← Chapters

အမတမသခင်၏ ပန်းချီက အခြားကမ္ဘာကများလာလေသလား?

Vol. 25 Ch. 462

အမတမသခင်၏ ပန်းချီက အခြားကမ္ဘာကများလာလေသလား?

Vol. 25 Ch. 462

ကျောက်ရွှမ်ကျင်း က ကိစ္စတစ်ခုကို ကြိုပြောထားသော်လည်း ရှောင်းယွီရုန်က သနားညှာတာစိတ်ဟုသာ တွေးခဲ့သည်။ 

သူက မိန်းကလေးရှဲ့အား အရှုံးပေးလိုက်ပါရန် တောင်းဆိုမည့်ဟန်ပြင်နေစဉ် အိမ်ရှေ့မင်းသားက လက်ဦးမှုရသွားခဲ့သည်။

သို့သော် ဤပန်းချီကားမှာ...

ပုံစံ အထားအသိုက သူ့ဆရာ၏ လက်ရာနှင့်တူနေသည်။ ပြေပြစ်ပြီး ကျက်သရေနှင့် ပြည့်စုံသည်။

ကျောက်ရွှီကျီး ၏ မျက်နှာတစ်ခုလုံး ပျက်နေခဲ့သည်။ 

"အရှင့်သား ဒီကနေ့ ကျွန်တော်မျိုးကို အရှက်ရအောင် လုပ်ခဲ့တဲ့လုပ်ရပ်ကို တစ်သက် မှတ်မိနေမှာပါ" ဟု ကျောက်ရွှကျီး က ပြောပြီး စိတ်မကောင်းဖြစ်ဟန်ဖြင့် ထွက်ခွာသွားခဲ့သည်။

အိမ်ရှေ့စံမင်းသားသည် ထိုစကားကိုကြားသောအခါ “မင်းက ရိုသေမှု  လည်းမရှိ ကျိုးနွံမှုကို လည်း မသိဘူး၊ ဆက်ခံသူမင်းသားရာထူးက

မင်းနဲ့ မထိုက်တန်သေးဘူး။ ပညာကို သေချာသင်ကြားဖို့လိုသေးတယ်"

ကျောက်ရွှီကျီးမှာ ထထွက်သွားပြီဖြစ်သော်လည်း ကြားလိုက်သည်။

သူ့ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားခဲ့သည်။

တစ်နေ့ အိမ်ရှေ့စံမင်းသားသာ နန်းတက်ခဲ့လျှင် သူ့အတွက် နေစရာနေရာပင် မရှိနိုင်တော့ပေ။ 

ကျောက်ရွှီကျီး မှာ မသိစိတ်တွင် နာကြည်းနေသလို ရှဲ့ချောင်သည်လည်း သူမပန်းချီကားကိုကြည့်ရင်း စိတ်တိုင်းမကျ ဖြစ်နေသည်။ သူမသည် ၎င်းကို ပေးလိုက်ရန်အနည်းငယ် ဝန်လေးနေခဲ့သည်။ ဤပန်းချီကားကို ယွင်ဝေ့ အမည်ဖြင့် ရေးဆွဲခဲ့လျှင်  ငွေအမြောက်အများ ရမည်ဖြစ်သည်၊ သို့သော် ယခု သူမကရှဲ့ချောင်ဖြစ်နေသည်၊ ထို့ကြောင့် ငွေစ  တစ်ရာလောက်နှင့်သာ ရောင်းချလို့ရနိုင်သည်။

နှမြောစရာ။ သူမ အားစိုက်ထုတ်ခဲ့ရသဖြင့် ပင်ပန်းနေပြီဖြစ်သည်။  

၎င်းကိုအိမ်ရှေ့စံမင်းသားက သိမ်းယူသွားသည်။

“မိန်းကလေးရှဲ့ရဲ့ ပန်းချီကားကို ကိုယ်အလကား ယူမှာမဟုတ်ဘူး။ မင်းရဲ့ လက်ရာအကောင်းဆုံးမဟုတ်သေးဘူးထင်လို့ မင်းကို လျှော့စျေးပေးမယ်။ ငွေ စ ၂၀၀၀ ဆိုရင်ဘယ်လိုလဲ” အိမ်ရှေ့မင်းသားက သူမ၏အတွေးကို နားလည်သယောင်ပြောလိုက်သည်။

