ဒီလိုယုတ်ညံ့တဲ့မိန်းမ
Vol. 25 Ch. 474
ကျစ်ကျူးက ထိုစကားကို ပြောရင်း ဒေါသက သူမမျက်နှာပေါ်တွင် ပေါ်လာသည်။
“သူမက ကလေးမွေးထားတာနဲ့ပဲ သခင်မထက် သာမယ်လို့ ထင်နေတာလားမသိဘူး… အိပ်မက်ထဲမှာပဲရမယ်..သူက နောက်ကနေ ဓားနဲ့ထိုးတဲ့ အကွက်တွေပဲ လုပ်လို့ရလိမ့်မယ်.. သူက သခင်လေးကို ဘာမှလုပ်လို့မရလို့ နှင်းလုံးလေး အပေါ်မှာ သူ့ဒေါသတွေ ပုံချလိုက်တာ.. အဲ့ဟာမကို ဆွဲဆက်လုပ်ပစ်ချင်တာပါတော်!"
ထိုစကားကို ကြားသည်နှင့် ရှဲ့ချောင် နားလည်သွားသည်။
"မြေခွေးလေးရော သေသွားပြီလား" ရှဲ့ချောင် က မေးသည်။
"မသေသေးဘူး!"
ကျစ်ကျူးက ဒေါသတကြီး ပြောလိုက်သည်။
ရုတ်တရက် သူမမျက်လုံးများတောက်ပလာပြီး “မြေခွေးလေးကို ကယ်ပေးနိုင်မလား။ အဲဒီ ကောင်မက မြေခွေးလေးကို ဗီရိုထဲမှာ ထည့်ပြီးသော့ခတ်ထားတယ်။ ညမိုးချုပ်တာနဲ့ အပြင်ထုတ်ပြီး နှိပ်စက်တယ်။ မြေခွေးလေးဘယ်လောက်ထိ ခံနိုင်မလဲ မသိဘူး…”
ရှဲ့ချောင်ခေါင်းညိတ်လိုက်သည်။
ကျစ်ကျူးဝမ်းသာသွားသည်။
ထို့နောက် ဝေဝါးသောအကြည့်ဖြင့် သူမကိုကြည့်ကာ “ဆရာမကျွန်မကို ဖမ်းဖို့လာတာလားဟင်…?
“ဟူးး…ကျွန်မမသွားခင် မြေခွေးလေးကို ကယ်ခွင့်ရရင်ပဲ ကျေနပ်ပါပြီ” ကျစ်ကျူးက ဆိုသည်။
"မင်းမှာ ဖြစ်ချင်တဲ့ ဆန္ဒရှိလား?" ရှဲ့ချောင် က မေးသည်။
"ဆန္ဒလား" ကျစ်ကျူးသည် သူမ မိုက်မဲစွာ လျှို့ဝှက်ထားခဲ့သည့် ဆယ်စုနှစ်စာ အကြောင်းအရာများကို ရင်ဝယ်ပိုက်ထားရသဖြင့် စိတ်ရှုပ်ထွေးစွာဖြင့် အပြင်သို့ ကြည့်လိုက်သည်။သူမ၏ ရင်ထဲတွင် ဝမ်းနည်းမှု အရိပ်အယောင်တစ်ခု ထွက်ပေါ်လာခဲ့သည်။
”ကျွန်မအမှားကြောင့် မင်းသမီး ဆယ်စုနှစ်ကြာ ကလေးမရဘူးဖြစ်ခဲ့တယ်..ဒီကိစ္စကို သခင်မကို ပြောပြဖို့တွက် စိတ်ပျက်အောင်လုပ်ရဦးမယ်…ကျွန်မရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာတော့မဟုတ်ပါဘူး။ အားလုံးက သူမရဲ့ဝမ်းကွဲကြောင့်ပါ။ သူမက သခင်မကို မနာလိုဖြစ်ပြီး သူမအပေါ်မူးယစ်ဆေးဝါးတွေသုံးခဲ့တယ်။ ကျွန်မ သိလိုက်ရတဲ့အချိန်က အရမ်းကိုနောက်ကျသွားပြီ…"
