← Chapters

ကံကောင်းစေသည့် လမ်းပြကြယ်ကလေး

Vol. 25 Ch. 464

ကံကောင်းစေသည့် လမ်းပြကြယ်ကလေး

Vol. 25 Ch. 464

ရှဲ့ချောင်၏ ဂုဏ်သတင်းသည် သစ်ခွခြံဝင်းအတွင်းသာမက ကျောင်းတော်ကြီးတစ်ခုလုံးတွင် ပျံ့နှံ့လာခဲ့သည်။

သူမသည် ဆရာရှောင်း က တောင်းပန်ကာခေါ်သော်လည်း မရနိုင်သော တပည့်ဖြစ်သည်။

အခြားသူများ၏အမြင်တွင် သူမသည် တရားဝင်တပည့်  ချူကျန်း ထက် များစွာပို၍ တန်ဖိုးမြင့်နေခဲ့သည်။

ချူကျန်းက ကျောက်စိမ်းစိတ်နှင့် ကျောင်းလမ်းမှသာ ဆရာ၏ အသိအမှတ်ပြုခြင်းကိုရနိုင်ခဲ့သည်။ ဤသည်က ရှဲ့ချောင်နှင့် အလွန်ကွဲပြားနေခဲ့သည်။

အစပိုင်းတွင်  ရှဲ့ဖင်းဟွိုက်က ဆရာ ၏ အသိမှတ်ပြုခြင်းကို ခံရမည်ဟု မည်သူမျှ မယုံကြည်ခဲ့ပေ။

သို့သော် ယခု ကွဲပြားသွားပြီဖြစ်သည်။ ရှဲ့ဖင်းဟွိုက်ကိုမြင်သောအခါ လူတိုင်းနီးပါး အားပေးကြသည်။

“ဒုတိယသခင်လေး ရှဲ့ ၊ မင်းနဲ့ ရှဲ့ချောင်က သွေးရင်းသားရင်း မောင်နှမတွေပဲ မင်းရဲ့ အရည်ချင်းကလည်း အတူတူပဲဖြစ်မယ်လို့ ယုံကြည်တယ်။ မင်း သေချာကြိုးစားနေသရွေ့တော့ ဆရာကြီး ရှောင်း က မင်းကို သူ့တပည့်အဖြစ်

သေချာပေါက် လက်ခံမှာပါ!”

ယနေ့ပင် ထိုသို့သော အားပေးမှုကို ရှဲ့ဖင်းဟွိုက်အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ကြားသိခဲ့ရပြီးဖြစ်သည်။

စိုးထိတ်နေရသဖြင့် ကျောင်းသို့ပင် မလာချင်ပေ။ 

သူ၏ကျောင်းနေဖက်များ တစ်ခုခုဖြစ်နေသလားပင် တွေးနေမိသည်။

ကောင်းသည် ဆိုးသည် စသဖြင့် အစစအရာရာ အပြောခံရဖူးသည်။

ယခင်က သူ့ကိုအသုံးမကျဘူး ဟု ပြောခဲ့ကြသည်။ ယခု သူတို့ပဲ သူ၏ ဉာဏ်ရည်ကို ချီးကျူးနေကြပြန်ပါသည်။

အဆိုးဆုံးက လူအိုကြီးဆရာရှောင်း ဖြစ်သည်။ သူ့ကိုလှမ်းခေါ်ပြီး ဖြားယောင်းသွေးဆောင်သော

မျက်နှာဖြင့် “ မင်းအစ်မ မင်းကို အိမ်မှာ သင်ပေးဖူးတာတို့ ဘာတို့ရှိလား” ဟု မေးသည်။

ရှဲ့ဖင်းဟွိုက်အံသြသွားပြီး ခေါင်းကို ပြင်းပြင်းထန်ထန် ခါယမ်းလိုက်သည် ။

"မင်းအစ်မက  အရမ်းဉာဏ်ကောင်းတယ် ။ မင်း သူ့ဆီကနေ သင်ယူစရာများတယ်"

ဆရာရှောင်း၏ အသံကတည်ငြိမ်နေသည်။ “မင်း ငါ့အတွက် မှင်ကြိတ်ပေးနေတာကြာပြီ။မင်းဘယ်လိုသဘောရလဲ။"

ရှဲ့ဖင်းဟွိုက်သည် နုံနုံအအဖြစ်သဖြင့် မတွေးတတ်ပဲ ဖြစ်နေသည်။

မှင်ကြိတ်ဖို့ကလွဲလျှင် ဘာကိုတွေးရမလဲ။ ဤဆရာရှောင်း ကို ခုတ်ထစ် သတ်ပစ်ချင်ရုံကလွဲလို့ အခြားဘာမျှ မရှိပါ...

