← Chapters

ပို၍ပင် စိတ်ခုသွားလေပြီ

Vol. 25 Ch. 468

ပို၍ပင် စိတ်ခုသွားလေပြီ

Vol. 25 Ch. 468

မြေခွေးလေးကို ရှာတွေ့ဖို့က ရှဲ့ချောင်အတွက် မခက်ခဲပါ။ ယခု သူမက နေအိမ်သို့ ရောက်ရှိနေပြီ

ဖြစ်ပြီး ကျောက်ရွှီကျီး ကို ခေါ်ဆောင်လာရန် မင်းသမီးအား တောင်းဆိုထားခဲ့သည်။ ကျေးဇူးတရားကို ပြန်လည်သိတတ်ခြင်းကသာ သင့်တော်ပေမည်။

ထို့ကြောင့် သူမက ညင်သာစွာ ခေါင်းညိတ်လိုက်ပြီး "မင်းရဲ့ကိုကြီးနဲ့ စကားပြောပြီးရင် မင်း မြေခွေးရှာဖို့ ကူညီပေးမယ်"

သခင်လေး ပျော်ရွှင်သွားခဲ့သည်။

ရှဲ့ချောင်က ဆက်ခံသူလေး ကို ကြည့်လိုက်ပြီး မင်းသား နင်းပေ့ က သူ့သားငယ်လေးကို ဘာ့ကြောင့်မို့ ဒီလောက်ထိ ချစ်ရသလဲ ရုတ်တရက် သဘောပေါက်သွားခဲ့သည်။

နှစ်ပေါင်းများစွာ ကြာသည့်တိုင် ကျောက်ရွှီကျီး က တစ်ဦးတည်းသောသားဖြစ်ခဲ့ပြီး မင်းသားနင်းပေ့မှာ အသည်းနှလုံးမာကြောသူမဟုတ်ပေ။ယေဘုယျဆန်စွာပြောရလျှင်  အကြီးဆုံးသားဖြစ်သည့် ကျောက်ရွှီကျီး ကို အရင်ဦးစွာ ပိုချစ်သင့်

ပြီး  မင်းသား နင်းပေ့ က သူ့ကို ပိုမို တန်ဖိုးထားသင့်ပါသည်။

သို့သော် အကြီးဆုံးနှင့် အငယ်ဆုံးလေး တွင် မည်သူက ပိုချစ်စဖွယ်ကောင်းကြောင်း ထင်ရှားသည်။

ဤသခင်လေးက ချစ်စရာကောင်းသည်  တက်ကြွပြီး နာခံမှုရှိသော ပင်ကိုယ်စရိုက်ကလေးရှိသည်။ အမှန်တကယ်ပင် ပို၍နှစ်လိုဖွယ်ကောင်းပေသည်။

“ကျွန်မရဲ့ သားကြီးက အထိနာထားပါတယ်…သူသာ လူတစ်ယောက်ကို မတော်တဆ သေစေခဲ့တာသိရင် စိတ်မကောင်းဖြစ်နေမှာပါ…ဒီပြသနာက ဒီထိဖြစ်လာခဲ့ပြီးပြီးပြီပဲ ဆရာမရယ် ရွှီကျီး က သူ့အမှားကို ဝန်ခံရင် ဒီကိစ္စအဆင်ပြေသွားနိုင်မလား” မင်းသမီးက တွေးပြီး ပြောလိုက်သည်။

သူမသည်လည်း အားကိုးရာမဲ့နေခဲ့သည်။ သူ့မ၏ဝမ်းမနာသားလေးက ရာဇ၀တ်မှုတစ်ခုကို ကျူးလွန်ခဲ့ သော်လည်းသူ၏ကနဦးရည်ရွယ်ချက်က ကောင်းမွန်နေဆဲဖြစ်သည်။

သူမခင်ပွန်းမှာ ကလေးနှစ်ယောက်သာရှိသည့်အတွက် ဤမျှလောက် ကိစ္စကလေးဖြင့် ကျောက်ရွှီကျီး အသက်မသေနိုင်ဘူးမဟုတ်လား?