ထိုစဉ်က ဝမ်းကွဲဖြစ်သူနှင့် ခင်ပွန်းသည်တို့သည် ဆက်ဆံရေးကမကောင်းခဲ့ပေ။ မင်းသားနှင့်
မင်းသမီးကား လေးလေးနက်နက် ချစ်မြတ်နိုးကြကြောင်း လူတိုင်းသိကြသည်။
ဤကဲ့သို့ ခင်ပွန်းကောင်းကိုရထားသည့်အတွက် မင်းသမီးကို မနာလိုအားကြီးကြသည်။
ထိုအချိန်တွင် ဝမ်းကွဲဖြစ်သူက ဧည့်သည်အဖြစ် နေအိမ်သို့ လာခဲ့သည်။ ထို့နောက် ဆံပင်လှသူဖြစ်သဖြင့် ဆံပင်ထိန်းသိမ်းနည်းကို မျှဝေပေးခဲ့သည်။
ထို့အတွက် သူမသည်လည်း ၎င်းနည်းကို စူးစူးစိုက်စိုက်သုံးခဲ့သည်။ အနံ့ကောင်းကောင်းရပြီး သခင်မ၏ဆံပင်က နက်မှောင်ပြီး ပိုးသားလေးလို နူးညံ့ပျော့ပြောင်းနေလေ့ရှိသည်။
ထိုစဉ်က မင်းသမီးကို နေ့တိုင်းအလှပြင်ပေးခဲ့ရသဖြင့် ထိုဆေးညွှန်းကို နေ့စဉ်သုံးနေမိခဲ့သည်။
နောက်ပိုင်းတွင် မင်းသမီးက မည်သည့် သားသမီးမျှ မမွေးနိုင်ခဲ့ပေ။
ထို့နောက် တစ်နေ့တွင် ဝမ်းကွဲဖြစ်သူက မင်းသမီးကို ရက်စက်သည့်မျက်လုံးဖြင့် ကြည့်နေသည်ကို သူမမြင်လိုက်ရသည်။ ထိုမှသာ တစ်စုံတစ်ခု မှားနေပြီဟု သူမ တွေးလိုက်မိသည်။ သူမက ဆေးညွှန်း တစ်ခုခုမှားယွင်းနေသလားဟု ဝမ်းကွဲကိုမေးခဲ့သည်။
သို့သော် ၎င်းက ကိုယ်တိုင်ကိုယ်ကျ မင်းသမီးအား ပြုလုပ်ပေးအပ်ခဲ့သော အရာဖြစ်နေသဖြင့် သူမလည်း ထိတ်လန့်တုန်လှုပ်ကာ ကြောက်လန့်တကြား အပြစ်ရှိကြောင်း ပြောကြားခဲ့သည်။ သူမ ဘာလုပ်ရမှန်း မသိခဲ့ပေ။ သူမအလွန်စိုးရိမ်နေခဲ့သောကြောင့် ထိုညက သူမဖျားခဲ့ရာ အဖျားမသက်သာဘဲ သေဆုံးသွားခဲ့ရသည်။
ဤကိစ္စကို သူမ၏ နှလုံးသားထဲတွင် သိမ်းဆည်းထားခဲ့သည်။
မင်းသမီးက သူမကွယ်လွန်ပြီးနောက် သူမကို လွမ်းဆွတ်စွာ နေခဲ့ပြီး လက်ကျန်ဆေးစာများကို
သုံးစွဲခဲ့ပါသည်။
ထိုအကြောင်းတွေးမိတိုင်း သူမကိုယ်သူမ ပိုပို၍ အပြစ်တင်မိသည်။
