← Chapters

လူဆိုးတွေဟာလူဆိုးတွေရဲ့နှိပ်ဆက်ခြင်းကိုခံရလိမ့်မည်။

Vol. 25 Ch. 471

လူဆိုးတွေဟာလူဆိုးတွေရဲ့နှိပ်ဆက်ခြင်းကိုခံရလိမ့်မည်။

Vol. 25 Ch. 471

သူ အခုမှ သဘောပေါက်သည်။ 

ကမ္ဘာပေါ်တွင် လူဆိုးနှင့် လူကောင်း နှစ်မျိုးနှစ်စားသာရှိသည်။ ဤလူကား သူ့ဇနီးသည်အပေါ်တွင် ကောင်းသော်လည်း သူ့ကို နှိမ့်ချခဲ့သည်။ သူမည်မျှပင် တောင်းပန်တိုးလျှိုးပါစေ သူ၏ အဆင့်

အတန်း ခွဲခြားနေစိတ်နှင့် တန်းတူ ဆက်ဆံမှု မရှိခြင်းက ပြောင်းလဲမည်မဟုတ်ပေ။ 

ထိုမျိုးရိုးမြင့်လူကြီးမင်းဘက်က အမှန်ပင် အပြစ်ရှိသည်ဟု ခံစားရပါက ဆရာမပင်လျှင် ဘာမှပြောစရာ မလိုပေ။ သည်လူက အရာအားလုံးကို တာဝန်ခံလိုက်ပါက မကောင်းဆိုးဝါးဝိညာဥ်သည်လည်း ပျော်နေရလိမ့်မည်ပင်…

ထို့အတွက် ဘာကြောင့် အလောတကြီး လုပ်နေကြတော့မလဲ။ 

ဆရာမက အလုပ်လုပ်ရလွန်းသဖြင့် ပင်ပန်းနေလေပြီ။

သူ့ဒေါသကို ပြေပျောက်အောင် ကူညီပေးခြင်းကြောင့် သူ များစွာ သက်သာလာခဲ့သဖြင့်

“တော်ပါပြီ လုံလောက်ပါပြီ အခု လူပြန်ဝင်စားဖို့ ဆန္ဒရှိပါတယ်”ဟု ပြောလိုက်သည်။

သူ့အငွေ့အသက်က ချက်ချင်းကြည်လင်လာပြီး ယခင်ကလို ဒေါသနှင့်တုန်လှုပ်သွားပုံမပေါ်တော့ပေ။

"မင်းမိန်းမရော။ သူ့ကို သင်ခန်းစာ ပေးစရာလိုသေးလား"

ရှဲ့ချောင် ရုတ်တရက်ပြောလိုက်သည်။

သူမလက်ထဲတွင် စာရွက်တစ်ရွက်ကိုင်ကာ တစ်နေရာသို့ လှမ်းကြည့်ရင်း တိုးတိုးလေး ရေရွတ်နေခြင်းဖြစ်ပြီး သူမဘာတွေပြောနေလဲဆိုတာကို တခြားဘယ်သူမှမသိကြပေ။ သို့သော်မကောင်းဆိုးဝါးဝိညာဥ်ကက သူမ၏စကားများကို ရှင်းရှင်းလင်းကြားနေရသည်။

“မလိုပါဘူး။ ကျေးဇူးပါ ဆရာမ မကောင်းတဲ့သူကမကောင်းတဲ့ လမ်းကိုပဲ သွားရမယ်လို့ ယုံကြည်ပါတယ် သူမမောင်က လူကောင်းမဟုတ်ဘူး။ အဲဒီ လူဂုတ်သွေးစုပ်သမျှ ခံမယ်ဆိုရင် အနာဂတ်

မှာ သူမဒီထက်အခြေနေ ဆိုးသွားမှာပါပဲ” မကောင်းဆိုးဝါးဝိညာဥ်က ထိုအရာကို တွေးနေခဲ့မိသည်။

ယောက်ဖဖြစ်သူက တစ်သက်တာလုံး သွေးစုပ်မည့် လောက်ဖြစ်ကြောင်းကို သူသိနေသည်။ သူ့ကို အပြတ်ရှင်းထုတ်ဖို့ မဖြစ်နိုင်ပေ။

ဇနီး ဖြစ်သူမှာလည်း တစ်သက်လုံး အလှည့်စားခံမည့်သူဖြစ်သည့်အလျောက် မသေမချင်း တစ်ပါးသူအတွက် အသက်ရှင်နေပေလိမ့်မည်။

သို့သော် တစ်နေ့နေ့ အရာအားလုံး ရှင်းလင်းသွားပါက သူမနောင်တရပေလိမ့်မည်။

ခင်ပွန်းနှင့် သားဖြစ်သူကို ဆုံးရှုံးလိုက်ရသည့်အတွက် နောင်တရနေပေလိမ့်မည်။ သူမ ရနိုင်ခဲ့သည့် ကောင်းမွန်သော ဘဝကို ဆုံးရှုံးခဲ့ရသည့်အတွက် နောင်တရနေပေလိမ့်မည် ။ ထိုအချိန်တွင် တစ်သက်လုံး နောင်တရနေပေတော့မည်။ သူမ ဘယ်သောခါမှ လွတ်မြောက်နိုင်တော့မည်

မဟုတ်ပေ။ 

၎င်းကိုတွေးမိလိုက်သည့်ခါ စိတ်ပေါ့ပါးသွားတော့သည်။ နာကြည်းမှုများလည်း ရုတ်ချည်းဆိုသလို ပျောက်ကွယ် သွားခဲ့ ပါသည်။ 

