ဆိတ်ပစ်
Vol. 25 Ch. 470
မင်းသမီးက ထိုစကားကိုကြားသောအခါ ချက်ချင်း ဒေါသတကြီး ထရပ်လိုက်သည်။
ဆရာမမော့သည် သားဖြစ်သူ၏ ကယ်တင်ရှင်ဖြစ်ပြီး သူမအား လေးစားစွာ ဆက်ဆံရမည်။ ဤကောင်က ယနေ့ အလွန် မာနထောင်လွှားနေပြီး ဉာဏ်မရှိဖြစ်နေသည်။
ရှဲ့ချောင်သက်ပြင်းချလိုက်၏။
သူ၏ အခွင့်အရေး ကုန်ပြီဖြစ်သည်။
ကျောက်ရွှီကျီး က ထိုကိစ္စလေးကိုသည်းခံနိုင်ပြီး မကျေမနပ်ဖြစ်နေလျှင်တောင် မကောင်းဆိုးဝါးဝိဉာဉ်၏ နာကြည်းမှုများကို ပြေပျောက်စေလိမ့်မည်ဟုသူမတွေးခဲ့သည်။
ကံမကောင်းစွာဖြင့် ကျောက်ရွှီကျီး က ယခု ပို၍ စိတ်တိုနေပုံရသည်။
ထိုအချိန်တွင် မကောင်းဆိုးဝါးဝိဉာဉ်သည်လည်းပို၍ အမျက်ထွက်လာကာ သူမဘေးတွင် ရှိနေသည်။
ထိုမကောင်းဆိုးဝါးဝိဉာဉ်က ကျောက်ရွှီကျီး ၏စကားကိုကြားသောအခါတွင် အနည်းငယ် တုန်လှုပ်သွားသည်မှာ သိသာသည်။ သူ့မျက်လုံးများ မည်းမှောင်သွားပြီး ထိုခဏမှာပင် သူ၏ နာကြည်းချက်များ ပိုမိုပြင်းထန်လာခဲ့သည်။
ရှဲ့ချောင်က ချက်ချင်းပြောလိုက်သည် "ဟိုကောင် ငါ ဒီနေ့ဘာလို့ဒီကိုရောက်လာတာလဲမင်းသိသလား"
မင်းသမီးနှင့် ကျောက်ရွှီကျီး က သူမအား အံ့သြစွာကြည့်နေသည်။
အထူးသဖြင့် မင်းသမီးဖြစ်သည်။ ဆရာမ၏ ခက်ထန်သော အသံကို ကြားလိုက်ရသောအခါ သူမ ပို၍ပင် တုန်လှုပ်သွားခဲ့သည်။
ထိုပညာရှိသကဲ့သို့ နူးညံ့သိမ်မွေ့သော ဆရာမအဘယ်ကြောင့် ရုတ်တရက် ခက်ထန်လာရ သနည်း။
ရှဲ့ချောင်က ထရပ်လိုက်ပြီး အဝတ်ပေါ်မှ လက်ကို သုတ်လိုက်သည်။ သူမ အသက်ရှူသွင်းပြီး ရုတ်တရက် ရှေ့သို့ ပြေးသွားကာ ကျောက်ရွှီကျီး ကိုပါးရိုက်လိုက်သည်။
ကျောက်ရွှီကျီး သည် အလွန်အရပ်ရှည်သူဖြစ်သည့်အတွက် ရှဲ့ချောင် ခုန်ကာ ရိုက်ရသည်။
လတ်တလော ဖြည့်စွက်စာများစွာကို စားသုံးနေသောကြောင့် သူမတွင်အလွန်ပင် အားအင်ပြည့်ဝနေခဲ့သည်။ တစ်ယောက်ယောက်ကို ပါးရိုက်ဖို့က သူမအတွက် ပြဿနာမဟုတ်ခဲ့ပေ။
သူမဟာ ငယ်စဉ်ကတည်းက ဓားရေး လေ့ကျင့်ခဲ့သူပင်။ သူမက ပျော့ညံ့သည့် မိန်းမသား တစ်ယောက်မဟုတ်ပေ။
ရှဲ့ချောင်ပါးရိုက်ပြီးနောက် သူမက အသက်ပြင်းပြင်းရှူလိုက်ပြီး အင်္ကျီလက်နှစ်ဖက်ကို လိပ်တင်လိုက်သည်။ သာ့ရှုန်းအကြောင်းကိုတွေးရင်း သူမ မြန်မြန်အော်လိုက်သည်
"သူ့ကို ဆိတ်ပစ်!"