မင်းသမီးလေးဟာ သူမ တစ်သက် ဘယ်တော့မှ ကလေးမရနိုင်လောက်တော့ဟု သူမထင်ခဲ့သည်။ မင်းသားက မယားငယ်အား အိမ်ခေါ်လာသည်ကိုလည်း မြင်ခဲ့ရပြီး မင်းသမီးက တိတ်တိတ်လေး ငိုနေခဲ့ရသည်။ သူမကိုယ်တိုင်သည်လည်း အကြိမ်တစ်သောင်းသေရပါစေဟု ဆန္ဒရှိခဲ့သည်။
ကံကောင်းထောက်မစွာဖြင့်ကောင်းကင်က သူမကို သနားပြီး နောက်ဆုံးတွင် သားတစ်ယောက် ပေးခဲ့သည်။
ကျစ်ကျူးက ဤအရာများကို ရှဲ့ချောင် အား ရှင်းပြခဲ့သည်။
ရှဲ့ချောင် က ၎င်းကို သဘောတူလိုက်သည်။
တော်ဝင် စံအိမ်မှငွေရှာရသည်မှာ လွယ်လွန်းလှသည်။ အမှုအခင်းများစွာ ဆက်တိုက်ရှိခဲ့သည်လေ။
မြေခွေးရှိသည့်နေရာကိုသိပြီးနောက် ရှဲ့ချောင် မင်းသမီးထံသို့ တည့်တည့်သွားခဲ့သည်။ ခေတ္တစဉ်းစားပြီးမှ သူမက " မြေခွေးလေးကို နေရာရွေ့လိုက်မှာစိုးတဲ့အတွက် မင်းသမီး... အခုချက်ခြင်း လှုပ်ရှားဖို့ မျှော်လင့်ပါတယ်"
မင်းသမီး အမှန်ပင် ထိတ်လန့်သွားရ၏။
မြေခွေးလေးက အသက်ရှင်နေသေးတာလား။
ရှဲ့ချောင် က မင်းသမီးကို တည်နေရာကို ပြောပြလိုက်သည်၊
မင်းသမီးက ပို၍ပင် တုန်လှုပ်သွားပြီး “အဲဒါ သူမပဲလား။ တိရိစ္ဆာန်တစ်ကောင်ကိုတောင်မှ ဘာလို့မလွှတ်ပေးနိုင်ရတာလဲ”
မင်းသမီးက ဒေါသတကြီး ထွက်သွားသည်။
သူမက အစေခံများကို ချက်ချင်း ခေါ်ဆောင်လာခဲ့သည်။ တစ်ဖက်မှကိုယ်လုပ်တော်က ကျောက်ရွှီကျီးအား နှစ်သိမ့်ပေးနေ၏။ မင်းသမီးက ဤသို့တိုက်ရိုက် တန်းဝင်လာမည်ဟု ဘယ်သူမှ မထင်ထားချေ။ မင်းသမီးက ဘာမှပြန်မပြောခင် အခန်းအတွင်းရှိ ဗီရိုထဲက သော့ကို လူတစ်ယောက်ကို ဖြုတ်ခိုင်းလိုက်ပြီး မြေခွေးလေးကို သယ်ထုတ်ခိုင်းလိုက်သည်။
"နင့်လောက်ယုတ်ညံ့တဲ့ မိန်းမကို ငါ ဘယ်လိုသည်းခံရမလဲ? မင်းသားပြန်လာရင် နင့်ကို လုပ်စားဖို့ ကတ်ကြေးတစ်ရံပေးပြီး ဘုရားကျောင်းကို ပို့ပစ်မယ်!” မင်းသမီးက ပြောသည် ။
သူမ ဤမျှလောက် ဒေါသမထွက်ခဲ့ဖူးပေ။
မြေခွေးတစ်ကောင်အတွက် ဤမျှ မဖြစ်သင့်သော်လည်း အသက်တစ်ချောင်းပဲမဟုတ်လား။
သူ၏ သားလေးသာ ဒီလိုယုတ်ညံ့တဲ့မိန်းမ၏ လက်ထဲကို တစ်နေ့ကျရောက်သွားခဲ့ရင် ဘာများဖြစ်သွားနိုင်မလဲ။
••••