လူကြီးလူကောင်း
Vol. 25 Ch. 478
ရှဲ့ချောင် လေပြေလေးနှင့် ပြောလိုက်သော် လည်း ရှဲဖင်းကန်း က သူမ၏စကားအသွားအလာအရ အဓိပ္ပါယ်ကို နားလည်သည်။ သူဒေါသပိုထွက်လာ၏။
“အဲဒီလူကြီးက ငါတို့ကို ငွေထုပ်စက်လို့ကို တကယ်ထင်နေတာ။ သခင်မလုဆီကနေ ငါ့မွေးဇာတာကို ယူသွားတာပဲဲဖြစ်ရမယ် ။ သူကတော်တော် အတင့်ရဲနေတာပဲ ” ရှဲဖင်းကန်း အော်ဟစ်ပြောဆိုလိုက်သည်။
သို့သော် သူ အော်ဟစ်ပြီးနောက် တစ်စုံတစ်ရာ ထပ်မံပြောကြားခြင်း မရှိခဲ့ပေ။
“ငါ့နဲ့ပေးစားချင်တဲ့ မိန်းကလေးက ဟိုဟာ…” ရှဲဖင်းကန်း သည် သူမ၏ အမည်ကိုပင် မမှတ်မိသဖြင့် စကားပြင်ပြောလိုက်ရသည် “ဟိုဘယ်ကမှန်းမသိပေါ်လာတဲ့ ဝမ်းကွဲဆိုတာလား”
ရှဲ့ချောင် ခေါင်းညိတ်လိုက်သည်။
ရှဲဖင်းကန်း က မျက်မှောင်ကြုတ်ကာ “ဒီမိန်းမကြီးကလည်း မျက်စိမကောင်းဘူးလားမသိဘူး။ သူ့ထက် ပိုလှတာကို မရှာပေးနိုင်ဘူးလားမသိဘူး”
ဘယ်ကမှန်းမသိ လာသည့်သူတစ်ယောက်ကို သူ မနှစ်သက်ပေ။
ရှဲ့ချောင် က ထိုစကားကိုကြားသောအခါ စူးစမ်းချင်စိတ်ဖြစ်လာသည်။
“ကိုကြီးက ဘယ်လိုမိန်းမမျိုးကို ပိုကောင်းတယ်လို့သတ်မှတ်လဲ ” ရှဲ့ချောင် က သူ့အစ်ကို၏ အကြိုက်ကို သိလျှင် အနာဂတ်တွင် ခယ်မတစ်ယောက်ကို ရှာပေးနိုင်မည်ဟု တွေးနေခဲ့သည်။
ရှဲဖင်းကန်း က မျက်မှောင်ကြုတ်ပြီး ခေတ္တတွေးလိုက်မိသည်။
ခဏအကြာတွင် သူက “မျက်နှာနုနုနယ်နယ်လေး
ရှိရမယ် အမွှေးတွေအပြည့်နဲ့ အဘိုးကြီးရုပ်ပေါက်နေတဲ့ မိန်းကလေးမဖြစ်ရဘူး..ထက်မြက်ရမယ်..တစ်ချိန်လုံးငိုပြီး မပျော့ညံ့ရဘူး..စကားလည်းအရမ်းမများရဘူး...ကြံ့ခိုင်ပြီးတော့ ကျန်းမာရေးလိုက်စားတဲ့သူဖြစ်ရမယ် ငါတို့အမေနဲ့ ကလေးမီးဖွားပြီး တန်းသေသွားတဲ့ အန်တီလိုလည်း မဖြစ်စေချင်ဘူး ။"
အဲဒါတွေအပြင်…
တခြားဘာမှ အထွေအထူးမရှိပါဘူး။
သူနှင့် အချိန်တူတူကုန်ဆုံးမည့် လူတစ်ယောက်သာ လိုအပ်သည်။
ရှဲ့ချောင် အံ့ဩသွားသည်။
အမွှေးတွေ အများကြီးနဲ့တဲ့လား?
