← Chapters

ဒရာမာပြပွဲကြီးတစ်ခု

Vol. 24 Ch. 458

ဒရာမာပြပွဲကြီးတစ်ခု

Vol. 24 Ch. 458

ကျောက်ရွှီကျီးသည် ပန်းချီကားများကိုယူကြည့်လိုက်သည်။ သစ်ခွပန်းပွင့် ပုံသုံးပုံဖြစ်ကြောင်း တွေ့လိုက်ရသည်၊၊

အလွန်လှပေသည်။သစ်ခွပန်းများက ငယ်ရွယ်

နုပျိုသော မိန်းမပျိုလေးကဲ့သို့ လှပေသည်။ ပုံများထဲမှ တစ်ပုံက  နူးညံ့ညင်သာပြီး အရောင်အသွေး တောက်ပြောင်သည်။ ပုံ၏ မွှေးရနံ့သည်ပင် မျက်နှာပေါ်သို့ ဟပ်လာသလိုပင် ခံစားနေရသည်။ အခြားပန်းချီကားကမူ ထင်းလင်းပြီး မှင်ကိုလျောက်ပတ်ကာ ဆွဲထားသည့် သဏ္ဍာန်ရှိသည်။ သဘာဝက ဖန်ဆင်းထားသည်နှင့်ပင်တူသေးသည်။ အခြားပုံကမူ ရှင်းလင်းမြင်သာစွာရှိနေပြီး ချောက်ကမ်းပါးတစ်ခုပေါ်တွင်ဖြစ်သည်။ မညီမညာဖြစ်နေသော ကျောက်ဆောင်ရှိနေပြီးအပြာရောင် စာငှက်တစ်ကောင်က ကောင်းကင်ထက်မှ ပန်းပွင့်ကို ငုံ့ကြည့်နေဟန်ရှိသည်။ ပန်းချီကား အထဲဝင်ကာ မျက်စိတပ်အပ် မြင်လိုက်ရသကဲ့သို့ပင်။

ကျောက်ရွှီကျီးက ခေတ္တ အံ့အားသင့်သွားသည်။

ပန်းချီကားကို ဆုပ်ကိုင်ထားသော သူ့လက်များက တုန်ရီနေသည်။ 

သူက ပန်းပွင့် နှင့် ငှက်များကို ရေးဆွဲခဲသည်။ အဆင်က သေးလွန်းသည့်အတွက် သူ မနှစ်သက်ပေ။ 

သူက တောင်များနှင့် မြစ်များ ရေးဆွဲရသည်ကို ပို၍ နှစ်သက်သည်။

သို့သော် ဤသစ်ခွပန်း သုံးပုံက အလွန်လှကြောင်း ဝန်ခံရပေမည်။ ၎င်းတို့က သူရံဖန်ရံခါ ရေးဆွဲတတ်သော ပန်းနှင့် ငှက် ပန်းချီများ နှင့် တူညီပါသည်။

“အရှင့်သားက ကျွန်တော်တောင်တန်းတွေ မြစ်တွေကို အမြတ်နိုးဆုံးဆိုတာ သိထားတယ် မဟုတ်လား ဒီပန်းတွေနဲ့ ငှက်တွေကို ပြပြီး ကျွန်တော့်အတွက် ပိုခက်ခဲအောင် လုပ်နေတာလား…”

ကျောက်ရွှီကျီးဒေါသများထွက်နေသည်။

“ဒီပန်းချီကား ၃ ချပ်ကို သစ်ခွခြံဝန်း က

ကျောင်းသားတွေက ဆွဲခဲ့တာလို့ အရှင့်သားပြောလိုက်တယ်မလား?"

ကျောက်ရွှမ်ကျင်း က အိမ်ရှေ့စံမင်းသားဖြစ်သော်လည်း၊ သူ့ကို ထိုကဲ့သို့ မစော်ကားသင့်ပါ။

သူ၏ဖခင်မှာ ဧကရာဇ်၏ဝမ်းကွဲညီအစ်ကို တော်စပ်သူ မင်းသား နင်းပေ့ဖြစ်သည်။

အိမ်ရှေ့စံမင်းသားနှင့်မူ...

