← Chapters

ဆရာမမော့ဘာလုပ်လုပ်မှန်တယ်

Vol. 25 Ch. 472

ဆရာမမော့ဘာလုပ်လုပ်မှန်တယ်

Vol. 25 Ch. 472

ဆရာမမော့က အလွန်သဘောကောင်းလွန်းသည်ဟု မင်းသမီးက ထင်နေမိသည်။ 

ယခုပင်ကြည့်။ သာမန်ပြည်သူတစ်ယောက်အတွက် သူမ၏အသက်ကိုပင် စွန့်စားပေးခဲ့သေးသည်။

သူမဟာ အမှန်ကို ကြင်နာတတ်တဲ့သူဖြစ်ပေသည်။ 

သူမ သား၏ရောဂါကို ပျောက်ကင်းအောင် ကုသပေးနိုင်သည့် ဤကဲ့သို့ ကြင်နာတတ်တဲ့သူ

သေး၍သာ တော်ပါသေးသည်။

“ မင်းကို ပါးရိုက်ရုံပဲရိုက်လိုက်တာ …ပေါ့သေးတယ်လို့မှတ်ပါ” ရှဲ့ချောင်က ထပ်ပြီးပြောကြားခဲ့သည်။

ကျောက်ရွှီကျီး က သူမ၏ တိုက်ခိုက်ရေးစွမ်းရည်သည် ထိုမျှလောက်သာ လက်စောင်းထက်သည့်အတွက် ဝမ်းမြောက်သင့်သည်။

သို့သော်။

ကျောက်ရွှီကျီး၏အကြည့်က ယုတ်ညံ့လွန်းနေသဖြင့် မင်းသမီးပင်လျှင် အံ့အားသင့်နေခဲ့သည်။ ကျောက်ရွှီကျီး ကိုဤကဲ့သို့ တစ်ခါမျှ မမြင်ဖူးခဲ့ပေ။ 

ရှဲ့ချောင် က သူ့ကို မျက်လုံးပြူးပြလိုက်ပြီး "ကိစ္စကပြီးနေပြီ..အဟွတ်.. မင်းထွက်သွားလိုက်တော့ ငါ့လို ဘာမှမဟုတ်တဲ့ လူကြီးရှေ့မှာ မျက်စိစပါးမွှေးစူးအောင် လာနေ မနေနဲ့” 

ရှဲ့ချောင်မှာလည်း ယဉ်ကျေးသိမ်မွေ့ခြင်းမရှိပေ။

သူမက မော့ချူးရှန်းဖြစ်သည်။

သူမတွင် ကျောထောက်နောက်ခံရှိသည်။

သူမ မကြောက်ပါ။ 

မင်းသမီးက ကျောက်ရွှီကျီးဒေါသထွက်ပြီး ပြသနာမီးထပ်မွှေးမည်ကို စိုးရိမ်နေသဖြင့် “မြန်မြန်သွားလိုက်တော့ နားလိုက်မင်းက လူသေအောင်လုပ်ထားတော့ ဆရာမမော့က မင်းရဲ့ အပြစ်ကြွေးတွေကို ဆပ်ပေးဖို့ လာကူညီပေးတာ”

"အမှန်ပါပဲ " ရှဲ့ချောင် က ခေါင်းညိတ်လိုက်သည်။

သူမသာ  ထိုမကောင်းဆိုးဝါးဝိညာဥ်အား အငြိုးကြီးသည့်ဝိညာဉ်အဖြစ်သို့ ပြောင်းလဲခြင်းမှ မတားဆီးခဲ့ပါက နောက်ခံရမည့်သူက ဘယ်သူလဲ။

ကျောက်ရွှီကျီးပဲ မဟုတ်လား ?

၎င်းသည် ကျောက်ရွှီကျီး ကို ပို၍ စိတ်ဆင်းရဲအောင် လုပ်နိုင်သော်လည်း... ထိုမကောင်းဆိုးဝါးဝိညာဥ်လောက်တောင် သနားစရာမဟုတ်နေသဖြင့် အရင်းနှီးက ကြီးလွန်းလှပါသည်။ ထို့အတွက် သူမ သည်းမခံနိုင်ခဲ့ပါ။

ကျောက်ရွှီကျီးမှာ သူ၏ကံနိမ့်နေသည်ဟု ခံစားနေရသည်။ မကြားသေးခင်ကပင် သူ၏ဖခင်နှင့် မင်းသမီးတို့၏ အကြိမ်ကြိမ် အပြစ်တင်ရှုတ်ချခြင်းကို ခံခဲရပြီး အိမ်ရှေ့စံမင်းသား၏ အနိုင်ကျင့်မှုကိုပင် ခံခဲ့ရသေးသည်။ ယခုအခါ မော့ချူးရှန်းက သူ၏ လည်ပင်းကိုပင် တက်ခွပြီး ဆံပင်ဆောင့်ဆွဲခြင်းကို ခံခဲ့ရသေးသည်။ 

ကျောက်ရွှီကျီးက သူအားနည်းလွန်းနေသည်ဟု ခံစားလိုက်ရသည်။

အကယ်၍ သူသာ မြို့စားမင်းသားဘွဲ့ကို အပ်နှင်း

ခံရပြီးပါက မည်သူကမှ သူ့ကို မလေးမစား ဆက်ဆံရဲလိမ့်မည်မဟုတ်ပေ။

ထိုအချိန်တွင် မော့ချူးရှန်းကို အေးစက်စွာ စိုက်ကြည့်ရင်း သူ၏လက်စွပ်များကို ဆွဲချွတ်ကာ ထွက်ခွာသွားသည်။ 

