မင်းနဲ့မတန်ဘူး
Vol. 24 Ch. 457
အိမ်ရှေ့စံမင်းသားက သူ့ကို စိတ်မပါသော အပြုံးဖြင့် ကြည့်နေပြီး စိတ်အတော်ရှည်ထားနေရပုံရသည်။
“မင်း ကျောင်းဆရာဖြစ်သွားတယ်ကြားတော့ တကယ်ကို အံ့သြသွားတာ။ ဒီလောက်နှစ်တွေကြာအောင် ငါ့ပုံစံကို လိုက်တုခဲ့တဲ့သူက ဒီလောက် အောင်မြင်လာလိမ့်မယ်လို့ မမျှော်လင့်ထားဘူးလေ ရွှီကျီး ဆရာတစ်ယောက်ဖြစ်ဖို့ ဆိုတာက မလွယ်ဘူး။ မင်းမှာ အရည်အချင်း ရှိရဲ့လား"
ရှဲ့ချောင်မှာ အိမ်ရှေ့စံမင်းသား...
အရိုင်းစိုင်းဖြစ်နေပြီဟု ထင်လိုက်မိသည်…ဘာနေနေ ချစ်စရာတော့ ကောင်းသား။
ဘယ်အချိန်က လူကိုလိုက်တုပ်တတ်သည့်ပျားလေး ဖြစ်လာပါလိမ့်နော်။
ကျောက်ရွှီကျီးအား ယခုလေးတင် လေစိမ်းချည်း
ပစ်တိုက်နေသည် မဟုတ်လား ?
မဟုတ်ဘူး။ သူက လုပ်နှင့်ပြီးသားပင်။ယခုက ကျောက်ရွှီကျီး၏ စိတ်ဝိဉာဉ်ကို ညှင်းပန်းနှိပ်စက်နေခြင်းဖြစ်သည်။
"အရှင့်သား၊ ဧကရာဇ်မင်းတောင်မှ ကျွန်တော့်ကို လက်ရေးလှ၊ ပန်းချီဆရာတွေနဲ့ ယှဉ်နိုင်တယ်လို့ မကြာခဏ ချီးမွမ်းလေ့ရှိပါတယ်”
ကျောက်ရွှီကျီး၏ တစ်ကိုယ်လုံး ခံနိုင်စွမ်းများနှင့်ပြည့်နှက်နေပြီး နှလုံးသားမှာမူ ဒေါသများနှင့် ဖုံးလွှမ်းနေတော့သည်။ အိမ်ရှေ့စံမင်းသား ရောက်လာသည့်အခါတိုင်း သူက ပျော့ညံ့သူဖြစ်ဖြစ်သွားရသည်။
“ငါ့ခမည်းတော်က လက်ရေးလှ၊ ပန်းချီနဲ့ပတ်သက်ပြီး မကျွမ်းကျင်ဘူး။အဲကျတော့ တိရိစ္ဆာန်တစ်ကောင်ရဲ့ ပန်းချီဆွဲထားရင်တောင် ပန်းချီကားထဲက လှပတဲ့ ရှုခင်းတွေကို လှကြောင်း
ချီးကျူးတယ် အဲ့လိုလူက ဘယ်လိုလုပ်အမြင်ရှိမှာလဲ” အိမ်ရှေ့စံမင်းသားက ကဲ့ရဲ့လိုက်သည်။
သူသည် တံခါးကိုမှီကာ ခါးပေါ်ရှိကျောက်စိမ်းဆွဲပြားကိုဆော့နေသည်။ ပါးစပ်ထောင့်မှာ အပြုံးတစ်ခု ရှိနေပြီး သူ့အကြည့်တွင် အထင်အမြင်သေးမှုများနှင့် ပြည့်နှက်နေကာ အလွန်ယုတ်မာသည့်ပုံ ပေါ်နေလေသည်။
ကျောက်ရွှီကျီးအပေါ် အိမ်ရှေ့စံမင်းသား၏ ရန်လိုနေမှုကို လူတိုင်းခံစားနိုင်သည်။
သိသာပေသည်။
"အရှင်သားက ဘာကိုပြောဖို့ကြိုးစားနေတာလဲ။ ကျောင်းဆရာဖြစ်ဖို့တောင် မတန်ဘူး ထင်လို့ ပြောချင်နေတာလား” ကျောက်ရွှီကျီးဒေါသထွက်သွားသည်။
အိမ်ရှေ့စံမင်းသားက ခြေဖျားအားမကာ လျှောက်လှမ်းလာရင်း “ဒါပေါ့ကွာ သိပ်ဟုတ်တာပေါ့”
ခေါင်းကို မော့ကာ ပြုံးပြလိုက်ပြီး 'မင်းငါ့ကို ဘာလုပ်နိုင်လဲ'ဟု ပြောနေသည့် အမူအရာရှိနေသည်။
ကျောက်ရွှီကျီးက ဒေါသထွက်ကာ သေလုမတတ် ဖြစ်နေသည်။
ရှဲ့ချောင် အံသြသွား၏။
ဒီဝမ်းကွဲ နှစ်ယောက် ဘာဖြစ်ချင်နေကြတာလဲဟ။
အိမ်ရှေ့စံမင်းသား ဘယ်အချိန်က ဒီလောက်ထိ ကလေးဆန်သွားတာလဲ။ ထိုအချိန်တွင်၊ သူက ကျောက်ရွှီကျီးအပေါ် လေးလေးနက်နက် အငြိုးအာဃာတ ထားနေသလို ခံစားနေရသည်။
“အရှင့်သား ကျွန်တော့်ကို ဒီလို အရှက်ခွဲရအောင်အထိ ကျွန်တော် ဘာအမှားများလုပ်မိလို့လဲ” ကျောက်ရွှီကျီးက လက်သီးများကို ဆုပ်ထားသည်။
