← Chapters

ကလေးကလား

Vol. 25 Ch. 461

ကလေးကလား

Vol. 25 Ch. 461

သူ့ရှေ့မှာ ရာရာစစ ရှောင်းယွီရုန်က ဘာအတွက် လာလိမ်ရဲနေတာလဲ? 

ရှောင်းယွီရုန်မှာ တည်ကြည်ပြီး သမာသမတ်ရှိသူဖြစ်ကြောင်း ပြောလေ့ရှိသည်ကြောင့်သာ တော်သေးသည်ဟု တွေးခဲ့သော်လည်း ဤမျှ ကပ်ဖားကပ်စားတတ်သူဖြစ်မည်ဟု မထင်ထားခဲ့ပေ။

အိမ်ရှေ့စံမင်းသားက သူ့ထံ သတင်းကြိုတင်ပို့ထားခြင်းဖြစ်ရမည်။ သို့တွက်ကြောင့် ဤသို့အရှက်မရှိ လိမ်နေခြင်း ဖြစ်ပေမည်။ 

အခြားသူများကမူ ယုံစိတ်တစ်ဝက် မယုံတစ်ဝက် သံသယစိတ်များဖြင့် စောင့်ကြည့်နေကြသည်။

ရှဲ့ချောင်မှာ ကနဦးပိုင်းတွင် ပထမဆု ရှစ်ဆု ရဖူးခဲ့သဖြင့် ပန်းချီလက်ရာ ထူးခြားမည်မှာ အမှန်ပင်ဖြစ်သော်လည်း ကျောက်ရွှီကျီးကို နိုင်လိမ့်မည်ဟု

တော့ မထင်ထားခဲ့။ 

ကျောက်ရွှီကျီး မှာ ဘုရင်မင်းမြတ်ကိုယ်တော်တိုင် အကြိမ်ကြိမ် ချီးကျူးခြင်းခံထားရသူဖြစ်​သောကြောင့်ဖြစ်သည်။ သူ၏ဂုဏ်သတင်းမှာ မွှေးပျံ့ကျော်ကြားလှပေသည်။ 

"အရှင့်သား ကျွန်တော့်ကို နှင်ထုတ်ဖို့အတွက်နဲ့ ဆရာရှောင်းနဲ့ ဒီလိုယုတ်ညံ့တဲ့ အပြုအမူကို တိုင်ပင်ထားတာမဟုတ်ဘူးလို့ မျှော်လင့်ပါတယ်၊ မတရားသဖြင့် ပိုလွန်းနေတယ်လို့ မထင်ဘူးလား"

ကျောက်ရွှီကျီးက " ကျွန်တော့် ပန်းချီကားက ဘယ်လိုမှ မိန်းကလေးရှဲ့ထက် မဆိုးနိုင်ပါဘူး အရှင့်သား "

ရှဲ့ချောင်သည် ထိုစကားကိုကြားသောအခါ” ရှင်ကကျွန်မကို အထင်သေးတာလား?"

ထို့နောက် မျက်မှောင်ကြုတ်ကာ “ကျွန်မရဲ့ ပန်းချီကားကလည်း အသက်ဝင်ပြီး လှပါတယ်ရှင်”

ကျောက်ရွှီကျီး အံ့အားသင့်သွားပြီး “အဲ့လိုမျိုး ပြောတာမဟုတ်ပါဘူး ”

"ဒါပေမယ့် ရှင်ရှုံးသွားကို လက်မခံနိုင်ဘူးဖြစ်နေတယ်လေ ။ စည်းမရှိလိုက်တာရှင်” ဟု ရှဲ့ချောင်က ထပ်ပြောသည်။

သူနှင့် စကားထပ်မပြောချင်တော့ပေ။ 

ကံက သူ့ဘက်ပါသည်ပြောရမည်၊  ကျောက်ရွှီကျီးက သည်မျက်နှာဖုံးကို ဝတ်ဆင်ထားသဖြင့် သူမျက်နှာ ပျက်သွားသည်ကို လူအများမမြင်လိုက်ကြပေ။

