အိတ်ထဲမှာ
Vol. 24 Ch. 459
အိမ်ရှေ့မင်းသား ရှဲ့ချောင်ကို စိုက်ကြည့်လိုက်သည်။
"မင်း အစကမိန်းကလေးရှဲ့ကို ရွေးထားပုံရတယ်။ မင်းသူနဲ့ ပြိုင်ချင်လား"
အိမ်ရှေ့စံမင်းသား၏ စကားများက နွေးထွေးနူးညံ့နေသည်။ "မိန်းကလေးရှဲ့၊ မင်း ပြိုင်ဖို့ဆန္ဒရှိလား"
ရှဲ့ချောင်ကသာမန် တာအိုဘုန်းတော်ကြီးတစ်ယောက် ဖြစ်ခဲ့လျှင် ပန်းချီဆွဲရန် သူမကို တောင်းဆိုမည်မဟုတ်ပေ။
သို့သော်လည်း သူမသည်…
လီရှီးယန်၏ အကြီးဆုံးတပည့်ဖြစ်သည်။
သူမက သူ၏အကြီးဆုံး စီနီယာအစ်မ ဖြစ်သည်။
ကမ္ဘာ့နံပါတ်တစ် ပညာရှင် လီရှီးယန် သည် သူ၏ ဆရာ ဖြစ်သည်။
သူက ဗျတ်စောင်း ၊ စစ်တုရင်၊ လက်ရေးလှရေးခြင်း နှင့် ပန်းချီဆွဲခြင်း အပါအဝင် အနုသုခုမ အမျိုးမျိုးတွင် ကျွမ်းကျင်သူဖြစ်သည်။ အလွန် ဇီဇာကြောင်သူတစ်ဦးလည်း ဖြစ်သည်။ ရှဲ့ချောင်သာ အရည်အချင်းမပြည့်မီပါက သူမကို တပည့်ရင်းအဖြစ် သတ်မှတ်ထားမည့်အစား မည်သည့်အခါမှ လက်ခံမည်ပင် မဟုတ်ပေ။
ထို့အပြင် နှစ်ပေါင်းများစွာ ဆရာ့ဆီမှ သူမကို ချီးမွမ်းသံတွေ အများကြီးကြားခဲ့ရသည်။ မော့ချူးရှန်း၏ ပန်းချီစွမ်းရည်မှာ ပိုးကောင်တစ်ကောင်ပင်ဖြစ်နေပါစေ ထူးခြားအသက်ဝင်ဟန်ရှိသည်ဟု သူက ပြောလေ့ရှိသည်။ ပန်းချီပုံစံက သဟဇာတရှိပြီး ဘယ်လက်နဲ့ ညာလက်နှစ်ဖက်စလုံးကို ကောင်းစွာအသုံးပြုနိုင်ကြောင်းလည်း ပြောတတ်သည်။ သူမက အရာနှစ်ခုကို တစ်ပြိုင်နက်တည်းပင် လုပ်နိုင်သည်။
အတိုချုပ်ပြောရလျှင် ဆရာ၏စကားအရ မော့ချူးရှန်း သည် ပြိုင်ဘက်ကင်းပြီး တစ်ယောက်တည်း ထွန်းတောက်သူဟု ဆိုနိုင်သည်။
ထိုအချိန်တွင် လူတိုင်းက ရှဲ့ချောင်ကို ကြည့်လိုက်ကြသည်။
ရှဲ့ချောင်သည် လက်ရေးလှနှင့် ပန်းချီသင်တန်းများကို မတက်ပေ။ သူမသည် လက်ရေးလှရေးနည်းနှင့် ပန်းချီစာမေးပွဲကို အဆင်ပြေစွာ ဖြတ်သန်းနိုင်ခဲ့သော်လည်း သီအိုရီပိုင်းဆိုင်ရာ ဗဟုသုတများကြောင့်သာဖြစ်သည်။