သူတို့နှစ်ယောက် ပထမဆုံးစတွေ့စဉ်က သူမကို စကားပြောခွင့်ရရန်အခကြေးငွေပေးဖို့ တောင်းဆိုခဲ့ဖူးသည်။

ယခုသူမက ထိုကဲ့သို့သော ပန်းချီကားကြီးတစ်ချပ်ကို ရေးဆွဲပြီးမှ ငွေမပေးပါလျှင် အမတသခင်မလေးရှဲ့က သူ့အပေါ် ဆယ်နှစ်ကြာအောင် ရန်ငြိုးထားပေလိမ့်မည် ။ မပြောကောင်းမဆို

ကောင်း ပို ကြာကောင်းပင် ကြာနိုင်ပါသေးသည်။

“ပြေပါတယ်” မျှော်လင့်ထားသည့်အတိုင်းရသည့်အတွက် ရှဲ့ချောင်က ပွင့်လင်းစွာ ဖြေလိုက်သည်။

အိမ်ရှေ့စံမင်းသားက ပြုံးပြီး ပန်းချီကို လိပ်လိုက်သည်။ ပေါ့ပေါ့ပါးပါး သယ်ကာ ယူသွားခဲ့ပါသည်။

ကျောက်ရွှီကျီး ၍ ပန်းချီကားကိုမူ... သူ့ခမည်းတော်ကို ပြမည်ဟုကတိပေးခဲ့သည်... သူက ကျို့ဝေ့ကျုံး ရဲ့ လက်နှစ်ဖက်ထဲသို့ ရွံစရာသဖွယ် ပစ်ပေးခဲ့သည်။

ကျို့ဝေ့ကျုံးက  ရိုးသားစွာပင်။

သူလည်း အမတသခင်မရှဲ့၏ ပန်းချီကားကို ကိုင်ထားချင်သည်လေ။

အမှန်တကယ် အမတသခင်မလေးက ထာဝရတောင်တန်းကြီးကို မြင်ဖူးသည်များလား မဟုတ်

ရင် သူမ ဘယ်လို ပန်းချီဆွဲနိုင်ရတာလဲ !

ဟူး…အိမ်ရှေ့စံမင်းသားဖြစ်ရခြင်းက ပိုကောင်းသည်။သူက အဆောင်များကိုသာ ပစ်ချင်ပစ်လိမ့်မည်  အမတသခင်မလေး၏ ပန်းချီကားကိုမူ မစွန့်လွှတ်နိုင်ပေ။

ရှောင်းယွီရုန်သည်လည်း အလျင်အမြန်မထွက်ခွါချင်တော့ပေ။ သူက ရှဲ့ချောင်ကိုကြည့်လိုက်ပြီး "မင်းက အရမ်းတော်တာပဲ မင်းကို ငါ့တပည့်အဖြစ် ခေါ်ချင်တယ်။ မင်းဆန္ဒကိုသိနိုင်မလား?"

ဤမိန်းမပျိုလေးက ဉာဏ်ကြီးရှင်တစ်ယောက်ဖြစ်သည်။ 

ငယ်ငယ်ရွယ်ရွယ်နှင့်  ဤမျှ ကောင်းမွန်သော ပန်းချီကားတစ်ချပ်ကို ရေးဆွဲနိုင်ခဲ့သည်ကအံ့သဩစရာကောင်းသည်။