"ကျွန်တော်က မင်းထင်သလောက် ကလေးကလားမဆန်ပါဘူး တကယ်လို့ မင်းပန်းချီသာ တကယ်လှခဲ့ရင် အရှင့်သားက

ကျွန်တော်မျိုးလည်ပင်းထက်မှာ ဓားတင်ထားခဲ့ရင်တောင် မင်းကို စော်ကားမှာမဟုတ်ပါဘူး"

ထို့အတွက် ရှောင်းယွီရုန်က စိတ်မကောင်းဖြစ်ပြီး "လူတိုင်းကို ပြလိုက်ပါ အရှင့်သား။ ကြည့်လိုက်တာနဲ့ သိနိုင်တာမို့လို့ ငြင်းခုံမနေစေချင်တော့လို့ပါ"

ကြီးကြပ်ရေးမှူးနှစ်ဦးက ပြောသည့်အတိုင်း ချက်ချင်းလုပ်ဆောင်ခဲ့သည်။

သူတို့က ပန်းချီကားများကို ကျောက်ရွှီကျီးနှင့် ကျောင်းသားများဘက်ကို လှည့်လိုက်သည်။

 မြင်လိုက်ရသည်နှင့် ပြောစရာမရှိအောင် ရင်ဘတ်ထဲ တင်းကြပ်လာကာ ရင်သပ်ရှုမောဖွယ် ကြည့်နေမိကြသည်။ 

ကျောက်ရွှီကျီး ၏ ပန်းချီကားမှာ အလွန်လှပပါသည်။ အမှန်တကယ်ကို လက်ရာမြောက်သည့် ပန်းချီ တစ်ချပ်ဖြစ်သည်။ 

တောင်တန်းကြီး များနှင့် ရေအိုင်ငယ် များ ရှိခဲ့သည်။ တောင်တန်းများနဲ့ရေလှိုင်းများကြားကချိတ်ဆက်မှုက  အတော် ကြည့်လို့ကောင်း၏။ တောင်ပေါ်ရှုခင်း( ခ)  ငြိမ်သက်သော ရှုခင်း တစ်ခုဟု ဆိုနိုင်သည်။ ပန်းချီကားကောင်းတစ်ချပ်ဖြစ်ပေသည်။

သို့သော် သူ၏ ပန်းချီကားမှာ မြင်ဖူးနေကြ ရှုခင်းပန်းချီများကဲ့သို့ အထိန်းကွပ်များလွန်းနေခဲ့သည်။တခြား ထူးခြားနေသည့် အချက် ရှိမနေပေ။ အရည်ချင်းရှိပြီး ကျွမ်းကျင်သူက ဆွဲထားကြောင်း တော့ပေါ်လွင်နေခဲ့သည်။ 

 အခြားပန်းချီကားမှာမူ…

ဆိတ်ငြိမ်ဟန်ရှိပြီး တိမ်ကင်းစင်နေသည်။ မထင်ထားသော နေရာများတွင် ဆေးအစွန်းများ နှင့် သိမ်မွေ့သောဆေးစက်များ စသည်တို့ပါဝင်နေသည်။ 

အရေးပါသည့်အချက်မှာ ဤပန်းချီကားကဲ့သို့သော အနုပညာဖန်တီးမှုက ရှားပါး၏။ 

ရိုးရှင်းပြီး ပန်းချီကားအတွင်းရှိ အရာအားလုံးက အံဝင်ခွင်ကျဖြစ်နေသည်။ ရေပြင်ကျယ်နှင့် မိုးကောင်ကင်က တစ်သားတည်းဖြစ်နေသည်။ နွေးထွေးပြီး တိတ်ဆိတ်နေဟန်ရှိကာ မြက်ပင်များနှင့် သစ်ပင်ငယ်များက  စိမ်းလန်းစိုပြေနေဟန်ရှိသည်။ ဆေး၏ အစွန်းများကို အမတရောင်ဝါမျိုးဖြင့် ခြယ်မှုန်းထားသဖြင့်  ဤပန်းချီကားက လူများမျက်စိမှိတ်မခွာနိုင်လောက်အောင် လှပနေခဲ့သည်။ ကျော်ကြားလှသည့် ထာဝရတောင်တန်းကြီးကို ရှေ့မှောက်တွင်မြင်လိုက်ရသကဲ့သို့ စိတ်နှလုံးအေးချမ်းနေခဲ့သည်။

