“ဒါက… တခြားသူတွေရဲ့ အဖြစ်ချင်ဆုံးဆန္ဒတွေကို မှတ်တမ်းတင်တဲ့ အရာတစ်ခုသဘောမျိုးပဲ ” ရှဲ့ချောင်ကဆိုသည်။

“တာအို ဘုန်းတော်ကြီးတွေသုံးတယ်” ထို့နောက် စာအုပ်ကို ပိတ်လိုက်သည်။

ရှဲ့ချောင်က ယင် နဲ့ ယန် ကိစ္စများနှင့် အလွန်

ရင်းနှီးနေကြောင်း ချင်လျို့သိထားရာခေတ္တ စဉ်းစားပြီး နောက်"ဒါက ကျောက်ရွှီကျီးနဲ့ သက်ဆိုင်နေတာလား?"

ရှဲ့ချောင် ခေါင်းညိတ်ပြကာ “ဟုတ်တယ်၊ ခုနက ပြောခဲ့အတိုင်းပဲ  ဇာတ်လမ်းထဲကလူက အမှန်တော့ ခံဘက်ကပဲ…ကျောက်ရွှီကျီးကြောင့် အဲဒီအမျိုးသား တစ်လလောက်ထောင်ကျခဲ့တယ်။ လွတ်လာတော့လည်း သားဖြစ်သူ ကသတ်သေသွားပြီး မိန်းမကလည်းထွက်ပြေးသွားတယ်..ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုဒဏ်တွေကိုလည်း ခါးစည်းခံခဲ့ရမှာပေါ့ သိပ်ကို ခံစားခဲ့ရတဲ့သူပါ”

“ငြိမ်းချမ်းစွာ မသေနိုင်လောက်အောင်ထိ  နာကျင်နေခဲ့တယ်လေ”

ချင်လျို့ အံ့အားသင့်သွားသည်။

"ဟုတ်လို့လား? ကျောက်ရွှကျီးက အဲဒါကို မစုံစမ်းထားဘူးလား?"

သူမသည်လည်း ကောလဟာလများကြောင့်သာ   မိန်းမတစ်ယောက်ကို အနိုင်ကျင့်သူယောက်ျားသည် လူဆိုးတစ်ယောက်ဖြစ်မည်ဟု  ပုံသေသတ်မှတ်ခဲ့ခြင်းဖြစ်ပေသည်။ 

"သူ့အနေထားနဲ့ ဒီလောက်ပါမွှားကိစ္စလေးကို အလွယ်တကူ သိနိုင်တာပေါ့ ဒါပေမယ့် သူလုံးဝ မစုံစမ်းခဲ့ဘူးဆိုရင်ရော?"

ရှဲ့ချောင်က ပြုံးပြီးပြောလိုက်သည်။

“အမှန်တရားဆိုတာ အချိန်တိုတွင်း ဆုံးဖြတ်လို့မရတဲ့ အရာလေ အဲ့ဒါကြောင့် အဲ့နေရာမှာ စီရင်ချက်တစ်ခါတည်းချရင် လူတွေရဲ့ ပစားပေးတာခံရမှာမို့လို့ပဲ”

ရှဲ့ချောင် ၏စကားများက သူ့ကို မထိခိုက်စေလိုကြောင်း ထင်ရှားသည်။ 

ထို ဝိဉာဉ်ကလည်း ထိုမျိုးရိုးမြင့်သူကို ရှင်းပြခဲ့ပြီး

ဖြစ်ကြောင်း ပြောဖူးသည်။ 

သို့ရာတွင်  “ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ်၊ဒီလိုမျိုး အမျိုးသမီးကို အရှက်ကွဲအောင် လုပ်တာက မှားတယ်လေ” ထိုမျိုးရိုးမြင့်သူက ပြန်ပြောခဲ့သည်ဟု ဆိုသည်။

ထိုစကားကြောင့် သူ့အား တပ်မက်သွားခဲ့သည့် အမျိုးသမီး မည်မျှ ရှိကြောင်း ရေတွက်၍ပင်မရနိုင်လောက်ပေ။ 

၎င်းစကားက ထိုလူ၏  ဖြေရှင်းချက်ကိုအားနည်းသွားစေသည်။

"အဲဒီလူက သနားစရာ ကောင်းလွန်းတာပဲ"

ချင်လျို့၏ မျက်လုံးများမှ အလင်းရောင်သည် ရုတ်ချည်းပျောက်ကွယ်သွားပြီး

"ဒီကိစ္စကြောင့် သူ့ကို အရမ်းရှားတဲ့ အမျိုးကောင်းသားလေးလို့ချီးမွမ်းကြတယ် မြို့ထဲက

