လူတစ်ယောက်ကိုသတ်ခဲ့တယ်
Vol. 25 Ch. 466
ကျောက်ရွှီကျီး သည် ကိုယ်လုပ်တော်တစ်ဦး၏သားဖြစ်သည်။ ထို့အတွက် သူသည် မင်းသမီး၏သားတော် အလိုအလျောက် ဖြစ်လာခဲ့သည်။ ဘာမှ ထူးခြားသည့်အရာမဟုတ်ပေ။
"ရွှီကျီး?"
မင်းသမီးက အနည်းငယ် စိတ်ရှုပ်သွားပြီး "ဆရာမ၊ ရွှီကျီး ကို မြင်ဖူးတာလား။ သူ ဘာဖြစ်လို့လဲဟင်…သူ မလုပ်သင့်တဲ့အရာတစ်ခုကို သွားလုပ်မိထားတာလား"
မင်းသမီး အနည်းငယ် စိုးရိမ်နေသည်။
မယားအငယ်နှောင်း၏သားကို မကြိုက်သော်လည်း၊ ခင်ပွန်းသည်ဖြစ်သူသည် သူမအတွက် များစွာပေးဆပ်ခဲ့သည်။
မင်းသားတစ်ဦးဖြစ်သော်လည်း အသက် ၄၀ အရွယ်ထိ မောင်းမမိဿံများသာ ခေါ်ဆောင်ထားခဲ့ပြီး သားသမီးမရှိခဲ့ပေ။ ဒါဟာ သူပြသခဲ့သည့်အနက်ရှိုင်းဆုံး ချစ်ခြင်းမေတ္တာပဲဖြစ်ပါသည်။
ထို့ပြင် ကိုယ်လုပ်တော်နှင့်သား မှတပါး အခြားမည်သူမျှမရှိပေ။ ကလေးမွေးဖွားပြီးသည်နှင့် မင်းသားသည် ထိုအမျိုးသမီးကို ထပ်မံ၍ မျက်နှာသာမပေးခဲ့ပေ။
ထို့တွက် ကိုယ်လုပ်တော်၏သားက သူမ၏သားကို မထိခိုက်စေသရွေ့ ကျောက်ရွှီကျီး ကို ကြင်ကြင်နာနာ ဆက်ဆံနိုင်မည်သာ။
သားဖြစ်သူနှင့်သက်ဆိုင်သော ဆက်ခံသူရာထူးမှ
လွဲ၍ သူမသည် ထိုကောင်ကလေး လိုချင်သမျှကို အတတ်နိုင်ဆုံးဖြည့်ဆည်းပေးနိုင်ရန် ကြိုးစားသွားမည်ဖြစ်သည်။
ဥပမာအားဖြင့် သူ၏ပညာရေးအတွက် ဆရာဌားရမ်းခ၊ သူတန်ဖိုးထားသည့် ဂုဏ်သိက္ခာစသဖြင့်ပင်။တော်ဝင်မိသားစုရှိ အခြားကောင်လေးများပင် ကျောက်ရွှီကျီး ထက် ပိုမိုသက်တောင့်သက်သာရှိသောဘဝမျိုးမရှိဟု ဆိုနိုင်သည်။
ထို့ပြင် တခြားမိသားစုများ၏ အစွယ်အပွားများကို နန်းတော်ထဲကို ၀င်ခွင့်မပေးထားပေ။
သို့သော် နန်းတော်မှာ ပွဲတော်ရှိတိုင်း ကျောက်ရွှီကျီး ကို ချီးမွမ်းရန် သူမအမြဲတမ်း ရည်ရွယ်ထားခဲ့ပါသည်။
မင်းသမီးက သူမသားအဖြစ်အပျက်နှင့် ပတ်သက်ပြီး အနည်းငယ်စိတ်မကောင်းဖြစ်နေသေးသော်လည်း ထိုကောင်ကလေးက မရည်ရွယ်