အစကတော့ မော့ချူးရှန်းကို အပိုင်းပိုင်း ဆွဲဖြဲပစ်ချင်သော်လည်း သူထွက်သွားခဲ့သည်။သေချာပေါက် ပြန်ပေးဆပ်ရအောင်လုပ်မည်။

ရှဲ့ချောင်ကား ကျောက်ရွှီကျီးဒေါသတကြီးထွက်သွားသည်ကို မြင်ပုံမပေါ်ပေ။

ထို့အပြင် ကျောက်ရွှီကျီး ၏ တုံ့ပြန်ပုံက သူမ ကြုံဖူးနေကြ ပုံစံဖြစ်သည်။

အကြိမ်ရေတောင် မရေတွက်နိုင်ပါ။

ရှဲ့ချောင်ငြိမ်သွားသည်။

"မင်းသမီးရှေ့မှာ အရူးတစ်ယောက်လိုပြုမူမိလို့ စိတ်မရှိပါနဲ့" ရှဲ့ချောင် က မင်းသမီးကို ကျေးဇူးတင်စွာ ကြည့်လိုက်သည်။

မင်းသမီးသာ သူမကို  ရူးနေသူအဖြစ် သဘောထားပြီး နှင်ထုတ်လိုက်ပါက ထိုလူယုတ်မာကို သူမ  တိုက်ခိုက်လိုက်နိုင်မည်တောင် မဟုတ်ပေ။

"အရူးလိုမပြုမူမိပါဘူး ဒါပေမယ့် ဆရာမရဲ့အပြုအမူကြောင့် ထိတ်လန့်သွားတာတော့ရှိပါတယ် "

မင်းသမီးက သူ့မျက်နှာကို ကြင်နာသည့် အကြည့်  ဖြင့်ကြည့်လိုက်သည်။

“ဒါပေမယ့် ဆရာမမှာ ဒီလိုလုပ်ရတဲ့ အကြောင်းအရင်းတွေရှိနိုင်မှာပါ ကျွန်မလို သေမျိုးလူသားက နားမလည်နိုင်ပါဘူး"

အသက်ကြီးလာသည်နှင့်အမျှ သူမ၏ယုံကြည်ချက်များ ခိုင်မာလာသည်။

ယခင်ကမူ နံ့သာပေါင်း ပူဇော်ဖို့ ဘုရားကို မကြာခဏ သွားဖူးလေ့ရှိပါသည်။ သို့သော် နောင်တွင်ဗုဒ္ဓဘာသာနှင့် တာအိုဘာသာ နှစ်ခုလုံးကို လေးစားခဲ့သည်။

စင်စစ်မှာ သူမက ဆရာမမော့ကို ပို၍ လေးစားသည်။

ဤကမ္ဘာကြီးတွင် ဆရာမမော့လောက် အစွမ်းထက်တဲ့သူ အလွန်ရှားပါသည်။

မင်းသမီးက ရှဲ့ချောင် အား အလွန်ညင်သာသော အကြည့်ဖြင့် ကြည့်နေ၏။ သူမ ဒေါသ ထွက်နေပုံ မရ။ “ဆရာမ ကျန်းမာရေးချို့တဲ့နေတာလား” ဟု စိုးရိမ်စိတ်ဖြင့် မေးသည်။

“ကြီးကြီးမားမားမဟုတ်ပါဘူး ဒါပေမယ့် ဒေါသ

စိတ်ဖြစ်လို့တော့ မရဘူး” ဟု ရှဲ့ချောင် က ဖြည်းညှင်းစွာပြောသည်။

“ဆရာမမှာ ကြင်နာတတ်တဲ့ စိတ်ရှိတဲ့အတွက်သာမန်လူတစ်ယောက်ကြောင့် ဒေါသဖြစ်ခဲ့ရတာပါ... တကယ်ကို အပြစ်လုပ်ထားမိသလို ခံစားရပါတယ်" မင်းသမီးက သက်ပြင်းချသည်။

ရှဲ့ချောင်က ခေါင်းခါသည်။

မင်းသမီးကို ကြင်နာသနားတတ်သူဟု ယူဆနိုင်သည်။ ဥပမာအားဖြင့် ဤတော်ဝင်နန်းဆောင်ဖြစ်သည်။  ကျိုးမိသားစုနဲ့ ယှဉ်လိုက်လျှင် မကောင်းဆိုးဝါးဝိညာဥ်များ မရှိသလောက် နီးပါးဖြစ်နေပြီး အငွေ့သက်မှာ ပို၍သန့်ရှင်းပေသည်။

မကောင်းဆိုးဝါးဝိဉာဉ်များ အကြောင်းပြောရင်း၊ ရှဲ့ချောင်က အမွေဆက်ခံသူအား ကတိပေးခဲ့သည့်ကိစ္စကို သတိရလိုက်သည်။

ခေတ္တအနားယူပြီးနောက် မတ်တပ်ထရပ်ပြီး

“သခင်ငယ်လေးရဲ့ မြေခွေးကို ရှာတွေ့ဖို့ ဒီနေအိမ်ကိုလှည့်ပတ်ကြည့်ချင်ပါတယ် စိတ်အနှောက်ယှက်ဖြစ်မလား"

“ လုံးဝမဖြစ်ပါဘူးဆရာမ” မင်းသမီးက ချက်ချင်း ခေါင်းညိတ်ပြသည်။

သူမက အိမ်အကူတစ်ယောက်ကို အမြန်ခေါ်လိုက်ပြီး ရှဲ့ချောင်နှင့်အတူ လှည့်ပတ်သွားလာစေခဲ့သည်။

•••••

All Chapters