အလိမ်အညာ
Vol. 24 Ch. 460
သူမအနားမှ ကျောက်ရွှီကျီးက ပန်းချီကားတစ်ချပ်ထဲတွင် စီးနင်းမြောပါနေပြီဖြစ်သည်။ သူသည် ဧကရာဇ်မင်းထံ နှစ်တိုင်း ပန်းချီကားများ ပေးပို့လေ့ရှိသောကြောင့် ရှုခင်း၏ အပြင်အဆင်နှင့် ရင်းနှီးကျွမ်းဝင်သည်။ ထိုအချိန်တွင် သူ့အတွက် ခက်ခဲမည်ဟု လုံးဝမထင်ထားပေ။
ထို့အပြင် သူ၏ပြိုင်ဘက်က ရှဲ့ချောင် ကဲ့သို့သော ကလေးမလေးဖြစ်သည်။
ထိုမျှမက သူ့ကို ဆရာအဖြစ်လည်း ဆက်ပြီး လုပ်စေချင်သေးသူဖြစ်သည်။ နောင်ခါများတွင်မူ သူမ ရေးဆွဲမည့်အရာများက သိပ်ကို ကျေနပ်
စရာကောင်းပေလိမ့်မည်။
သို့သော် ကျောင်းသားများရှေ့တွင် ပထမဆုံးအကြိမ်ပန်းချီဆွဲခြင်း ဖြစ်သဖြင့်သူ့အစွမ်းအစကို သူပြသရပေမည်။
ရှိသမျှ အားအကုန်ကို ထုတ်သုံးခဲ့သည်။
အိမ်ရှေ့စံမင်းသားက ထိုနေရာတွင် ငြိမ်သက်စွာ ထိုင်နေသည်။ ရှေ့တွင် စာရွက်တစ်ရွက်ရှိနေပြီး ဘာမျှလုပ်စရာမရှိသောကြောင့်အပျော်သဘောနှင့် စာရေးခြင်းစသည်တို့ကို လုပ်နေခဲ့သည်၊၊
သူရှိနေသဖြင့် လူများက ငြိမ်သက်စွာ ထိုင်နေကြသည်။ စကားမပြောကြဘဲ မလှုပ်မယက်ဖြင့် ကုန်ဆုံးမည့်အချိန်ကို တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့ကြသည်။
ပြန့်ကျဲခြင်း၊ ချိတ်ဆက်မှု၊ အနားသတ်မညီမှု၊ အဝေး၊ အနီး၊ အနိမ့်၊ အမြင့် ၊အစစ်၊ အတုအယောင် ...ကျောက်ရွှီကျီးသည် ထိုဇုန်ဆို
သော နေရာတွင် ရှိနေသည်။ သူ၏ စုတ်တံထိုးချက်နှင့် မှင်လိုင်းကြာင်းများက လွတ်လွတ်လပ်လပ် စီးဆင်းနေပြီး အလွန် အဆင်ပြေနေသည်။
လူတွေက သူ့ကိုကြည့်နေရုံမှတစ်ပါး မတတ်နိုင်ပ။
နှိုင်းယှဉ်ကြည့်လျှင် ရှဲ့ချောင် က ပုံမှန်ဖြစ်ပြီး သူမတွင် ချဲ့ကားသည့် လှုပ်ရှားမှုဟန်များ မရှိချေ။ အလွန်အမင်း လှုပ်ရှားလိုက်လျှင် ပင်ပန်းနွမ်းနယ်ပြီး အသက်ထွက်သွားတော့မယောင်ပေါ်နေသည်။ များသောအားဖြင့် ထိုင်လျက် ပန်းချီဆွဲနေခဲ့ပြီး မှင်စုတ်ချက် အချို့ကို ဆွဲလိုမှသာ ရံဖန်ရံခါထလေ့ရှိသည်။
သို့သော် အိမ်ရှေ့စံမင်းသားက ဤတစ်ကြိမ်တွင် အမှားလုပ်မိသည် ဟု လူတိုင်းထင်နေခဲ့သည်။
ကျောက်ရွှီကျီးကို ဆရာ မဖြစ်စေလိုသောကြောင့် နှင်ထုတ်ရန် အိမ်ရှေ့စံမင်းသားအဖြစ် သူ၏အာဏာကို အသုံးပြုနိုင်သည်။ သူ
တည့်ပဲ ပြောလိုက်သည်က ပိုမကောင်းပေဘူးလား။
ယခုသူ၏ လုပ်ရပ်ကြောင့် ရလဒ်များထွက်လာလျှင် အလွန်မင်း ဝေဖန်ခံရပေလိမ့်မည်။
သူတို့ အိပ်ပျော်ခါနီးအထိ စောင့်နေခဲ့သည် ။
အချိန်အတော်ကြာပြီးနောက် ကြီးကြပ်ရေးမှူးက “၁၅ မိနစ်ကျန်သေးတယ်” ဟုမောင်းထုလိုက်သည်။
တစ်ဖက်တွင် ကျောက်ရွှီကျီးက ပန်းချီကားဆွဲနေသည်ကို ရပ်လိုက်ပြီး "ပြီးပြီ"
သူ့အသံက ပေါ့ပါးသွက်လက်နေပြီး အပြုံးရိပ်တစ်ခုရှိနေသည်။ လက်ကို ယုံကြည်မှုအပြည့်နဲ့ မြှောက်လိုက်သည်။ သူက စုတ်တံနှင့် မှင်ကို ချလိုက်ပြီး စက္ကူကို အနည်းငယ် မှုတ်လိုက်သည်။ အလွန်ယုံကြည်မှု ရှိနေပုံပင်။
တစ်ဖက်က ရှဲ့ချောင်သည် ပန်းချီဆွဲနေဆဲဖြစ်ကာ
