ပြသနာမီးမွှေးရန်လာလေပြီ
Vol. 25 Ch. 465
ရှဲ့ဖင်းဟွိုက်က ဆရာကြီး ရှောင်း ၏ တပည့်ဖြစ်လာပြီးနောက်ရှဲ့ မိသားစု၏ ဂုဏ်သတင်းသည် တစ်ဖန် မြင့်တက်လာခဲ့သည်။
ရှဲ့ မိသားစုမှ သားသမီးများကို မည်သူမျှ မထီမဲ့မြင်မပြုရဲကြပေ။
အလွန်ရက်စက်ပြီး ကျိုးကြောင်းဆီလျော်မှုမရှိသော ရှဲ့ဖင်းကန်းသည် ယခုအခါ အဆင်း၆ အရာရှိတစ်ဦးဖြစ်နေလေပြီး။ မိုက်မဲသော ခွေးလေးကဲ့သို့ လျှောက်သွားတတ်ပြီး ငှက်များဖြင့် ကစားနေတတ်သော ရှဲ့ဖင်းဟွိုက်သည် ဆရာကြီး ရှောင်း ၏ တပည့် ဖြစ်လာခဲ့ပြီ။ မိသားစုထဲမှ ယောကျ်ားနှစ်ဦးဟာ ယခုအချိန်တွင် တောက်ပသည့် အနာဂတ်များ ပိုင်ဆိုင်ထားကြပြီ ဖြစ်သည်။
…
ထိုအချိန်တွင် ရှဲ့ချောင်က မကောင်းဆိုးဝါးဝိဉာဉ် တစ်ကောင်နှင့်အတူ လိုက်ပါလာသည်။ မော့ချူးရှန်း၏ ပုံစံကို အသုံးပြုကာ မင်းသား၏ နေအိမ်သို့ ဖိတ်ခေါ်ချက်ကို လွှဲပြောင်းရယူခဲ့ပါသည်၊၊
သူမသည် ပြသနာကိုမီးမွှေးရန် လာရောက်ခဲ့ခြင်း
ဖြစ်သည်။
မကောင်းဆိုးဝါးဝိဉာဉ်သည် အနည်းငယ် အတွေးခေါင်နေဟန်ရှိသည်။ သူ့အတွက် မကောင်းဆိုးဝါးဝိဉာဉ် တစ်ကောင်ဖြစ်နေခြင်းက လူသားဖြစ်စဉ်အချိန်ကထက် ပို၍ပင် စိတ်လွတ်နေခဲ့သည်။ ဤခြံဝင်းမြင့်ကြီးကိုမြင်လိုက်သည်နှင့် သူ့မျက်နှာတွင် ကြောက်စိတ်များ ပြည့်နှက်လာခဲ့သည်။
“ဆ..ဆရာမ ဒါက အဲ့လူကြီးမင်းရဲ့အိမ်လား” မကောင်းဆိုးဝါးဝိဉာဉ်အနည်းငယ်ကြောက်သွားသည်။
သူသည်အချိန်ကြာရှင်သန် နေထိုင်ခဲ့ပြီးပြီဖြစ်သော်လည်း ဤကဲ့သို့ အဆင့်အတန်းမြင့်ခြံဝင်းကို ဖြတ်ကျော်ရန် တစ်ခါမှ မဝံ့ရဲခဲ့ပါ။
"သူက ဒီမိသားစုရဲ့ အကြီးဆုံးသခင်လေးပဲ" ရှဲ့ချောင်က ခေါင်းညိတ်ရင်းပြောပြသည်။
မကောင်းဆိုးဝါးဝိဉာဉ်၏ မျက်လုံးများက မျှော်လင့်ချက်များဖြင့် ပြည့်နေ၏။