ကျောက်ရွှီကျီးက မသိမသာပြက်ရယ်ပြုလိုက်သည်။ ယနေ့သူ သည် အိမ်ရှေ့စံမင်းသားဖြစ်နေသော်လည်း မနက်ဖြန် ဖြစ်နေဦးမည်ဟု တပ်အပ်မပြောနိုင်ပါ။ မည်မျှပင် အရည်အချင်းမပြည့်မီပါစေ ကျောက်ရွှီကျီးဟာ အနာဂတ်တွင် စစ်မက်ရေးရာမင်းသားအဖြစ် ဆက်ရှိနေဦးမည်ဖြစ်သည်။ အိမ်ရှေ့စံမင်းသားကရော။ ရှေးအခါတည်းက ဘယ် မသန်မစွမ်း မင်းသားက ထီးနန်းကို ဆက်ခံခဲ့ဖူးလို့လဲ။

ထောင်ချခံရသည်ဖြစ်ဖြစ်၊ အသတ်ခံရသည်ဖြစ်ဖြစ် ပြုလုပ်ခံခဲ့ရ၍  မျိုးဆက်တောင် ကျန်မည် မဟုတ်ပေ။

ယခုအချိန်တွင် အိမ်ရှေ့စံက သူ့ထက် အစစအရာရာတွင် ဂုဏ်ကျက်သရေ ပိုမိုရှိနေနိုင်သော်လည်း နောင်နှစ်များအကြာတွင် ကွဲကွဲပြားပြားသိသွားပေလိမ့်မည်။ 

"မင်းရဲ့ ပန်းနဲ့ ငှက်တွေက ဒီပန်းချီသုံးကားလောက် မကောင်းဘူးလို့ ဝန်ခံလိုက်သလိုပါပဲလား"

အိမ်ရှေ့စံ၏ နှုတ်ခမ်းများက အေးစက်စွာ ကွေးညွတ်သွားခဲ့သည်။  သူသည် လင်းယုန်ငှက်သဖွယ် ဝင့်ကြွားနေဟန်ဖြင့် သူ့ရှေ့က အရာအားလုံး သားကောင်တွေ ဖြစ်သွားသကဲ့သို့ပင်။ 

“ကျွန်တော်က ဒီလိုမျိုးတွေ ဆွဲလေ့မရှိဘူး..နောက်ပြီး သူတို့သုံးယောက်ရဲ့ ပန်းချီကားတွေက ကောင်းပေမယ့် ကျွန်တော်က နည်းနည်း

ပိုသာတယ် နောက်ကျွန်တော်က  ရှူခင်း အပိုင်းကို ပိုကျွမ်းကျင်တယ် ဒီမိန်းကလေးငယ်လေးတွေက အဲ့နေရာမှာတော့ လိုအပ်ချက်ရှိနေမှာပဲလေ ဒါကြောင့် အဲ့နေရာမျိုးတွေမှာ ကျွန်တော်က သင်ပြပေးချင်တာပါ။ သစ်ခွခြံဝန်း က ဆရာတွေက အဲ့အပိုင်းကို သေချာမသင်ခဲ့ဘူးကြားလို့ လိုအပ်နေတဲ့ကွက်လပ်မှာ လာဖြည့်ပေးချင်တဲ့သဘောပါပဲ”

ကျောက်ရွှီကျီး၏ ယုံကြည်မှုက မြင့်တက်လာခဲ့သည်။ 

သူ့မျက်လုံးများက စူးရဲ တောက်ပနေပြီး နောက်ကျောမှာလည်း တည့်မတ်နေသည်။ သူက မည်သည့်စကားကိုမျှ သည်းမခံခဲ့ပေ။

အိမ်ရှေ့စံမင်းသားက  ဆရာထိုင်ခုံပေါ်တွင် ထိုင်လိုက်သည်။ သူသည် အေးစက်ပြီး မာနကြီးကာ။  အေးဆေးပြီး ပိန်ပါးဟန်ရှိသည်။ ဂုဏ်သိက္ခာရှိပြီး စည်းနှင့်နေသူပင်။ 

