← Chapters

အန္တရာယ်ပြီးအန္တရာယ်

Vol. 25 Ch. 476

အန္တရာယ်ပြီးအန္တရာယ်

Vol. 25 Ch. 476

ရှဲ့ချောင် ဘာမှပြန်မပြောဘဲ  မွေးဇာတာကို ကောက်ယူပြီး တစ်ချက်ကြည့်လိုက်သည်။

ကြည့်လိုက်သည်နှင့် သူမအကြည့်များက အေးစက်လာလေသည်။

အမည်များနှင့် မွေးဇာတာအသေးစိတ်ကို ရှင်းရှင်းလင်းလင်းရေးထား၏။ ရှဲဖင်းကန်း၏ ဇာတာကတစ်ဖက်တွင်ရှိပြီး ကျာဟွမ်က အခြားတစ်ဖက်တွင် ရှိနေပါသည်။

အဘွားကြီးဆီက ဘာသတင်းမှ မကြားရသေးသဖြင့် လက်လျော့လိုက်ကြပြီဟု သူမ တွေးထားခဲ့သည်။ ထို အဘွားကြီးက ဒီလောက်ထိ လုပ်လိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။ သူမ အစ်ကိုကြီးရဲ့ အိမ်ထောင်ရေးကိုတောင် စီစဉ်ထားသေးသည်။

ရှဲ့ချောင် က စိတ်မဆိုးပေ။ ယင်းအစား သူမက သေချာ တွက်ချက်ပေးခဲ့သည်။

ကျာဟွမ်၏ဇာတာနှင့် ပတ်သက်၍အထူးတလည် တစ်စုံတစ်ရာမရှိပါ။ သူမဘဝက မကြမ်းတမ်းခဲ့ပေ။

“ဒီဇာတာတွေက မှန်ကန်တယ်ဆိုတာ သေချာရဲ့လား” ရှဲ့ချောင် လေးနက်စွာမေးလိုက်သည်။

ရှဲ့မန်ရှန်းအံ့အားသင့်သွားသည်။ "ဟုတ်ပါတယ်။ ဒီဇာတာပိုင်ရှင်က ကျုပ်ရဲ့တူပါ။  သူ့အဖေက အိမ်မှာမရှိလို့ အိမ်ထောင်ရေးကို ကျုပ်နဲ့ သူ့အဖွားက ဆုံးဖြတ်ကြရမှာ။ ဘာလို့လဲ ဆရာမ။ ပြဿနာရှိလို့လား"

“ပြဿနာတစ်ခုရှိတယ်၊ ကြီးမားတဲ့ပြဿနာပဲ”

ရှဲ့ချောင်က “ဒီယောက်ျားရဲ့ ကံကြမ္မာက မဆိုးပါဘူး၊ ဒါပေမယ့် သူက ဒီမိန်းမနဲ့ မသင့်တော်ဘူး။

အကယ်၍ သူတို့နှစ်ယောက်ယူလိုက်မိရင် တိုက်ဆိုင်မှုလို့လည်းပြောလို့ရတယ် အမှားလုပ်လိုက်ပြီလို့လည်းပြောလို့ရတယ်။ အိမ်ထောင်ပြုမယ်ဆိုရင် အိမ်ထောင်ရေးက တိုတောင်းပြီး ဘေးကသူတွေကို ဒုက္ခ ရောက်စေလိမ့်မယ်။ သက်သက်သာသာပဲဖြစ်မယ်ဆို  သူတို့မှာ အချိန်တိုင်းလိုလို ပဋိပက္ခများ ရှိလိမ့်မယ်။  မကောင်းတာတွေပဲ ကြုံတွေ့ရမယ်။ပြင်းထန်ရင်တော့  သေကွဲ၊ ရှင်ကွဲ ကွဲရလိမ့်မယ်.. စောစောက မေးခဲ့တဲ့မေးခွန်းက အမျိုးသမီးရဲ့ မိသားစုအတွက် အကျိုးရှိမယ့်နေ့ဆိုတာနော်…"