အိမ်ရှေ့စံမင်းသားက ပြုံးမပြတော့ဘဲ။ သူ့အမူအရာက ပိုလေးနက်လာသည်။
“အမျိုးသမီး ကျောင်းတော်က ဆရာတွေက ဘယ်သူတွေလဲ မသိဘူးလား။ အသက် ၄၀ နဲ့အထက်ဖြစ်ရမယ် မိန်းကလေးဖြစ်ရမယ်လေ…တကယ်လို့၊ မင်းက အသက်၄၀ မကျော်သေးဘူးဆိုရင်တောင် မင်းက ဖြောင့်မှန်ပြီး လူသိများတဲ့သူဖြစ်ဖို့ လိုတယ်လေ မင်းနဲ့ ထိုက်တန်တယ်လို့ မင်းထင်လား။ မင်းရဲ့ အရည်အချင်းနဲ့များ…ဒီကို ပြောင်းပေးဖို့ ကြီးကြပ်မှူးကို မင်းကများဘယ်လိုလာပြီးလာဘ်ထိုးရဲရတာလဲ။ မင်းရဲ့ ရည်ရွယ်ချက်က ဘာလဲ။"
မင်းသား နင်းပေ့ က အဆက်အသွယ်ဖြင့် ကူညီပေးခဲ့ကြောင်း သူသိသော်လည်း ကြီးကြပ်ရေးမှူးက သူ့အား အမျိုးသားကျောင်းတော်သို့သွားရန် စီစဉ်ပေးခဲ့သည်။
ကျောက်ရွှီကျီးရောက်လာပြီးမှ၊ ဤနေရာသို့ လာ
ရန်အတွက် ထောင်နှင့်ချီသည့်ငွေစများဖြင့် လဲလှယ်ခဲ့ခြင်းဖြစ်သည်။
သူဘာအတွက် စိတ်ဆိုးနေခဲ့လဲ ? ကျောက်ရွှီကျီးသည် ဖြောင့်မတ်နေခဲ့သေးလျှင် မင်းသား နင်းပေ့ ကို မျက်နှာလွှဲထားနိုင်ဆဲပင်။
"ကျွန်တော့် ဂုဏ်သိက္ခာမှာ အစွန်းထင်းမရှိဘူး!" ကျောက်ရွှီကျီးသည် ခက်ထန်စွာရပ်နေသည်။
"မင်းက လာဘ်ပေးလာဘ်ယူလုပ်တဲ့ထိ အကျင့်ပျက်နေတာပဲ။"
ကျောက်ရွှမ်ကျင်း က ပြောပြီး "ဒါ့အပြင် မင်းရဲ့ အရည်အချင်းနဲ့ ကျောင်းဆရာဖြစ်ချင်တာလား ။ မင်းနဲ့မတန်ဘူး။ မင်း ဘာမှရှင်းပြစရာမလိုဘူးနော် မင်းအဖေကို ငါကိုယ်တိုင်ကိုယ်ကျ ရှင်းပြပေးမယ်။ မင်းရဲ့ပစ္စည်းတွေသိမ်းပြီး ခုချက်ခြင်း ကျောင်းကထွက်သွားလိုက်တော့"
ကျောက်ရွှီကျီးက ကျောက်ရွှမ်ကျင်း သည် ဤမျှ
ရက်စက်ကြမ်းကြုတ်သူ ဖြစ်မည်ဟု မမျှော်လင့်ထားပေ။
တစ်ရက်တည်းမှာ နှစ်ကြိမ် သူ့ကို အရှက်ခွဲခဲ့သည်။
ယခုတော့ လူအများရှေ့တွင် သူ့ကိုယ်သူ လေးစားမှုက မြေပြင်ပေါ် တွင် ချနင်းခံလိုက်ရသလို ခံစားလိုက်ရသည်။
“အရှင့်သားက ကျွန်တော့်ကို အရည်အချင်းမပြည့်ဘူးလို့ ပြောသလို ကျွန်တော် မယုံဘူး" ကျောက်ရွှီကျီးငြင်းဆန်ခဲ့သည်။
သူ့အရည်အချင်းကို သက်သေမပြခဲ့ဘူးဆိုလျှင် … အနာဂတ်တွင် မြို့တော်မှာ သူ့ဂုဏ်သိက္ခာကို မည့်သို့ထိန်းသိမ်းနိုင်မလဲ။
အိမ်ရှေ့စံမင်းသားက ရယ်မောပြီး “မင်းကို ငါအခွင့်အရေး ပေးခဲ့တယ်။ မင်းကမှ လက်မခံချင်တာ မင်းကိုရှက်အောင် ငါကလုပ်တော့မှ ငါ့ကို
လာအပြစ်မတင်နဲ့။"
အိမ်ရှေ့မင်းသား စကားဆုံးသည်နှင့် ကျို့ဝေ့ကျုံးက ပန်းချီကား ၃ ချပ်ကို ထုတ်ပြီး ကျောက်ရွှီကျီးရှေ့သို့ ပစ်ချလိုက်သည်။
“ဒီပန်းချီကား ၃ ချပ်ကို သစ်ခွခြံဝန်းက ကျောင်းသား သုံးယောက်က ဖန်တီးထားတာ။ ကြည့်ကြည့်လေ၊ မင်း ဘယ်ဟာနဲ့ ယှဉ်နိုင်မလဲလို့"
အိမ်ရှေ့စံမင်းသားမှာ ကဲ့ရဲ့ရှုံ့ချမှုအား သူ့မျက်နှာအနှံ့ ချိတ်ဆွဲထား၏။
••••