သူမက သူမရေးထားသည့် လက်ရေးလှနှင့် ပန်းချီ အိမ်စာများကိုပင် အပ်လေ့မရှိပေ။ ကျန်းမာရေးလည်း မကောင်းသလို အင်အားလည်း မရှိပေ။
ထိုအချိန် မှာမှ လူတိုင်းရှေ့တွင် ဆွဲရမည်ဆိုသည့်တွက် အနည်းငယ်ခက်ခဲနိုင်သည်။
"ကျွန်မအနိုင်ရရင် သူဆရာ မဖြစ်တော့ဘူးလား"
သူမ ဖြည်းညှင်းစွာ မေးလိုက်သည်။ရှဲ့ချောင်၏ အသံသည် အလွန်နူးညံ့သိမ်မွေ့နေသည်။
ရှဲ့ချောင်က ကျောက်ရွှီကျီးကို မပြိုင်ရဲသလို သူတို့ကိုလည်း ထားမသွားစေချင်ဘူးဟု လူအတော်များများက ထင်လိုက်ကြသည်။
သို့သော် သူတို့ မအံ့ဩကြပေ။ ဆရာကျောက် ဟာ ငယ်ရွယ်ပြီး ရုပ်ရည်ချောမောသူဖြစ်သည်။ သူ့တပည့်ဖြစ်နေရခြင်းက ပို၍ စိတ်ဝင်စားဖွယ်ကောင်းပေလိမ့်မည်။
ကျောက်ရွှီကျီးက ရှဲ့ချောင်၏ စကားကို ကြားလိုက်ရသောအခါ ဝမ်းသာသွားသည်။
"စိတ်မပူပါနဲ့ မိန်းကလေးရှဲ့။ ကျွန်တော်က ငါးနှစ်သားထဲက ပန်းချီပညာကို စတင်သင်ယူခဲ့တာ မင်းကို စိန်ခေါ်ထားပြီဆိုကတည်းက မင်းရဲ့ဆရာ
ဖြစ်လာမယ်လို့ ယုံကြည်ချက်ရှိပါတယ်”
အိမ်ရှေ့စံမင်းသားမှာ မျက်စိ ဆံပင်မွှေး စူးနေသဖြင့် မသိမသာ နှာမှုတ်ထုတ်လိုက်သည်။ ပျင်းရိမှု၏နောက်ကွယ်တွင် လူသတ်ချင်နေသည့် အရိပ်ယောင်များ မြင်နေရပေသည်။
ရှဲ့ချောင်မတ်တပ်ထရပ်လိုက်ပြီး "ဒါဆို ကျွန်မရှင်နဲ့ ပြိုင်မယ်"
သူမသာ အနိုင်ရခဲ့လျှင် ကျောက်ရွှီကျီးရှုံးသွားမည်ဖြစ်သည်။ မဆိုးလှ။
ကျောက်ရွှီကျီးသည်တော့ စိတ်ပျော်နေ၏။
သူသည် သူမ၏ ဆရာဖြစ်တော့မည့်ပုံပင် ဖြစ်နေသေးသည်။
ပြီးတော့ ရှဲ့ချောင်မှာလည်း အပိုင်တွက်၍ ရပေသည်။ ဤ မိန်းကလေးက သူ့ကို အထင်ကြီးသွားသည်ပဲ ဖြစ်ရမည်။ သူမက အလွန်ကို ကြည့်
ကောင်းသည်။ သူမ၏ အဖေနှင့် အစ်ကိုက ဓားပြများဖြစ်ကြသော်လည်း ရှဲ့ဖင်းကန်းတွင် အနာဂတ်ကောင်းရှိပြီး သူ့ကို ဆွဲမချနိုင်ပေ။
အထူးသဖြင့်၊ သူမနှင့် မော့ချူးရှန်းက ဆရာနှင့် တပည့်အဖြစ် ရှိနေဆဲပင်။ ထို့ကြောင့် မော့ချူးရှန်းက နောင်တွင် သူ့ကို အနည်းငယ် ယဉ်ကျေးစွာ ဆက်ဆံရပေလိမ့်မည်။