“သူတို့ နှစ်ယောက် လက်ထပ်ရင် မိန်းမရဲ့ ဆွေမျိုးတွေဘက်က သူတို့ရဲ့ စည်းစိမ်ဥစ္စာတွေကို လွယ်လွယ်နဲ့ ရမှာ မဟုတ်ဘူးဆိုတာ သေချာတယ်။ ဒီမိန်းကလေးက အသက်ရှည်ရှည်မနေရဘူး။ သူမက အထီးကျန်ဆန်ပြီး  ဘာလုပ်ရမှန်းမသိတော့အောင် ဒုက္ခတွေကို ခံစားရလိမ့်မယ်…”

ရှဲ့ချောင်က ဘာတစ်ခုမှ အကောင်းမပြောလိုက်ပေ။ 

ထိုစကားကိုကြားသောအခါ ရှဲ့မန်ရှန်း၏ မျက်နှာကြီး မည်းမှောင်သွားခဲ့သည်။

ရှဲ့ချောင်ပြောသည့်ထဲ အလိမ်အညာ တစ်ခုမှ မပါပေ။

သူမ အစ်ကိုကြီးတွင် အထီးကျန်ရမည့် ကံကြမ္မာရှိသည်။ ယခုထိ သူ့ကံကြမ္မာက မပြောင်းလဲ သေးပါ။ ထို့အပြင် မကောင်းသော စွမ်းအင်များကလည်း ဝန်းရံထားသည့်အတွက် လက်ထပ်ရမည့် ကံဇာတာ မပါလာပေ။ သို့ပေမယ့် တစ်စုံတစ်ယောက်က သူ့အတွက် အတင်းအကြပ် စီစဉ်ပေးခဲ့ရင်...

ပွင့်ပွင့်လင်းလင်းပြောရရင် ဒီအမျိုးသမီးဟာ မင်္ဂလာဦးညကိုတောင် ကျော်ပြီး အသက်ရှင်နိုင်မှာ မဟုတ်ဟုပင် သူမရဲရဲပြောနိုင်သည်။ အကယ်၍ သူမ အသက်ရှင်ခဲ့လျှင်တောင် သူမက အနှေးနှင့်အမြန်ဆိုသလို အသေသတ်ခြင်းကို ခံရလိမ့်မည်။

အမှန်တကယ် လင်နဲ့မယား ဖြစ်သွားရင်တောင်မှ  လုံးဝ ညှိုနှိုင်းလို့ရမှာမဟုတ်တာ သေချာပါသည်။ 

"မဖြစ်နိုင်တာတွေ တာဆိုဆရာမ မင်းဘာပြောနေတာလဲ သိရဲ့လား? မင်းက အရမ်းမှန်တယ်ဆိုလို့  မင်းဆီလာဖို့ လူတိုင်းကပြောခဲ့လို့လာတာတောင်  ကောင်းတဲ့စကားတစ်ခွန်းမှ မပြောဘူး။ ကျုပ်တို့က မင်္ဂလာယူဖို့လုပ်နေတာ မင်းလိုမျိုး ကံဆိုးအောင်လုပ်ပြောမယ့် သူကို ဘယ်သူက လာရှာနေမှာလဲ .!"

ရှဲ့မန်ရှန်းသည် ချက်ချင်းပင် ဒေါသတကြီး ထွက်သွားသည်။

အမှန်ပြောရလျှင် သူအနည်းငယ် တုန်လှုပ်သွားသည်။ ရှဲဖင်းကန်း က အလွန်ကြောက်စရာကောင်းသည်။ သူ တကယ် သတ်ပစ် နိုင်လိမ့် မည်။

ရှဲ့ချောင် က လေးလေးနက်နက် ပြုံးပြီး "မင်းပြတဲ့ ဇာတာတွေကြောင့် သူတို့က မလိုက်ဖက်ဘူးဆိုတာ ငါမြင်ရတယ်။ သူတို့ထဲက တစ်ယောက်က လက်ထပ်ဖို့ ဆန္ဒရှိပေမဲ့ နောက်တစ်ယောက်က အိမ်ထောင်မပြုချင်ဘူး အဲ့ဒါကို ငါမင်းကို အမှန်အတိုင်း ပြောပြလိုက်ရုံပဲ။ မင်း မယုံရင် တခြားလူကို မေးလို့ရတယ်။”