သူသည် သူ၏ကိုယ်ပိုင်ဆန္ဒဖြင့် လေလွင့်နေရသော ဝိညာဉ်မဟုတ်ပေ။ သူလည်း လူပြန်ဝင်စားပြီး အသစ်ကပြန်စချင်ပါသေးသည်။ သို့သော် မသေဆုံးမီ ခံစားခဲ့ရသော နာကြည်းမှုက လျော့ပါးမှုမရှိသဖြင့် သူထွက်သွားချင်ရင်တောင်မှ ထွက်သွားလို့မရဖြစ်နေခဲ့ခြင်းဖြစ်သည်။ သူ့အား အမျိုးသမီးကို ရိုက်နှက်သည့် အသုံးမကျသော လူ့အမှိုက်ဟု သူ့ဇနီးသည်က တခြားသူတွေကို သတင်းဖြန့်နေချိန်မှာလည်း ဒီအတိုင်းသာရပ်ကြည့်နေနိုင်ခဲ့သည်။
သူအသက်ရှင်စဉ်အခါက အားနည်းခဲ့သော်လည်း ယခုသေဆုံးသွားသည့်တိုင် ဘာမှမတတ်နိုင်ခဲ့ပေ။
ဤဆရာမကသာလျှင် သူ့ကို စောင့်ရှောက်၍ နေစရာနေရာ ပေး၏။
သူသိပ်မခံစားရပေ။
အိမ်တော်ထိန်းဖုမန် က ကိုယ်တိုင်ကိုယ်ကျ ထွက်လာပြီး ရှဲ့ချောင်ကို ကြိုဆိုလိုက်သည်။
"ဆရာသခင် မော့၊ မင်းသမီးက ဆရာသခင်လာမယ်ဆိုတာသိနေတယ် အဲဒါကြောင့် သူမက ခန်းမထဲမှာ တကူးတကစောင့်နေပါတယ်။ ဒီနေ့မှပဲ သခင်လေးက အားအင်တွေ အလွန်ကို ရှိနေတာပါ ။ကျွန်တော်တို့ သခင်လေးမှာ တစ်ခုခုဖြစ်မဖြစ်ကို ကျေးဇူးပြု၍ စစ်ဆေးပေးဖို့ မေတ္တာရပ်ခံချင်ပါတယ် ”
ရှဲ့ချောင် ခေါင်းညိတ်လိုက်သည်။
ခန်းမထဲသို့ လျှောက်သွားစဉ် မင်းသမီးက ဧည့်သည်များကို ကြိုဆိုရန် နွေးထွေးစွာ မတ်တပ်ထရပ်လာခဲ့သည်။
“ကျွန်မတို့ နောက်ဆုံးတွေ့တာ ရက်ပိုင်းပဲ ရှိပါသေးတယ် ဆရာမက အရင်ကထက် ပိုထူးခြား
လာတယ်” ဟု မင်းသမီးက ကြင်နာစွာ ပြောခဲ့ပါသည်။
ရှဲ့ချောင်က ပြုံးပြီး "မင်းသမီးကလည်း ပိုပြီးတော့ နုပျိုလာပါတယ်"
မင်းသမီးက အသက်ခြောက်ဆယ်ရှိပြီဖြစ်သည်။ ယခင်က သူမသည် အလွန်ပင်ပင်ပန်းနွမ်းနယ်နေပုံရပြီး အသက်ပိုကြီးပုံရသည်။ ဤတစ်ခါတော့ မတူတော့ပေ၊ သူမ နဲ့ မတူပဲ အားအင်တွေပြည့်နေပြီး မျက်နှာမှာ အရေးအကြောင်းတွေ နည်းပါးသွားပုံရသည်။ အသက်လေးဆယ်ငါးဆယ်လောက်ပဲရှိတော့သည် ဟုထင်ရပါသည်။
“ကျွန်မသားကို ကယ်တင်ခဲ့တဲ့ ဆရာမကြီးရဲ့ ကျေးဇူးတွေကြောင့်ပါ မဟုတ်ရင် ကျွန်မလည်း သူနဲ့တူတူထွက်သွားမိမှာ”
မင်းသမီးက သက်ပြင်းချကာ “ဆရာမ ဒီနေ့ ထူးထူးခြားခြား လာတယ် ဆိုတော့ ကျွန်မသားမှာ
ဘာဖြစ်နေပြီလဲဟင်”
မင်းသမီးက အနည်းငယ် လန့်သွားပြန်သည်။