ရှဲ့ချောင်ရှေ့သို့ထွက်လိုက်စဉ်ကတည်းက သာ့ရှုန်း၏ အတောင်များသည် ပြင်းထန်စွာ လှုပ်ခတ်နေပြီဖြစ်သည်။
“ဆိတ်” ဟူသော စကားလုံးကို ကြားသည်နှင့် ခေါင်းကို ဆန့်ကာ ကျောက်ရွှီကျီးကို ဆိတ်ဆွဲလိုက်သည်။
ကျောက်ရွှီကျီး သည်လည်း ကိုယ်ခံပညာကိုလေ့ကျင့်နေခဲ့သူဖြစ်သည်။
ထို့အတွက် သူအားကိုင်တွယ်ရန် အလွန်ခက်ခဲခဲ့သည်။
ရှဲ့ချောင်က သူ့ကို ဂရုမပြုဘဲ နှစ်ကြိမ်ရိုက်ပြီးနောက်သို့အမြန်ပြန်ဆုတ်ခဲ့သည်။ ဖြူဖျော့သောမျက်နှာဖြင့် သူမသည် မောပန်းနွမ်းနယ်ပြီး
သေလုမတတ် ခံစားနေရ၍ရင်ဘတ်ကို တင်းကြပ်စွာကိုင်ထားသည်။
မင်းသမီးက အလွန်ကိုကြောက်ရွံ့နေခဲ့ပါသည်။ ကျောက်ရွှီကျီး က ကြက်နှင့်သတ်နေသည်ကို မြင်သောအခါ သူမက အလျင်အမြန်အကူအညီတောင်းလိုက်သည်။
"မြန်မြန်၊ မြန်မြန် ခွဲကြစမ်း!"
'ဆရာမရဲ့ကြက်ကို မသတ်မိစေနဲ့'
ကြက်က စိတ်စွမ်းအားရှိပုံရသည်။ အစောပိုင်း၌ မော့ချူးရှန်း အခမ်းအနားကျင်းပသည့်အခါက ကြက်ဖလည်း အနားတွင် ရှိနေသည်။ ရန်လိုပြီး ကြောက်စရာကောင်းသည်။
ကျောက်ရွှီကျီး ကို သူမ သနားမိသွားသည်။
ရိုးရိုးသားသားဝန်ခံရမည်ဆိုလျှင် မင်းသမီး
ကိုယ်တိုင်သည် လည်း မည့်သို့ဆောင်ရွက်ရမည်ကို မသိဖြစ်နေသည်။
သူက သူမ၏ သားမဟုတ်ပါ.. သူ့ကို မနှိပ်စက်ရုံဖြင့်ပင် တော်လောက်ပြီဖြစ်သည်။
ထို့အပြင် ဤကလေးက ကိစ္စတစ်ခုကို သေချာကြီး ကျူးလွန်ထားပြီး မဝန်ခံခြင်းဖြစ်နေသည်။ဆရာမကို ပြောလိုက်သည့်စကားက အမှန်ပင် ရင့်သီးနေပြီး အရိုက်ခံရသင့်ပေသည်။
ဆရာမ လုပ်ခဲ့သမျှ အရာအားလုံး မှန်ပါသည်၊ သူ့ကို ရိုက်နှက်ခဲ့လျှင်တောင် သူမတွင်အကြောင်းပြချက်ရှိသည်။
မည်သို့ပင်ဆိုစေကာမူ ဤကလေးက ဆရာမနှင့် ဆရာမ၏ကြက်ကို လုံးဝမထိခိုက်သင့်ပေ။
ထို့တွက် အပြင်မှလူများ ချက်ခြင်းအပြေးဝင်လာပြီး သခင်လေးက ကြက်ဖနှင့် ရောထွေးနေပြီး ၎င်းကိုနှစ်ပိုင်း ဆွဲဖြဲရန်ပြင်နေပြီဖြစ်သည်၊၊
မင်းသမီးက မြင်ပြီး “အဲဒီကြက်ကို မထိခိုက်စေနဲ့!”
