ဒီကိစ္စ
Vol. 25 Ch. 477
ရှဲ့ချောင် သည် အလွန်ကြောက်စရာကောင်းနေသည်။ ရှဲ့မန်ရှန်းက သူမ စကားကြားပြီးနောက်တွင် မျက်မှောင်ကြုတ်နေရာမှ ရှူးရှူးရှဲရှဲ မျက်နှာ ဖြစ်လာသည်။
“ဆရာမ၊ မနက်စောစောစီးစီး မကောင်းတာတွေ မပြောပါနဲ့ မကြာသေးခင်ကမှ သေချာ ကောင်းကောင်းနေရတာကို ခင်ဗျားပြောတဲ့ အဲ့နိမိတ်ဆိုတာက ဘာလဲ။" ရှဲ့မန်ရှန်းသည် အလွန်စိတ်မကောင်းဖြစ်နေခဲ့သည်။
ရှဲ့ချောင် သူ့ကို ပြုံးပြုံးလေး ကြည့်လိုက်ကာ။
"မင်းက အရာရှိဟုတ်တယ်မလား"
ရှဲ့ချောင် ၏ လေသံသည် ဖြေလျော့သွားပြီး "ဒါပေမယ့် မင်းက အရာရှိဖြစ်ပေမယ့် မင်းရာထူးက သိပ်မမြင့်ဘူးထင်တယ် ..နောက်ပြီး သုံးရက်အတွင်း အပြောင်းအလဲ ရှိလာလိမ့်မယ်။ မင်းငါ့ကိုမယုံရင် သုံးရက်အတွင်း ငါ့ကိုပြန်လာရှာနိုင်တယ်"
ရှဲ့မန်ရှန်းက သူမအား ထိတ်လန့်စွာ ကြည့်နေခဲ့ပြီး သူ့စိတ်နှလုံးမှာ အနည်းငယ် မသာယာတော့ပေ။
အမှန်ပင် သူက အရာရှိတစ်ဦးဖြစ်နေခဲ့သည်။ သူက တပ်တွင် အမှုထမ်းနေသည့် ပြည်သူများကို ကြီးကြပ်ရသည့် တာဝန်သာရှိသည့် အဆင့်နိမ့်အရာရှိတစ်ဦးမျှသာဖြစ်သည်။ ရာထူးအဆင့်ပင်မရှိသော်လည်း သာမန်ပြည်သူတို့အမြင်တွင်တော့ သူ၏ဂုဏ်ကအလွန်အဖိုးတန်နေသည်။
မကြာခင် သူကြုံတွေ့ရမယ့် ဘေးဒုက္ခတစ်ခု ဆိုတာ ဖြစ်နိုင်ပါ့မလား။
ရှဲ့မန်ရှန်းတွင် ယုံကြည်စိတ်တစ်ဝက်နှင့် သံသယစိတ်တစ်ဝက်ရှိနေသည်။
ရှဲ့ချောင်၌ ဗေဒင်ဟောရန် အချိန်ကာလတစ်ခုရှိသည်။ ထိုအချိန်က ဆိုင်ရှင် တံခါးခေါက်ပြီးထွက်သွားသည်နှင့် ၁၅မိနစ်မျှလောက်သာကြာတတ်ပါသည်။
အိမ်ထောင်ပြုရန်ရက်မေးသည့် အတွက်အဖိုးခ ငွေကလွဲ၍ အပိုငွေ မပေးဆောင်ခဲ့ပေ။
ဆရာမမော့က သူ့ပိုက်ဆံအတွက် လောဘဇောမတက်ခြင်းက ပို၍တောင် စိတ်မသက်မသာဖြစ်စေသည်။
ဆိုင်ရှင်က စိတ်ပူပန်နေသော ရှဲ့မန်ရှန်းကို ကြည့်ပြီး သူ့သခင်မကို သံသယရှိစွာ ကြည့်လိုက်သည်။
အချိန်အတော်ကြာ လာကြသည့်ဖောက်သည်များ
အားလုံးနီးပါးက ကျေနပ်စွာ ထွက်သွားလေ့ရှိသည်။ စိတ်မကောင်းဖြစ်သူမှာ အလွန်နည်းပါသည်။
ထို့အပြင်၊ သာမန်လူတစ်ဦးက ဆရာသခင်ထံမှ အကြံကို ကြားပြီးသည့်အခါတိုင်း ရှုံ့တွပြီး ချီတုံချတုံ မဖြစ်တော့ပေ။
ဒီလူက ဘာအတွက်ကြောင့် ဆန့်ကျင်ဘက် ဖြစ်နေတာလဲ။
“သုံးရက်ကြာရင် ဒီလူ ထပ်လာမှာ သေချာတယ်။ အဲကျရင် သူ့ကို မတားပါနဲ့” ရှဲ့ချောင် ဆိုင်ရှင် ချင်းကို ညွှန်ကြားခဲ့သည်။
ဆိုင်ရှင်ချန် အနည်းငယ် စိတ်ရှုပ်သွားသော်လည်း သူ ခေါင်းညိတ် သဘောတူလိုက်သေးသည်။
ရှဲ့ချောင် သည် နောက်ဖေးတံခါးသို့ ပြန်သွားပြီး ရထားပေါ်သို့တက်ကာ ကန့်လန့်ကာဦးထုပ်ကို ချွတ်လိုက်ပြီး အတန်းတက်ရန် ကျောင်းတော်သို့
သွားခဲ့သည်။
ညဘက် အိမ်ပြန်ရောက်သည့်အခါ ရှဲဖင်းကန်း ကို ဖိတ်ခေါ်လိုက်၏။
"ညီမလေးကျောင်းမှာ သူငယ်ချင်း အများကြီး ရနေပြီဆို။ မဆိုးပါဘူး၊ ဟိုကလေးနှစ်ယောက် ထက်တော့ အများကြီးပိုကောင်းတယ်။ သူတို့ ကျတော့ကျောင်းမှာနေတာလည်းကြာနေပြီ အဲ့ဒါကို သူငယ်ချင်းမပြောနဲ့ ယင်ကောင်တောင် ခေါ်မလာနိုင်ဘူး!"
