← Chapters

မရည်ရွယ်ပဲဖြစ်ခဲ့သည်။

Vol. 25 Ch. 467

မရည်ရွယ်ပဲဖြစ်ခဲ့သည်။

Vol. 25 Ch. 467

မင်းသမီးက ရှဲ့ချောင်ကို ထိတ်လန့်စွာကြည့်နေသည်။ ကျောက်ရွှီကျီး သည် ဤမျှ ကောင်းသောအရာတစ်ခုကို လုပ်ခဲ့တယ်ဟု ထင်ပြီးမှ တစ်စုံတစ်ဦးကို ထိခိုက်စေခဲ့မည်ဟု  မထင်ခဲ့ပေ။

“ရှင်? ဆရာမ..သူသေချာမစုံစမ်းခဲ့ဘူးလား… ရွှီကျီးက ဒီလိုကိစ္စတွေနဲ့ ပတ်သက်ရင် အရမ်းကို သတိထားတဲ့ကလေးပါ ..သူ ဘုန်းတော်ကြီးဘဝတုန်းကလည်း ဂုဏ်သတင်းက တော်တော်ကောင်းတဲ့ထဲပါပါတယ်… အသက်၁၃၊၁၄ လောက်ထဲက ဒီ

လိုကိစ္စတွေကို ဘယ်လိုကိုင်တွယ်ရမလဲ သိတဲ့ ကလေးပါ…ဘာလို့သေချာမစုံစမ်းခဲ့တာလဲ?” မင်းသမီးက အလွန်ကို အံ့ဩသွားခဲ့ပါသည်။

“ဟုတ်တယ် အကုန်စုံစမ်းပြီးသွားပါပြီ သူမှားခဲ့တာပါ" ရှဲ့ချောင်က ပြောလိုက်သည်။

ထိုကဲ့သို့ မကောင်းဆိုးဝါးဝိဉာဉ်၏ စကားကို သူမ ယုံမည် မဟုတ်ပေ။ သူမ မလာခင်တည်းက အကြောင်းစုံ သိရှိရန် မကောင်းဆိုးဝါးဝိဉာဉ် ၏အိမ်နီးနားချင်းများထံသွားခဲ့သည်။

မကောင်းဆိုးဝါးဝိဉာဉ် မသေခင်မှာ လူများက အမှန်ပင် လက်ညှိုးထိုးပြောဆိုခဲ့ကြသည်။ သို့သော် သူနှင့်ရင်းနှီးသူများကမူ သူ၏ဒုက္ခများကို စာနာသနားခဲ့ကြသည်။ သူမ ရောက်သွားစဉ်က တာအိုဝတ်ရုံကို ၀တ်ဆင်ထားသဖြင့် သားအဖနှစ်ယောက်၏ ဝိဉာဉ်များကို လွတ်မြောက်အောင် ကူညီပေးပါရန် တောင်းဆိုသည့် လူအချို့လည်းရှိခဲ့သည်။

မကောင်းဆိုးဝါးဝိဉာဉ်၏ ဇနီးဖြစ်သူက သူသေဆုံးပြီးနောက် မိသားစုပိုင် မြေအနည်းကျဉ်းကို ရောင်းစားပြီး သွားလေရာ သူ့ယောက်ျား၏ မကောင်းသတင်းကိုပြောသည် ဟုလည်းကြားခဲ့ရပါသည်။

ထို အမျိုးသားက အိမ်တွင်ဇနီးသည်နှင့် ကလေးကို ရိုက်နှက်ရသည်ကို နှစ်သက်ပြီး သူမကိုယ်သူမ အလွန်တရာ အပြစ်ကင်းသည့် အမျိုးသမီးသဖွယ်ပြောလေ့ရှိသည်။

သူမလက်ထဲတွင် ပိုက်ဆံအနည်းငယ်ရှိနေသည့်အတွက် သူမ၏ နာမည်က အနာဂတ်တွင်လည်း ပျက်လာစရာအကြောင်းမရှိပေ။