“အဲ …”

ရှဲ့ဖင်းဟွိုက်သည် ဆရာရှောင်း ၏မျှော်လင့်ချက်ကြီးနေသော အကြည့်ကို လှမ်းမြင်လိုက်ပြီး တံတွေးမြိုချလိုက်သည်။ စဉ်းစားပြီးမှ ချီတုံချတုံနှင့် “မှင်ကိုကြိတ်ရတာပင်ပန်းပါတယ် အဲ့ဒါကို အလျင်စလို လုပ်လို့မရဘူး။ ဖြည်းဖြည်း မကြိတ်ရင် အဝတ်မှာပေပြီး ညစ်ပတ်သွားမှာပါ…”

သူ စိတ်လှုပ်ရှားနေမိသည်။

သူ့ကို နောက်တစ်ကြိမ် ရိုက်ဖို့ ဆူးပင်ကို ထပ်ထုတ်တော့မည်လား။

ဤမျှ ရက်စက်သော ဆရာက အရာရှိ မဖြစ်ထိုက်ဘူး။

"မင်းပြောတာမှန်တယ်"

ဆရာရှောင်းက နောက်ဆုံးတွင် “ဒါက ရိုးရှင်းပေမယ့် ကောင်းမွန်တဲ့ အလေ့အကျင့်တစ်ခုပဲ။ အနာဂတ်မှာ မှင်ကြိတ်တာလိုမျိုး တခြားအရာ

တွေကို မင်းလုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ် စိတ်ရှည်ပါ မလောပါနဲ့ ဖြည်းဖြည်းမှန်မှန်လုပ်ပါ”

ရှဲ့ဖင်းဟွိုက်က ယနေ့ ရှောင်းယွီရုန်အား အနည်းငယ် ထိတ်လန့်နေသည်။

ဆရာရှောင်း က သူ့ကို ကြည့်နေသည်။

သူထံ ပြောစရာမရှိတော့ပေ။

ချူကျန်း ၏ဦးနှောက်ဖြင့်သာ ဆိုလျှင် အဓိပ္ပါယ်ကို ချက်ခြင်းနားလည်ပြီး ဒူးထောက်ကာ ဆရာအဖြစ် အသိအမှတ်ပြုပေလိမ့်မည်။

ဒီကောင်လေးက လုံးဝ နားမလည်ဘူးလား?

ထုံအခြင်းနှင့် ကြောင်တောင်တောင်ဖြစ်နေခြင်းမှာ အကျိုးကျေးဇူးများရှိသည်။ လုံးဝ အသုံးမဝင်ခြင်းမဟုတ်ပေ။  

“ငါ့ကို မင်းရဲ့ဆရာအဖြစ်  အသိအမှတ်ပြုဖို့ ရက်

တစ်ရက်ကို ရွေးလိုက်၊  မင်းအဖေက ဒီမှာမရှိဘူး အစ်ကိုကလည်း အလုပ်ရှုပ်နေတော့ အခမ်းအနားအတွက်  အပိုတွေ မလိုဘူး။ မင်းအဆင်ပြေတဲ့အချိန် ဒူးထောက်ပြီး လက်ဖက်ရည်တစ်ခွက်ပေး ဒါဆိုရပြီ" ဆရာရှောင်း က သက်ပြင်းချလိုက်သည်။

"အယ် ကျွန်တော့်ရဲ့ဆရာလုပ်မယ်? " ရှဲ့ဖင်းဟွိုက်အလိုလျောက် ပြန်ဖြေလိုက်သည်။ ထို့နောက် စားပွဲဆီသို့ အလျင်အမြန်ပြေးကာ လက်ဖက်ရည်တစ်ခွက်ကို ချက်ချင်းယူလာခဲ့သည်။

သူက ဒူးထောက်လိုက်ပြီး “ဆရာ၊ လက်ဖက်ရည်သောက်ပါ” ဟု ပြောလိုက်သည်။

မြန် မြန် လုပ်ရမယ် ။ ဆရာရှောင်း က သူ့စကားကို ပြန်ပြောင်းပြောရင် ဘယ်လိုလုပ်မလဲ။

ဆရာရှောင်း၏ နဖူးပေါ်ရှိ သွေးကြောများပင်ပေါ်လာ၏။

ဒေါသကို ထိန်းကာ လက်ဖက်ရည်ကို သောက်လိုက်သည်။

"ကြီးကြီးကျယ်ကျယ် မလုပ်နဲ့ဦး။ နောက်ဆို မင်းက ဆရာအပေါ်ကိုရိုသေပြီး တပည့်သားချင်းတွေကို ကြင်ကြင်နာနာ ဆက်ဆံရမယ်..မင်းအမှားလုပ်မိရင်ဆရာက  အရင်ကထက် ပိုတင်းကြပ်ရလိမ့်မယ်!" ဆရာ ရှောင်း က ဆက်ပြောသည်။

ရှဲ့ဖင်းဟွိုက်က အီလည်လည်မျက်နှာဖြင့် ခေါင်းညိတ်လိုက်သည်။

သူ မှုန်ကုပ်ကုပ်ဖြစ်နေသည်မှာ ကြာပြီဖြစ်သည်။  ယခုမှ သူ့ဆရာအဖြစ် လက်ခံသည်ကို အဘယ်ကြောင့် ထုတ်ဖော်ပြသခွင့်မပြုနိုင်သနည်း။

ထားလိုက်ပါ။ သူကြွားခဲ့လျှင်တောင် ကောင်းချီးကြောင့် သူ့အိမ်မက်တွေ ဖြစ်လာခဲ့သည်ဟု အခြားသူများက ထင်ကြလိမ့်မည်...

သို့သော်…

အစကတည်းက သူ့အစ်မ၏ ကျေးဇူးများဖြစ်ခဲ့သည်သာ။

သူ့အစ်မအကြီးဆုံးက သူ့အတွက် ကံကောင်းစေသည့် လမ်းပြကြယ်လေး ဖြစ်ပေသည်။  ထိုသူ့ကို ဆရာအဖြစ် သတ်မှတ်ရခြင်းက ရင်နာစရာကောင်းသော်လည်း သူ၏ ဂုဏ်သိက္ခာအတွက်တော့ ကြည့်ကောင်းဆဲပင် ဖြစ်သည်။

•••••

All Chapters