ဗေဒင်ဟောခြင်း
Vol. 25 Ch. 475
ရှဲ့ချောင်က အိမ်မှ ရန်ပွဲ မြင်ကွင်းကို မတတ်သာပဲ ကြည့်ရှုရန် အကြောင်းဖန်လာသည်။ ထိုစဉ် သူမ အတော်လေး စိတ်ထွေပြားသွားသည်။ မင်းသမီးက အသက်ကြီးပြီဖြစ်သော်လည်း မမျှော်လင့်ထားဘဲ ထက်ထက်မြက်မြက်ရှိနေဆဲပင်။
ကျောက်ရွှီကျီး…
ဟား၊ နောက်ထပ် ကံမကောင်းစရာ အဖြစ်အပျက်တစ်ခု ဖြစ်နေပြန်သည်။ ဘယ်လောက်သနားစရာ ကောင်းလိုက်သလဲ။
ရှဲ့ချောင် က ကျောက်ရွှီကျီး ကို မထီပြုံး ပြုံးပြလိုက်သည်။
ကျောက်ရွှီကျီး နှင့် သူ့မိခင်က နောက်တွင်ကျန်ရစ်ခဲ့သည်။ သူတို့ကို ရှင်းပြခွင့်မပေးဘဲ မင်းသမီးက မြေခွေးလေးကို ဆရာဝန်ဆီ ချက်ချင်း ခေါ်သွားခဲ့သည်။
သနားစရာမြေခွေးလေးတွင် အမွှေးများအားလုံး အနှုတ်ခံထားရပြီး တုန်တုန်ယင်ယင်ဖြစ်နေကာ ပိန်လှီနေသည်။
မင်းသမီးက ကလေးကြောက်သွားမှာကို စိုးရိမ်နေသဖြင့် သူ့သားလေးနှင့် မြေခွေးလေးကိုတွေ့ဖို့ ခွင့်မပြုဝံ့ပေ။
အချိန်လင့်နေပြီမို့ ရှဲ့ချောင်သည်လည်း ဆက်မနေ
ချင်တော့။ မင်းသမီး၏ စိုးရိမ်သောကရောက်နေရသည့် မျက်နှာကို မြင်လိုက်ရသဖြင့် သူမအား အရာအားလုံးကို ရိုးရိုးရှင်းရှင်း ပြောပြလိုက်သည်။
မင်းသမီးက သူမကို မှင်တက်စွာ ကြည့်နေခဲ့သည်။
သူမ ကြုံတွေ့ရလွန်းသည်က များလွန်းလှသဖြင့် ပင်ပန်းနေလေပြီ!
သူတော်ကောင်းဖြစ်သူ ဆရာမမော့က လူတစ်ယောက်ကို ရိုက်ခြင်း၊ မြေခွေးငယ်လေး နှိပ်သက်ခံနေရသည်ကိုလည်း မြင်လိုက်ရပြီး ယခုအခါ သူမက လုပ်ကြံခံခဲ့ရသဖြင့် ဆယ်စုနှစ်များစွာ ကလေးမမွေးနိုင်သည့်အကြောင်း သူမကို ပြောနေလေသည်...
