မတူသော ဓားပြများ၏ အခြေချစခန်း
Vol. 25 Ch. 463
ရှောင်းယွီရုန်က အတည်မေးနေပုံရသည်။ ရှဲ့ချောင်က သူမ၏ ပုံစံအမှန်ကို ဖုံးကွယ်ရန် ကြိုးစားနေပြီး "ကျွန်မရဲ့ဆရာက ကမ္ဘာအနှံ့ ကို ခရီးနှင်နေတတ်တာမို့ သူဘယ်မှာရှိနေမလဲကျွန်မမသိပါဘူး”
သူမက ယဉ်ယဉ်ကျေးကျေး ပြုံးပြလိုက်သည်။
ရှောင်းယွီရုန် ပို၍တောင် အားလျော့သွားခဲ့ပါသေးသည်။
သို့သော် ၎င်းကိုမျက်နှာအပေါ်တွင် မဖော်ပြခဲ့ပေ။ အိမ်ရှေ့စံမင်းသားနှင့် စစ်တုရင်ကစားရမည့်အကြောင်းကို သတိတရဖြစ်ကာ အလျင်စလို ထွက်သွားလေသည်။
သစ်ခွခြံရှိ လူများက ရှဲ့ချောင်ကို စိတ်ခံစားချက်များ ရောထွေးစွာ ကြည့်နေကြသည် ။
ရှောင်းယွီရုန် ကြောင့်ပင်ဖြစ်ပါသည်။
သူက ရှဲ့ချောင်ကို တပည့်အဖြစ် ပညာသင်ပေးချင်ခဲ့သော်ငြား သူမကငြင်းဆန်ခဲ့သည် ။
သူမကို လေးစားယုံမှ တစ်ပါး ဘာမျှ မတတ်နိုင်ခဲ့ကြပေ။
ဆရာကြီးလီ ၏ ပထမဆုံးတပည့်က တစ်ခါမျှ လူရှေ့ပေါ်မလာခဲ့ပါ။ သူ၏ ဒုတိယမြောက်တပည့် ရှောင်းယွီရုန် သာလျှင် နာမည်ကြီးသည်။ သူက ပညာရေးတွင် အစွဲလမ်းကြီးပြီး စာအုပ်ကြီးအတိုင်းနေရသည်ကိုဝါသနာထုံသူတစ်ဦးဖြစ်သည်။ သူ၏ ချီးမြှောက်ခြင်း(သို့) အသိအမှတ်ပြုခြင်းကို ခံရသူများတွင် အံ့အားသင့်ဖွယ် စာပေစွမ်းရည် ရှိရမည်။
ရှဲ့ချောင်က ချီးကျူးခံလိုက်ရသည့်အတွက် ပျိုနီပန်းခြံဝန်းမှ လူများကပင် သူမကို မယှဉ်နိုင်ဟု ဆိုလိုနေခဲ့သည်။
သစ်ခွခြံဝန်းက ပျိုနီပန်းခြံဝန်းထက် မသာဘူးဟု မည်သူက နှိမ့်ချရဲဦးမလဲ။
ရှဲ့ချောင်က ပျိုနီပန်းခြံဝန်းကို ထိခိုက်စေမည့် ကိစ္စရပ်များကို အဆက်မပြတ်လုပ်နေခဲ့သည်မဟုတ်ပါလား။ လွန်ခဲ့သောနှစ်များက သုန့်ရှီးယွင်သည် ဆရာရှောင်းအား သူမ၏ကဗျာများအပေါ် မှတ်ချက်ပေးရန် တောင်းဆိုခဲ့သည်။ ဆရာရှောင်းက တစ်စက်မှအဓိပ္ပါယ်မရှိဘူးဟု မှတ်ချက်ပေးခဲ့ပါသည်။
သို့သော် ရှဲ့ချောင်ကမူထူးခြားပါသည်။
ထိုအချိန်တွင် ရှဲ့ချောင်က လူတိုင်း၏ ကြိုးစားချင်စိတ်များကို တောက်လောင်စေသည်ဟု ဆိုနိုင်သည်။
ရှဲ့ချောင်၏ ခန္ဓာမှာ အားနည်းပြီး အသက်ရှုမဝ ဖြစ်နေခဲ့သော်လည်း ကြိုးစားနေသည်ကို သူတို့ကသန်သန်မာမာရှိကြသော်လည်း ဘာကြောင့် စာမ
ကြိုးစားပဲ အဖိနှိပ်ခံ ဖြစ်နေကြရမည် လဲ?