သူမ၏ အကြံအစည်က တစ်ကိုယ်ကောင်းဆန်ကြောင်းသိသော်လည်း သူမပြောသည့်စကားမှာ အမှန်ဖြစ်သည်။

ရှဲ့ချောင်က ပြုံးပြီး "စိတ်ရင်းကောင်းပြီး ရိုးသားဖို့က အရေးကြီးတာပေါ့ သူသာစိတ်ရင်းကောင်းပြီး ဒီ ဝိဉာဉ်ကို ကောင်းတဲ့နေရာကို လူပြန်ဝင်စားခွင့်ပေးရင် ပြသနာက အကြီးကြီးမဟုတ်ပါဘူး…သူက ဂရုမစိုက်ရင်တော့ ဘာတွေဖြစ်လာမယ်မှန်းပြောလို့မရသေးဘူး"

အစကတည်းက ဝိဉာဉ်ထံတွင် မကျေနပ်ချက်ရှိ

နေခဲ့ပြီး ထိုနာကြည်းမှုကို နားလည်နိုင်ကြမည်မဟုတ်ပါ။ သူမက အတင်းအကျပ် လူဝင်စားစေခဲ့ပါက စွမ်းအင်များစွာကို သုံးစွဲရမည်ဖြစ်ပြီး ၎င်းက ဝိဉာဉ်ကိုယ်တိုင်အတွက်လည်း အကျိုးမရှိပေ။

သူမက ဝိဉာဉ်၏ဆန္ဒကို ပြေလည်အောင်သာ အစွမ်းကုန် ဆောင်ရွက်ပေးနိုင်သည်။

ထိုစကားကိုကြားသောအခါ မင်းသမီးက သက်ပြင်းတစ်ချက်ချလိုက်သည်။ “ ဒါဆို ကိစ္စမရှိပါဘူး နောက်ပြီးဆရာမကိုပဲ အားနာနာနဲ့ အကူညီတောင်းရမှာပဲ ဝိဉာဉ်ကို အစစအရာရာ ကျွန်မတို့ဘက်က တာဝန်ယူပေးမယ်လို့ပြောပေးပါရှင် သူဖြစ်ချင်တာတွေရှိရင်လည်းပြောပါ ဖြည့်ဆည်းပေးပ့ါမယ်လို့ ပြောပေးပါနော်” ဟု ပြောကြားခဲ့သည်။

ဝိဉာဉ်က ထိုစကားကိုကြားသောအခါ  သူ၏ အမူအရာများက ကောင်းခြင်းဘက်ကို ကူးပြောင်းခဲ့သည်။

မင်းသမီးတစ်ပါးနှင့် စကားပြာရသည်က ဤမျှ လွယ်ကူလိမ့်မည်ဟု မထင်ထားခဲ့ပါ။

"သူကျုပ်ကို သေချာတောင်းပန်ရင် ရင်ထဲက နာကြည်းချက်အကုန် မေ့ပျောက်ပေးနိုင်ပါတယ် ကျုပ်သူ တို့ကိုအခက်တွေ့အောင်မလုပ်ပါဘူး” ဝိဉာဉ်ဖြစ်သူက ရှဲ့ချောင်ကို ရှက်ရွံ့စွာ ပြောခဲ့သည်။

လောကကြီးတွင် အမြန် လူပြန်မဝင်စားချင်သည့်သူမရှိပါ။ ဤကမ္ဘာကြီးတွင် အချိန်အတော်ကြာအောင်နေပီး လှည့်ပတ်သွားလာနေရခြင်းက အဓိပ္ပာယ်မရှိပါ။