ရှဲဖင်းကန်းသည် အထင်အမြင်သေးမှု အပြည့်ဖြင့်ပင်။
သူ့အဖေက ဤနေရာတွင်တော့ မှန်နေသေးသည်။
ရှဲ့ချောင် က အရူးတစ်ယောက်ဖြစ်ခဲ့ရင်တောင် သူမ၏ အသွင်အပြင်ကြောင့် ရှဲ့ မိသားစုဟာ ဂုဏ်ရှိနေလောက်မည်။ ဒါ့အပြင် ဤ မိန်းကလေး
က အတော်လေး လက်စောင်းထက်ပေသည်။
“အစ်ကိုကြီးလည်း ဘာထူးလို့လဲ” ရှဲ့ချောင် က တိုးတိုးလေးပြောလိုက်သည်။
ကျိုးမိသားစု၏ အမှုကိစ္စပြီးနောက်၊ ရှဲဖင်းကန်း မှာအခြားသူများ၏အမြင်တွင် ငရဲဘုရင်နီးပါးဖြစ်ခဲ့သည်။
ရှဲဖင်းကန်းကလည်း သူသည် ကလေးနှစ်ဦးနှင့် အတူတူပင်ဖြစ်ကြောင်း ဝန်ခံခဲ့သည်။ သူတို့က နာမည်မကြီးဘူးတဲ့လေ။ ထိုအချိန်တွင် သူမကို ရယ်မောစေရန် ပေါ့ပေါ့ပါးပါး ပြောနေခြင်းဖြစ်ပါသည်။
ရှဲဖင်းကန်း ထိုင်လိုက်သည်။
ခြံဝန်းအတွင်းရှိ ကျောက်စားပွဲပေါ်တွင် ရှဲ့ချောင် က ဝိုင်တစ်ခွက်ကို ထည့်လိုက်ပြီး သူ့မျက်နှာကို ပြုံးပြကာ သူ့ကိုကြည့်နေသည်။
ရှဲဖင်းကန်း သည် ဝိုင်ကို စိုက်ကြည့်ရင်း အနည်းငယ် စိတ်မသက်မသာဖြစ်နေ၏။
ဒီကောင်မလေး သူ့ဝိုင်တွေအကုန်လုံးနီးပါး ခိုးသွားတာကို သိသွားပြီများလား။
“အစ်ကိုကြီး၊ ဦးလေးရဲ့ ရာထူးကို ဖယ်ရှားဖို့ အကြောင်းရှာပေးပါ” ရှဲ့ချောင် က ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။
ရှဲဖင်းကန်း သက်ပြင်းတစ်ချက်ချလိုက်၏။
ထိုကိစ္စနှင့် ပတ်သက်ပြီး ပြောခြင်းဖြစ်ပေသည်။
" အေးငါလည်း အဲ့ကိစ္စကို ဟိုတစ်လောကတွေးနေတာ..ငါတို့အဖေက သူ့ကို ဒီအလုပ် ပေးလိုက်တာမကြာသေးပေမယ့် သူဘယ်လိုနေလဲ သိချင်နေတာ..သူမအားနေလောက်ဘူးလို့လည်း ငါထင်တယ်။ ဒါပေမယ့် ငါတို့မိသားစု ရဲ့ ဂုဏ်သိက္ခာမထိခိုက်အောင်တော့ သေချာစုံစမ်းရမယ် ထင်တယ် ” ဟု ရှဲဖင်းကန်း က ပြောကာ ခေါင်းညိတ်
နေသည်။
"သုံးရက် အတွင်း လုပ်ပေးနော် အစ်ကိုကြီး" ရှဲ့ချောင် က ထပ်ပြောသည်။
“အေးပါ”
ရှဲဖင်းကန်း အလေးအနက်ဖြင့် “ဒါပေမယ့် ဘာလို့သူ့အကြောင်း ရုတ်တရက်ပြောတာလဲ”
“အန်တီက သူဒီနေ့ ရှဲ့မန်ရှန်းနဲ့တွေ့ပြီး ကိုကြီးရဲ့ အိမ်ထောင်ရေးအကြောင်းတိုင်ပင်ဖို့လုပ်ခဲ့တယ်လေ။ အစ်ကိုကြီးရဲ့ ဇာတာနဲ့ပတ်သက်တာတွေကို ညီမလေးတို့ မိသားစုပဲ သိသင့်တာမဟုတ်လား?ဦးလေးတို့ မိသားစုနဲ့ကလည်း မရင်းနှီးဘူးလေ။ကိုကြီးရဲ့မွေးနေ့ကို ထူးထူးခြားခြား မမှတ်မိနေသင့်ဘူး..."
••••