ထို့နောက် ရှဲ့ချောင်က သခင်လေးကို ကြည့်လိုက်သည်။
သခင်လေးက လည်း သူမကို ကြည့်နေသည်။
သခင်လေးသည် အသက် ဆယ်နှစ်ခန့်သာရှိသေး၏။ သူသည် အလွန်ပိန်လှီသောပုံပေါက်သော်လည်း အတော်လေး လိမ္မာသူဖြစ်သည်။ သူက ရှဲ့ချောင်ရှေ့ကို လျှောက်လာပြီး "ခင်ဗျား ကျွန်တော့်ကို ကယ်ခဲ့တာ။ အမေက နောင်တစ်ချိန်မှာ ခင်ဗျားကို တရိုတသေ ဝတ်ပြုဖို့ လိုတယ်တဲ့”
ရှဲ့ချောင်က မရယ်ဘဲ မနေနိုင်တော့။ သူက အရိုင်းလေးပဲ။
"သူ့ခန္ဓာကိုယ်မှာ ဘာပြဿနာမှမရှိပါဘူး။ သူကြည့်ရတာအဆင်ပြေပါတယ် စိတ်မပူပါနဲ့"
ရှဲ့ချောင်ပြုံးလိုက်သည်။ ကလေးက ဘယ်လောက်ချစ်ဖို့ကောင်းလဲဆိုတာကို ကြည့်ပြီး ကြေးခေါင်းလောင်းလေးကို ထုတ်လိုက်သည်။
“ဒါက အဖိုးမတန်ဘူး ဒါပေမယ့် ဓမ္မ တူရိယာပဲ။ နောင်များ သခင်လေးကို မကောင်းတဲ့ အရာတွေက မကြာခဏ ထိတွေ့မိရင် ခေါင်းလောင်းလေးက မြည်လိမ့်မယ်”
ခေါင်းလောင်း၏ အာရုံခံနိုင်စွမ်းသည် အထူးကောင်းမွန်သည်တော့ မဟုတ်ပေ။
သို့သော်လည်း ရှဲ့ချောင်သည် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေခြင်းဖြစ်သည်။
ဤကမ္ဘာကြီးတွင် မကောင်းဆိုးဝါးဝိဉာဉ်များ အလွန်များပါသည်။ မကောင်းဆိုးဝါးဝိဉာဉ်တစ်ကောင် နှင့်ကြုံတိုင်း အသံမြည်ရမည်ဆိုလျှင် ၊
သခင်လေး အလွန်ထိတ်လန့်နေပေလိမ့်မည်။
မကောင်းဆိုးဝါးဝိဉာဉ်က သူ့နောက်သို့ အမြဲလိုက်နေပါမှ ဒါမှမဟုတ် သခင်လေးက သူ့အတွက် မကောင်းသည့်အရာတစ်ခုခုကို အမြဲဆောင်ထားမည်ဆိုမှသာ ခေါင်းလောင်းသံက တုံ့ပြန်မည်ဖြစ်သည်။
မင်းသမီးက ပျော်ပြီး အလျင်အမြန်ယူလိုက်သည်။ သံသယတစ်စက်ကလေးမှပင် မရှိပဲ ၎င်းကို သခင်လေး၏လက်ကောက်ဝတ်တွင် ချက်ချင်းဝတ်လိုက်သည်။
ထို့အပြင် ဆရာမမော့ ၏ လက်ကောက်ဝတ်တွင်လည်း ခေါင်းလောင်းတစ်ခုရှိနေသည်ကို သူမတွေ့ရှိခဲ့သည်လေ။
သို့သော် ၎င်းကိုတော့ ရွှေဖြင့်ပြုလုပ်ထားလေသည်။
ရှဲ့ချောင်က ထိုအခိုက်အတန့်မှာပင် ပြော
လိုက်၏။
"မင်းသမီးရဲ့ နောက်ထပ် သားတစ်ယောက် အတွက် လာခဲ့တာပါ"
•••••