မတော်တဆရိုက်မိခြင်း
Vol. 24 Ch. 456
သိပ်မကြာခင်မှာပင် ဆရာကြီးလု က လူတချို့နှင့် ရောက်လာသည်။
ရှဲ့ချောင်သည် တံခါးဝတွင် ငွေရောင်အလင်းတန်းများနှင့် ပြည့်နေသည့် မျက်နှာကို မြင်လိုက်ရသည်။ မျက်နှာဖုံးက သူမအား ထိတ်လန့်သွား
စေသည်။ အနောက်တွင် ရှက်သွေးဖြာနေသော မိန်းကလေးများစွာလည်းရှိသည်။
မျက်နှာဖုံးတပ်ထားလျှင် သူရဲကောင်းကဲ့သို့ စိတ်အင်အား ခံစားရရှိပုံရသည်။
“အရင် လက်ရေးလှနဲ့ ပန်းချီဆရာက အမျိုးသားကျောင်းကို ရောက်သွားပြီ ဒါက ဆရာအသစ် ကျောက်ဖြစ်တယ် သူကနောက်ကျရင် လူတိုင်းကို စာပြပေးလိမ့်မယ် ဒီနေ့၊ ဆရာကျောက်က မင်းတို့တွေ့ရဲ့ လက်ရှိ အရည်အချင်းနဲ့ မျှော်မှန်းသင့်တဲ့ အနေထားကို သိရဖို့ အိမ်စာအရင်ပေးလိမ့်မယ်" ဟု ဆရာကြီးလုက ဆိုသည်၊
ကျောက်ရွှီကျီးက ရှဲ့ချောင်ကို တစ်ချက်ကြည့်လိုက်သည်။
သူမလာခင်က လူတစ်ယောက်ကို ပုံတူတောင်းထားပြီးသားဖြစ်သည်။ ရှဲ့ချောင်သည် အလွန်လှပကြောင်း သူသိထားသည်။
အပြင်က သူမသည် ပုံတူထဲကထက် ပိုလှနေမည်ဟု သူမထင်ထားခဲ့ပါ။
ဆရာကြီး လု က ပြောပြီးသည်နှင့် ထွက်သွားသည်။ ထွက်သွားသည်နှင့် ကျောက်ရွှီကျီးက လူတိုင်းကိုကြည့်လိုက်ပြီး အပြုံးလေးဆင်ကာပြောသည်။
"ဒါက တက္ကသိုလ်မှာ ကျွန်တော့်ရဲ့ပထမဆုံးအကြိမ်စာသင်တဲ့ အတွေ့အကြုံပဲ ဖြစ်ပါတယ်။ အဆင်မပြေဖြစ်တာတွေများခဲ့ရင် ကျွန်တော့်ကို ခွင့်လွှတ်ပေးကြပါ မိန်းကလေးငယ်တို့”
မိန်းမပျိုများ အလွန်ရှက်သွေးဖြာနေကြသည်။
ကျောက်ရွှီကျီးသည် ဆရာနှင့်မတူဆုံးသူဖြစ်သည်။
အခြားဆရာများကို မိတ်ဆက်လျှင်မူ ယောကျ်ား၊မိန်းမ အသက်ကြီးကြီး ငယ်ငယ် ဆူပုတ်ပုတ် အ
ဘိုးအိုကြီးနှင့် တူတတ်သည်။ သူကမူ အလွန်နူးညံ့သည်။
“ပထမဆုံးအချိန်ဆိုတော့ အိမ်စာအများကြီးဆို အဆင်မပြေဘူး…” ကျောက်ရွှီကျီးက သူတို့ကို ကြည့်လိုက်သည်။
“ကဗျာ ဒါမှမဟုတ် ပန်းချီကားတစ်ချပ်ရေးဖို့ ခေါင်းစဉ်အဖြစ် မိန်းကလေးတစ်ယောက်ကို သုံးကြရအောင်။ သူနဲ့ ပတ်သက်ပြီး…”
ကျောက်ရွှီကျီးက ခေါင်းငုံ့ကာ သူ့လက်ထဲက ကျောင်းသားစာရင်းကို မသိယောင်ဆောင်ကာ လှမ်းခေါ်လိုက်သည်။
"မိန်းမပျို ရှဲ့ချောင်က ဘယ်သူလဲ ? ဒီကောင်မလေးကို မူအဖြစ် ထားကြည့်ရအောင်"
ရှဲ့ချောင်၏ မျက်နှာတွင် သံသယများနှင့် ပြည့်နှက်နေပြီ မျက်ခုံးများ အနည်းငယ် မြင့်တက်နေ
သည်။
အခြားသူများလည်း အံ့ဩသွားကြသည်။
မိန်းကလေးများထဲတွင် ကဗျာဆရာမ၊ ပန်းချီဆရာမ မရှိတာ မဟုတ်ပေ။ သို့သော် အရင်ခေတ်က လူကြီးများ ဒဏ္ဍာရီလာ အမျိုးသမီးများ၊ ကျော်ကြားသော သူများကိုသာ မူအဖြစ် သုံးလေ့ရှိသည်။
အတန်းဖော်ကို မူအဖြစ် ထားမည်တဲ့လား။
အကြောင်းမသိသော်လည်း အနည်းငယ် ထူးဆန်းသည်ဟု သူတို့ ထင်နေကြသည်။