ထို့အပြင် သူမက သူ၏စီနီယာအစ်မဖြစ်သူက

စောင့်ရှောက်ခြင်းခံထားရသူလည်းဖြစ်ပေသည်။

ထိုသို့သော တပည့်ရှိခြင်းက ကောင်းသည်လေ။

တခြားသူတွေများမှာလည်း အံ့အားသင့်နေကြသည်။

ရှောင်းယွီရုန်သည် ကျောက်ရွှီကျီး နှင့် မတူပေ။ သူ့ထံတွင် အရည်အချင်းရှိပြီး လုရှီးယင်း၏ ဒုတိယမြောက်တပည့်လည်းဖြစ်ပါသည်။ သူမအား တပည့်အဖြစ် ခေါ်ဆောင်ခြင်းက လီရှီးယယန်၏ မဟာတပည့် ဖြစ်လာခြင်းနှင့် ညီမျှသည်။ သူက ဟိုဟိုဒီဒီထောက်ပြရုံဖြင့် အခြားသူများတွက် ဘဝတစ်သက်စာ ပညာရပေလိမ့်မည်။ 

ရှဲ့ချောင် အလွန်ကံကောင်းပါသည်။

ရှောင်းယွီရုန်သည် တပည့်များကို ခေါ်ယူခဲပေသည်။ အချိန်အတော်ကြာသည်တောင် သူ့မှာ တပည့်တစ်ယောက်သာ ရှိသည်။ ရှဲ့ချောင်၏မောင်လေး ရှဲ့ဖင်းဟွိုက်သည် သူ့

အတွက် မှင်ကြိတ်ပေးမည့် ကောင်လေးတစ်ယောက်မျှသာ။

မနာလိုမှုများထွက်ပေါ်လာသည်! သူတို့ အမှန်တကယ် မနာလိုဖြစ်ခဲ့ကြသည် ။

ရှောင်းယွီရုန်လည်း အနည်းငယ်စိတ်မကောင်းဖြစ်နေမိသည်။အစကတည်းကသာ  သူ့စီနီယာအစ်မက ရှဲ့ချောင်အား တပည့်အဖြစ် ပေးအပ်ခဲ့လျှင် ကောင်းပေလိမ့်မည်၊၊ 

ရှဲ့ဖင်းဟွိုက်မှာမူ မထုံတတ်တေးဖြစ်သည်။သို့သော် မကြာသေးမီကသူ၏ ဒေါသစိတ်မှာ အနည်းငယ် တိုးတက်လာခဲ့သည်။

ထိုအချိန် ရှဲ့ချောင်လည်း အထိတ်တလန့်ဖြစ်သွားသည်။

သူမ သဘောတူလိုက်ပါက ဆရာ ပြန်လာလျှင် ရှောင်းယွီရုန်ကို တပည့်အဖြစ်မှ နှင်ထုတ်လိုက်လိမ့်မည်ဟု သူမ ထင်လိုက်မိသည်။

ရှောင်းယွီရုန်က ကြည်လင်သော မျက်လုံးများဖြင့် သူမကို ကြည့်နေဆဲဖြစ်သည်။ သူက ဆရာကောင်းတစ်ယောက် ဧကန်ဖြစ်လိမ့်မည်။

သို့သော်လည်း ရှဲ့ချောင်က ရယ်မောလိုက်ပြီး ခေါင်းခါလိုက်သည် “ဆရာ ရှောင်းယွီရုန် ကျွန်မမှာ ဆရာရှိနေပြီးသားမို့ပါရှင် ..."

ရှောင်းယွီရုန်က ထိုစကားကိုကြားသောအခါ အနည်းငယ်စိတ်ပျက်သွားသည်။  သို့သော် စိတ်ထဲ အစွဲမထားဘဲ “ဒါဆိုရင်တော့ အားလျော့စရာပဲကွာ မင်းရဲ့ပန်းချီကားမှာ ဝိညာဉ်စွမ်းအားတွေ အများကြီးရှိနေတယ် မင်းရဲ့ဆရာလည်းသိပ်တော်မှာ သေချာပါတယ်..သူကဘယ်သူလဲဆိုတာလည်း သိချင်မိတယ် နောက်များမှ ကိုယ်တိုင် အကြံသွားတောင်းကြည့်ချင်တယ်"

•••••

All Chapters