တခြားသူဆိုရင် ဒီယောက်ျားရဲ့ဘဝက ကြမ်းတမ်းလွန်းပြီး သူ့မိန်းမကို ညှဉ်းပန်းနှိပ်စက်မယ်လို့တောင် ပြောကောင်းပြောနိုင်ပါသည်။ 

ရှဲ့မန်ရှန်းသည် ချက်ချင်းပင် ဆောက်တည်ရာမရဖြစ်သွားခဲ့သည်။

အိမ်ထောင်ရေးအကြောင်း ထပ်ကြည့်ဖို့က သေချာပေါက် ပိုက်ဆံကုန်ပေလိမ့်မည်။ ဆရာမမော့ ကိုတွေ့ရခြင်းအကြောင်းရင်းမှာ အမြဲမှန်သည်ဟု လူအများက ပြောကြသောကြောင့်ဖြစ်သည်။

သူသေသေချာချာ မေးချင်ပါသည်။သူတို့က တကယ်လည်း ရှဲ့ဖင်းကန်း၏ ဘဝကို နှောက်ယှက်နေကြသည်။ တစ်ခုခုဖြစ်မည်ကို သူစိုးရိမ်နေမိသည်။

ယခု…

ရှဲ့မန်ရှန်းအနည်းငယ်ကြောက်သွားသည်။ဆရာမမော့က  တစ်ဖက်ကဆန္ဒကိုတောင် သိမြင်နိုင်ပေသည်။ သူမတွင် တကယ့်ပါရမီပါသည်မှာ ထင်ရှားပါသည်။

သခင်မလုထံမှ ရှဲဖင်းကန်း ၏ဇာတာကို ရယူရန် သူအလွန်ကြိုးစားအားထုတ်ခဲ့ရသည်။ ကျားဟွမ်က မင်္ဂလာဆောင် ဖိတ်စာကို ပေးပို့ထားပြီးဖြစ်သည်။ သူ့ဘက်မှ ဇာတာကိုစစ်ပြီး လက်ထပ်မည့်ရက်နှင့် ဖိတ်စာကို ပို့ရန်သာ လိုအပ်နေခြင်းဖြစ်သည်။ ထို့နောက်၊ သူက ကျာဟွမ်ကို ရှဲဖင်းကန်း ၏အိမ်သို့ ပို့ပေးလိုက်မည်သာ။ 

လူကြီးများက ဆုံးဖြတ်ချက်ချသည်မှာ လျော်ကန် မှုရှိပေသည်။ 

ဒါပေမယ့် အခုတော့ သူဘာလုပ်သင့်လဲ။

မင်္ဂလာပွဲအောင်မြင်ပြီး ဘေးအန္တရာယ်တွေ အများကြီးရှိခဲ့ရင်ရော ဘယ်လိုလုပ်ကြမလဲ။

“မင်းဒီကိုရောက်လက်စနဲ့ မင်းရဲ့ကံကြမ္မာကို ငါဖတ်ပြမယ်။ ဘယ်လိုလဲ။ မင်းရဲ့အမှတ်အသားက ညိုနေတယ်၊ မင်းမျက်လုံးတွေက အသက်မဲ့နေပြီး နှုတ်ခမ်းတွေက ပက်ကြားအက်နေတယ် မင်းလျှာက ကွဲနေပြီး မင်းရဲ့ ပုဂ္ဂိုလ်ရေးစိတ်ဓာတ် ပြန့်ကျဲနေတာ ငါမြင်တယ်။ ဒီရက်တွေ အားလုံး အဆင်မပြေဖြစ်နေလိမ့်မယ်။ ဘေးအန္တရာယ်ကြီးဖြစ်လာမယ့်  နိမိတ်ပဲ”

ရှဲ့ချောင် ၏ အကြည့်သည် နက်နဲနေ၏။ သူမက အနည်းငယ် မျက်မှောင်ကြုတ်ကာ စိုးရိမ်မှု၊ ထိတ်လန့်မှုနှင့် ဒုက္ခတို့ ပေါင်းစပ်ကာ စိတ်ရှုပ်ထွေးနေသော အမူအရာဖြင့် ပြောလိုက်သည်။

•••••

All Chapters