ထို့အပြင် ဆရာကျောက်သည် ယောက်ျားလေးဖြစ်ပြီး ငယ်ရွယ်သူဖြစ်သည်။ ထိုသို့သော ကိစ္စကို လုပ်ခိုင်းခြင်းက အမှန်ပင် မသင့်တော်ပေ။
သို့သော်လည်း ကျောက်ရွှီကျီးပြောခဲ့သည့် စကားကြောင့် အတွေးလွန်သွားသည်ဟု မှတ်လိုက်ကြ
သည်။
ကျောက်ရွှီကျီးသည် ပထမဆုံး စာသင်သည့် အချိန်ဖြစ်၍ အချို့အရာများကို နားမလည်သည်မှာ ဖြစ်နိုင်သည်။
“မိန်းကလေးတစ်ယောက်အတွက် ဂုဏ်သိက္ခာဆိုတာ အရေးပါတယ်.. မင်းကဆရာဆိုပေမယ့် ယောကျ်ားတစ်ယောက်ပဲလေ…အဲ့ဒါကို အကြောင်းအရာအနေနဲ့ သုံးလို့ မသင့်တော်ပေဘူး ” အိမ်ရှေ့စံမင်းသားက တံခါးအပြင်ဘက်တွင် ရပ်ကာပြောလိုက်သည်။
ကျောက်ရွှမ်ကျင်း က ကျောက်ရွှီကျီးကိုစိုက် ကြည့်နေသည်။
မနက်က အရိုက်ခံလိုက်ရသည်မှာ ပျော့လွန်းသွားတာ ဖြစ်မည်။
နေ့တစ်ဝက်ပဲရှိသေးပေမယ့် ပျော်ရွှင်ကာ အသက်
ရှင်လျက်ပင်ရှိနေသေးပြီး သူက ကျောင်းတော် သို့ပင် ရောက်နေခဲ့သည်။
“အရှင့်သားက ထက်မြက်ပါပေတယ်..ဟုတ်ပါတယ် မသင့်တော်ကြောင်းပါ" ရှဲ့ချောင်မတ်တပ်ရပ်ပြီး ကျေးဇူးတင်စကားပြောရန် ဦးညွှတ်ခဲ့သည်။
အိမ်ရှေ့စံမင်းသား၏အသံကို ကြားသောအခါ ကျောက်ရွှီကျီးထိတ်လန့်သွားသည်။ ထို့နောက် သူသည် ဆန့်တငင်ငင်ဖြင့် အိမ်ရှေ့စံမင်းသား၏ ရောက်ရှိနေမူ လှည့်ကြည့်လိုက်ကာ မျက်နှာဖုံးအောက်တွင် ယုတ်ညံ့သော အမူအရာတစ်ခု ပေါ်လာတော့သည်။
အိမ်ရှေ့စံမင်းသား ဖြစ်နေပြန်ပြီ။
ယနေ့အထိ ခြောက်လှန့်နေဆဲသာ။ အမှန်တကယ်ကို စိတ်အနှောင့်ယှက်ဖြစ်မိလေသည်။
"အရှင့်သားက ဘာအတွက် ဒီကို ရောက်နေတာပါ
လဲ" ကျောက်ရွှီကျီးမေးသည်။
“အိုး… ဘာမှလုပ်စရာမရှိလို့ လှည့်ပတ်ကြည့်ရုံပါပဲ။ မင်းကျောင်းဆရာ ဖြစ်သွားတယ်လို့ ငါကြားလို့လေ မင်းကိုငါ မတော်တဆ ထိုးကြိတ်ခိုင်းခဲ့မိတော့ အမာရွတ်ဖြစ်နေမှာစိုးလို့ ဆေးဝင်ပေးတာ"
သူစကားပြောနေစဉ် ကျောက်ရွှမ်ကျင်း က ကြွေပုလင်းသေးလေးအား ထုတ်ယူလိုက်သည်။
၎င်းကိုကြားသောအခါ လူများအားလုံး အမှန်တရားအားသိသွားခဲ့ကြသည်။
ကျောက်ရွှီကျီး မျက်နှာဖုံးဝတ်ထားသည်မှာ အံ့သြစရာမရှိချေ။
ရုတ်တရက်ပင် လျှို့ဝှက်ဆန်းကြယ်မှု ပျောက်ကွယ်သွားပြီး ကျောက်ရွှီကျီးအရိုက်ခံရမှုအကြောင်းကို သိချင်စိတ်များ အစားထိုးလာခဲ့ကြသည်။
အိမ်ရှေ့စံမင်းသားက ဘာအတွက်ကြောင့် ရိုက်နှက်ခဲ့တာလဲ။
"အရှင့်သား!"
ကျောက်ရွှီကျီး မခံမရပ်နိုင်ဖြစ်သွားတော့သည်။
"အရှင့်သား ကျွန်တော်က ဆရာတစ်ယောက်ဖြစ်နေပြီး ဒီမှာ ကျောင်းသားတွေကို အိမ်စာပေးနေတဲ့အတွက် ပြောစရာရှိရင် နောက်မှပြောလို့ရမလား”
ဤသည်က ကျောင်းဖြစ်၍ ဆရာဖြစ်သည့်အလျောက် အနည်းဆုံး တော့ တောင်းဆိုမှုများ ပြုနိုင်သည် မဟုတ်ပါလော။
•••••