ရှဲ့ချောင် က ထိတ်လန့်စွာကြည့်နေသည်။ သူမက နားမလည်နိုင်သည့် အမူအရာဖြင့် သူ့အစ်ကို
အကြီးဆုံးကို ကြည့်နေမိသည်။ တစ်နေ့ သူ ဇာတာတက်လာခဲ့လျှင် ရှာမည့်သူက အလှဆုံးသူဖြစ်နေမည်ဟု သူမတွေးနေမိပါသည်။
ရှဲ့မိသားစု၏ဂုဏ်သတင်းသည် အနာဂတ်တွင် ပို၍ ကြောက်ခမန်းလိလိဖြစ်နေပေလိမ့်မည်။
ရှဲ့ချောင် က စိတ်ငြိမ်ရန်တွက် လက်ဖက်ရည်ခွက်ကို လှမ်းယူလိုက်သည်။
“ငါကညီမလေးနဲ့မတူဘူး မျှော်မှန်းထားတဲ့ပုံက သိပ်မရှိဘူး အဲ့တော့ ငါရှာနေတာ တော်တော်ကြာနေပြီ ခုထိသင့်တော်တဲ့လူကို မတွေ့သေးဘူး။ ဒီရက်ပိုင်းအတွင်း ညီမလေးတွေ့ဖို့ လူတစ်ယောက်ခေါ်လာခဲ့မယ်။ အဲ့လူက ညီမလေးနဲ့သင့်တော်တယ်လို့ ထင်ရင် ရက်ကိုချိန်းလိုက်တော့မယ်” ဟု ရှဲဖင်းကန်း က ရုတ်တရက် ပြောလေသည်။
ရှဲ့ချောင် သီးလုနီးပါးပင်။
“စိတ်မပူပါနဲ့။ ဒီတစ်ခါတော့ ငါ စီစဉ်ပေးထားတဲ့ လူက ညီမလေးစိတ်တိုင်းကျမှာ သေချာတယ်။ သူက အပြင်မှာ ချောတယ်၊ ရုပ်ရည်ကသန့်ပြီး ပညာတတ်ထဲ ပါတယ်။ အလုပ်လည်းကြိုးစားတယ် အသက်ကတော့၂၀ ဝန်းကျင်လောက်ရှိပြီ ညီမလေးထက်တော့ နည်းနည်းကြီးတာပေါ့.. ဒါပေမယ့် သူ့မှာ အိမ်ထောင်ရော ကလေးပါမရှိဘူး…ကိုယ်လုပ်တော်တောင်မထားဘူး” ဟု ရှဲဖင်းကန်း က အလွန်ဂုဏ်ယူကာပြောလိုက်သည်။
“သူက အရမ်းထက်မြက်ပြီး တောင့်တင်းတဲ့ကိုယ်ထည်လည်းရှိတယ် သနားစရာက မိဘမဲ့ဖြစ်နေတာလေး တစ်ခုပဲ”
ရှဲဖင်းကန်း က သေသေချာချာ ပြောပြနေသည်။ ထို့နောက် ရုတ်တရက် တစ်ခုခုကို တွေးပြီး ပုံတူပန်းချီကားကို ထုတ်လိုက်သည်။
ရှဲ့ချောင်ဘက်က ယခုတစ်ကြိမ်တွင် တော့ အပျက်သဘောဆောင်သည့် စကားများ ပြောမည်မဟုတ်ဟု သူယုံကြည်နေခဲ့သည်။
ပုံထဲတွင် အလွန်ချောမောသည့် ယောက်ျားတစ်ယောက်ရှိနေသည်။
ရှဲ့ချောင် ကြည့်လိုက်ရာ မျက်ခုံးမျက်ဖန် အလွန်ကောင်းကြောင်းတွေ့လိုက်ရသည်။ လခြမ်းကဲ့သို့ ကွေးကာထင်းနေပြီး သူ့တွင် သန့်စင်သော စိတ်ဝိညာဉ်ရှိသည်။
ဤမျက်ခုံးများက ဘုရင်တစ်ပါး၏ မျက်လုံးများဖြစ်ကာ ရဲစွမ်းသတ္တိ နှင့် မာနရှိသူ၏ မျက်နှာဖြစ်သည်။ ဤပုဂ္ဂိုလ်က ဉာဏ်ရည်ထက်မြက်သူ၊ ဗဟုသုတရှိသူဖြစ်ရမည်။ စာမေးပွဲအောင်ရင် အထွဋ်အထိပ်ထိ ရောက်မည့်သူဖြစ်ကြောင်းသေချာသည်။ သူသည် ပညာတတ် ချမ်းသာကြွယ်ဝသူ တစ်ဦးဖြစ်လိမ့်မည်။
“ဒီလူက တော်တယ်၊ ဒါပေမယ့် နည်းနည်းတော့ ဆင်းရဲတယ်…” ရှဲဖင်းကန်း ရုတ်တရက် ထပ်ပြောသည်။
ရှဲ့ချောင် က မျက်မှောင်ကြုတ်ပြီး "သူက...ဆင်းရဲတယ်တဲ့လား"
မဖြစ်နိုင်ဘူး ?
ဒီလူက ငယ်သေးသော်လည်း ရုပ်ရည်ကသင့်တင့်နေသည်။ မြေအများကြီးမရှိရင်သော်ငြား လက်ပါးစေများနှင့် နေထိုင်နေရမည့်ဘဝဖြစ်သည်။
“သူက အရမ်းဆင်းရဲတော့ သူ့အရည်အချင်းတွေကို ပြည့်တန်ဆာအိမ်မှာ ရောင်းနေရတယ်။ သူက ကဗျာကောင်းကောင်းရေးတတ်တယ်” ဟု ရှဲဖင်းကန်း ကပြောကာ “သူ့ကို လျှော့မတွက်နဲ့နော် ဂီတ၊ စစ်တုရင်၊ လက်ရေးလှ၊ ပန်းချီ သူအားလုံးသိတယ်။ တတ်လည်းတတ်တယ်။ သူ့အရည်အချင်းတွေကို ပြည့်တန်ဆာအိမ်မှာ ရောင်းစားနေရင်တောင်မှ အဲဒီမိန်းမတွေကို ကဗျာတွေပဲ ရောင်းတာ ငါသူ့ကိုစောင့်ကြည့်နေတာကြာပြီ။တကယ့် ယောကျ်ားကောင်းလို့ပြောလို့ရတယ်။ပြည့်တန်ဆာခန်းထဲဝင်တာတောင် ဘယ်သူ့ကိုမှ
အနားကိုကပ်မခံဘူး လူတော်လေးပါ"
••••