မော့ချူးရှန်းက ကျွမ်းကျင်အဆင့် ပညာရှင်ဖြစ်သည်။ ဤကဲ့သို့လူကို သူ့လက်အောက်သို့ သိမ်းသွင်းထားနိုင်လျှင် အနာဂတ်မှာ... အရာရာအဆင်ပြေသွားနိုင်သည်။
ထို့အပြင် ရှဲ့ချောင်က မော့ချူးရှန်းနှင့်ရင်းနှီးသောကြောင့်၊ သူမက ကမ္ဘာနှစ်ခုကြားက အဆက်သွယ် ဖြစ်နေပေလိမ့်မည်၊
ကျောက်ရွှီကျီးက စိတ်လက်ပေါ့ပါးသွားတော့သည်၊၊
သူ အရင်ကလောက် စိတ်မကောင်းဖြစ်မနေတော့။
အိမ်ရှေ့စံမင်းသားက သူ့လူများကို ပုံဆွဲစာရွက်များပြင်ခိုင်းသည်။ ပန်းချီဆွဲရန် စားပွဲကြီးနှစ်လုံး စီစဉ်ပေးဖို့အတွက်လည်း အမိန့်ပေးလိုက်သည်၊၊
“ဒီတစ်ခါတော့ တောင်နဲ့ မြစ်တွေကို နမူနာအဖြစ်သုံးရမယ်… မင်းတို့နှစ်ယောက်က နှစ်နာရီအတွင်း ပြီးအောင် ဆွဲရမယ်” ဟု အိမ်ရှေ့စံမင်းသားက တိုတိုတုတ်တုတ်ပြောသည်။
ရှဲ့ချောင်က နာခံမှုရှိသည်။ စကားများစွာ လည်း မပြောပါ။ သူမ ထိုင်ခုံမှာ ဝင်ထိုင်လိုက်ပြီးနောက် တွေးလိုက်မိသည်။
ရွှေယွဲ့တာအိုဘုရားကျောင်းသည် တောင်၏အလယ်တွင်ရှိပြီး မြင့်မားသောနေရာတစ်ခု ဖြစ်သည်။ အများအားဖြင့်ဘုရားကျောင်းထဲတွင် တောင်တန်းများ၊ တိမ်စိုင်တိမ်ခဲများ၊
မြူခိုးများနှင့် အပြိုင် စိမ်းလန်းနေသော ရေကန်ကြီးများ၏ ရှုခင်းများကို မြင်နေလေ့ရှိသည်၊၊ အလွန် ဒဏ္ဍာရီဆန်လွန်းလှသည်။
သူမက ဤတောင်တန်းများနှင့် ရေများကို အများအပြား ဆွဲခဲ့ဖူးသည်။
သို့သော်လည်း ယွင်ဝေ့ နာမည်ဖြင့် သူမငွေရှာခဲ့ဖူးသောကြောင့် ယင်းကို ထုတ်ဖော်မပြသင့်ပေ။
ထို့ကြောင့် သူမသည် သူမ၏ ပန်းချီစွမ်းရည်ကို အတတ်နိုင်ဆုံးထိန်းထားခဲ့ရသည်။
ကံကောင်းထောက်မစွာဖြင့် သူမက ယွင်ဝေ့ ၏အမည်ဖြင့် ပန်းချီဆွဲခဲ့စဉ်က တောင်တန်းများနှင့် ရေအိုင်များကို အများအပြား မခြယ်သခဲ့ချေ။ ဆွဲဖြစ်ခဲ့လျှင်တောင်မှ ပန်းချီကားငယ်လေးတစ်ချပ်မျှသာဖြစ်သည်။ ယခုအခါ သူမ အနည်းငယ်သာ ထိန်းဖို့လိုပေသည်။ မသိသာလောက်ပေ။
ထို့နောက် ရှဲ့ချောင်ပန်းချီကို စတင်ရေးဆွဲတော့သည်။
••••