ရှဲ့ချောင်က ခေါင်းညိတ်လိုက်သည်။

သူမစိုးရိမ်နေသည့်အရာက ကျောက်ရွှီကျီး က ဤမကောင်းဆိုးဝါးဝိဉာဉ်ကို စိတ်သက်သာရာလုပ်ပေးလိမ့်မည်မဟုတ်ကြောင်း ခံစားမိနေသဖြင့် ဖြစ်သည်။

ခဏအကြာ ကျောက်ရွှီကျီး ရောက်လာသည်။

သူက မှုန်ကုပ်ကုပ်နှင့် ကြည့်နေသည်။ မျက်နှာပေါ်မှ ဒဏ်ရာဒဏ်ချက်များ ပျောက်ကင်းတော့မည်ဖြစ်ပြီး အမာရွတ်အနည်းငယ်သာ ကျန်ခဲ့သည်။ သူကမင်းသမီးကိုမြင်သောအခါဦးညွှတ်ကာ အေးစက်စက်ပြောသည်။

“ဒီသားက အမေ့ကို နှုတ်ဆက်ပါတယ်”

မင်းသမီးက သူ၏ပြောင်းလဲမှုကို မြင်သောအခါ သက်ပြင်းတစ်ချက်ချလိုက်သည်။

မည်သူနှင့်မဆို ရန်ဖြစ်ခြင်းက ဤကလေးအတွက် မသင့်တော်ချေ။ အိမ်ရှေ့စံမင်းသားကို ထိပ်တိုက်သွားရင်ဆိုင်ခြင်းက ကိုယ့်ဒုက္ခကိုယ်ရှာနေသည်နှင့်တူသည်။

“ဒီနေ့ ဆရာမမော့က အိမ်ကိုလာပြီး မင်းကလူတစ်ယောက်ကို သေစေခဲ့ကြောင်းပြောပြတယ် နောက်ပြီး အဲ့လူက လူအဖြစ်ပြန်ဝင်စားလို့မရဘူး

သနားဖို့လည်းသိပ်ကောင်းတယ် ဒါကြောင့် သူ့ရဲ့နာကြင်မှုကို ဖြေဖျောက်ဖို့အတွက် မင်းနဲ့ လာပူးပေါင်းတာပဲ"

ကျောက်ရွှီကျီး က ခေါင်းကို မော့ပြီး မော့ချူးရှန်းကို စိုက်ကြည့်ရင်း "ဘယ်တုန်းက များ တစ်စုံတစ်ယောက်ကို ထိခိုက်အောင်လုပ်ခဲ့မိဖူးပါသလဲ"

ရှဲ့ချောင်က  မကောင်းဆိုးဝါးဝိဉာဉ်နှင့် အဖြစ်အပျက်ကို ပြန်ပြောပြလိုက်သည်။

ကျောက်ရွှီကျီး  ထိုစကားကိုကြားပြီးနောက် ခဏမျှ နှုတ်ဆိတ်သွားကာ "ကောင်းပြီ ကျုပ်  သင့်အပေါ်မှာ မှားခဲ့ပါတယ် အဲဒီမိန်းမအတွက် ကျုပ်မရပ်တည်ပေးခဲ့သင့်ဘူး…အပြစ်မဲ့သူတွေကို မထိခိုက်စေဖို့အတွက် အနာဂတ်မှာ သေချာပေါက် အာရုံစိုက်သွားပါ့မယ်”

ရှဲ့ချောင်မျက်မှောင်အနည်းငယ် ကြုတ်သွားသည် ။

ထိုအချိန် မကောင်းဆိုးဝါးဝိဉာဉ်လည်း ခေတ္တ စိတ်ရှုပ်ထွေးသွားခဲ့သည်။

တောင်းပန်မှုက အလွန်ရိုးစင်းနေသည်။ သူအရမ်းပျော်နေသင့်သော်လည်း အကြောင်းတစ်ခုခုကြောင့် စိတ်မသက်မသာဖြစ်နေသည်။

ယခု ပိုလို့တောင် အဆင်မပြေနေတော့ပေ။

••••

All Chapters