အခန်းထဲတွင် ဖုန်မှုန့်များ၊ အမွေးအမှင်များဖြင့် ပြည့်နှက်နေသည်။
ဤသည်က ရှဲ့ချောင်၏အပြစ်ဖြစ်သည်။ မြို့တော်ကို ရောက်ပြီးနောက်တွင်လည်း သူမက အိမ်မွေးတိရိစ္ဆာန်များစွာ မမွေးဖြစ်ခဲ့ပေ ။ မဟုတ်လျှင် ယနေ့လိုမျိုး သာ့ရှုန်းက ဤမျှပင်ပန်းမည်မဟုတ်ပေ။ သူတို့အားလုံး အတူတူတိုက်ခိုက်ကြလျှင် ပို၍လွယ်ကူပေလိမ့်မည်။
ရှဲ့ချောင်က ကုလားထိုင်၏ နောက်ကျောကို မှီလိုက်သည်။ သူမ အဆင်ပြေသည့်ပုံမပေါ်ပေ။
မင်းသမီးက ပို၍တောင် စိတ်ပူသွားသည်။
သခင်လေးကိုမူ အစေခံက ခေါ်ထိန်းထားပြီးဖြစ်သည်။ ဤကဲ့သို့သော စိတ်လှုပ်ရှားဖွယ်
ဖြစ်စဉ်ကို သူ တစ်ခါမှ မမြင်ဖူးချေ။
သိပ်မကြာခင်မှာပဲ ကျောက်ရွှီကျီး က ဆွဲထုတ်ခံခဲ့ရသည်။
သူ့ဆံပင်များရှုပ်ပွနေပြီး မျက်နှာမှာညစ်ပတ်နေသည်။
ကျောက်ရွှီကျီး ၏ ဒေါသသည် အလွန်ပြင်းထန်နေ၏။ သူက ဓားဖြင့် တစ်စုံတစ်ဦးကို ခုတ်သတ်ပစ်ချင်နေသည်။ ရှဲ့ချောင်က သူ့ကိုဤသို့မြင်လိုက်ရသောအခါ သူမက ပြောလိုက်သည်။
"ဘာလို့ငါ့ကိုစိုက်ကြည့်နေတာလဲ။ မင်းဆက်ပြီး စိုက်ကြည့်နေရင် ဒီက အားမရှိတဲ့ဆရာမက မင်းရဲ့မျက်လုံးတွေကို ဖောက်ထုတ်ပစ်လိုက်မယ်…အဟွတ်ဟွတ်ဟွတ်…”
မင်းသမီးလည်း အံသြသွားလေသည်။
ရှဲ့ချောင်ပြောပြီးသည် နှင့် သူမက ဝိဉာဉ်ကို တစ်
ဖန် ကြည့်လိုက်သည်။ မျှော်လင့်ထားသည့်အတိုင်း၊ ထိုအချိန်တွင် ဝိဉာဉ်သည် ငြိမ်သက်သွားခဲ့သည်။
“တရားမျှတမှုကို မြတ်နိုးပေးတဲ့အတွက် ကျေးဇူးပါပဲ ဆရာမ၊ စောစောက စိတ်ပူပေးခဲ့တာအတွက်ရောပဲ…” မကောင်းဆိုးဝါးဝိဉာဉ် တောင်းပန်စကားဆိုခဲ့လေသည်။
•••••