နောက်ပြီးသူမကို ဒုက္ခပေးခဲ့သည့် ဝမ်းကွဲက ဟိုးအရင်ကတည်းက သေဆုံးသွားခဲ့ပြီဖြစ်သည်။
မင်းသမီးလည်း ရုတ်တရက် ခေါင်းကိုက်လာတော့သည်။
သူမသည် ဒေါသအလွန်ထွက်နေပြီး ငိုချင်လာကာ သူမ၏ မျက်နှာမှာလည်း တုန်ရီနေသည်။
နှစ်ပေါင်းများစွာကြာပြီဖြစ်သော်လည်း ဥမဥနိုင်တဲ့ ကြက်မဟု လူတော်တော်များများက သူမကို လှောင်ပြောင်ခဲ့ကြသည်၊ မင်းသမီး ရာထူးကို ယူထားပေမယ့် တာဝန်မကျေဘူးဟုလည်း ပြောခဲ့ကြသေးသည်။ နောက်ဆုံး ကလေးမွေးပြီးတဲ့အခါတွင်လည်း အသက်ကြီးမှ ကလေးထမွေးတယ်ဟု ပြောကြသည်။ တစ်ချို့လူတွေက ကလေးကို သူမ မွေးခဲ့တာ မဟုတ်ဘူးလို့တောင် ပြောကြသေးသည် ...နှစ်ပေါင်းများစွာ အလွန်အမင်း ဝေဒနာဒဏ်ကို ခံစားခဲ့ရပါသည်။
သူမငယ်ငယ်တုန်းက ဘာကြောင့် မျိုးဆက်ထုတ်မပေးနိုင်ရသည်လဲကို သူမ နားမလည်နိုင်ခဲ့။
ယခုတော့ ရှင်းသွားသည်။ သူမက အကြောင်းပြချက်မရှိဘဲ အငြိုးထားခံခဲ့ရခြင်းဖြစ်သည်။
“ဆရာမမော့… ကျေးဇူးပြုပြီး ကျစ်ကျူးကို အဝေးကိုခေါ်သွားပေးပါ။ သူ့ကို အပြစ်မတင်ပေမယ့် ခွင့်မလွှတ်နိုင်ပါဘူး”
မင်းသမီးက သက်ပြင်းချကာ ရဲတွတ်နေသောမျက်လုံးများဖြင့် “ကျွန်မကို ရှင်းပြပေးလို့ ကျေးဇူးပါ ဆရာမ”
ကျစ်ကျူးက သစ္စာရှိသူမှန်း သူမသိသည်။
သို့သော် ကျစ်ကျူးက သူမကို ပြောပြဖို့ အခွင့်အရေး ရှိခဲ့သော်လည်း သူမလုပ်ခဲ့ပေ။
"မင်းရဲ့မေးခွန်းကို တစ်ဆင့်ပါးပေးတဲ့သူမဟုတ်ပေမယ့် ငါပြောပြပေးလိုက်ပါမယ်"
ရှဲ့ချောင် အများကြီး မပြောခဲ့ပေ။သူမ ဒီနေ့
အလွန်ပင်ပန်းနေပြီမို့ သူမတွင် ခွန်အားများကုန်နေပြီဖြစ်သည်။
ရှဲ့ချောင် နန်းဆောင်မှထွက်သွားပြီး လမ်းတစ်လျှောက်တွင် ဝိညာဉ်လေးကောင်ကိုပါ အပါခေါ်ဆောင်သွားသည်။
ယခင်က မကောင်းဆိုးဝါးဝိညာဉ်ဟောင်းအပြင် ကျစ်ကျူးက နှစ်တွေကြာအောင် ယဉ်ပါးအောင်လုပ်ထားသည့် အခြား မကောင်းဆိုးဝါးဝိညာဉ်နှစ်ကောင်လည်း ပါခဲ့သည်။ ဆက်လက်ရှင်သန်ရန် အဓိပ္ပါယ်မရှိဘူး ဟု ထင်ခဲ့တဲ့အတွက် ညီအစ်မတွေကို အတူတူထွက်သွားဖို့ တောင်းဆိုကြခြင်းဖြစ်သည်။
ရှဲ့ချောင် ကြမ္မာဥယျာဥ်တွင် မကောင်းဆိုးဝါးဝိညာဉ်များပါရှိသော ကြွေပုလင်းများကို ထားရှိခဲ့သည်။
သူမက ကြမ္မာဥယျာဥ်တွင် တစ်ညတာ တည်းခိုရန် ဆုံးဖြတ်ခဲ့သည်။