လူတို့၏ စိတ်သဘောထားများ ပြောင်းလဲလာခဲ့သည်။
ယနေ့လည်း အိမ်စာများကို သုံးသပ်ရန် အလို့ဌာ ရှဲ့ချောင်၏ နေအိမ်ကို သွားရန် သဘောတူခဲ့ကြသည်။
ယခုအခါတွင် ပို၍ပင် စိတ်ဝင်စားဖွယ်ကောင်းလာခဲ့သည်။
ရှဲ့ချောင်က အလွန်အံ့ဩစရာကောင်းပါသည်။ သူတို့သာ အိမ်စာတွေကို သေချာလိုက်မလုပ်ခဲ့လျှင် မယှဉ်နိုင်အောင် အရှက်ရပေလိမ့်မည်။
ကျောင်းပြီးသွားသည့်အခါတွင်လည်း ရှဲ့ချောင်၏ နေအိမ်ကို လာရောက်ကြသည့် မိန်းကလေးများက စာကိုအလေးထားလုပ်လာခဲ့ကြသည်။ သူတို့က အတန်းတစ်တန်းစီကို သေချာ
ရွေးခြယ်ထားကြပြီး တစ်ဦးနှင့်တစ်ဦး သင်ပေးကြပါသေးသည်။
ရှဲ့အိမ်တော်တွင် ဤမျှလောက် ဧည့်သည်များ မလာခဲ့ဖူးသည့်အတွက် အိမ်တော်ထိန်းမှာ ဂုဏ်ယူမဆုံးနိုင်ပေ။
မမလေးက အတော်ဆုံးဖြစ်နေသည်။
လူသိနည်းသော သခင်ကြီးနှင့် အကြီးဆုံးသခင်လေးတို့မှာမူ ဧည့်သည်မဆိုထားနှင့် သာမန်လူများပင် မလာရဲခဲ့ကြပေ။
ဤ ဧည့်သည်များကို ဧည့်ခံရန် ရှဲ့ချောင်၏ အနားတွင် ရှိနေသည့် အထိန်းတော်မှာ ချွင်းအာ ဟု ခေါ်ပေသည်။ မီးဖိုချောင်ထဲတွင်လည်း ဂရုတစိုက်နှင့် သပ်ရပ်လှပသော အချိုပွဲများစွာကို ပြုလုပ်နေကြသေးသည်။
ဖန်းမုရွှယ် နှင့် အခြားသူများက အပစ်ပယ် ခံဖို့
အသင့်ပြင်ပြီး လာခဲ့ကြသူများဖြစ်ပါသည်။
ရှဲ့မိသားစုသည် ဓားပြများသာ စုဝေးနေသော အိမ်ဟု ပြောကြသည့်အတွက် ဧည့်သည်များကို ထိုမျှ ကောင်းမွန်စွာ ဆက်ဆံလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။
သို့သော် သူတို့ရောက်သည့်အခါတွင်ပြောစကားနှင့် လုံးဝမတူကြောင်း သူတို့သဘောပေါက်လိုက်ကြသည်။
ရှဲ့အိမ်တော်က သူတို့ကိုယ်ပိုင်အိမ်များထက် များစွာသာလွန်နေခဲ့ပါသည်။
အစောင့်တစ်ဦးစီတွင် ၎င်းတို့၏ တာဝန်များ ရှိသည်။ သူတို့တစ်ဦးစီက အင်အားကြီးပြီး လုံခြုံမှုပေးစွမ်းနိုင်သည်ဟု ခံစားရသည်။ အိမ်ထဲသို့ ဓားပြများဝင်လာမည်ကို စိတ်ပူစရာ မလိုပေ။ အစေခံများမှာလည်း အလွန်နာခံတတ်ပြီး ဧည့်သည်အားလုံးကို လေးလေးစားစား ဆက်ဆံသည်။ ဘဏ္ဍာစိုးကလည်းပဲ နွေးထွေးပြီး
လက်ဖက်ရည်နှင့် အချိုပွဲများကို ကျွေးသေး သည်။ အရာရာကို ထည့်သွင်း စဉ်းစားကြည့်လျှင်ဓားပြများ၏ အခြေချစခန်းက ဤသို့ဆိုလျှင် တောင်ပေါ်စခန်းသို့ပင် ခေါ်သွားခံချင်ပါသေးသည်။
သူတို့ ပိုမို နှစ်သက်သည့်အရာက ရှဲ့ချောင်၏ သွန်သင်ဆုံးမမှုများပင်။
သူတို့ နားမလည်နိုင်သော အရာများစွာ ရှိသည်။ သို့သော် ရှဲ့ချောင်ကို အကြံဉာဏ်တောင်းသည့်အခါတိုင်း အကြောင်းရာတစ်ခုလုံးနီးပါးကို ခြုံပြောပြနိုင်သည်။ မေးခွန်းများကို ကွက်ကွင်းအောင်ရှင်းပြနိုင်ပြီး တိမ်စိုင်များကင်းစင်သွားသကဲ့သို့ သူတို့ပိုနားလည်လာကြသည်။
ရှဲ့အိမ်တော်ကို လာလည်ရသည့် ခံစားချက်ကို လူအများက သဘောကျသည်။
စိတ်ပြေလက်ပျောက်ဖြစ်ကာ ကြည်နူးစရာကောင်းပြီး ဆုလာဘ်တစ်ခုနှင့်ပင်တူသေးသည်။
သို့သော်လည်း ညနေတိုင်း စာပြရသည်အထိ ရှဲ့ချောင်တွင် အချိန်ပိုမရှိပေ။ ထို့အတွက် အဆုံးသတ်တွင် အချင်းချင်း ဆွေးနွေးကြပေသည်။ နောက်တစ်ကြိမ် စာမေးပွဲကြီးမဖြေခင်ထိ တစ်ပတ်တစ်ခါ စာစုလုပ်ကြသည်။ ကျောင်းပိတ်ရက်များတွင် မေးစရာရှိပါက ကျောင်းတွင်စုဝေးကြသည်။
••••