ဘဲ လုပ်လိုက်တာ ဖြစ်သည့်အတွက်၊ အပြစ်ပေးခံရသလို အကြိမ်းမောင်းခံလိုက်ရပြီးကတည်းက မေ့သွားခဲ့လေပြီ။
သူ့သား၏ အခန်းထဲမှာရှိသော မသန့်စင်သည့်အရာများက ကျောက်ရွှီကျီး နှင့် ဘာမှ မသက်ဆိုင်ကြောင်းကိုလည်း သူမ သိလိုက်ရသည်။
၎င်းမှာ အိမ်ရှိဘဏ္ဍာစိုးတစ်ဦးမှ သားဖြစ်သူကို ဆုချရန်အတွက် အခြားသူတစ်ဦးထံမှ စျေးသက်သာစွာဖြင့် ဝယ်ယူခဲ့သော အရုပ်သေးသေးလေးတစ်ရုပ်သာဖြစ်သည်။
မင်းသမီးက ရှဲ့ချောင်ကို စိုးရိမ်တကြီးနဲ့ ကြည့်နေခဲ့သည်။
ရှဲ့ချောင်က "ဒီတစ်ခါ လာတာကသာမန်လူတစ်ယောက်အတွက်ပါပဲ"
မင်းသမီး အံ့အားသင့်သွားသည်။
“လွန်ခဲ့တဲ့လအနည်းငယ်လောက်က မင်းသမီးတို့မိသားစု၊ မြို့တော်ကိုရောက်ခါစကပေါ့ ကျောက်ရွှီကျီး က အမျိုးသမီးတစ်ယောက်ကို ကူညီပေးခဲ့ပြီး သူ့ခင်ပွန်းကိုတော့ အပြစ်ပေးခဲ့တယ်။ အဲဒါကို မှတ်မိပါသလား?" ရှဲ့ချောင်က မေးသည်။
မင်းသမီးက ခေါင်းညိတ်ကာ “ဟုတ်ကဲ့ အဲ့အချိန်တုန်းက ကလေးက ကြင်နာတတ်သူမို့ကုသိုလ်ကောင်းမှုပြုတာဖြစ်ပါတယ် ဆရာမ။ သူ့အဖေက ဒါကိုမြင်တော့ ဝမ်းသာလွန်းလို့ မတားခဲ့ပါဘူး။ အဲဒီနောက်မှာတော့ ဒီကိစ္စဟာ မြို့တော်မှာ အတော်လေးပျံ့နှံ့သွားခဲ့တယ်။ လူတိုင်းက ဒီကလေးဟာ ကြင်နာတတ်ပြီး လက်စောင်းထက်တယ်လို့ ပြောကြတယ်။”
ထိုအချိန်တွင် ရှဲ့ချောင်အနားရှိ မကောင်းဆိုးဝါးဝိဉာဉ်က ပို၍ တုန်လှုပ်လာသည်။
သူ့မျက်ဝန်းများက သွေးမျက်ရည်များနှင့် ချင်းချင်းရဲနေသည်။
ကြင်နာသနားတတ်သူတဲ့လား။ သူ့ရဲ့ စေတနာကြောင့် သားဖြစ်သူ သေဆုံးခဲ့ရသည်။
သူသာ ထိုမျိုးရိုးမြင့်သခင်လေးရဲ့ အချုပ်အနှောင်မခံထားခဲ့ရဘူးဆိုရင် သူ့သားဟာ အားကိုးရာမဲ့၊ အနိုင်ကျင့်ခံဘဝနဲ့ မထီမဲ့မြင်ပြုခြင်း ခံရမှာ မဟုတ်ဘူး။ နောက်ပြီး သူသည်လည်း သတ်သေမှာမဟုတ်ဘူး!