သိပ်မကြာခင်မှာပင် တစ်အိမ်တစ်ရာ ထူထောင်ပြီး ဘဝသစ်ကို စတင်ပေလိမ့်မည်။

မင်းသမီးက ခေတ္တတိတ်ဆိတ်နေပြီးမှ “ဆရာမ ခဏစောင့်ပါဦးနော် သူ့ကို အခုပဲ ခေါ်ခိုင်းလိုက်ပါ

မယ်"

မင်းသမီးမှာ တိတ်တိတ်လေးဒေါသထွက်နေသည်။

ကျောက်ရွှီကျီး ၏ လုပ်ရပ်မှန်သမျှကို ယုံကြည်စိတ်ချရသည်ဟု သူမ ထင်ခဲ့သော်လည်း မြို့တော်ကို ရောက်ခါစတည်းက ထိုကဲ့သို့ အနှောက်အယှက်ဖြစ်စေမည်ဟု သူမမျှော်လင့်ခဲ့ပေ။

တစ်ဖက်က သာမာန်အရပ်သားဖြစ်သည်။ သူမ ဤကိစ္စကို လက်မခံဘဲ ငြင်းဆိုခဲ့မယ်ဆိုရလျှင် ဒုက္ခရောက်နေသည့် မိသားစုကကျောက်ရွှီကျီး ကို ဘာမျှလုပ်နိုင်မည်မဟုတ်ပေ။

သူမနှင့် မင်းသားက ငယ်စဉ်ကတည်းက နံ့သာပေါင်းစုံကို မြတ်စွာဘုရားကိုပူဇော်လေ့ရှိကြသူများ မို့သာဖြစ်သည်။ ကုသိုလ်ကံအလုံလောက်မရှိ၍ ကလေးမမွေးနိုင်ခြင်းဖြစ်သည်ဟု အမြဲ ယုံကြည်နေခဲ့ကြသည်။ ထို့တွက် နှစ်ပေါင်းများစွာ သူမက အခြားသူများကို ကြင်နာစွာ ဆက်ဆံခဲ့

သည်။ သူမကို  အသက် ၅၀ နီးပါးမှ နတ်မင်းကြီးများက ကလေးလေး ချီးမြှင့်ခဲ့ခြင်းဖြစ်သည်၊၊

ကောင်းမွန်သောစိတ်ထားရှိခြင်းက အလကားမဟုတ်ကြောင်း ၎င်းကသက်သေဖြစ်ပါသည်။

ထို့အပြင် ယခုအခေါက်တွင် ဆရာမကိုယ်တိုင်လာရောက်ခဲ့ခြင်းဖြစ်သည်။  အလေးအနက်မထားပါက မိမိကလေးအပေါ် အပြစ်ပုံချခံရမည်ကို စိုးရိမ်နေပါသည်။

မင်းသမီးက ကျောက်ရွှီကျီး ကို ခေါ်ဆောင်ရန် ဘဏ္ဍာစိုးကို ချက်ချင်း တောင်းဆိုလိုက်ပါသည်။

တစ်ဖက်တွင်လည်း သခင်လေးကနာခံစွာထိုင်နေ၏။ သူက ရှဲ့ချောင်ကိုကြည့်ရန်ခေါင်းမော့လိုက်ပြီး "ကိုကြီး အမှားလုပ်ထားလို့လား" ဟု မေးလိုက်သည်။

“ဟုတ်တယ်” ရှဲ့ချောင်က ပေါ့ပေါ့ပါးပါး ဖြေသည်။

“အခုနောက်ပိုင်း ကိုကြီးကသိပ်မပျော်ဘူးဖြစ်နေတယ်.. တမင်ရည်ရွယ်ခဲ့တာ မဟုတ်တာလည်းဖြစ်နိုင်ပါတယ်” ဟု သခင်လေးက ထပ်ပြောသည်။