မိန်းကလေးတွေကလည်း သူ့ကိုနှစ်သက်ကြတယ်…လက်ထပ်ချင်ကြတယ် ဒီလောက် ယုတ်မာမယ်လို့တော့ မထင်ခဲ့ဘူး"

သူမ လှည့်စားခံလိုက်သကဲ့သို့ ခံစားမိနေသည်။ 

သူမဟာ အရွယ်ရောက်သူ ဖြစ်နေသည့်အလျောက် သူမ၏အိမ်က အိမ်ထောင်ရက်သားချထားပေးရန် တွေးနေပုံရပေသည်။ 

သို့အတွက် မြို့တော်တွင် လူတစ်ယောက်ကို ရှာဖွေလိုခဲ့သည်။

ပညာရှာရန်အတွက် ကျောင်းတော်သို့ လာခဲ့ကြသော်လည်း အမျိုးသား များရှိရာကျောင်းတော်ကြီးနှင့်တော့ အလှမ်းဝေးနေသေးသည်။ ထို့ကြောင့် လူတို့၏အထင်ကြီးမှုသည် အခြားသူများ၏ စကားအပေါ်တွင် မူတည်လျက်ရှိသည်။

“အစကတော့ ငါတို့ဆရာဖြစ်ရင် ကောင်းမယ်လို့ထင်ခဲ့တာ အခုတော့…ကဲ” ချင်လျို့လက် နှစ်ဖက်ကို ထပ်လိုက်သည်။

“ဘုရားသခင် ကောင်းချီးပေးပါစေ။ မုတ်ဆိတ်မွေးရှည်ရှည်ကြီးနဲ့ ဆရာ့ကို ပိုသဘောကျပါတယ် ”

ရှဲ့ချောင် ပြုံးလိုက်သည်။

“သူက အခုပဲ ကျောင်းကိုရောက်လာတာ နောက်ပြီး သူကယောကျ်ားကြီးလေ  ကြွေပန်းခြံဝန်းသွားပြီး ယောကျ်ားလေးတွေကို စာသင်ပေးသင့်တာမဟုတ်ဘူးလား နောက်ကျရင်တော့ သူ့အရည်ချင်းကြောင့် ရာထူးတိုးပြီး ပြောင်းသွားနိုင်မယ် ထင်ပါတယ်” ရှဲ့ချောင်ပြောသည် ။

သူမပြောပြီးသည်နှင့် အမျိုးသမီးငယ်တစ်ဦး အပြေးရောက်လာသည်။ စိတ်လှုပ်ရှားနေပုံရပြီး ခံစားချက်များကို ထိန်းထားရန် ကြိုးစားနေပါံရသည်။ သူမက ရှက်သွေးဖြာသော အသံနှင့်

"ကျောက်ရွှီကျီးက ငါတို့ရဲ့သစ်ခွခြံဝန်းကို ရောက်လာတဲ့ ဆရာအသစ်တဲ့"

ရှဲ့ချောင် စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်မိသည် ။

သူမ စိုးရိမ်နေသည့်အရာသည် အမှန်တကယ်ဖြစ်လာပေသည်။

သို့သော်လည်း ကျောက်ရွှီကျီး၏ အသက်အရွယ်နှင့် အနေအထားသည် အမျိုးသမီး ကျောင်းတော်အတွက် အမှန်တကယ် မသင့်လျော်ပေ။ အဘယ်ကြောင့်ဆိုသော်….

"နေ့ခင်းမှာ လက်ရေးလှ၊ ပန်းချီသင်တန်း ရှိလား" ရှဲ့ချောင်မေးလိုက်သည်။

“မရှိဘူး ဒါပေမယ့် ဆရာအသစ်က ငါတို့ကို နှုတ်ဆက်ဖို့ ခဏနေရင် တွေ့ရမှာတော့ သေချာတယ် ” ချင်လျို့မှာမူ မအံ့ဩနေတော့ပေ။ 

မိတ်ဆက်ရုံ လောက်သာ ဖြစ်သည်မလား။

ရှဲ့ချောင် မကြောက်ပေ။ သူမတွင် ယုံကြည်ချက်အပြည့်ရှိသည်… မော့ချူးရှန်း၏ ပုံစံမှာ လုံးဝ အပြစ်အနာဆာ မရှိပေ။အရာရာကို ထိုးဖောက်မြင်နိုင်သည့် မျက်လုံးတစ်စုံသာမရှိလျှင် သူ့အဖေ ဤနေရာတွင် ရပ်နေလျှင်တောင် သူမကို မမှတ်မိနိုင်ပေ။

••••

All Chapters