အလျော်အစား
Vol. 25 Ch. 469
မကောင်းဆိုးဝါးဝိဉာဉ်က ညိုးငယ်သော မျက်နှာဖြင့် သူ့ကို စိုက်ကြည့်နေသည်။
ပတ်ဝန်းကျင်တွင် ကျောထဲထိစိမ့်နေအောင်အေးသော လေများက ကျောက်ရွှီကျီး ကို ဝါးမြိုမတတ် တိုက်ခက်နေသည်။ အငြိုးအတေး ကြော
င့်ဖြစ်လာသည့် စွမ်းအင်လှိုင်းများကိုလည်း တွေ့နေရသေးသည်။
ရှဲ့ချောင်က ကျောက်ရွှီကျီး ကို ဂရုမစိုက်သော်လည်း မကောင်းဆိုးဝါးဝိဉာဉ်ကမူ သနားစရာဖြစ်သည်။သူသာ သတိမထားမိခဲ့လျှင် နာကျည်းသော ဝိဉာဉ်ဖြစ်လာပြီး ပိုဆိုးလာမည်ဖြစ်သည်။
ဒေါသစိတ်ကြောင့် ဖြစ်လာသော ပြင်းထန်သည့် စွမ်းအင်များကို ဖယ်ရှားလိုက်သည်နှင့် နာကျင်မှုများစွာကို ခံစားရမည်ဖြစ်ကြောင်းကို သိထားသည်။
ဤမကောင်းဆိုးဝါးဝိဉာဉ်ကို အလွန်အမင်း တွေးတောခြင်းမှ ရှောင်ကြဉ်နိုင်အောင် ကြိုးပမ်းခြင်းက ပိုကောင်းပါသည်။
“သခင်လေး နောက်ကို တစ်ခုခုစီရင်ချက် ချပြီး ကောင်းမှုတစ်ခုကိုလုပ်ချင်တဲ့အခါ သေချာစုံစမ်းမှာလား” ရှဲ့ချောင်က သေချာ မေးလိုက်သည်။
ကျောက်ရွှီကျီး က လက်သီးများကို တင်းတင်းဆုပ်လိုက်ပြီး "ကျွန်တော်ပြောပြီးပြီ။ ဒီကိစ္စက ကျွန်တော့်အပြစ်ဆိုတာကို….ဆရာမော့ကရော အဲဒီလူကို ကျွန်တော်တောင်းပန်သင့်တယ်ထင်လို့လား”
သူက မင်းသားတစ်ဉီး၏သားဖြစ်ရက်နှင့် သာမန်လက်လုပ်လက်စား သားအဖကို တောင်းပန်ရမည်လား၊ ထိုမျှသာမက သူ့အသက်ကိုပါ ပေးဆပ်ရဦးမည်လား။
မော့ချူးရှန်းက လူမိုက်လား?
သူမက ဤကိစ္စလိုမျိုးအတွက် အမှန်တကယ်ပင် သူ့ထံရောက်လာခဲ့သည်။
ကျောက်ရွှီကျီး က သူမကို စူးစူးရဲရဲ စိုက်ကြည့်
နေသည်။
မော့ချူးရှန်းက အိမ်ရှေ့စံမင်းသား၏ ဆရာတူအစ်မဖြစ်ကြောင်း သိထားသည်။ အိမ်ရှေ့စံမင်းသားကစက်ဆုပ်ရွံရှာဖွယ်ကောင်းသော ပုဂ္ဂိုလ်ဖြစ်သည်။ သူက မော့ချူးရှန်းကို ဤနေရာသို့ တမင်တကာစေလွှတ်ခဲ့ပြီး သူ့ကိုအရှက်ရအောင် လုပ်စေချင်သည် မဟုတ်လား?!
"မင်းအသက်ကို ပေးမှာလား? ငါဆရာအမြင်မှာတော့ မင်းရဲ့အသက်ကိုပေးဆပ်ဖို့ တောင်းဆိုမိမှာပဲ ။ ကံမကောင်းစွာနဲ့၊မင်းမလုပ်ပေးနိုင်ဘူးလေ" ရှဲ့ချောင်က ရယ်ပြီး "မင်းနောင် ဒီလိုအမှားမျိုး ထပ်လုပ်ဦးမှာလားလို့ မေးနေတာ"
ကျောက်ရွှီကျီး ၏ အကြည့်များက အေးစက်နေသည်။
သေလူကိုကြည့်နေသလိုမျိုးပင်။
ရှဲ့ချောင်က မကြောက်ဘဲ ခေါင်းလောင်းကဲ့သို့ မတ်မတ်ထိုင်နေလိုက်သည်။
"ငါမလုပ်နိုင်ဘူး" ကျောက်ရွှီကျီး အံကြိတ်ကာပြောလိုက်သည်။
“ကောင်းပြီ”
ရှဲ့ချောင်က ခေါင်းညိတ်လိုက်ပြီး “ဒါဆို မင်း လုပ်ပေးနိုင်တာရှိတယ်။ ငါ နာမည်ကျောက်ပြားကိုယူလာခဲ့မယ် အခမ်းအနားတစ်ခု လုပ်မယ် သိတတ်မယ်ဆိုရင် အဲ့ကျောက်စာတိုင်ရှေ့မှာ ဦးလေးခါချရမယ် ပြီးရင် ပြောလိုရာကိုပြော..ဒါဆိုရင် အဆင်ပြေပါပြီ”
ဤကိစ္စက အလွန်ခက်ခဲသည်ဟု မင်းသမီးတွေးနေသည်။
ယေဘုယျပြောရလျှင် သားအဖနှစ်ဦးသေဆုံးသွားပြီးကတည်းက ဦးချခြင်းကလုပ်သင့်သည့်အရာဖြစ်သည်။ သို့သော်လည်း ကျောက်ရွှီကျီး...