ဒါ့အပြင်…
သူ့မိန်းမနဲ့ ရန်ဖြစ်စဉ်က ကွာရှင်းဖို့ တွေးထားပြီးသားဖြစ်သည်။ ထိုအမျိုးသမီးက သူ့သားရဲ့ ပညာရေးအတွက် ချန်ထားသည့်ငွေတွေကို ယူသုံးခဲ့သည်။ ထို့အတွက် သည်းခံပြီး ထိုမိန်းမနှင့် ဆက်နေစရာအကြောင်းမရှိတော့။
အစက သူ့မိန်းမနှင့် ကွာရှင်းပြီး သူ့သားကို ပြုစုစောင့်ရှောက်နေသရွေ့ အရာအားလုံး အဆင်ပြေသွားလိမ့်မည်ဟု ထင်ခဲ့သည်၊
မျိုးရိုးမြင့်သခင်လေး၏ ထိုကရုဏာ တစ်ချက်ကြောင့် သူထံမှအရာရာ ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။
သူထိုအကြောင်း တွေးလေလေ ဒေါထွက်လာလေဖြစ်သည်။
ရှဲ့ချောင်က တစ်ချက်ကြည့်လိုက်ပြီး သူမ၏ တာအိုဝတ်ရုံထဲမှ အနည်းငယ်ပိုကြီးသော ကြေးခေါင်းလောင်းကို အလျင်အမြန်ထုတ်လိုက်သည်။ သူမက ထိုမကောင်းဆိုးဝါးဝိဉာဉ် ဘက်တွင် ယမ်းခါလိုက်ပြီး ဂါထာအချို့ရွတ်ဆိုကာ အနည်းငယ်ငြိမ်သက်သွားအောင်ပြုခဲ့သည်။
“ကျောက်ရွှီကျီး က အဲဒီလူနဲ့ သူ့သားကို သွယ်ဝိုက်ပြီး သတ်ခဲ့တယ်။ ဒီနေ့ သူ့အတွက် ရှင်းပြပေးဖို့ ရောက်လာတာပါ” ဟု ရှဲ့ချောင်က ယတိပြတ်ပြောလိုက်သည်။
ထို့ကြောင့် သူမက တာအိုဘုန်းတော်ကြီးတစ်ဦးအဖြစ် ဟန်ဆောင်ရခြင်းကို နှစ်သက်ခဲ့ခြင်း
ဖြစ်သည်။
သူမအလုပ်လုပ်နေစဉ် ဖုံးကွယ်ထားစရာ မလိုပေ။
သူမသာ ရှဲ့ချောင်ဖြစ်ခဲ့လျှင် သူမလုပ်နိုင်မည်မဟုတ်ပေ။
မင်းသမီးက ထိုစကားကိုကြားသောအခါ အလွန်ထိတ်လန့်သွားသည် “တစ်စုံတစ်ယောက်ကို သတ်လိုက်တာလား။ ဘယ်လိုဖြစ်နိုင်မှာလဲ…ရွှီကျီး က ကုသိုလ်ကောင်းမှုပြုခဲ့တာ မဟုတ်ဘူးလား"
“ဟုတ်တယ်၊ ဒါပေမယ့် သူ သေချာ မစုံစမ်းပဲ လုပ်ပစ်လိုက်တာ။ လမ်းပေါ်မှာ စော်ကားခံနေရတဲ့အမျိုးသမီးက သူ့အစ်ကိုလောင်းကစားသမားကို ပေးဖို့တွက် ပစ္စည်းတွေတကယ် ခိုးခဲ့တာ။ ဒါပေမယ့် အမျိုးသားကို ဖမ်းလိုက်တော့ သားဖြစ်သူက ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့တယ် သူ့အိမ်ကို ပြန်သွားတော့လည်း အခြားသူတွေရဲ့ ပြစ်တင်ဝေဖန်မှုကို ရက်ရက်စက်စက် ခံခဲ့ရလို့ သားဖြစ်သူနောက်ကို လိုက်သွားခဲ့တယ်။ ဒါပေမယ့် သူ့မှာ
နာကြည်းစိတ်ရှိနေပြီး လူပြန်မဝင်စားနိုင်တာကြောင့် ဒီ အားနည်းတဲ့ ဆရာမကပဲ သူအေးငြိမ်းစွာ လူပြန်ဝင်စားနိုင်အောင် လာရောက်ကူညီပေးခြင်းဖြစ်ပါတယ်"
•••••