နောက်တစ်နေ့မနက်တွင် ရှဲ့ချောင် ဟာ ကြမ္မာဥယျာဥ်တွင် လုပ်စရာရှိသည်များကို စလုပ်ခဲ့သည်။ အဓိကက ဖောက်သည်များအတွက် ဗေဒင်ဟောပေးရန်ဖြစ်သည်။
ကြမ္မာဥယျာဥ်သည် ကနဦးတွင် အဆောင်များကို သာ ရောင်းချခဲ့ပြီး မကောင်းဆိုးဝါးဝိညာဉ်များကို နှင်ထုတ်သည့်နေရာသာဖြစ်သည်။ သို့သော်လည်း မကြာသေးမီက သူမ၏ နာမည်ကောင်းကြောင့် တော်ဝင်အိမ်တော်များသည်ပင် သူမအား ကျေးဇူးတင်ရန်အတွက် ကိုယ်တိုင်ကိုယ်ကျ လက်ဆောင်များ ယူဆောင်လာခဲ့ခြင်းကြောင့် ဂုဏ်သတင်း တက်လာခဲ့သည်။
မကြာခဏဆိုသလို သာမာန်လူများ သည် ၎င်းတို့၏ ကံကြမ္မာကို လာမေးကြသည်။
ရှဲ့ချောင် ထိုနေရာတွင် ရှိနေရင် သူတို့အတွက် အဆင်ပြေတတ်သည်။
သို့သော်လည်း သူမ၏ လျှို့ဝှက်ဆန်းကြယ်သော အသွင်အပြင်ကြောင့် သူတို့၏ ကံကြမ္မာကို ဖတ်ရှုပေးမည့် သူမကို ရှာဖွေသည့် လူများ ပိုများလာခြင်း ဖြစ်သည်။
ယနေ့ တံခါးဖွင့်လိုက် သည်နှင့် ဆိုင်ရှင်ချန်း က ဝိုင်းရံခံလိုက်ရသည်။ ဆရာမမော့ ဤနေရာ၌ရှိနေကြောင်းကိုကြားသည်နှင့် တန်းစီနေသောလူများ၏မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများပေါ်လာသည်။
စည်းကမ်းအရ တန်းစီပြီးနောက် ဆိုင်ရှင်က နံပါတ်တစ်ခုဆွဲပြီးထိုအထဲက လူသုံးယောက်ကို ရွေးပါသည်။
ပထမလူနှစ်ယောက်ကတော့ အဆင်ပြေနေသည်။ အိမ်တွင်းရေးပြဿနာတွေကိုပဲ မေးကြသည်။ အိမ်ထောင်ရေးနှင့်အနာဂတ်အကြောင်း တိုင်ပင်ရုံကလွဲလို့ ဘာမှမဖြစ်ခဲ့ပေ။
သို့သော် တတိယလူက…
အခန်းထဲသို့ သူရောက်သည်နှင့် ရှဲ့ချောင်၏ အမူအရာ မထိန်းသိမ်းနိုင်ပဲ ဖြစ်သွားခဲ့သည်။
ရှဲ့မန်ရှန်းဖြစ်နေသောကြောင့်ပင်။
ရှဲ့မန်ရှန်းသည် သူဝင်လာစဉ် ဘယ်ညာ လှမ်းကြည့်လိုက်သေးသည်။ ထို့နောက် ရှဲ့ချောင် ကို ကြည့်လိုက်ရာ ထိုသူသည် တာအိုဝါဒီ အမျိုးသမီး ဆရာမ ဖြစ်သည်ကို တွေ့လိုက်ရသည်။ ထို့ကြောင့်ပင် သူ့မျက်ခုံးများမှာ ခေတ္တခန မျက်မှောင်ကြုတ်သွားသော်လည်း သူ့နေရာသူ ဝင်ထိုင်လိုက်သည်။ သူ့မွေးနံအသေးစိတ်ကို ထုတ်ယူပြီး စားပွဲပေါ်တင်ကာ “ဆရာမကြီး၊ ကျွန်တော့်ကို တစ်ချက်လောက်ရှာကြည့်ပေးပါဦး။ အိမ်ထောင်ရေးအတွက် ဒီရက်တွေထဲက ဘယ်ရက်က အမျိုးသမီးရဲ့အိမ်ဘက်ကို ပိုအကျိုးပြုနိုင်မလဲကြည့်ပေးပါဗျာ”
••••