က အမြဲတစေ မောက်မာသူဖြစ်ခဲ့ပြီး ဤကိစ္စကိုလည်း မလုပ်ချင်လောက်ပေ။
"အမှတ်တရကျောက်စာတိုင်ကို ထိုင်ကန်တော့ခိုင်းနေတာလား"
ရုတ်တရက် ကျောက်ရွှီကျီး က အေးအေးစက်စက်ရယ်မောလိုက်ပြီး "ဆရာမမော့၊ မှားနေသလိုပဲ၊ အဲဒီလူက သာမန်လူတစ်ယောက်လေ”
“မင်းလည်း သာမန်လူတစ်ယောက်ပဲလေ မင်းမှာတရားဝင်ရာထူးရော မြင့်မြတ်တဲ့ရာထူးလည်း မရှိဘူး မင်းကိုကန်တော့ခိုင်းတာဘာဖြစ်လို့လဲ” ဟုရှဲ့ချောင်က ထပ်ပြောလိုက်သည်။
ဝိဉာဉ်က ခေါင်းညိတ်လိုက်သည်။
ကျောက်ရွှီကျီး၏ စိတ်ရင်းကို သိလိုခဲ့ခြင်းသာဖြစ်သည်။ ဤလူကြီးမင်းက သဘောတူလိုက်လျှင် အမှန်တကယ် ကန်တော့ခိုင်းမည်မဟုတ်ပါ။
ကျောက်ရွှီကျီး က ရယ်မောပြီး “ဆရာမမော့၊ မင်းက ဟာသပဲ ငါဘယ်တော့မှ သဘောတူမှာမဟုတ်ဘူး နတ်မင်းကြီးတွေ၊ ဘုရင်နဲ့ ငါ့ဆွေမျိုးမိဘတွေကိုကန်တော့ရင် ကန်တော့လိုက်မယ် သူများတွေကို လုံးဝဦးမညွှတ်နိုင်ဘူး”
ထိုလူက အသုံးမဝင်သူ၊ မိုက်ရူးရဲဆန်သူတစ်ဦးသာဖြစ်ပါသည်။
“ဒါ့အပြင် ဆရာမမော့ ကျုပ်ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာ မဟုတ်ဘူးလေ…ကျုပ်အဲဒီလူကို မသတ်ခဲ့ဘူး ပြောရရင် နောင်တချိန်မှာ ဒေါသထွက်ပြီး စိတ်လိုက်မာန်ပါလုပ်မှာစိုးလို့ တစ်လလောက် အချုပ်ခန်းထဲထည့်ထားရုံပဲ။ စိတ်ဖောက်ပြီး တစ်ခုခုထလုပ်နေရင် ဘယ်လိုလုပ်မလဲ ကျုပ်သာ အဲ့နေ့က သူ့ကိုမချုပ်ထားခဲ့ရင် အဲ့မိန်းမ သေနေလောက်ပြီ ”
ကျောက်ရွှီကျီး က သူ့ကိုယ်သူကျိုးကြောင်းဆီလျော်သည်ဟု ထင်ခဲ့သည်။
”ဆရာမမော့က ကြင်နာတတ်တာ ကျွန်တော်နားလည်ပါတယ် ဒါပေမယ့် သူကသေပြီးနေပြီလေ ဒါကို လိုက်လုပ်ပေးပြီးတော့ ဘာလုပ်မှာလဲ။ အရမ်းတွက်ကပ်နေမယ် ဆိုရင် ဒါရော ဘယ်လိုလဲ? လျော်ကြေးအနေနဲ့ သူ့ဆွေမျိုးတွေနဲ့ မိတ်ဆွေတွေကို ငွေစတစ်ရာပေးလိုက်မယ်။ ဒါဆိုအဆင်ပြေလား?"
ကျောက်ရွှီကျီး က မော့ချူးရှန်းကို လိုက်လျောပေးထားသည်ဟု ခံစားနေပုံရသည်။
ငွေစတစ်ရာက သာမန်မိသားစုတစ်စုအတွက် ငွေအမြောက်အများ ဖြစ်၏။
မများဘူးဟုဆိုပါက ဝိဉာဉ်ကို လောဘကြီးသည်ဟု သတ်မှတ်မှရပေလိမ့်မည်။
ကျောက်ရွှီကျီး ၏ မျက်နှာတွင် ရှုံ့ချစရာများဖြင့် ပြည့်နှက်နေသည်။
မင်းသမီး စိတ်ဆိုးသွားသည်၊၊ "ရွှီကျီး၊ ဆရာမကို
ဘယ်လိုပြောလိုက်တာလဲ။ အခုချက်ခြင်းတောင်းပန်စမ်း!”
ထိုအချိန်တွင် ကျောက်ရွှီကျီး က လေကိုသတိထားမိနေပုံရပြီး တစ်ချိန်လုံးမတ်မတ်ရပ်နေကာ "အဲ့လူရဲ့ ကံကိုကဆိုးနေတာလေ ဘာလို့သူများတွေအပေါ် ပုံချချင်နေတာလဲ? ယောကျ်ားတစ်ယောက်ဖြစ်ပြီး ကိုယ့်မိန်းမကိုယ်တောင်မထိန်းနိုင်ပဲ နောက်ဆုံးသတ်သေတဲ့အဆင့်ထိပါ ဖြစ်သွားခဲ့တာပဲ။ကျုပ်အမြင်အရတော့ ဒီလူကိုကာကွယ်ဖို့အတွက် အချိန်ကုန်ခံပြီး သက်သက်ကြီး ကြိုးစားနေရသလိုပါပဲ။"
••••