ပြိုင်စရာမလိုလောက်အောင်ပင်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် အနိုင်ရသူကို မှန်းဆနိုင်ပါသည်။

ကျောက်ရွှီကျီး အလွန်အံ့အားသင့်သွားခဲ့သည်။

“မဖြစ်နိုင်ဘူး၊ ဒီပန်းချီကား…”

ကျောက်ရွှီကျီးက ဤပန်းချီကားကို ရှဲ့ချောင် ဖန်တီးထားခြင်း မဖြစ်နိုင်ဟု ပြောမည်ကြံသေးသည်။

သို့သော် ဤပန်းချီကားမှာ ယခုချိန်ထိ သူ့မျက်လုံးထဲတွင် စွဲနေကြောင်း သတိထားမိလိုက်သည်။

ထို့အတွက် တွေးစရာမလိုအောင် ရှဲ့ချောင်အနိုင်ရခဲ့ပြီး ဖြစ်သည်။ ၎င်းက ရိုးရှင်းပြီး လှပပါသည်။ သူ၏ ပန်းချီကားမှာ ယှဉ်လိုက်လျှင် အညတရ လေးနှင့်တူနေခဲ့သည်။

ကျန်သူများမှာလည်း နှုတ်ဆိတ်နေခဲ့ကြသည်။

ချင်လျို့သည် သူမ၏နှုတ်ခမ်းကို ဖုံးကာ ရှဲ့ချောင်အား စိတ်လှုပ်ရှားဟန်ဖြင့်  သဘောတကျကြည့်နေသည်။ 

ကျောက်ရွှီကျီး သည် စောနက ရှဲ့ချောင်ပြောသည့်စကားကို ပြန်ကြားယောင်လာခဲ့သည်...

"ကျွန်မအနိုင်ရရင် သူဆရာ မလုပ်နိုင်တော့ဘူးဟုတ်? "

ရှဲ့ချောင်က စိတ်ပူနေသည်ဟု ထင်ထားခဲ့ဖြင်းဖြစ်သည်။ သို့ပေသည့် သူမ မျှော်လင့်ထားသည်က...

သူ့ကို မနေစေချင်သောကြောင့် ဒီလောက်တောင် ကြိုးစားခဲ့သည်တဲ့လား? ဘာအတွက်ကြောင့်လဲ ?!

ကျောက်ရွှီကျီး၏မျက်နှာမှာ နီမြန်းနေသည် ။ထိုခဏတွင် မျက်နှာဖုံးက သူ့အားစိတ်သက်သာရစေသည်။ 

"မိန်းကလေးရှဲ့၊ သူနဲ့ပြိုင်ဖို့တွက် မိန်းကလေးကို စိတ်အနှောင့်ယှက်ပေးမိပြီ"

အိမ်ရှေ့မင်းသားက ကျောက်ရွှီကျီး ကိုကြည့်ရင်း စိတ်နှလုံးနာကျင်သွားခဲ့သည်။

" မိန်းကလေးရှဲ့က ကျန်းမာရေးကောင်းတာမဟုတ်ဘူး သူအလွန် အားစိုက်ထုတ်ထားရတာ မင်းစကားကိုပြန်မရုတ်သိမ်းပါနဲ့ မိန်းကလေးရှဲ့အားထုတ်ထားရတာတွေ အလဟဿမဖြစ်စေချင်ဘူး မင်းရဲ့ ပန်းချီကားကိုတော့ ထားခဲ့လိုက်ပါ ငါ ခမည်းတော်ကို ပြလိုက်မယ် မင်းရဲ့ ဒီနှစ်တွေအတွင်း အလေလိုက်နေတာကို သိစေချင်လို့"

•••••

All Chapters