ရှဲ့ချောင်က သူ့ကိုကြည်ရန် ခေါင်းကို လှည့်လိုက်ပြီး "မှားတာလုပ်ထားမိရင် မှားတယ်ပဲ ရည်ရွယ်ချက်ရှိရှိ မရှိရှိ ဘာမှမဆိုင်ဘူး သခင်လေး နားလည်လား"

သခင်လေးက သူမကို အနည်းငယ်ကြောက်ပုံရသည်။ သူမစကားကို ကြားသည့်အခါ ကြောက်ကြောက်လန့်လန့်နှင့် ခေါင်းညိတ်လိုက်သည်။

"ဒါဆို... သရဲတစ္ဆေတွေ တွေ့နိုင်လား” သခင်လေးက မနေနိုင်ပဲထပ်မေးလိုက်သည်။

သူ့ထံတွင် မကောင်းမွန်သော အရိပ်များကို တွေ့ခဲ့ရ၍ ဤဆရာက ကယ်တင်ခဲ့ခြင်းဖြစ်ကြောင်းကို သူ့အမေက ပြောပြခဲ့ဖူးသည်။

"ကမ္ဘာနှစ်ခုလုံးနဲ့ ဆက်သွယ်နိုင်တယ်လို့ ခေါ်တယ်" ရှဲ့ချောင်က သူ့ကို တည့်မတ်ပေးသည်။

သခင်လေးက တစ်ခဏတွေးပြီး “ပိုက်ဆံပေးမယ်။ နှင်းလုံးလေး ဘယ်ရောက်သွားလဲလို့ မင်းရဲ့သရဲတစ္ဆေတွေကို မေးပေးနိုင်မလား။"

"ယုအာ မရိုင်းရဘူးလေ " မင်းသမီးက ချက်ချင်းတားလိုက်ပြီး “ နှင်းလုံးလေးက မြို့တော်ကိုသွားရာလမ်းမှာ ကျွန်မ ကောက်လာတဲ့ မြေခွေးငယ်လေးပါ နှင်းလိုဖြူဖွေးနေပြီး တကယ်ကို လှတဲ့ကလေးလေးပါ… ဒါပေမယ့် မြို့တော်ကို ရောက်တဲ့အခါမှာ ကျွန်မသားက အပြင်းဖျားပြီး ခြံဝင်းထဲမှာပဲနေနေရတော့ အဲဒီမြေခွေးကလေးနဲ့ ကစားဖို့ ခွန်အားမရှိတော့ဘူး။ အဲ့ချိန်မှာပဲရုတ်တရက် သဲလွန် စမရှိဘဲ ပျောက် သွားတော့တာပါပဲ။ ဘယ်လောက်ပဲ ကြိုးစားရှာရှာ  မတွေ့ခဲ့ရဘူး။ မြေခွေးလေး အိမ်က ထွက်သွားတုန်းကတော့ လူတွေအများကြီးပဲရှိတယ်…လမ်းမှာ တစ်ခုခုဖြစ်သွားမှာကိုပဲ စိုးရိမ်မိနေတာပါ"

"အိမ်ထဲမှာ ပျောက်သွားတာလား" ရှဲ့ချောင်က မေးသည်။

“ဟုတ်ကဲ့ အဲ့ဒီညစ်ညစ်ပတ်ပတ်မြေခွေးလေးက ဘာပဲဖြစ်ဖြစ်  အပြင်ကနေ ကောက်ရခဲ့တာဆိုတော့လေ  ကျွန်မသားရဲ့ အခြေအနေပိုဆိုးလာမှာကို ကြောက်လို့ ခြံထဲကို မခေါ်လာခဲ့တာပါ” မင်းသမီးက ခေါင်းညိတ်ပြီးပြောသည်။

ထိုမြေခွေးကလေးက အလွန်လိမ္မာပြီး လူစကားနားလည်သည်။ ပင်မဝင်းထဲတွင် နေ့တိုင်းနေပြီး လှည့်ပတ်ပြေးခြင်းက ရှားပေသည်။

•••••

All Chapters