ရှဲ့ချောင် သက်ပြင်းချလိုက်ကာ ကြွေပုလင်းကို ထုတ်ပြီး မကောင်းဆိုးဝါးဝိညာဉ်ကို ဖယ်ထုတ်လိုက်သည်။

“ဆရာမ?” မင်းသမီး၏ မျက်နှာမှာ စိုးရိမ်စိတ်များ ပြည့်နှက်နေပြီး ချက်ချင်းပင် လက်ဖက်ရည်ခွက် ကမ်းရန်  လူတစ်ယောက်ကို လှမ်းပေးလိုက်သည်။

လက်ဖက်ရည်ခွက်ကို ကိုင်ထားသောရှဲ့ချောင် ၏လက်များ တုန်ယင်လာသည်။ နှစ်ခွက်သောက်ပြီးနောက် မင်းသမီးကိုကြည့်လိုက်သည်။ ထို့နောက် ခေါင်းငုံ့ ပြုံးကာ “မင်းသမီးရှေ့မှာ ရှက်လိုက်တာ။ မင်းမှာ ဂျင်ဆင်းလက်ဖက်ရည် ရှိ

လား? အဲဒါက ဒါထက်ပိုကောင်းလိမ့်မယ်ထင်ပါတယ် ”

မင်းသမီးလေး မှာ အငိုက်မိသွားသော်လည်း ခေါင်းငြိမ့်ပြကာ ချက်ခြင်းဆိုသလို လူတစ်ယောက်ကို လုပ်ခိုင်းလိုက်သည်။ 

ရှဲ့ချောင်က သူမဘဝမှာ အလွန်ခက်ခဲကြောင်းကို တွေးနေမိသည်။ 

တစ်စုံတစ်ယောက်ကို ရိုက်နိုင်​သေးသော်လည်း သူမပင်ပန်း နေရသည်။ သူမမှာ ရွေးချယ်စရာမရှိပေ။ သူမ၏ ခန္ဓာကိုယ်က အလွန်အားနည်းနေသောကြောင့်ပင်။

အသက်ရှုရန်ပင် ခက်ခဲလှသည်။ 

သာ့ရှုန်းလည်း အနားယူနေခဲ့သည်။ ရှဲ့ချောင်က ပိုးခြောက်များထည့်ထားသည့် အထုပ်ငယ်တစ်ထုပ်ကို ထုတ်ပြီး “တော်တယ်”ဟုပြောကာ ရှေ့တွင်ချထားပေးလိုက်သည်။

ကျောက်ရွှီကျီးမှာမူ ဒေါသထွက်ကာ ပူလောင်နေလေသည်။ 

သူမကို အစိမ်းလိုက်မြိုချမတတ် ကြည့်နေခဲ့သည်။ 

သာ့ရှူန်းက ပိုးကောင်ခြောက်များကို စတင်စားသောက်လိုက်၏။ ခွန်အားများ ပြည့်နှက်နေပြီး ခုခံနိုင်စွမ်းရှိနေဆဲပင်။ ရှဲ့ချောင် ချောင်းဟန့်မိသဖြင့် လေထဲတွင်လွင့်ပြန်သွားခဲ့သည်။ ထို့နောက်  ကျောက်ရွှီကျီးအား "ကလေးရေ ..အဟွတ်…ငါကအသက်ကြီးပြီလေကွယ် ဘာတွက်ကြောင့် ငါ့ကိုလက်နဲ့ရွယ်ချင်နေရတာလဲ"

ကျောက်ရွှီကျီးက ရိုက်နှက်ပစ်လိုက်ချင်သော်လည်း သူကသူမလောက် မမြန်ပေ: 

ထို့ပြင် သူမက သူ့ကိုရိုက်နှက်ပြီးနောက် အလွယ်တကူ ထွက်ပြေးတိမ်းရှောင်နိုင်သေးသည်။ 

ရှဲ့ချောင် မှာ ကျောက်ရွှီကျီးကို အသာစီးရထားသောကြောင့် သူမ၏စွမ်းရည်များ တိုးတက်လာသည်ဟုပင် ထင်နေပါသေးသည်။ သူမ အားအင်များ ပြည့်လာသည့်တစ်နေ့တွင် မောပန်းမှု မရှိတော့ပဲ  ကျောက်ရွှီကျီး ကိုမြေပြင်ပေါ်သို့ အလဲတိုက်လိုက်နိုင်မည်ဟု ယုံကြည်မှုရှိသည်။

ရှဲ့ချောင်၏ စိတ်မှာ မတည်မငြိမ်ဖြစ်နေပြီး သူမမျက်နှာမှာ ဝမ်းနည်းပူဆွေးမှုတွေ ပြည့်နှက်နေသည်။ သူမ နားမလည်နိုင်သည့်ပုံလည်းပေါ်နေသေးသည်။ 

" ခင်ဗျား ကျုပ်ကို အရှက်ခွဲတာ" ကျောက်ရွှီကျီး ၏ အသံမှာ ဒေါသများ ပြည့်နှက်နေပါသည်။

“အဟွတ်…အဟွတ်…” ရှဲ့ချောင် က “မင်းကိုရိုက်တော့ရော ဘာဖြစ်လို့လဲ.. မင်းသူများကို အနိုင်ကျင့်ခဲ့တာနဲ့ တူတူပဲလေ။ သူလည်း ဘာပြန်လုပ်လို့ရခဲ့လို့လဲ။ မင်းက သူများကို တော့အနိုင်ကျင့်ပြီး ပြန်ပြောခွင့်တော့ မပေးထားဘူးလေ..ငါဒီနေ့လာ

တာက ဒီလူရဲ့ကိုယ်စား တရားမျှတမှုကို တောင်းဆိုဖို့ ဆိုတာကိုမင်းကိုအစတည်းကပြောထားပြီးသား "

•••••

All Chapters