သစ်ခွခြံဝန်းမှ အမျိုးသမီးများ ပြိုလဲကျသွားကာ ရင်ခုန်သံများ ပြိုပျက်သွားတော့မယောင်ဖြစ်နေသည်။

ဒီနေ့ ဘယ်လို ဒရာမာအမျိုးအစား ပြပွဲကြီး ဖြစ်နေတာလဲ။

ဝိညာဥ်ကျောက်စိမ်း ကဲ့သို့သော သူနှစ်ဦးက ကျောင်းတော်ထဲတွင် ရန်ဖြစ်ကြတော့မည်လား။

၎င်းတို့ အရမ်းစိတ်လှုပ်ရှားနေခဲ့သကဲ့သို့ မယုံနိုင်လောက်အောင် ရင်ခုန်နေခဲ့သည်။

အိမ်ရှေ့စံက လမင်းကြီးကဲ့သို့ ထွန်းလင်းတောက်ပပြီး အစားထိုး၍ မရချေ။ 

သို့သော် ကျောက်ရွှီကျီးသည်လည်း လျော့မနေပေ၊သူကလည်း ကြယ်များသဖွယ် လှပပြီး တမူထူးခြားသော အသွင်ရှိသည်။

အိမ်ရှေ့စံမင်းသားက တိတ်တဆိတ်ထိုင်နေသော

ကြောင့် လူအများကိုစိတ်သက်သာရာရစေသည်။ ကျောက်ရွှီကျီးထက် သူက ဂုဏ်သိက္ခာရှိပြီး အင်အားအဆမတန်ကြီးမားပေသည်။

ရံဖန်ရံခါ  သူ့အကြည့်များက သူတို့ကို ကျော်သွားသည့်အခါတွင်လည်း ငြိမ်သက်နေပြီး ဘာမှမထူးခြားဘဲ စည်းကျော်မည့်ပုံမရှိပေ။

ကျောက်ရွှီကျီးမှာမူ...

အစောတုန်းက သူပြောလိုက်သည့်စကားများကြောင့် သူစိတ်တိုနေကြောင်းသိရသည်။ သူသည် အလွန်ချောမောပြီး ရင်ထဲရောက်သည်ဟု ခံစားကြသော်လည်း သူတို့အားလုံးက ယဉ်ကျေးသိမ်မွေ့သော မိန်းမပျိုများဖြစ်သည်။ ဆရာတစ်ယောက်အနေနဲ့ ခံစားမလွယ်သင့်ကြောင်း သူတို့သိသည်။

"မင်းနဲ့ငါနဲ့မှာ ကိုယ်ပိုင်ထင်မြင်ယူဆချက်တွေရှိတယ် ဆက်ပြောနေရင် ဟာသတွေပဲဖြစ်နေလိမ့်မယ်။ အဲ့တော့ ခုနက မင်း မြစ်ချောင်းတွေနဲ့

တောင်တန်းတွေ ဆွဲတာ တော်တယ်ပြောထားတယ်နော် ဒီကျောင်းသူတွေထဲက တစ်ယောက်ကို ခေါ်ပြီး အတူဆွဲရမယ်။  ရှောင်းယွီရုန်က လာပြီး မှတ်ချက်ပေးလိမ့်မယ်။ မင်းမယှဉ်နိုင်ရင်တော့ မင်းအသိစိတ်နဲ့မင်း ထွက်သွားရမယ်။ အဆင်ပြေလား?"

အိမ်ရှေ့စံမင်းသားကတော့ ပြဿနာကို မီးခွက်ထွန်းရှာနေလေပြီ။

ကျောက်ရွှီကျီးက “ပြေတယ်” ဟု ကြွေးကြော်လိုက်သည်။

"ကောင်းပြီ ဒါဆို ငါတို့ဘယ်သူ့ကို ရွေးကြမလဲ"

အိမ်ရှေ့စံမင်းသား ခပ်ဖျော့ဖျော့ပြုံးလိုက်၏။

••••

All Chapters