သူမ၏ အရှိန်ကို ထိန်းနေဆဲဖြစ်သည်။
ခဏအကြာတွင် သူမလည်း ပန်းချီကားကို လက်စသတ် ခဲ့သည်။ သူမဘေးမှ ကြီးကြပ်ရေးမှူးက ပန်းချီကားကို အိမ်ရှေ့စံမင်းသားဆီ ဂရုတစိုက် ယူဆောင်လာပေးသည်။
အိမ်ရှေ့စံမင်းသားက ဂရုတစိုက် မကြည့်ပေ၊ သူက "ရွှီကျီး၊ ငါမင်းကို နောက်ထပ်အခွင့်အရေးပေးမယ်။ မင်းရဲ့ အရည်အချင်းက မိန်းကလေးရှဲ့ထက် ပိုသာတယ်ဆိုတာ သေချာရဲ့လား"
"အရှင်သား ဘာအတွက် အချိန်ဆွဲနေရတာလဲ ကောင်မလေးတစ်ယောက်နဲ့တောင် မယှဉ်နိုင်ရင် ကျွန်တော့်ရဲ့ ပန်းချီကားတွေကို အနာဂတ်မှာ ဧကရာဇ်မင်းကို ဘယ်လိုတင်ပြနိုင်မလဲ။”
ကျောက်ရွှီကျီးပြောပြီးသည်နှင့် သူ့စကားများသည် မသင့်လျော်ဟု ထင်ကာ ရှဲ့ချောင်ကို လှည့်ကြည့်လိုက်သည်။
“မိန်းကလေး ရှဲ့ပန်းချီကားက အရမ်းကောင်းမှာပါ… မိန်းကလေးက တောင်တွေ၊ မြစ်တွေအကြောင်း သိပ်မသိတာမို့ နည်းနည်းလေး တော့ လိုအပ်ချက်ရှိမှာပေါ့…ပန်းတွေနဲ့ ငှက်တွေကို ပန်းချီဆွဲရတာဆိုရင်တော့ မိန်းကလေးရှဲ့ရဲ့ ပန်းချီကားတွေက ကွက်ကွက်ကွင်းကွင်းနဲ့ အသက်ဝင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။”
ရှဲ့ချောင်က ဘာမျှ ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။
ထိုအလိမ်အညာကောင်၏ အသံကို သူမ ကြားရသည်အား မနှစ်သက်ပေ။
အိမ်ရှေ့စံမင်းသားက ရယ်လိုက်ပြီး "ကောင်းပြီ၊ ရွှီကျီး အရမ်းယုံကြည်မှုရှိနေတဲ့အတွက် ရှောင်းယွီရုန်ကို ဖိတ်ခေါ်ပါ!"
ကျောက်ရွှီကျီးက ရှောင်းယွီရုန်သည် အိမ်ရှေ့စံမင်းသားနဲ့ အဆင့်တူသော်လည်း စံချိန်စံနှုန်းက အသိအသာ ဟသွားခဲ့လျှင်တောင် ရှောင်းယွီရုန်
ဘက်က အလိမ်ညာစကား ပြောမည်ဟု မတွေးကြပေ။
ထို့ကြောင့် ကန့်ကွက်သူမရှိ သဘောတူကြသည်။
သိပ်မကြာခင်မှာပင် ပန်းချီကားများခြောက်သွားပြီး ရှောင်းယွီရုန်ရောက်လာသည်။
သူသည် အဖြူရောင် ၀တ်စုံကို ဝတ်ဆင်ထားကာ ပျော့ညံ့သည့်ပညာရှင်တစ်ယောက်နှင့်ပင် တူပေသည်။
အိမ်ရှေ့စံမင်းသားကို ကြည့်လိုက်ကာ "အရှင့်သား၊ ငါတို့ စစ်တုရင် ကစားလို့ မပြီးသေးဘူးနော်..."
"ဒါပြီးရင် သုံးပွဲကစားကြမယ်။ အဲဒီထက်တော့ ပိုမကစားနိုင်ပါဘူး ဟုတ်တယ်မလာား” အိမ်ရှေ့စံမင်းသားက ရင်းနှီးစွာ ပြန်လည်နောက်ပြောင်လိုက်သည်။
ရှောင်းယွီရုန်က ထိုစကားကိုကြားပြီးနောက် တက်ကြွလာသည်။ သူ့ခန္ဓာကိုယ်ကိုမတ်လိုက်ပြီး “ကောင်းပြီ၊ အဲဒါကို ယူခဲ့ပါ။ တစ်ချက်လောက် ကြည့်ကြည့်မယ်။”
ထို့နောက် ပန်းချီကားနှစ်ချပ်ကို ရှောင်းယွီရုန်အား ပြသခဲ့သည်။ သူက ၎င်းတို့ကိုကြည့်ကာ ပွင့်ပွင့်လင်းလင်းပြောသည်။
"ဒါကို မှတ်ချက်ပေးဖို့လိုသေးလို့လား။ ဒီဟာက အနိုင်ပဲ။”
သူက ပန်းချီကားထဲမှ တစ်ခုကို ညွှန်ပြသည်။
“မိန်းကလေး ရှဲ့နိုင်သွားပြီ” ကြီးကြပ်ရေးမှူးက ပြောလိုက်သည်။
သို့သော် ရလဒ်ထွက်လာသည်နှင့် တပြိုင်နက် ကျောက်ရွှီကျီးမှာ ဒေါသတကြီး ရယ်မောလိုက်မိတော့သည်။
••••